Wednesday, April 15, 2009

မောင်လှဘလော့က

Posted on 9:41 AM by nweminthit

လွယ်လွယ်လေးပါ...

၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ...
၂. dashboard ထဲက Setting ကိုရွေးပါ...
၃. Formatting ကို ထပ်ရွေးပါ...
၎. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ...

(font face="Zawgyi-One") ဒီစာကို Select ပေးပြီးရေးပါ...(/font)

အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား...
ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ...

(span style="font-family:Zawgyi-One;") ဒီစာကို Select ပေးပြီးရေးပါ...(/span)

မှတ်ချက် - ( ကို < အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ...


၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ...
၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ...

မှတ်ချက် - Zawgyi-One ဆိုသည့်နေရာတွင် မိမိသုံးမည့် Font နာမည်ထည့်ပါ...
Myazedi သုံးမည်ဆိုပါက Myazedi ဟုပြောင်းပါ...
MyMyanmar သုံးမည်ဆိုပါက MyMyanmar ဟု ပြောင်းထည့်ပါ...

Blog စာမျက်နှာ တစ်ခုလုံးမှာ Zawgyi-One နဲ့ ပေါ်ချင်တယ်ဆိုရင်တော့ ညီလင်းဆက် ရေးထားတဲ့ How to assign Zawgyi-One font ကို သွားကြည့်ပါ...

Posted by မောင်လှ at 4:04 PM

Labels: how to, Myanmar Blogger, Template
* ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်...

* blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS]ကို လေ့လာပါ...

ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်း template ပြင်တိုင်း ခေါင်းတွေ မူးနေတုန်းပါ... အခုနောက်ဆုံး ပြင်ထားတဲ့ လက်ရှိ template လေးတောင် အဟောင်းကနေ အနည်းငယ် ပြောင်းလဲမှုလုပ်ထားသော်လည်း ခေါင်းတွေမူးပြီး ၂-ရက်ခန့် အချိန်ပေးလိုက်ကြောင်းပါ...

ကျန်တာတွေ ထပ်လေ့လာချင်သေးတယ်ဆိုရင်တော့

* ညီလင်းဆက် စုပေါင်းထားပေးတဲ့ Making Myanmar Blog ကို လေ့လာပါ...
* ကိုရန်အောင်ရဲ့ ဘလော့မှာ My HelpDesk ဆိုပြီး ရှိပါတယ်... သွားရောက်လေ့လာပါ...
* Saturngod ရေးသားတဲ့ မြန်မာဘလော့ဂ် လုပ်နည်း လက်စွဲစာအုပ်ကို ဒီနေရာကနေ download ယူပြီး ဖတ်နိုင်ပါတယ်...

My Label: Myanmar Blogger, how to

Posted by မောင်လှ at 12:54 PM

Labels: how to, Myanmar Blogger

# ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exeကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ...
# ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ

1. Bold 2. Italic 3. Bold+Italic 4. Normal

# WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ...
# Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ...
# ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://တစ်ခုခုကို ရွေးပေးစရာ လိုပါတယ်...ခုရွေးခဲ့တဲ့ list box ရဲ့ ညာဘက် ၁-ခုကျော်မှာရှိတဲ့ ... button လေးကို ကလစ်နှိပ်ပြီး ကျတော် လုပ်ထားတဲ့ eot.htm ရှိတဲ့ဖိုင်လေးကို ညွှန်ပြလိုက်ပါတယ်...

# ပြီးရင် Next ကို ကလစ်လုပ်ပါ...Analyze Web Pages dialog boxပေါ်လာရင် Next ကိုနှိပ်ပါ... The page file:..... It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ်လုပ်ပါ...
# Font to Embed box ကိုရောက်ရင်...subsetting ကို 7. No subsettingထားလိုက်ပါတယ်... ခုကျတော် ညွှန်ပြလိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ်ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don't embed ဆိုတာလေးကိုclick လုပ်ပါ...

# Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်းပေးရပါတယ်... ထည့်တဲ့အခါသိထားရမှာက http://mghla.blogspot.comလို့ပဲထည့်ထား ခဲ့မိရင် http://www.mghla.blogspot.comလို့ ၀င်ကြည့်တဲ့လူတွေ အဆင်မပြေပါဘူး... အဲဒါကြောင့် လိပ်စာထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်...

# ပြီးရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အပေါ်က check box ၂-ခုကိုအမှန်ခြစ် ခြစ်ပေးပါဦး... ပြီးပြီဆိုရင်တော့ Next ကို နှိပ်တော့ဗျာ...ခဏတော့စောင့်နော်...ဟော ပေါ်လာပါပြီ... CSS Style dialog box ဆိုပြီး ပေါ်လာပါပြီ...အဲဒီထဲက အောက်မှာပြထားတဲ့ code တွေကို ကျတော် copy ကူးထားလိုက်တယ်...

@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(ZAWGYIO0.eot);
}

# ပြီးရင်တော့ Close ကိုနှိပ်တယ်... Next ကိုနှိပ်တယ်...
# You all are done.... ဘာညာလာပြတော့ Finish ကို နှိပ်လိုက်တယ်... eot.htm ရှိတဲ့ folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot, ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်... ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာလဲဆိုတော့ eot.htm ဖိုင်ထဲမှာ့ Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားမိလို့ ခင်ဗျ...
# အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...

ပြင်ရတာ မောသွားတာပဲ

eot ဘယ်လိုလုပ်... အပိုင်း - ၂
Tuesday, October 31, 2006
အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...
ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ...
ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url(http://h1.ripway.com/MgHla/eot/ZAWGYIO3.eot) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင်
@font-face {........................}
အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ...
ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ...

WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး...

ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်...
http://mgzeng.blog.com/450405/http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

Posted by မောင်လှ at 1:39 PM

Labels: eot, Tutorial, WEFT

No Response to "မောင်လှဘလော့က"

Leave A Reply

အပြောများ

Related Posts with Thumbnails