Thursday, October 29, 2009

ထိုးမြဲလက်မှတ်ထည့်တဲ့နည်း

kp3နည်းပညာ၊၄၉၊

ဒါလေးကတော့ တချို့ဘလော့မိတ်ဆွေမှာလဲသူတို့တင်တာမြင်ဖူးပါတယ်၊၊ တူမလာတော့မသိဘူးတူရင်လည်းတူမှာပေါ့နော် မိမိရဲ့Postအောက်မှာ
ထိုးမြဲလက်မှတ်ထည့်တဲ့နည်းလေးပါ။

အောက်မှာစမယ်နော်


၁။ဒီနေရာ MyLiveSignature သို့မဟုတ် onlinesignaturepad သွားပါ၊

၂။ရလာတဲ့ Image URLကို Copyယူလိုက်ပါ၊

၃။မိမိရဲ့blogger account ထဲပြန်ဝင်မယ်၊

၎။ Layout >> Edit Html >>> Expand Widget Templates

အောက်ကCodeကိုရှာပါ

<span style="color: rgb(255, 0, 0);"><p><data:post.body/></p></span>
တွေ့ပြီဆိုရင်အောက်မှာ အောက်ကCodeကိုကပ်ရပ်စွာထားပေးလိုက်ပါ။

<span style="color: rgb(255, 0, 0);"><p><div align="left"><img src="<span style=" />ဤနေရာမှာImage URLထည့်လိုက်ပါ</span>"/></div></p></span>


၅။Save Template button.နိုပ်ပါ ပြီးပါပြီ။။။

်(Header)ပေါ်မှာ Add Page Elementထည့်နည်း


kp3နည်းပညာ၊၇၆၊
မိမိရဲ့ဘလော့ပိုမိုပြီးလှပစေရန်(Header)ပေါ်မှာ Add Page Elementထည့်နည်းလေးပါ၊
မသိကြသေးတဲ့ချစ်မိတ်ဆွေတွေအတွက်ပါ အားလုံးကိုခင်လည်း ခင်ပါတယ်၊
လေးလည်းလေးစာပါတယ်၊မိမိဘလော့လေးလှချင်ရင်တော့နည်းနည်းအပင်ပန်းခံတာပေါ့နော်..ဟီး....
Add Page Elements ကို Blog Header မှာဘယ်လိုထည့်ရလဲဆိုရင်

အောက်မှာပုံနဲ့တကွ code ထည့်နည်းလေးပါ။
၁။ Layoutနိုပ်ပါ၊
၂။ edit HTMLထပ်နိုပ်ပါ၊Ctrl+F ရှာရင်မြန်ပါတယ်

အောက်က Code ကိုရှာပါ၊

<div id='header-wrapper'>

<b:section class='header' id='header' maxwidgets='1' showaddelement='no'>

တွေ့ပြီဆိုရင်အောက်က Code အတိုင်းပြောင်းပေးပါ၊

<div id='header-wrapper'>

<b:section class='header' id='header' maxwidgets='3' showaddelement='yes'>

မပြီးသေးဘူးနောက်တစ်ခုကျန်သေးတယ် အောက်က Code ကိုထပ်ရှာပါ၊

<div id='main-wrapper'>

<b:section class='main' id='main' showaddelement='no'>
တွေ့ပြီဆိုရင်အောက်က Code အတိုင်းပြန်ပြောင်းပေးလိုက်ပါ၊

<div id='main-wrapper'>

<b:section class='main' id='main' showaddelement='yes'>
၃။Save Template button.နိုပ်ပါ ပြီးပါပြီ။

သင့်ရဲ့ဘလော့ကိုပြန်ကြည့်လိုက်ပါ add Page Elementsကအောက်ပုံအတိုင်းပေါ်လာလိမ့်မည်။


ကျနော်ဘလော့ Header မှာလည်းတွေ့ကြမှာပါ။

ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု
မိတ်ဆွေအားလုံးကျေးဇူးကမ္ဘာ အဆင်ပြေရင်လည်းအကြောင်းကြားပေးကြပေါ့နော် ဟီး..
ရွင်လန်းချမ်းမြေ့ကြပါစေ။

Thursday, October 22, 2009

၂၀ ရာစုနှစ် တိုက်ပွဲဟောင်းကို ပြန်တိုက်ခြင်း

( ခိုးကူးမှုနှင့် ဒီဂျစ်တဲလ် )
(မောင်စူးစမ်း)


IT ကမ္ဘာလို့ဆိုလျှင် Software လို့ သိသည်။ Computer Software ဘုရင်က Microsoft ဖြစ်လေသောအခါ IT ဟု ပြောလျှင် Microsoft ကို တန်းပြီး မြင်ကြသည်။ IT နှင့် Microsoft တစ်ထပ်တည်းလို ဖြစ်နေသည်။ Microsoft သူဌေးကြီး Bill Gates က အိမ်တိုင်း ကွန်ပျူတာတစ်လုံးစီ ရှိလာသောအခါ၊ ရုံးခန်းတိုင်း ကွန်ပျူတာ တစ်လုံးစီ ရှိလာသောအခါ Software ခိုးကူးမှုသည် ကွန်ပျူတာလုပ်ငန်းကြီးအား အဓိက ခြိမ်းခြောက်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ အန္တရာယ်ကို ကြိုမြင်သည်။ ထိုသို့ပြောစဉ်က Bill Gates သည် အသက် ၂၀ အရွယ်သာ ရှိသေးသည်။

သူ့ Software က ကွန်ပျူတာတိုင်း သုံးဖြစ်လာသောအခါ သူက software အတု ဖမ်းဖို့ စုံထောက်တပ်ရင်း ဖွဲ့စည်းလာရသည်။ FBI နှင့် DEA အဖွဲ့ဝင်ဟောင်း တို့ကိုငှားပြီး နိုင်ငံအသီးသီးတွင် software အတုဖမ်းဆီးရေး လုပ်ငန်းကို ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတွေက Microsoft စုံထောက်အဖွဲ့ကို ကူညီကြသည်။ သို့ဖြင့် Microsoft သည် software လည်းထုတ်၊ software အတုစစ်ဆင်ရေးကိုလည်း ဆင်နွှဲရသည်။ သို့သော် ယခု software အတု စစ်ဆင်ရေးကို ရာစုနှစ်ဟောင်းစစ်ပွဲမျိုးကို ပြန်လည်ဆင်နွှဲခြင်းသာ ဖြစ်သည်ဟု အဝေဖန် ခံလာရသည်။ အလွန်ခေတ်မီပြီး ခေတ်ရှေ့က အလွန် အလျင်အမြန်ပြေးနေသည်ဆိုသော Microsoft သည် ခေတ်မမီတော့သည့် ၂၀ ရာစုနှစ်က စစ်ပွဲဟောင်းကို ပြန်ဆင်နွှဲနေသည်။ Digital Technology သည် ဖြစ်ထွန်းမှု နှစ်ရပ်ကို မွေးထုတ်သည်။ ပထမအားဖြင့် အရာရာကို ကူးယူနိုင်သည်၊ ခိုးကူးမှုကို တားဆီးလို့မရတော့။ ဒုတိယ အချက်က ပိုပြီးအရေးကြီးသည်။ အခြေခံကျသည်။ Information သည် လုံးဝတံခါးပွင့်သွားခြင်း ဖြစ်သည်။ သတင်းဇာစ်မြစ်ကို ပိတ်ဆို့ထားလို့မရ။ လက်ဝါးကြီး အုပ်ထားလို့မရ။ လွတ်လပ်သော Information ဇာစ်မြစ် (open source) ပေါ်ပြီ၊ မည်သည့် Information ဇာစ်မြစ်ဖြစ်ဖြစ် တံခါးပွင့်ကုန်ပြီ။

ထို့ကြောင့် Microsoft သည် ခေတ်ရှေ့က ပြေးသည်ဆိုပါလျက် ခေတ်ဟောင်းစစ် ဆင်နွှဲနေသည်မှာ အလွန်တုံးရာ အရာကျနေသည်။ ထိုအချက်ကို Bill Gates မသိဘူးလားဟု မေးခွန်းထုတ်သည်။ သိပုံလည်းရ၊ မသိပုံလည်းရ ထစ်နေသည်ဟု ပါမောက္ခတစ်ဦးက ဝေဖန်သည်။ အိုင်တီလောကတွင် ဆောင်ပုဒ်တစ်ခုရှိသည်။ Hardware ကို ၀ယ်ရမည်။ Software ကိုမျှဝေရမည်Bill Gates သည် ထိုဆောင်ပုဒ်ကို ဆန့်ကျင်ပြီး၊ software အတုတွေ လိုက်ဖမ်းသော ရဲလုပ်ငန်းကို ၀င်လုပ်နေသည်။ သို့ဖြင့် အိုင်တီနှင့် ရဲ၊ ပညာနှင့် စုံထောက် မစပ်ကောင်း မတွဲကောင်းတို့ကို လုပ်နေခြင်းမှာ အရုပ်ဆိုး အကျည်းတန်စေသည်ဟု ဝေဖန်ခံရသည်။

Microsoft Software ၏ အဓိကပြိုင်ဘက်မှာ software အတုလုပ်သူတွေ ခိုးကူးသူတွေမဟုတ်၊ Linux ဟုဆိုသည်။ Linux က လွတ်လပ်စွာ ရယူနိုင်သော software ကိုထွင်သည်။ ဇာစ်မြစ်မှန်သမျှကို တံခါးဖွင့်ပစ်သည်။ Digital Technology ကိုယ်က ဇာစ်မြစ်တံခါးတွေ ဖွင့်ပစ်သည်။ ဒီအထဲ Microsoft Windows တွေလည်း ပါကုန်သည်။


ဘာကလေ စားပွဲဝိုင်း

အိုင်တီလောကတွင် ကမ္ဘာ့စီးပွားရေး ဘာကလေစားပွဲဝိုင်းသည် နာမည်ကြီးသည်။ နိုင်ငံရေး သိပ္ပံပညာရှင် နှစ်ဦး၊ ဘောဂဗေဒပညာရှင်တစ်ဦးနှင့် အိုင်တီလောကခေါင်းဆောင်းများ ပါဝင်ဆွေးနွေးကြသည်။ ထိုစားပွဲဝိုင်း၌ Microsoft ၏ ခိုးကူးဆော့(ဖ်)၀ဲတို့အပေါ် စစ်ဆင်ရေးသည် အောင်မြင်ပါ့မလားဆိုသော မေးခွန်းလည်း ပါသည်။ ထိုမေးခွန်းအပေါ် အာရုံမစိုက်တာက ပိုကောင်းသည်ဟု ဘောဂဗေဒပညာရှင် ဒီလောင် ကပြောသည်။ ပရိုဂရမ် တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလို မဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ် ဟု ပြောသည်။ တကယ့် ဥာဏ်ပညာပစ္စည်း ဆိုသည်မှာ လက်တွေ့အလုပ်စနစ်တစ်ခုကို ဘယ်လောက်ပဲ ဟောင်းဟောင်း ဆက်သုံးနေရမည်ဟု မဆိုလိုကြောင်း Microsoft သိပုံမရပေ။ စင်စစ် software အဟောင်း ဆိုရင်း အလကား ပေးပစ်ဖို့ပင် ကောင်းသည်။ ကမ္ဘာတစ်ဝှမ်းက လူတွေ သူတို့ရဲ့လက်တွေ့အလုပ်စနစ်ကို version ဟောင်းအတိုင်း သုံးစွဲစေချင်တာကတော့ ဘယ်မှန်ပါ့မလဲဟု အခြား ဘောဂဗေဒပညာရှင် စီဘာက ဝေဖန်သည်။ Software ဆိုသည်မှာ လက်တွေ့အလုပ်စနစ် Operating System ကို ခေါ်သည်။

Software ခိုးကူးခြင်းသည် ကျင့်ဝတ်သီလ ပြသနာမဟုတ်။ မဟာဗျူဟာ ပြသနာဖြစ်သည်။ Digital Technology သည် မည်သည့်အရာကိုမဆို ချက်ချင်း ချွတ်စွပ်ပုံတူကူးနိုင်၊ ပွားနိုင်သည်။ ထိုသို့ အပြောင်းအလဲ တွင် Microsoft က ခိုးကူးခြင်းအပေါ် စစ်ဆင်နေခြင်းသည် တိုက်ပွဲအဟောင်းတစ်ခုကို နောက်ဆုံး တိုက်ကြည့် နေခြင်းသာ ဖြစ်သည်။ အမှန်က လက်တွေ့အလုပ်စနစ် software ကို အလကားပေးလိုက်၊ တန်ဖိုးဖြည့် ၀န်ဆောင်မှုကိုသာ ကိုယ်ကရောင်းချရန် စီစဉ်သင့်သည်။ ယခု Microsoft လုပ်ပုံက ကာကွယ်လို့မရတော့သည့် Information ကို ဇွတ် ကာကွယ်နေသည်။ ခိုးကူး Software တွေနောက်သာ အသေအလဲ လိုက်နေသောအခါ တရုတ်လို နိုင်ငံတို့က ပစ္စည်းလိုင်း ပြောင်းလိုက်ရုံပဲဖြစ်မည်။ Microsoft ပစ္စည်းကို မသုံးဘဲ Linux ပစ္စည်းတို့ကို လိုင်းပြောင်းသုံးစွဲသည်။ ထိုအခါ Microsoft လုပ်ပုံက မိမိပြိုင်ဘက် Linux အတွက် ကြော်ငြာပေးသလို ဖြစ်လာသည်။ ခိုးကူး software ဖမ်းရန် တစ်ဒေါ်လာကုန်ကျတိုင်း Linux အတွက် ၁၀ ဒေါ်လာဖိုး ကြော်ငြာပေးသလို ဖြစ်သွားသည်။

အနာဂတ်ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ ဘန်ဂလိုမှ ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ Microsoft Software နှင့်မလေ့ကျင့်ဘဲ Linux တံခါးဖွင့်ဇာစ်မြစ် Open Source တို့ဖြင့် လေ့ကျင့်လာ ကြလိမ့်မည် ဖြစ်သည်။ ကွန်ပျူတာ တက္ကသိုလ် တို့သည် Linux တံခါးဖွင့် ဇာစ်မြစ်ကို အခမဲ့ရနိုင်ပြီ။

Program တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလိုမဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ်။

တံခါးဖွင့်ဇာစ်မြစ်က Microsoft ကို အလဲထိုးနေပြီဆိုသောအချက်ကို Microsoft မှ တာဝန်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် က သိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက တာဝန်ခံတစ်ယောက်က တံခါးဖွင့်ဇာစ်မြစ်သည် တီထွင် ဆန်းသစ်မှုကို ဖျက်ဆီးသည်ဟု ပြောဆိုသောကြောင့် ဖြစ်သည်။ ဒီပုဂ္ဂိုလ် ပြောင်းပြန်ပြောနေပုံရသည်။


Information လောက အလုံးစုံဖြစ်ရေး

Technology လောကသည် တီထွင်ဆန်းသစ်မှုတွေများသလောက် ပြိုင်ဘက်ချင်း တိုက်ပွဲတို့ကလည်း အတော် ပြင်းထန်သည်။ အထက်တွင် Microsoft နှင့် Linux တို့ တိုက်ပွဲဖြစ်သလို ယခုလည်း Google နှင့် စာအုပ် ထုတ်ဝေသူများ တိုက်ပွဲပြင်းထန်လာသည်။ Google က Electronic စာအုပ်ထုတ်ဝေသူဖြစ်သည်။ Google က မကြာသေးမီက အစီအစဉ်တစ်ရပ်လုပ်သည်။ မည်သည့် စာကြည့်တိုက်ကမဆို မည်သည့်စာအုပ်ကို မဆို၊ Google Website သို့တင်ပါ။ Google က ပုံနှိပ်စာအုပ်တို့ကို Electronic Version အဖြစ် ပုံစံပြောင်းလဲပေးမည်၊ ရောင်းချပေးမည်ဟု ကြေညာသည်။ စာကြည့်တိုက်တွေအားလုံး Online တင်ပြီး Electronic Version ဖြင့် ၀ယ်ယူလိုသူတို့ထံ အောက်ချပို့ပေးမည်ဟု ဆိုခြင်းဖြစ်သည်။

ပုံနှိပ်စာအုပ် ထုတ်ဝေသူများအသင်းက Google ကိုကန့်ကွက်သည်၊ တရားလည်း စွဲသည်။ Google လုပ်ပုံသည် မူပိုင်ခွင့် ချိုးဖောက်ရာ ရောက်သည်ဟု စွပ်စွဲသည်။ ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ Google ၏ ချေပပုံကလည်း သင့်သည်ဟု ဆိုရမည်။ Google ၏ Mission သည် Information ကို လောကအလုံးစုံတွင် အသုံးဝင်ရေးနှင့် ရရှိနိုင်ရေး Universally useful and Accessible ဟုဆိုသည်။ Information နှင့် Education ကို ပုံနှိပ် Media ကသာ လက်ဝါးကြီးအုပ် ထားရန်မသင့်။ Technology နည်းသစ်တို့ဖြင့် ဖြန့်ချီနိုင်လျှင် ဖြန့်ချီဖို့သာဖြစ်သည်။ တားမြစ်ရန် မဟုတ်ဟုဆိုသည်။ Digital နည်းဖြင့် စာအုပ်ကို သိုမှီးခွင့်ရှိသည်။ ဤနည်းသည် တရားမျှတသော အသုံးချမှု (fair use) မှုနှင့် အကျုံးဝင်သည်ဟု ဆိုသည်။ စာအုပ်ကို Scan ပြု၍ Copy လုပ်ခြင်းကို တားမြစ် သင့်မသင့် ပြဿနာအတွက်လည်း တရားရုံး ရောက်နေသည်။

အထက်ပါ အကြောင်းအရာနှစ်ရပ်ကိုကြည့်လျှင် Software ကိစ္စ၌ တံခါးဖွင့်ဇာစ်မြစ် က အိုင်တီလောကကို ကိုင်လှုပ်ကြောင်းကို တွေ့ရမည်။ စာအုပ်ကိစ္စ၌ စာကြည့်တိုက်အားလုံးကို Online တင်ပစ်လိုက်သည့် ကိစ္စက စာအုပ်ထုတ်ဝေရေး လောကကို ကိုင်လှုပ်ပစ်နေကြောင်းကို တွေ့ရမည်။ Information နှင့် Education လောကဟူသည် ရှေ့၌ ပိုပြီးပြင်းထန်သောတုန်ခါမှုတို့နှင့် တွေ့ရမည့်လောက ပါကလားဟု ကြိုတင်ရိပ်စား မိနိုင်ရန် လိုသည်။


အညွှန်း - NewsWeek

မောင်စူးစမ်း

freeknowledgeis

Wednesday, October 21, 2009

အကျင့်များ





ဘဝ မှာ အကျင့်ပေါင်း မျောက်များစွာ
ငယ်ငယ်က တဲ့ ဆာတတ်ခဲ့တာ ဘာအကျင့်လဲ
ဆာတဲ့ အခါ အာသာဖြေရင် ပြေတဲ့ဆိုတဲ့အသိ အကျင့်
ဒီလိုနဲ့ အကျင့်ပေါင်း များစွာ ဘဝမှာ ... စွဲ ဆွဲ လာခဲ့ တာ

တကယ် ဆို လူတစ်ကိုယ် အကျင့် တစ်မျိုး နှစ်မျိုး ..မျိုး
လူ့ တစ်ကိုယ် ပုံမှန် လည်ပတ်မှု ရှိအောင် နေတာလဲ အကျင့်
ပုံမှန်လည်ပတ်မှုကို တော်လှန်ချင်စိတ်နဲ့ အရွဲ့ တိုက်နေတာလဲ အကျင့်ပါသွားနိုင်တယ်
ဥပမာ မနက်စောစော ထကျင့် ရှိအောင်နေတာလဲ အကျင့်
ည ည အိပ်နေတတ်ကြတာလဲ အကျင့်
မနက်ထတတ်တာလည်း အကျင့် ထချင်မှ ထ နိုးချင်ချိန်မှ နိုး ဆိုလဲ အကျင့်
ကိုယ်တိုင် ဘယ်အကျင့်စွဲ နေလဲ စဉ်းစားဖို့ လိုဦးမယ်။
ဖုန်းခေါ်ချင်တာ အကျင့် ဖုန်းမျှော်တတ်တာ အကျင့်
အကျင့်ပါမှာစိုးလို့ပါ ဆိုတဲ့အသံကို ကြားကြားနေမိတာလဲ အကျင့်
အိပ်မက်အထိ ခေါ်တဲ့ဖုန်းကသူငယ်ချင်းဖုန်းဆိုတာ သိနေလဲ
ဟလိုထူးသံက ကြားနေကျင့်ရှိတဲ့အသံ ဖြစ်လို့ ဖြစ်နေပြန်တယ်
အရက်သမား အရက်စွဲတာလည်း အကျင့် ဆေးကွမ်းသမား စွဲနေတာလဲ အကျင့်
နှဲသမားပါး ပတ်သမားလက် ဖဲသမားအိတ်တွေ ဟာလည်း အကျင့် ။

ယားယားနေတတ်တဲ့ ကိုယ်ခန္ဓာ အကျင့်ပေါင်း များ
ကိုယ့်ကိုယ်ကို သနားစရာလို့ ထင်အောင် မြင်လဲ မြင်ပေါ့။
ဖောက်လွဲ ဖောက်ပြန် အကျင့် တော်တန် တော်တည့် အကျင့်
အကျင့်မကောင်း ကိုယ်ကျင့်သိက္ခာ ကောင်းကွက်ကို မြင်တတ်တဲ့ အကျင့်
ဆိုးဂုဏ်ကို မြင်တတ်တဲ့ အကျင့် ဘဝင်မြင့်တတ်တဲ့ အကျင့်
စကားပြောတတ်တာကိုက အကျင့် ချစ်ကျင့် ငြီးငွေ့ကျင့်
ဝေါဟာရရှားပါတတ်တဲ့ အကျင့် အကျင့်တွေ များစွာ။

လမ်းလျောက်ကျင့်ကြောင့် ခြေထောက်တွေ အကျင့်ပါနေတာ မကောင်းဘူး
နေရာတစ်နေရာမှာ ကြာကြာနေရင် အကျင့်ပါမှာ စိုးနေတဲ့ အကျင့် မကောင်းဘူး
ကဗျာဆရာဆိုသူတွေ ကဗျာပိုး ကျပ်ခိုးစွဲသွားတာ မကောင်းဘူး
နှလုံးသာလိုအပ်မှုတဲ့ မတွေ့ရရင် မနေတတ်တာ မကောင်းဘူး
နိုင်ငံရေးသမားတွေ တစ်ဖက်စွန်း မှိုင်းတွေနဲ့ အော်ကျင့်တွေ မကောင်းဘူး
တရားသမားနာမည်ခံတွေ ဟုတ်တယ်အထင်နဲ့ တစ်ဖက်သက်ပြောနေတာ မကောင်းကျင့်
အွန်လိုင်းစာမိနေတဲ့ ခေတ်သမားလေး အိတ်ကပ်စမ်းစမ်းနေကျင့်ရှိတာ မကောင်းဘူး
သတင်းသမားတွေ နေရာအများကြီးဖြန့်ရေးပြီး သတင်းတွေ ထပ်ထပ်နေတာ မကောင်းဘူး
သတင်းစောင့်ဖတ်နေတတ်တဲ့အကျင့် မထူးရင် စိတ်ပျက်တတ်တာ မကောင်းဘူး
........ မကောင်းတဲ့ အကျင့်တွေ မကောင်းဘူး
..............................မကောင်းဘူး
မကောင်းမြင်အကျင့်တွေ မကောင်းဘူး။

ဘဝမှာ ဘယ်က စခဲ့မှန်းမသိတဲ့အကျင့်တွေ နဲ့ ဝန်ပိလို့
ဒီအကျင့်တွေ ဘယ်အသိနဲ့ ငါကျော်ဖြတ်ရပါ့ ..
ဖြစ်နိုင်ရင် ဘယ်အကျင့်ပါနေမှုမျိုးကမဆို ငါလွတ်မြောက်ချင်တယ်
လူဟာ ငါဟာ အကျင့်ရဲ့သားကောင်ဖြစ်မှန်းမသိ နေခဲ့တယ်
အရိုးစွဲ အကျင့် အသားကျ အကျင့် အသွေးထဲ စီးဆင်းနေတဲ့ အကျင့် ရိုးတွင်းချဉ်ဆီအထိ
စာလုံးတွေ ချရေးချင်တဲ့အကျင့် ကီးဘုတ်ပေါ် လက်တင်ချင်တဲ့အကျင့်
မျက်စိနဲ့ မြင်မြင်နေတတ်တဲ့အကျင့် ပျင်းစရာ အကျင့်တွေပါလားလို့ မြင်နေတဲ့အကျင့်
ဘယ်အချိန်မှာ ဘယ်အသိနဲ့ ကျော်လွှားရပါ့ ။

ခင်ဗျားရော ဘယ်လို အကျင့်တွေ ရှိနေလဲ မစဉ်းစားချင်ဘူးလား
သတိပေးချင်ပါတယ် ....
စဉ်းစားတတ်တဲ့အကျင့်ကြီး စွဲထင်နေဦးမယ်။

Monday, October 19, 2009

ကြိုဆိုပါတယ် ဆိုတာလေး

အခုပို့က ကိုပြည့်စုံရေးထားတာကို ကော်ပီကူးတင်ပေးလိုက်တာပါ။ဒီနေရာကပါ။
ဒီနေ့  Reader တစ်ယောက် Mail ပို့ ပြီး မေးထားတာလေးပါ။ Side Bar မှာ ပြထားတဲ့အတိုင်း မိမိ Blog ကို လာလည်
တဲ့ သူတွေကို Welcome လုပ်ဖို့ အတွက်ပါ။ သင်၏ ပထမဆုံး အကြိမ် လာရောက်လည်ပတ်မှု ဖြစ်ပါတယ်တို့ ၊ ကြိုဆိုပါ
တယ်မိတ်ဆွေ .. သင်နောက်ဆုံး ရောက်ခဲ့တာက ဘယ်နေ့ ဘယ်အချိန် .. စသည်ဖြင့် ပြထားဖို့ အတွက်ပါ။ အဲဒီလို လုပ်ချင်
ရင်တော့ အောက်က Codes တွေကို သုံးနိုင်ပါတယ်။ Wordpress ရော Blogger ရော သုံးနိုင်ပါတယ်။ နေရာကတော့
အဆင်ပြေတဲ့နေရာမှာ ထဲ့ပေးလိုက်ပေါ့ဗျာ။
<span style="gt;<script type="text/javascript">
var lastvisit=new Object()
lastvisit.firstvisitmsg="သင်၏ပထမဆုံးအကြိမ်လာရောက်လည်ပတ်မှု ဖြစ်ပါတယ်။"
lastvisit.subsequentvisitmsg="ကြိုဆိုပါတယ် မိတ်ဆွေ။ သင် နောက်ဆုံး ရောက်ခဲ့တာက <b>[displaydate]</b> ဖြစ်ပါတယ်။"
lastvisit.getCookie=function(Name){ //get cookie value
var re=new RegExp(Name+"=[^;]+", "i"); //construct RE to search for target name/value pair
if (document.cookie.match(re)) //if cookie found
return document.cookie.match(re)[0].split("=")[1] //return its value
return ""
}
lastvisit.setCookie=function(name, value, days){ //set cookei value
var expireDate = new Date()
//set "expstring" to either future or past date, to set or delete cookie, respectively
var expstring=expireDate.setDate(expireDate.getDate()+parseInt(days))
document.cookie = name+"="+value+"; expires="+expireDate.toGMTString()+"; path=/";
}
lastvisit.showmessage=function(){
if (lastvisit.getCookie("visitcounter")==""){ //if first visit
lastvisit.setCookie("visitcounter", 2, 730) //set "visitcounter" to 2 and for 730 days (2 years)
document.write(lastvisit.firstvisitmsg)
}
else
document.write(lastvisit.subsequentvisitmsg.replace("\[displaydate\]", new Date().toLocaleString()))
}
lastvisit.showmessage()
</script></span>

Tuesday, October 13, 2009

ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း

အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄
ယောက်၊ အာဖရိကလူမျိုး ၈ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက
အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်
ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေ
လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး
ရှင်းလင်းစွာ တွေ့နိုင်တာက....

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင်
အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊
နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်
သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊
အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ
သန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊
နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ
၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊
အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ
လူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့
နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေ
သန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ
စိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို
အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်
နေလိုက်ကြပါ။

အီမေလ်းမှ / ဤနေရာမှ တဆင့်ပြန်လည်ဖော်ပြပါသည်။

Thursday, October 1, 2009

တရားစခန်းမှာ

မ္မရံသီမဂ္ဂဇင်း၊ဧပြီလ၌ပါရှိသော စာရေးသူ၏ တရားစခန်းမှာ ဆောင်းပါးနှင့် ပတ်သက်၍ တရားစခန်းတစ်ခုက စာရေးသူအား ဤသို့ရေးရကောင်းလားဟု တရားစွဲရန် ပြုလုပ်နေကြသည်ဟု ကြားသိရပါသည်။ စာရေးသူက မည်သည့်တရားစခန်းဟု အမည်ဖော်ရေးသားခဲ့ခြင်း မဟုတ်ပါ။ ပုဂ္ဂိုလ်ရေး မရေးခဲ့ပါ။ ယခု ဤဆောင်းပါး ရေးချိန်အထိတော့ ဘာမှ မထူးခြားသေးပါ။ အကယ်၍ ရုံးမှဆင့်ခေါ်လျှင်လည်း ရင်ဆိုင်ရန် အသင့်ရှိပါသည်။

တရားစခန်းတစ်ခု၌ မလိုလားအပ်သော အရာများ ဖြစ်ပေါ်ရတတ်ခြင်း၏ အကြောင်းရင်းမှာ တရားပြဆရာ (ရဟန်း၊ သံဃာ၊ လူပုဂ္ဂိုလ်)နှင့် တရားစခန်းဖြစ်မြောက်ရေးအဖွဲ့ (ရဟန်း၊သံဃာ၊လူပုဂ္ဂိုလ်)အချို့တို့၏ သတိလက်လွတ် အပြုအမူတို့ကြောင့် ဖြစ်ပေါ်လာခြင်းက များပါသည်။ ဤ၌ တရားစန်းမှာ သည်လိုတရားပြ ဆရာမျိုးလည်း ရှိပါသည်ဟု ဖော်ပြလိုပါသည်။ စာရေးသူနှင့် ထိုတရားပြဆရာရဟန်းတို့ အကျွမ်းတ၀င် ခင်မင်ခြင်း( ပုဂ္ဂိုလ်ရေး) မရှိပါ။ သို့သော် စာရေးသူ၏ ၀ါသနာအတိုင်း ထိုရဟန်းဆရာ၏ တရားပြပုံကို လေ့လာမိပါသည်။ စာရေးသူက ထိုဆရာ ရဟန်းတော်အား ဓါတ်ပုံ၊ အမည်၊နေရပ်( သီတင်းသုံးရာကျောင်း)တို့ကို ဖော်ပြခွင့်ပြုရန် လျှောက်ထားပါသည်။ ခွင့်မပြုခဲ့ပါ။

ထိုဆရာရဟန်းတော်ကား သက်တော် ၅၀၊ ၀ါတော် ၃၀ ရှိပါပြီ။ တောင်တွင်းကြီး၊ ပြည်၊အောင်လံမြို့သွား မော်တော်ကားလမ်းနှင့် မနီးမဝေး တောရွာတစ်ရွာ၏အနီး တောရကျောင်းတစ်ကျောင်း၌ သီတင်းသုံးပါသည်။ နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့မှ သစ်ထုတ်လုပ်ရေးများ တစ်ခါတစ်ရံ ထိုကျောင်းထဲသို့ ရောက်သွားကြပါသည်။ ရေသောက်၊ အမောဖြေ၊ ဆရာတော်နှင့် တစ်ခါတစ်ရံတွေ့၍ မတွေ့ရသော အခါက များပါသည်။ ကျောင်း၌ ဘာမှ ထူးထူးဆန်းဆန်းမရှိ။ ကျောင်းစောင့်မရှိ။ ခွေး မွေးမထား။ တစ်ခါတစ်ရံ ကျောင်းဝိုင်းအတွင်း သစ်ပင်များမှ သစ်ရွက်ခြောက်များကို တံမြက်လှည်း သန့်ရှင်းရေးပြုလုပ်ထားသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ သစ်ရွက်ခြောက်များဖြင့် ရှုပ်ပွေနေတတ်ပါသည်။

ကျောင်းကလေး၏အနီင်္းတွင် ရေနွေးကျိုမီးဖိုဟု ထင်ရသည့် ထင်းမီးဖိုတစ်ခု၊ ၄င်းအနီး၌ တစ်ချောင်းထောက် သုံးခွရေအိုးတစ်လုံးတင် စင်ကလေးနှင့် သောက်ရေအိုးတစ်လုံးမျှသာ ရှိပါသည်။ တစ်ခါတစ်ရံ ထိုရဟန်းတော်နှင့် ပက်ပင်းတွေ့ပါက ၊ ကိုင်း.........ဒါယကာတို့ နားကြ.........နားကြ၊ ဟိုမှာ သောက်ရေစင်ပါ၊ ရေသောက်ကြပါဟု နှုတ်စကားဆိုကာ တခြားဘက်လှည့်ထွက်သွားတတ်ပါသည်။ စကားများများ ကြာကြာမပြောတတ်ပါ။ ကားသမားများက အထာသိကြ၍ စကားများများ ဆက်မလျှောက်ကြပါ။ ပါလာသော ငွေကြေး၊ ၀တ္ထု၊ မုန့်ပဲသရေစာ၊ ဖယောင်းတိုင်၊ လက်ဖက်ခြောက်များကို ဆရာတော်အား ကပ်လှူကြပါသည်။ ဆရာတော်က ငွေကြေးဝတ္ထု လုံးဝ လက်မခံပါ။ မုန့်ပဲသရေစာတို့ကို ၊ ဒါယကာတို့ တောထဲမှာဆာရင် စားဖို့ ဆိုကာ ပြန်စွန့်ပါသည်။ ဖယောင်းတိုင်နှင့် လက်ဖက်ခြောက်ထုပ်ကိုတော့ လက်ခံထားပါသည်။

ကျောင်းကလေးကလည်း ၄-ပင် ကျောင်း၊ အင်ဖက်မိုး၊ အင်ဖက်ကာမျှသာ။ ကျောင်းအတွင်း၌ သပိတ်ခြေနှင့် သပိတ်တစ်လုံး၊ ယပ်တစ်ချောင်းသာ ရှိပါသည်။ အခြား ထူးထူးထွေထွေပစ္စည်း မရှိပါ။ ဆရာတော်က ဆေးလိပ်မသောက်၊ ကွမ်းမစားပါ။ ဆရာတော်ကား တောရကျောင်းကလေးတွင် အချိန်ပြည့် တရားအားထုတ် နေတတ်ပါသည်။ အရေးကြီးမှသာ ရွာထဲက လူကြီးများနှင့် စကားလက်ခံပြောပါသည်။ နွားကျောင်းသား၊ ထင်းရှာ၊ ၀ါးရှာသူများကို လုံးဝ စကားရှာမပြောပါ။

နံနက် ၉-နာရီခန့် ရွာဘက်သို့ ဆွမ်းခံထွက်ပါသည်။ သပိတ်တွင် ဆွမ်းဟင်းထည့်ရန် သီးခြားခွက် မပါပါ။ ဆွမ်းရော ဟင်းပါ တစ်ပေါင်းတည်း အလှူခံပါသည်။ ဆွမ်းခံရာ၌ စားသောက်ရုံမျှ အလှူခံပါသည်။ စားသုံး ဘုဉ်းပေးလောက်အောင်ရလျှင် ကျောင်းသို့ လှည့်ပြန်ပါသည်။ မည်သည့် အရပ်ဒေသ၊ ကျေးရွာကမဆို တရားစခန်းဖွင့်၍ တရားပြသပေးပါရန် ပင့်ပါက လိုက်ကြွ၍ တရားပြသပေးသည်။ ဆရာတော်က တရားအားထုတ်မည့်သူ မည်မျှရှိသနည်းဟု မေးပါသည်။ တရားအားထုတ်မည့်သူ ၁၀ဦးမှ ၅၀ဦးအထိသာ လက်ခံ တရားပြသပေးပါသည်။

တရားစခန်း၏လက်ခံကျောင်း ကျောင်းထိုင်ဆရာတော်၊ သံဃာတော်တို့ လိုလိုလားလား ခွင့်ပြုချက်ကို အဓိကထားကာ တရားစခန်းဖွင့် တရားပြပေးပါသည်။ တရားစခန်း၌ စည်းကမ်းချက်အချို့ထားပါသည်။ တရားပြဆရာတော်အတွက် ဆွမ်း၊ ဆွမ်းဟင်းများ ချက်ပြုတ် မကပ်လှူရပါ။ တရားအားထုတ်သူများ တစ်ဦးချင်း ကိုယ့်အစီအစဉ်ဖြင့် ကိုယ့်အစားအစာ စားသောက်ရပါသည်။ ထို့ကြောင့် တရားစခန်း၌ အာဟာရအတွက် အလုပ် မရှုပ်တော့ပါ။ ဆရာတော်မှ ဆွမ်းခံချိန်တွင် တစ်ပါးတည်း ဆွမ်းခံထွက်ကာ ရရာဆွမ်းကို ဘုဉ်းပေးပါသည်။ နေ့ဆွမ်းတစ်နပ်သာ ဘုဉ်းပေးပါသည်။ နေ့လယ်၊ သို့မဟုတ် ညနေ၊ ညချမ်းများတွင် အချိုရည်၊ အချိုပုလင်း၊ ဘိလပ်ရည်များ မဘုဉ်းပေးပါ။ မန်ကျည်းဖျော်ရည်တစ်မျိုးသာ ကပ်လှူ၍ ဘုဉ်းပေးပါသည်။ နံနက်စောစော၌ ဆန်ပြုတ်တစ်ပန်းကန် ဘုဉ်းပေးသည်။

တရားစခန်းကို ၇-ရက်၊ ၉-ရက်၊ ၁၀-ရက် သင့်သလို ဖွင့်လှစ်ပြသပါသည်။ တရားအားထုတ်လိုသူ ကျား-မ- ကြီး- ငယ် မရွေး တရားအားထုတ်နိုင်ပါသည်။ ယောဂီဝတ်စုံကို ၀တ်ရမည် မသတ်မှတ်ပါ။ ရှိပါက ၀တ်နိုင်ပါသည်။ အခြားအ၀တ်ဖြင့်လည်း ၀တ်၍ တရားထိုင်နိုင်ပါသည်။ နံနက်၊ နေ့လယ်၊ ည တရာထိုင်ချိန် သတ်မှတ်ထားပါသည်။ အာနာပါန ကစ၍ စိတ်အာရုံကို စိတ်ဖြင့် ပြန်လည်ထိန်းကျောင်း စောင့်ကြည့်ခြင်းနည်းကို ပြသပါသည်။ အားလပ်ချိန်တွင် သီးသန့်တရားဟောခြင်း မပြုပါ။ အများနှင့်ဆိုင်ရာ တရားအားထုတ်နည်း မှားယွင်းချက် ပြုပြင်နည်းမျှသာ ဟောပြောပါသည်။

တရားစခန်းသတ်မှတ်ရက် ကုန်ဆုံးချိန်မတိုင်မီ တရားစခန်းဖွင့်၍ သုံးလေးငါးရက် ရသောအခါ တရားစခန်းမှ ထွက်လိုက ထွက်ခွင့်၊ အိမ်ပြန်ခွင့်ပေးပါသည်။ တရားထုတ်သူက တရားပြဆရာကို မကြိုက်၍ဖြစ်စေ၊ နည်းကို မနှစ်သက်၍ဖြစ်စေ တရားအားထုတ်မှုမှရပ်၍ သွားလိုက သွားခွင့်ပေးပါသည်။ သို့သော် ပြန်ဝင်ခြင်းကိုတော့ လုံးဝလက်မခံတော့ပါ။ စည်းမရှိ ၊ ကမ်းမရှိ မဟုတ်ပါ။ တရားအားထုတ် (တရားထိုင်)နေစဉ် တစ်ဦးနှင့်တစ်ဦး တရားမပြောရ၊ လျက်ဆား မလျက်ရ၊ မန်ကျည်းစေ့၊ ကွာစေ့ မစားရ။ တရားထိုင်နားပါက ဆရာတော်နှင့် တစ်ဦးချင်း ဆွေးနွေးနိုင်ပါသည်။ တရားစစ်ခြင်းပါ။ ဆရာတော်က လိုအပ်သမျှသာ ပြောဆို ပြန်ကြားပါသည်။

ဤဆရာတော်၏ တရားစခန်းကား ခြောက်သွေ့လှသည်။ တိတ်ဆိတ်ငြိမ်သက်လှသည်။ ဘာသံမျှ မကြားရ။ အသံချဲ့စက် အသုံးမပြုပါ။ ပြင်ပလူများ မရှုပ်ပါ။ ဝေယျာဝစ္စ ထမ်းဆောင်စရာမရှိသဖြင့် ဝေယျာဝစ္စ ထမ်းဆောင်ကူညီရသူများ မရှိပါ။ တရားပွဲတွင် ၀တ္ထုငွေကြေး၊ ပစ္စည်းပစ္စယ ဘာမျှမလို။ အလှူခံရခြင်းလည်း မရှိသဖြင့် ဘာဂုဏ်ပြုလွှာမှ ပေးစရာမလိုပါ။

တရားစခန်းကား ပြီးလေပြီ။ သိမ်းလေပြီ။ ဆရာတော်အား သင်္ကန်း၊ မုန့်ပဲသရေစာ စသည့် လှူဖွယ်ဝတ္ထုများ ၀ိုင်းဝန်းလှူကြပါသည်။ လှူဖွယ်ဝတ္ထုများကို အားလုံးလက်ခံ၍ တရားစခန်းကျောင်းထိုင် ဆရာတော်အား ချက်ချင်း ပြန်လှူခဲ့ပါသည်။ ပြီးမှ ရေစက်သွန်းချ အမျှပေးဝေပါသည်။ တရားပြဆရာတော်က အမိန့်ရှိသည်မှာ ရဟန်းမှာ ဘာပစ္စည်းကိုမှ လိုလေးသေးမရှိ၊ ပြီးပြည့်စုံနေပါပြီ၊ ရဟန်းက သပိတ်တစ်လုံးနဲ့ သင်္ကန်းသုံးထည်ရှိလျှင် ရပါပြီ ဟု တိုတိုနှင့် လိုရင်း အမိန့်ရှိကာ ပြန်ကြွသွားတတ်ပါသည်။

ကိုင်း....... သည်လို တရားစခန်းကလေးများ တစ်ပြည်ထောင်လုံး လိုအပ်- မလိုအပ်၊ ကောင်း- မကောင်း၊ သင့်- မသင့် စဉ်းစားကြည့်ကြစေလိုပါသည်။ တကယ်တမ်းပြောရလျှင် ဘယ်တရားစခန်းပွဲမှာ တရားအားထုတ်သည် ဖြစ်စေ၊ တရားကို အမှန်တကယ် တွေ့မြင်ဖို့က အဓိက မဟုတ်ပါလား။ ဒီအကြောင်းကြောင့် ၊ ဒီအတွက်ကြောင့်၊ ဒီလိုတရားစခန်းဖွင့်၍ ဒီလို တရားပြတတ်သော ရဟန်းပုဂ္ဂိုလ်များလည်း ရှိလျက်ပါဟု သိကြစေရန် တင်ပြရေးသားရခြင်း ဖြစ်ပါသည်။

လင်းဦး (စိတ်ပညာ)

ငါမရှိတော့ဘူးးးးးး

တနေ့ငါမင်းကို မရှုပ်တော့ရင်
တနေ့ မင်းငါ့ကို ဆက်သွယ်လို့မရတော့ဘူးဆိုရင်… မင်းဝမ်းမနည်းပါနဲ့… စိတ်မထိခိုက်ပါနဲ့… ငါကို သတိမရပါနဲ့… ဒီလိုကောင်မလေးတယောက် မင်းကမ္ဘာထဲကို ၀င်ရောက်ခဲ့တယ်ဆိုတာကို မင်းမေ့လိုက်ပါ။
တနေ့ မင်းဆီ ငါဖုန်းမဆက်တော့တဲ့အခါ မစောင့်မျှော်ပါနဲ့ ငါ့ကိုမရှာပါနဲ့ ဒီလိုမှာ ငါစိတ်ချစွာထွက်ခွါသွားနိုင်မှာ။

တနေ့ မင်းဘေးနားမှာ ရစ်မဲ့သူမရှိတော့ဘူးဆိုရင်….. ငါအမြဲမှန်တယ်လို့ပြောတဲ့ငါ မင်းအပေါ် အလိုက်မသိ ဆိုးတဲ့ငါ… နောက်ငါးမိနစ် သုံးမိနစ် ဆိုပြီး ဖုန်းပြောဖို့ ဈေးစစ်နေတဲ့ ငါ… ဖုန်းချတော့မယ်ဆိုလဲ အာဘွား…. ပြန်တော့မယ်ဆိုလဲ နွေးထွေးတဲ့ပွေ့ပိုက်မှုကို တောင်းဆိုတဲ့ ငါ …. ဒီလို ငါ သာပျောက်သွားရင် ဒီကမ္ဘာမှာမရှိတော့ရင်…………………မင်းဝမ်းနည်းမှာလား…..

တနေ့ ငါဆီက မေးလ်တွေ မရောက်ရင် မင်းကို လာကြိုခိုင်းဖို့ မပြောရင် ……. မင်းကို ချွဲမဲ့သူ မင်းဆိုးတာလေးကို သဘောကျတဲ့.. မင်းစကားသံကို နားထောင်ချင်တဲ့ … မင်းလာကြိုတာကို စောင့်ချင်တဲ့… မင်းဆီ ဘာမှမဟုတ်တဲ့ မေးလ်တွေပို့ချင်တဲ့…. မှားသွားရင်လဲ ငိုနေတဲ့ မျက်နှာလေး… တတွတ်တွတ်ရွတ်နေတဲ့ အဘွားကြီးပေါက်စလေး… တခါတလေမှာ အလိုလိုက်ပြီး တခါတလေ လုပ်ချင်တာကိုလုပ်တဲ့…. ဒီလို ငါ မရှိရင် .. မင်းစိတ်ထိခိုက်မှာလားးးးးးးးးးးး
ဒီလိုတနေ့ရောက်ခဲ့ရင် မင်းငါ့အတွက်နဲ့ ၀မ်းနည်းစေချင်တယ်။ စိတ်လဲထိခိုက်စေချင်တယ်… နည်းနည်းလောက်တော့ သတိရပါ… ငါတို့ရဲ့အတိတ်တွေကို မင်း တစိတ်လောက်မှတ်မိနေရင် ငါကျေနပ်ပါတယ်…….

တနေ့ မင်းအွန်လိုင်းဝင်လို့ ဖြူဖွေးနေတဲ့ ဆံပင်တွေကို မြင်လိုက်ရင် ငါတကယ် ပင်ပန်းနေလို့ပါ… ငါ ဒဏ်ရာတွေနဲ့ နာကျင်နေလို့ပါ……

တနေ့ မင်းရဲ့ဘ၀ထဲမှာငါမရှိတော့ရင်… ငါမင်းအပေါ်ကောင်းခဲ့တာတွေ ၊ ငါ့ရဲ့ တယူသန်မှုတွေ၊ ခေါင်းမာတာတွေ၊ ငါနားလည်ခွင့်လွတ်ပေးတာတွေ၊ ငါဂရုစိုက်တာတွေ………. ငါကလေးလိုပြောနေတဲ့ အရူးစကားတွေ ၀မ်းနည်းတဲ့အချိန် စီးကျတဲ့ မျက်ရည်စက်တွေ သက်ပြင်းလေးချပြီးပြောတဲ့စကားတွေ…. ငါကိုသတိရပေးပါ….

ခေါင်းမော့လိုက်ရင် မိုးကောင်ကင်ကြီး၊ ခေါင်းငုံ့လိုက်ရင် မြက်ခင်းစိမ်း၊ အသက်ရှူနေတဲ့ လေထု ဒါတွေတူနေရင် ငါမင်းကိုခံစားပြီး သတိရလို့ရပါတယ်……………..

တနေ့ မင်းရဲ့အတွေးထဲ ငါမရှိတော့ဘူးဆိုရင် ငါဘာကြိုက်တယ် ငါဘာကိုမကြိုက်ဘူး ဘာကို သဘောကျတယ် ဘာကိုကြည်နူးတက်တယ် ဘာကိုနာကျင်တက်လဲဆိုတာတော့ မမေ့ပါနဲ့။ မင်းနဲ့ပတ်သက်တဲ့ အတိတ်တွေအားလုံး မင်းအကျင့် မင်းရဲ့ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ မင်းနှစ်သက်တာတွေ မင်းမနှစ်သက်တာတွေ မင်းစိတ်ရှုပ်တာတွေကို ငါရင်မှာကဗျည်းထိုးထားတယ်။

အချစ်ဆိုတဲ့အရာမှာ ညီမျှတယ်ဆိုတာမရှိသလို ငါဘယ်လောက်ထိပေးဆပ်နေရတယ်ဆိုတာကို ငါမတိုင်းထွာပါဘူး… ဘာလို့လဲဆို အပျော်ရွှင်ဆုံးပျော်ရွှင်မှုကို မင်းပေးထားလို့ပါ……

တနေ့ မင်းဘ၀ထဲကငါပျောက်ကွယ်သွားရင် ငါနဲ့ပတ်သက်တဲ့အကြောင်းအရာအားလုံးကို မေ့လိုက်ပါ။ မင်းစိတ်ထိခိုက်မှာစိုးလို့ပါ။ ၀မ်းနည်းမှာစိုးလို့။ သတိရနေမှာစိုးလို့။ ဒါတွေက မင်းငါ့ကို ချစ်လို့မဟုတ်ပါဘူး။ ငါနဲ့ပတ်သက်တာတွေက အကျင့်တခုလိုဖြစ်သွားတဲ့ ငါ့ရဲ့ဖုန်း ငါ့ရဲ့မေးလ် ငါ့ရဲ့အားကိုးမှု ငါ့ရဲ့အချစ် ငါ့ရဲ့နားလည်မှုတွေပါ……..

လူတစ်ယောက်က သူ့ဘ၀မှာ နောက်တယောက်က ရှိနေတဲ့ဆိုတဲ့အသိနဲ့ အဲဒီတယောက်ကို ကြိုက်ကြိုက်မကြိုက်ကြိုက် ပျေက်ကွယ်သွားရင် အနည်းအများတော့ စိတ်ထိခိုက်မှာပါ…

တနေ့ မင်းရဲ့အနာဂတ်မှာ ငါမရှိဘူးဆိုရင် စိတ်ဓါတ်မကြံ့ခိုင်တဲ့ငါ ဒီလောကကိုရင်ဆိုင်တဲ့အခါ ဘာတွေဖြစ်လာမှာလဲ…… မင်းကတော့မင်းပါပဲ…. ငါထောင့်တနေရာကနေ ၀မ်းနည်းပူဆွေးနေတာကို မင်းမြင်နိုင်ပါ့မလား… ငါမင်းလေးနားမှာ အမြဲရှိနေတာမင်းသိပါ့မလား…. မင်းစိတ်ညစ်တဲ့အချိန် ငါရယ်စရာတွေမပြောနိုင်တော့ရင် မင်းဝမ်းနည်းလို့ငါမနှစ်သိမ့်နိုင်ရင် မင်းအနားကလုံးဝထွက်ခွါသွားရင်…..
ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုရင် ငါဝမ်းနည်းမှာ ငါအသဲကွဲမှာ ….. ငါစိတ်ကုန်နေလောက်ပြီ…. ငါဟန်ဆောင်နေခဲ့တယ်… ဘာမှမဖြစ်တဲ့ပုံစံနဲ့ နေနေတယ်… အမှန်တော့ ယူကျုံးမရအောင် ငိုကျွေးနေရတယ်… ငါအရေးမလုပ်တဲ့ပုံစံနဲ့နေနေတယ်… အမှန်တော့ ဒါဟာငါ့ဘ၀မှာ အရေးကြီးဆုံးပါ… မင်းကတော့……………………………………….. မင်းအတွက်ငါကဘယ်လောက်ထိအရေးပါလဲ…………….. ငါမင်းအနားက ဘယ်တော့မှမထွက်ခွါဘူးလို့ပြောခဲ့တယ်…..
ငါထွက်ခွါရင် မင်းဘယ်လိုဖြစ်သွားမလဲဆိုတာတော့ မင်းမပြောခဲ့ဘူး…..
ငါနားလည်ပါတယ်…. ငါမကောင်းတာပါ…. မင်းရဲ့ဘ၀မှာ ငါဆိုတဲ့ ငါ မရှိသင့်ဘူး…. ငါ မင်းအနားက မင်းမသိတဲ့နေရာလေးမှာငါနေပြီး တိတ်တခိုးနဲ့ ငါချစ်နေသင့်တယ်… ငါသတိရနေသင့်တယ်… ငါ အားလုံးအားလုံးကို ဖော်ပြလိုက်တဲ့အချိန်မှာ မင်းသိသွားတယ်… နားလည်သွားတယ်…. သဘောပေါက်တယ်.. ဒါပေမဲ့ ငါမရှိတော့ဘူးးးးးးးးးးးးးးးးးးးးးးး
ဒီနေ့ရဲ့ သူစိမ်းဆန်မှုဟာ မနေ့ကရင်းနှီးခဲ့လို့ပါ………
ရေးသားသူ - novemberpearl(နိုဝင်ဘာပုလဲ)
Related Posts with Thumbnails