Tuesday, April 14, 2009

ဇေယျာမြေအကြောင်း တစေ့တစောင်း(Uwe J.W. Finke ၏ဆောင်းပါးမှ)

Posted on 12:12 PM by nweminthit

စစ်ကိုင်း
တစ်ချိန်က ရှေးမြို့တော် စစ်ကိုင်းသည် မန္တလေး၏ အနောက်တောင်ယွန်းယွန်းတွင် ၂၁ ကီလိုမီတာအကွာ၌ ဧရာဝတီမြစ်ကို ဖြတ်၍ ကမ်းတစ်ဖက်တွင် တည်ရှိပါသည်။ ခရစ်သက္ကရာဇ် ၁၃၁၅ ခုနှစ်လောက်တွင် (ပုဂံပျက်သုဉ်းသွားပြီးနောက်)ကာလအတန်ငယ်ကြာအောင် လွတ်လပ်သည့် ရှမ်းဘုရင့် နိုင်ငံဖြစ်ခဲ့သည်။ ၁၃၆၄ ခုနှစ်တွင် မြို့တော်ကို အင်းဝသို့ ယင်းမြို့တည် နန်းတည်သူ၏ မြေး သတိုးမင်းဖျားက ရွှေ့သွားတော်မှုသည်တွင် ဝန်းပတ်ခြာ အိမ်ဂေဟာတို့ကိုလည်း အင်းဝခေတ်၌ တည်ဆောက်ခဲ့သည်။

စိမ်းစိုထွားကြိုင်း များမြောင်စွာ တစ်မြို့လုံးကာ မိအောင် ပေါက်ရောက် နေသော သစ်ပင်များနှင့် တောင်စဉ် အထပ်ထပ် ကွင်းဆက် မပြတ်သလို တောင်ညိုညို တို့ကြောင့် စစ်ကိုင်းသည် အကယ်၍သာ ရှေးအစဉ်အလာ အမွေအနှစ်သာ အပြင် ယင်း၏ သမမျှ တရားသီလ များသည်လည်း တောင်ရံအထပ်ထပ် ခပ်ထားသည့် အကျိုး လေပြေလေညှင်း တိုးလေ့ ရှိကြခြင်းသာမက စစ်ကိုင်းနှင့်တကွ တောင်နံဘေး မြစ်ကမ်းပါးယံ မပြတ်လှပြီး အထီးထီးသော ဘုရားပုထိုး ဂူကျောင်း ပြဿဒ်တို့နှင့် ခန့်ခိုင်တည်တန့် ၆၀၀ မကသော ဘုန်းကြီး ကျောင်းတို့က လွှမ်းခြုံထားသည့် မြေသာမော ဆိတ်ငြိမ်လှသော သဘောတို့ ကြောင့်သာ မဟုတ်ပါသော စစ်ကိုင်းမြို့ ခမျာမှာ သမိုင်းအရရော ယဉ်ကျေးမှုအရပါ သူ့ထက်သာသော မန္တလေး အမရပူရနှင့် အင်းဝတို့၏ အရိပ်ထိုး၍ စိုးမိုးခြင်း ခံရမည်မှာ မလွဲပါ။
သို့သော် အမရပူရနှင့် အင်းဝတို့မှာ ရေမြေလေမီး ဓါတ်ကြီးလေးပါး၏ ဂရုဏာ နို့သက် လုံးဝခံရယူလျက် အဖြစ်အပျက်ဆိုးတို့နှင့် တိုးနေရခိုက် စစ်ကိုင်းအောင်ရာ မြေပဒေသာမှာ ဗုဒ္ဓပိဋကပ် အရပ်ရပ်ကို တတ်သိလိမ္မာ အကြောင်းနှင့်အကျိုး ၊ ဝိပဿနာ စိတ်မှာဧဖို့ ထွန်ယက်ပွားများ ကုသိုလ်တရားများဖြင့် အဓိပ္ပါယ်ညီမျှ သာစွခုတိုင် ရှင်သန်နိုင်လျက် ရှိပါသည်။ တကယ်ဆိုတော့ လူတကာ ထင်ရှားကြသည်က စစ်ကိုင်းသည်သာမျိုးမြန်မာ၏ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းသာဗဟိုချက် ယနေ့ထက်တိုင် သက်ရှင်နေနိုင်ခြင်းကြောင့်သာ တစ်နိုင်ငံလုံးအတွက် ဘုရားဖူးထွက်ရာ သူမပါသူ့ထံမရောက်သော် မပြီးမပြည့်စုံဘိသို့ အလွန်ထင်ပေါ် မြိုတော်ပါပေတည်း။


ပုဂံပြီးသော် စစ်ကိုင်းသည်သာ မြို့တော်သာ၍ သံဃာ၇၀၀၀ကျော်နှင့် သီလရှင်တို့ကို ပြည်တစ်ခွင်တွင် သာသနာအဆောက်အဦးအများအပြားနှင့်တကွ ဒုတိယအများဆုံးအဖြစ်ဖြင့် သင်တို့ တွေ့နိုင်ကြခြင်းဖြစ်ပါသည်။ ယင်းသူတော်ကောင်းတို့မှာ အရေအတွက်အရ သာမဟုတ် အန္တိမသစ္စာ အဖြာဖြာကို အပတ်တစ်ကုတ် အားထုတ်ကြိုးပမ်း သာသနာ့ဝန် ထမ်းနေကြရှာနေကြသူများသာ ဖြစ်ပါသည်။ စစ်ကိုင်း တောင်တော် အာယမ် အသီးသီးပေါ်တွင် သီလရှင် ဂေဟာ ၂၂၅ ခုမျှဖြင့် သီလရှင် ၃ ထောင်ကျော် မြန်မာပြည်ပေါ်တွင် အများဆုံး သီတင်းသုံး နေကြသည်။ စစ်ကိုင်း တောင်ရိုးကို မေယုမြင့်မိုရ်ခေါ် ရိုးပုစာ မြေမဟာဟု သူငါအများ မြင်ကြထင်ကြ ယူဆကြ၏ ထိုကမှတဆင့် နိစ္စဓူဝ ကိစ္စများမြောင် လူ့ဘောင်ကိုစွန့် မြင့်သည်ထက်မြင့်အောင် တက်လှမ်းဖို့ လွယ်လှမည်ဟုလည်း ထင်ကြသေးသည်။ သေးသေးငယ်ငယ့် မြို့စစ်ကိုင်းဝယ် အသံကတိတ်ဆိတ် ဟိတ်ဟန်ကမကြီး ကသုတ်ကယုတ်နှင့် တက်သုတ်ရိုက်လှုပ်ရှား တလွှားလွှားမရှိကြ၊ တစ်ခါက ဖုံထ ဖုံထူသော်လည်း စစ်ကိုင်းတောင်ရိုးကမူ သံသရာ ပစ္စက္ခလူ့ဘ၀ အနိစ္စအဖြစ်ကို လျစ်လျူထား စွန့်ပယ်ရန် ကြံစည်ကြိုး ကုတ်သူတို့အတွက် နားခိုရာ ကနန်းလမ်း လှမ်းလျက် ရှိပါသည်။
တုန်တုန် ရီရီ တမောမော တဟိုက်ဟိုက်နှင့် လူ့အသိုက်အ၀န်းမြို့တွင်း မြို့ပြင် နေရကြသည့် အဖြစ်မှ ကင်းလွတ်ရာ ကင်းလွတ်ကြောင်း စိတ်ထောင်း ကိုယ်ကြေ မရှိကြလေရန် ၀ိပဿနာ ဘာဝနာတရားပွါးများဖို့ သံသရာ ဒုက္ခသည်များအတွက် စခမ်းသာပင် ဖြစ်ပါတော့သည်။ တချို့က တစ်ခေါက်တခါနေဖို့ တစ်ချို့က သတ္တပါတ်အကြာ တရားရှာဖို့နှင့် တစ်ချို့ကျတော့ တဘ၀ တခန္ဓာဆုံးအောင် တရားကို အသုံးချသွားလို့ စစ်ကိုင်းသို့ လာခဲ့ကြသည်က များပါသည်။ ခရစ်သက္ကရာဇ်၁၃၁၅တွင် အသခံပါ စောယွန်းက စစ်ကိုင်းခေါ်ဆို ရှေးမဆွက ဧရာမမြို့တော်သည် ဧရာဝတီမြစ် မဟိက အနောက်ဖက်သို့ တငဲ့ စောင်းလှည့် သာယာလှသော အကွေ့ တစ်ခုာင်းလှည့် သာယာလှသော အကွေ့ တစ်ခု၌ တည်လျက် ရှိပါသည်။ မြန်မာ့မာနာတေဇာမြစ်မဟာသည် မြန်မာ့သွေးကြောမကြီးလို တောင်ခြေတခိုမှ တသိမ့်သိမ့် လှိမ့်စီးဆင်းခဲ့ရာ ဣနြေ္ဒရရ ငြိမ်သက်ချောမွေ့လှစွာ လစက်တင်ဘာမှ ဇူလိုင်ထိ ရှိရှာသော်လည်း မုတ်သုန်ဝါသ နယုန် ဇွန်လမှသည် ၀ါဆို ဇူလိုင် ၀ါခေါင် သြဂုတ် မယုတ်မလွန် တော်သလင်း စက်တင်ဘာလ တို့တွင် တဟဲဟဲ တဟီးဟီး မြစ်ကြီး ဧရာဝတီမှာ ထိန်းမနိုင် သိမ်းမရ သလို အကြမ်းတွေ ပိုနေတတ်ပါသည်။
စစ်ကိုင်း တောင်ထိပ်မိုးတို့ ရွှေရောင် လရောင် ဘော်ဖြူရောင်သို့ ထုံးရောင် ဖွေးဖွေးနှင့် စေတီပုထိုး အမျိုးမျိုးတို့မှာ အရွယ်အစားစား ဖြင့် သရဖူဆောင်း နေကြသည် တောင်ကမ်းပါး၏ အထပ်ထပ်ဝယ် အငူအစွန်း ချောင်အလျှိုလျှိုထဲ တောကျောင်းတို့နှင့် အကျပ်အပြည့် တချောင်ငုပ်လျိုး တတောတိုးခါ တစောင်းကပ်ကပ် လျိုမြောင်အထပ်ထပ်ကို တက်ရဖန်ဖန် တောင်လှေခါးဟန် ကမျိုးအမိုးအကာမဲ့က အတန်တန်ဖန် ပြီးဝါသန့်ယက်သလို ထိုထိုဤဤ သာသနာ ဗိမ္မာန် ခြွေရံအဆောက်အဦး များကြားမရပ်ပဲ တောင်ထိပ်အဖြာဖြာ ရောက်ကြရသည်အထိ မမောမပန်း ဒလကြမ်း တက်နိုင်ကြပါသည်။ ထိုမှတဖန် ရပ်ဆယ်ဖြာကို လှည့်ခါရှုလိုက်ပြန်သော် ဘယ်တော့မှ မေ့မရနိုင်မည့် ပြကတော့ ရှု့ခင်းသာ အရပ်ရပ်ကို ရင်သပ်ရှုမော အံ့သြလောက်အောင် မြင်ကြပေဦးတော့မည်။
နန်းစဉ်နန်းရိုး အမျိုးမပြတ် ရှိလတ်ခဲ့၍ စစ်ကိုင်းမြို့တော် ပြည်ပဟာဝယ် ဘုရင်များစွာ တည်ခဲ့ရှာသည့် မဟာပုထိုး ဂူကျောင်းပြသာဒ် စေတီဘုရား အရှိများသည် ကလည်းဆန်းလှသည် မဟုတ်ပါ။ လွန်ကုန်ရှာပြီ ဖြစ်သည့် သူ့ကိုယ်သူဆို ဧကရာဇ်ဘုရင် တို့မှာ သူ့ခေတ်သူ့ကာလမြို့ တော်လှဖို့သခဲ့သည် တွင် အောက်ပါတို့ကား မလွဲသေချာ ပါဝင်ခဲ့ပါသည်။
• (က) ဆွမ်းဦးပုည ရှင်စေတီ
• (ခ) ကောင်းမှုတော် ပုထိုးစေတီ
• (ဂ) ဆင်များရှင်စေတီ
• (ဃ) ထူပါရုံစေတီ
• (င) ငါးထပ်ကြီးစေတီ
• (စ) အောင်မြေလောက စေတီ
• (ဆ) ဓာတ်ပေါင်း စုစေတီ
• (ဇ) ဥမင်ခြောက် ဆယ်စေတီ
• (ဈ) ရှေဥမင် ကျောင်း
• (ည) ဥမင် သုံးဆယ်စေတီ
• (ဋ) တိလောက ဂုရု ဂူဘုရားကျောင်း
• (ဌ)မြစ်ဖောက်ကြီး ဘုရား
• (ဍ) ပဗကျောင်း
(ဇေယျာသား ဆောင်းပါးကော်ပီ)

No Response to "ဇေယျာမြေအကြောင်း တစေ့တစောင်း(Uwe J.W. Finke ၏ဆောင်းပါးမှ)"

Leave A Reply

အပြောများ

Related Posts with Thumbnails