Friday, April 10, 2009
အိမ်ပြန်ခဲ့လေ
ကျနော်ဖတ်မိဖတ်ရာ ဆွဲဖတ်ရင်း ရှေးတုန်းက စာအုပ်တစ်အုပ်ထဲက ဒီဆောင်းပါးလေးတွေ့တယ်။Please Go Home! တဲ့။
A mother discovers the true meaning of the generation gap လို့လဲ ခေါင်းစဉ်အောက်မှာ ညွှန်းထားသေးတယ်။ဘာရယ်တော့ မဟုတ်ဘူး ဒီအတိုင်း တင်လိုက်ပါတယ်။
အချိန်က မနက် ၁နာရီခွဲတောင်ရှိနေပြီ။လမ်းမပေါ်က စားသောက်ဆိုင်တွေလဲ ပိတ်ကုန်ပြီလေ။ကျမတစ်ယောက်ထဲ ဧည့်ခန်းက မှန်ရှေ့မှာ ဆံပင်တွေ ဘီးဖီးနေခဲ့တယ်။တံခါးကြီးကလဲ ဟောင်းလောင်းပွင့်လို့ပေါ့။အဲဒီ အချိန်ကြီးမှာတောင် ကောင်မလေးနှစ်ယောက်ရဲ့အသံကို ကြားလိုက်မိတယ်လေ။
"မင်းအမေကို ဘယ်လိုများ ပြောခဲ့လဲ"တယောက်က မေးလိုက်တော့ အခြားတစ်ယောက်က ခပ်အုပ်အုပ်လေး ရယ်လိုက်ပြီး " အမှန်တိုင်းပဲလေ ညလုံးပေါက် ယူနဲ့အတူရှိနေမယ်လို့ ပြောခဲ့တာပဲ"။ပြောပြီး နှစ်ယောက်လုံး ပိုပြီး သဘောကျသွားပုံပဲ ရယ်လိုက်ကြပြန်တယ်။"မိုက်ကတော့ ကိုယ်တို့ သစ်သားအိမ်လေးကို သဘောကျလိမ့်မယ်လို့ ပြောနေတာပဲ။အဲဒီအိမ်က သူငယ်ချင်းတွေ ပိုင်တာတဲ့။သူတို့ကလဲ ဝက်ဝံတွေကို အမဲလိုက်တဲ့အခါမှသာ သုံးသတဲ့။"
မိန်းကလေးတွေ အခန်းဒေါင့်ဘက် လျှောက်လာပြီး ကျမကို မြင်သွားတယ်။မြင်သွားတော့ သူတို့ ရယ်သံတွေ ရပ်သွားတယ်။ရှက်ကိုးရှက်ကန်းဖြစ်တာလိုလို မလုံတာလိုလိုနဲ့လေ။ကျမနဲ့ သူတို့ မှန်ထဲမှာ အကြည့်ချင်းဆုံမိသွားတယ် အချိန်အတော်အကြာအထိပေါ့။သူတို့ကတော့ နေ့စဉ်ကလေးတွေရဲ့ အလုပ်တာဝန်တွေ နဲ့ ပိနေမယ့်
၊co mpany တစ်ခုမှာ လုပ်ငန်းလုပ်နေတဲ့ အိမ်ရှင်ယောင်္ကျားရဲ့ ဝေယျာဝစ္စတွေနဲ့ပိနေမယ့် အိမ်ရှင်မ တစ်ယောက်ရဲ့ အသွင်ကို မြင်ကြမယ်ထင်တယ်။ကျမကတော့ ရွှေရောင်ဆံပင်လေးတွေပေါ်မှာ ကျောက်မီးသွေးမှုန့်တွေ တင်နေတဲ့ ဂျာကင် အင်္ကျီ မှာအတွန့်တွေနဲ့ ပျက်ပျယ်လုလုအပေါစားမိတ်ကပ်တွေ နဲ့ ၁၆,၁၇ လောက်သာရှိသေးမယ့် မျက်နှာနုနုနဲ့ သမီးလေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။အခုလိုအခြေအနေအရ ကျမက သူတို့အတွက် အနှောက်အယှက် တစ်ခု လိုဖြစ်သွားပုံပါပဲ။မရည်ရွယ်ခဲ့ပါဘူးရှင်။ဟုတ်တော့ ဟုတ်မှာပဲ ကျမပုံက အခုခေတ် ကလေးတွေပုံနဲ့က ဆန့်ကျင်ဘက် တွေလို ဖြစ်ချင်ဖြစ်နေမှာပါ။သူတို့မျက်လုံးတွေကိုက ကျမကို လှောင်နေသလိုလို မထိလေးစားလိုလိုအကြည့်မျိုးနဲ့လေ။
ကျမစိတ်ထဲ ချက်ချင်းပေါ်လာတာက သူတို့ ကို ပြေးပြီးဆွဲခေါ်လိုက်ချင်တယ်။သူတို့ ရဲ့ကလေးဆန်တဲ့မျက်နှာပေါ်က အပေါစားမိတ်ကပ်တွေကို ဆေးကြောပေးလိုက်ချင်တယ်။သူတို့ပခုံးတွေကို ခါရမ်းပြီး "အိမ်ပြန်ပါ၊ ကျေးဇူးပြုပြီး အိမ်ပြန်ကြပါ ကလေးတို့ရယ်"လို့ အသနားခံ တောင်းပန်လိုက်ချင်ပါတယ်။ အိမ်တဲ့လား?????သူတို့အိမ်ကိုတော့ ကျမ ဘယ်လိုလုပ် သိနိုင်ပါ့မလဲရှင်။ကျမဆက်တွေးမိပြန်တယ်။ညနက် ညလယ် ဒီလိုဖြစ်နေတဲ့ မိန်းကလေးတွေအတွက် သူတို့အိမ်မှာ လိုအပ်ချက် သို့မဟုတ် မပြည့်စုံမှုတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်ပေါ့။ကျမသိလိုက်တာကတော့ ဒီလိုဖြစ်နေတဲ့ မိန်းကလေးတွေရဲ့ အိမ်နေဘဝဟာ အတော်ပြင်းထန်တဲ့ ရက်စက်မှုမျိုးကြုံရလို့ လို့ ကောက်ချက်ချ လိုက်မိပါတယ်။ (အမှတ်နှစ်သို့)
No Response to "အိမ်ပြန်ခဲ့လေ"
Leave A Reply
အပြောများ