Friday, April 10, 2009

အိမ်ပြန်ခဲ့လေ(၂)

Posted on 11:11 AM by nweminthit

တနေ့မှာတော့ သမီးလေးတွေ အမှန်တရားကို လက်ခံလာနိုင်မှာပါ။အဲဒီအချိန်က တစ်စုံတစ်ယောက်က သူတို့ကို တကယ်ချစ်လာမယ်။သူတို့ ဘဝတစ်လျှောက်လုံးနဲ့ သူတို့ရဲ့ အနာဂတ်အချိန်တွေကို သူတို့ချစ်သူက လုံလုံလောက်လောက် ပါဝင် ကူညီ လက်တွဲခေါ်ယူသွားမယ့် အချိန်မှာပေါ့။ခုချိန်မှာတော့ သူတို့ဟာ မပီပြင် တဲ့လမ်းပေါ်မှာ မမြင်မစမ်းလမ်းစရှာနေတယ် ထင်ပါရဲ့။ခုအခြေအနေမှာ သူတို့ရဲ့အိမ်ဟာ ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်နေဦးမယ် မထင်ဘူးလေ။
ဒါပေမယ့် ကျမ ဒီနေရာမှာ သတိပေးချင်ပါသေးတယ်။အခုလိုလမ်းပေါ်ရောက်နေမယ်ဆိုရင်တော့ ပိုကောင်းမယ့်လမ်းကနေ လွဲချော်ဖို့ သေချာသလောက်ဖြစ်နေတယ်ဆိုတာကို ထပ်ပြောချင်ပါတယ်ရှင်။ဘယ်လိုဖြစ်လာနိုင်သလဲဆိုရင် သူတို့ မျော်လင့်ထားတဲ့အတိုင်း အချစ်စစ်ကို တွေ့ခွင့်ရှိသေးရဲ့လား။အချစ်စစ်ဟာ အငှားသစ်သားအိမ်လေးထဲကဟာလား။စိတ်ခံစားမှုတွေနောက် ပိုလိုက်မယ်လို့ သူတို့ တွေးများ တွေးလိုက်လေမလား။ဒါကတော့ တကယ် စိုးရိမ်မိတဲ့ စိုးရိမ်စရာ အချက်တစ်ခုပေါ့ရှင်။ကျမလက်ခံတာ တခုရှိပါသေးတယ်။ကျမက ကျမတို့generationတွေကို အပြစ်ရှာဝေဖန်တာ မဟုတ်ပါဘူး။သူတို့မှာ မိဒီယာတွေနဲ့က ရောပြွန်းနေရလွန်းတယ်လေ။လက်ပွန်းတတီး ရှိနေလွန်းတယ်ပေါ့။ဒါကလည်း ကျမတို့ကိုယ်တိုင်က သီခြားစနစ်တခုကို
"အသစ်"လို လက်ခံပေးလိုက်သလို ဖြစ်နေခဲ့တယ်လေ။ဒီ အသစ်မှာက မျိုးဆက်သစ်တွေအတွက်လမ်းမှားရောက် စရာတွေ ရက်ရက်ရောရော ပါဝင်နေပြန်တယ်ရှင်။ဒါဟာ generation တွေရဲ့ အသစ်တခုပါလို့သူတို့ကို တကူးတက မပြောပေမယ့် ပြောနေ ကြော်ငြာပေးနေသလိုဖြစ်နေတဲ့ အရာတွေက အများကြီးပေါ့။best-sellerတွေရဲ့ စာအုပ်တွေ၊ပြဇာတ်နဲ့ ရုပ်ရှင် တွေရဲ့ ရိုက်ချက်တွေ ဒါတွေက ပြောင်းလဲ ပေးနေကြတယ်လေ။ဒါတွေက ဒီ အသစ်တစ်ခုကို လူသိရှင်ကြား ချီးမွမ်းပေးနေကြပြန်တယ်ရှင်။
ဘာမှားနေလို့လဲရှင်။ကျမတို့ရဲ့ old-fashion စနစ်စရိုတ် တွေဟာ မခိုင်မာတော့ဘူးလား။ကျမတို့ရဲ့ လက်ထပ်မှုပုံစံ ဟာ အဲဒီကိစ္စတွေအတွက် အကောင်းဆုံးပုံဖော်မှုကနေ လျှော့ကျခဲ့ပြီလား။ဘာကြောင့်လဲဆိုရင် ကျမတို့ရဲ့ လူငယ်တွေလက်ထက်မှာ လက်ထပ်ပြီးနောက် ပြန်လည် ကွာရှင်းကြတဲ့ အဖြစ်တွေက ကြောက်ခမန်းလိလိ မြင့်တက်လာနေတယ်လေ။ကျမတို့မှာ ပြောမယ်ဆိုရင် လက်ထပ်မှုဟာ လူနေမှုစတိုင်လ်ရဲ့ ပြည့်စုံမှုတစ်ခုမဟုတ်သေးဘူး၊ကျမတို့ လူမှုစနစ်ရဲ့ အခြေခံ ယူနစ်တစ်ခုပဲ ရှိသေးကြောင်းနဲ့ စမ်းသပ်တီထွင်ထားတဲ့ အကောင်းဆုံးထင်ရတဲ့နည်းတစ်ခုသာဖြစ်ကြောင်း ပြောပြရုံသာ တတ်နိုင်ပါလိမ့်မယ်။

No Response to "အိမ်ပြန်ခဲ့လေ(၂)"

Leave A Reply

အပြောများ

Related Posts with Thumbnails