Wednesday, April 15, 2009

Windows XPနှင့် သုတလေးများ

Posted on 2:38 AM by nweminthit

Windows XP သည် operation system တစ်ခုဖြစ်ပြီး Microsoft မှ ထုတ်လုပ်ခြင်းဖြစ်သည်။ Windows XP ကို Personal Computer, Note book နဲ့ Media center တွေ မှာအသုံးများ တာကို တွေ့ရပါတယ်။ Windows XP ရဲ့ အပြည့် အစုံကတော့ Windows eXPerience ဖြစ်ပါတယ်။Windows XP ကို October 25 ရက်နေ့ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး။ November 8 ရက်နေ့ 2006 ခုနှစ်ထိ အချပ်ရေ သန်းပေါင်း 400 ရောင်းချခဲ့ ရပါတယ်။ Windows XP ကို Home Edit, Professional, Server Domains, Two Physical Processors, Media Center Edit တို့ဖြစ်ပါတယ်။
သင့် account ကို password ပေးထားတယ်။ Screen saver ဖြစ်ပြီး ပြန်ပေါ်ချိန်မှာလဲ သင့် account ရဲ့ Password ကို တောင်းစေချင်တယ် ဆိုရင်တော့ Desktop ပေါ်မှာ right click >Properties မှာ Screen Saver tag ကိုရွေးပါ။ ပြီးရင် On resume, Password protect tip ပေးလိုက်ပါ။ Screen Saver ကို none ရွေးထားရင်တော့ Hightlight ဖြစ်နေပါလိမ့်မယ်။

Ubuntu ကို laptop နဲ့ အသုံးပြုတဲ့ အခါ speaker icon လေးဘေးမှာ battery icon လေးကို တွေ့ရပါလိမ့်မယ်။ Plug ထိုးပြီး Electronic နဲ့ အသုံး ပြုရင် Plug ခေါင်းပုံလေး ပြနေပါလိမ့်မယ်။ ဒီလို icon လေးမပေါ်ချင်ရင်တော့ System \ Preferences \ Power Management ထဲက General tab ထဲမှာ never display icon ကို select လုပ်ပေးလိုက်ပါ။
Gmail voice chat နဲ့ video chat ကို Gmail account ရှိသူတိုင်း မည်သူမဆို အသုံးပြုခွင့် ရသွား ပါပြီ။ လိုအပ်ချက်တွေ ကတော့ Firefox 2.0 နှင့်အထက်၊ Internet explorer 6.0 နှင့်အထက်၊ Safari 3.0 နှင့်အထက် နဲ့ Google Chrome မည်သည့် version မဆိုရပါတယ်။ http://mail.google.com/videochat မှာ gmail video chat အတွက် download သွားယူပေးရပါမယ်။Gamil voice chat အတွက်ကတော့ gmail မှာ build in ပါပြီးသားပါ။ Gmail video chat ကို စတင် အသုံးပြုဖို့ download ပြုလုပ်ထားတဲ့ Gmail video chat software ကို Install လုပ်ပေးပြီး သင့်ရဲ့ အသုံးပြုမည့် browser ကို restart ပြုလုပ်ပေးလိုက်ပါ။ ပြီးရင်တော့ Gmail ကို login ပြန်ဝင်ပြီး video chat ကို စတင် အသုံးပြုလို့ ရပါပြီ။ ပုံမှန်သုံးနေကျ အတိုင်းပဲ သင်နဲ့ ပြောချင်တဲ့ လူကို click ထောက်ပြီး more မှာ video chat ကို ရွေးခြယ်ပေးပြီး ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ သင်နဲ့ video chat အသုံးပြုမယ့် အဖော်မှာလဲ video chat software installation ပြုလုပ် ထားရမှာ ဖြစ်ပါတယ်။ video chat software installation ပြုလုပ်ထားသူ အချင်းချင်းဆိုရင်တော့ user name တွေရဲ့ ရှေ့မှာ ကင်မရာ ပုံလေး ပေါ်နေပါလိမ့်မယ်။
Windows XP မှာ ပါဝင်ပြီးသား ဖြစ်တဲ့ wallpaper တွေကို သင်ကြိုက်လိမ့်မှာ မဟုတ်ဘူးလို့ ပြောလျှင် သင်ငြင်းနိုင်ပါသလား။ Desktop background တွေ ပြောင်းဖို့ လုပ်တိုင်း default ပေးထားတဲ့ wallpaper ပဲပြပေးပြီး သင့်စိတ်ကြိုက် ပုံတင်ဖို့အတွက်တော့ browse တစ်ခါ လုပ်နေ ရပါသေးတယ်။ စိတ်ပျက် စရာကြီးပါ။ Windows XP ရဲ့ registry ကို နည်းနည်း ပြင်ပြီး စိတ်ချမ်းသာအောင် နေ ကြရအောင်။ Run ထဲမှာ regedit လို့ ရေးထဲ့လိုက်ပါ။ Registry edit dialog box ပေါ်လာပါလိမ့်မယ်။

HKEY_LOCAL_MACHINESOFTWAREMicrosoftWindowsCurrentVersion

အပေါ်မှာ ပေးထားတဲ့ လမ်းကြောင်းအတိုင်း သွားလိုက်ပါ။ ညာဘက်ခြမ်း မြင်ကွင်းမှာ wallpaperdir ဆိုတဲ့ key ကို သင်တွေ့ပါလိမ့်မယ်။ Double click လုပ်ပြီး ပေါ်လာတဲ့ path မှာ သင်စိတ်ကြိုက် ပုံတွေ ရှိတဲ့ folder ကိုဖြည့်ပေးလိုက်ပါ။ ( ဥပမာ။ ။ C:MyWallpaper ) OK ပေးလိုက်ပါ။ ပြီးရင်တော့ registry edit dialog box ကိုပြန်ပိတ်ပြီး C:Windows folder အောက်က XP ရဲ့ default wallpaper တွေကို ဖြတ်ပြစ် လိုက်ပါ။ သင်မကြိုက်တဲ့ ပုံတွေကိုပဲ ရွေးဖြတ်လိုက်ပါ။ ဒီအဆင့်က သတိထားဖို့ လိုအပ်ပါတယ်။ ( Windows folder ထဲမှာ ဖြစ်နေတဲ့ အတွက် သင့်ရဲ့ ပေါ့စမှုဟာ နောက်တစ်ကြိုက် boot လုပ်ငန်းစဉ်ကို ထိခိုက် သွားနိုင်ပါတယ်။ ) ပုံတွေကို ဖြတ်ပြီးသွားပြီ ဆိုရင်တော့ သင့်ရဲ့ PC ကို restart ပြုလုပ်ပေးလိုက်ပါ။ ဒါဆိုရင် သင့် windows ရဲ့ wallpaper folder ဟာ သင့်စိတ်ကြိုက် ဖြစ်သွားပါပြီ။

Google mail ကို မသုံးချင်တော့ဘူး ဆိုရင် လုံးဝဖြတ်ပြစ်လို့ ရပါတယ်။ Google mail အပြင် အခြား သင်အသုံးပြုနေတဲ့ google services တွေပါ ဖြတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ Google mail မှာ sign in ပြုလုပ်လိုက်ပါ။ Setting ထဲက General tab ကို သွားလိုက်ပါ။ အောက်ဆုံးနားက Google Account settings ကိုသွားလိုက်ပါ။ Google Account settings ကို New Windows နဲ့ ဖွင့်ပေးပါလိမ့်မယ်။ My Products ဘေးနားမှာ ရှိနေတဲ့ Edit button ကို click နှိပ်လိုက်ပါ။ Delete Gmail Service ကို ရွေးခြယ်ပေးပြီး required fields တွေကို မှန်အောင် ဖြည့်ပေးပြီး enter တစ်ချက် နှိပ်လိုက်။
သင့်ရဲ့ Computer Desktop Icon တွေပေါ်မှာ ဒီလို ပုံစံ ဖြစ်နေတာ တွေ့ဖူးမှာပါ။ မကြိုက်ဖူးဆိုရင်တော့ ဖြုတ်ပြစ်လို့ ရပါတယ်။ My Computer ကို right click နှိပ်ပြီး properties ကို သွားလိုက်ပါ။ Advanced tab ကိုရွေးပြီး Performance setting ထဲဝင်လိုက်ပါ။ ပုံမှာပြထားတဲ့အတိုင်း Use Drop Shadows for icon labels on the desktop ကို tip ဖြုတ်ပေးလိုက်ပါ။

1 Response to "Windows XPနှင့် သုတလေးများ"

.
gravatar
Anonymous Says....

ကောင်းပါတယ်
အမေး၊အဖြေလို ပူံစံလေးနဲဆိုပိုကောင်းလိမ္မယ်ထင်ပါတယ်။

Leave A Reply

အပြောများ

Related Posts with Thumbnails