Friday, April 10, 2009

ကို့လို့ကန့်လန့်အတွေများ

Posted on 10:44 AM by nweminthit

မြသန်းတင့်က ဆက်ရေးချင်သောဝတ္ထုများကို ဆက်ရေး
ချစ်ဦးညိုက ရာဇဝင်အမတ်များနဲ့ တွေ့ဆုံခြင်းတဲ့
ကြံကြံဖန်ဖန် တွေးတတ်တဲ့ ဆရာတွေ တွေးခဲ့ကြတယ်
ကျနော်က သူတို့လိုမဟုတ်ဘဲ
အတွေးကိုးလို့ ကန်လန့်တွေနောက် ဆက်တွေးချင်တာ
အတွေးသာဆိုတော့ ဘယ်လာ အဆုံးသတ်နိုင်မှာလဲ။
ဥပမာ မူလတန်းဖတ်စာထဲက ခရုငယ်နဲ့ မပုကြွယ်တို့ဇာတ်လမ်းလေး
တရွေ့ရွေ့နဲ့တိုင်ထိပ်ရောက်သွားပုံကို မြင်ပြီးအားကျခဲ့တဲ့ ကောင်မလေး
ထိပ်ဆုံးရောက်သွားပြီ ထားပါတော့
ခရုကတော့ အဆင်းလမ်းမှာ ဘယ်လိုဆင်းမလဲ
တခုခုနဲ့များ တိုက်ကျသွားရင် မတွေးရဲစရာ
မပုကြွယ်ရဲ့ အဆင်းလမ်းမှာရော မပုကြွယ် ဘယ်လိုဆင်းမလဲ။
ကိုးလို့ကန့်လန့် အတွေများ မဟုတ်လား
ဒီလောက်တော့ တွေးဖြစ်မှာပေါ့။
အတွေးဆိုတော့ ဘယ်အစိုးရမလဲ တွေးချင်ရာ တွေးမိမှာပေါ့ဗျာ။

No Response to "ကို့လို့ကန့်လန့်အတွေများ"

Leave A Reply

အပြောများ

Related Posts with Thumbnails