Friday, April 10, 2009

ဖွင့်ချကြပါနော်

Posted on 10:38 AM by nweminthit

ဘဝမှာ အတွေ့ အကြုံက အရေးကြီးဆုံးလို့ထင်ပါတယ်။လူတိုင်းလိုလိုလဲ စိတ်ဝင်စားမယ်ထင်တယ်။ဘဝရဲ့ ပထမဆုံးခရီးတို့၊ ဘဝရဲ့ အမှတ်တရခရီးတို့ ရှိနေတယ်လေ။ကျနော်တို့လည်း စာအုပ်တွေ ဖတ်တဲ့အခါ ခရီးသွားအတွေ့အကြုံစာအုပ်မျိုးဆို ပိုပြီး စိတ်ဝင်စားတတ် ကြပါတယ်။ကျနော်တို့လိုအပ်နေတာက ကိုယ့်အတွေ့အကြုံကို မျှဝေပေးဖို့ လိုအပ်နေတယ် ထင်ပါတယ်။ အခုကျနော်ဆိုလိုချင်တာက တော့ မြန်မာလူမျိုးတိုင်း ဘယ်နေရာရောက်ရောက် ကိုယ့်အတွေ့အကြုံကို ကြုံတဲ့အတိုင်း ရေးသားဖော်ပြပေးဖို့ တိုက်တွန်းချင်တာပါ။ ဒါမှသာ နောက်က နောက်က မြန်မာညီငယ် ညီမငယ်တွေဟာ ကြိုတင် သိစရာတွေကို သိပြီး မတွန့်မရွန့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ် ချက်နဲ့ ခပ်တည်တည် သွားတတ်လာတတ်မှာပါ။လေဆိပ်အတွေ့အကြုံကစပြီးပေါ့။ ဒီဘက်ခေတ်ရဲ့ အရေးကြီးတဲ့ မီဒီယာအကျိုးကို နောက်လူတွေ ပြည့်ပြည့်ဝဝ ခံစားစေချင်တယ် ဆိုရင် ကျနော်တို့ တာဝန်ဖြစ်နေပါတယ်။အခုအချိန်အထိ မြန်မာပြည်ထဲမှာ ရှိနေသူတွေအတွက် သတင်းအပြည့်အစုံ မရသေးတာတွေ အများကြီးရှိနေပါတယ်။ဥပမာ မလေးရှားသွားချင်တဲ့ လူငယ်တွေအတွက် မလေးရှားမှာ တွေ့ရမယ့် အခြေအနေတွေကို သွားမယ့်လူ ၁၀-ယောက်မှာ ၇-ယောက်က မသိကြပါဘူး။ကျန်တဲ့ ၃-ယောက်ကလဲ အပြည့်အဝ သိမယ်မထင်ပါဘူး။ ဒီလိုဖြစ်နေတာဟာ အရင် ရောက်နှင့်သူတွေလဲ တာဝန် မကင်းဘူးလို့ပြောချင်ပါတယ်။
ကိုယ့်လူမျိုးအပေါ် တကယ်သံယောဇဉ်ထားရင် ကိုယ်တတ်နိုင်တဲ့ဘက်က ပြန်ဖြည့်ဆီးပေးသင့်ပါတယ်။ဒီလိုရေးပြတာနဲ့ မသိတဲ့သူတွေအ တွက် သိပ် အကျိုးရှိမှာပါ။ကျနော်လည်းကိုယ်တွေ့ပါပဲ လေဆိပ်မှာ ရောက်ပြီဆိုတာနဲ့ အလိုလို လိပ်ပြာငယ်နေသလို ဖြစ်ခဲ့ပါတယ်။ကိုယ် ဘာသာ မလေ့လာတာလဲ ပါမှာပေါ့။အစစအရာရာ ဒိထက်အသေးစိတ်ပိုပြီးရေးကြဖို့လည်း လိုနေတာ အမှန်ပါ။ကြားလိုက်ပြီဆို ဒုက္ခရောက် နေတဲ့ သတင်းချည်းဖြစ်နေတတ်ပါတယ်။ဘယ်နေရာမှာ မဆို မြန်မာ အချင်းချင်းကလဲ သိပ်မညီညွတ်တဲ့ အပြင် အမြှီးကျက် အမြှီးစား ခေါင်းကျက်ခေါင်းစား ဖြစ်နေတာတွေလည်း အများကြီး။ဒါတွေအားလုံး စာမျက်နှာပေါ်ရောက်လာဖို့ လိုအပ်မယ် ထင်ပါတယ်။
ကျနော်ဦးတည်ချက်က သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြဖို့ ရည်ရွယ်တာပါ။နှစ်နိုင်က သူငယ်ချင်းနှစ်ယောက်ဖလှယ်တော့ နိုင်ငံနှစ်ခုအကြောင်း သိပြီးသားဖြစ်တာပေါ့။သိချင် သွားပေါ့လို့ မြန်မာပီပီ ကပ်မယ်ဆိုလဲ ... ... .... ကျနော်တို့ ဘာများတတ်နိုင်ကြမည်နည်း။
မျှဝေမယ်

No Response to "ဖွင့်ချကြပါနော်"

Leave A Reply

အပြောများ

Related Posts with Thumbnails