Friday, April 10, 2009
တဆင့်စကား
လူတစ်ယောက်ရဲ့ ဘဝမှာ ရုပ်ဝတ္ထုကပြဌာန်းသလား စိတ်ဓါတ်က အရေးကြီးသလား အရင်စဉ်းစားကြည့်စေချင်ပါတယ်။စိတ်ကြာင့် ရုပ် အသွင်တွေ ခန်းခြောက်ညိုးရော်လို့ နောက်ပိုင်း လုံးလုံး ဘဝဆုံးပါးသွားရတဲ့ အဖြစ်မျိုး ကြုံရတဲ့အခါမှာ။ကျနော် ဒီအခန်းထဲ ရောက်နေတဲ့ ကာလတွေကို ပြန်ရေတွက်နေပြန်ပလား။ဟင့်အင်း ကျနော် ပြန်မရေတွက်ခဲ့တာ ကြာပါပြီ။ကြာပြီဆိုတာ ဘယ်လောက်ကြာပြီဆိုတဲ့ အချိန် ကာလသတ်မှတ်ချက်တွေနဲ့ မဟုတ်တော့ပါဘူး။နှစ်တွေ လတွေ ရက်တွေ ဒါတွေက ကျနော်နှင့် မဆိုင်တော့ပါဘူး။အိပ်မက်တွေ ခြောက် အိပ်မက်တွေ ဒါတွေနဲ့ ကျနော်ကမ္ဘာကို တည်ဆောက်ထားတာပါ။အိပ်မက်တွေထဲမှာ မပီဝိုးဝါးနဲ့ ကျနော် မိဘနှစ်ပါးရဲ့ မျက်နှာ၊အမေ့မျက် လုံးရွှဲကြီးတွေက ကရုဏာရည်တွေနဲ့ ။သူငယ်ချင်းတွေရဲ့ စကားသံများ။အား လုံးက ခြောက်အိပ်မက်တွေလို ကျနော်ဆီပြေးလာလိုက် ပြန် ထွက်သွားလိုက်။ကျနော်ကို အထူးအဆန်းလုပ်ပြီး လာကြည့်နေကြသ လိုပါပဲ။ကျနော် အခန်းက အမြဲတမ်းလိုလို တံခါးပိတ်ထားတတ်တာပဲ ။ သူတို့ ဘယ်ကဝင်ပြီး ဘယ်က ထွက်ကျပါလိမ့်။အဲဒီထဲမှာ ကျနော် စိတ်ပြန်လည်ခိုက်တွေ့ရတဲ့ တစ်ယာက်ကြောင့်ကျနော်စိတ်တွေ ပြန် တောင်မလည်ချင်ဘူး။သူကတော့ ဝိုးတဝါးရောက် လာလိုက် ပီပီပြင်ပ်ြင် ပေါ်လာလိုက် ။အခုချိန်မှာတော့ ဘာမှမလိုချင်တော့ပါဘူး။ကျ နော်ရှေ့ဆက်ဖို့ မြန်မြန်နဲ့ သက်သက်သာသာ သွားခွင့်ရဖို့ ဒါပဲလိုချင်တော့တယ်။အခုအချိန်မှာတော့ ရှုံးတာတွေ နိုင်တာတွေ ဘာအတွက် တွေးရတော့မလဲ။
ကျနော်ကို အခုအချိန်မှာ အနှိပ်စက်ဆုံးကတော့ ဒီမလာခင်ကလေးကမှ လက်ထပ်ခဲ့တဲ့ တစ်ယောက်ပါပဲ။နှစ်ရှည်လများ ချစ်ခဲ့ မြတ် နိုးခဲ့ကြ တဲ့ ချစ်သူဟာ ခုတော့ အနှိပ်စက်ဆုံးဖြစ်နေပြန်ပြီလေ။မြန်မာပြည်မှာယောင်ခြာခြာ ဖြစ်နေရင် သူနဲ့ကျနော်ရဲ့ဘဝ ရှေ့ဆက် ဘယ်လိုဆက် ကြမလဲ။နောက်ဆုံး ချစ်သူကို မရမကညှိပြီး ကျနော် ဇွတ်လက်ထပ် ဇွတ်ထွက်လာခဲ့တာပေါ့။သွားရမယ့် ခရီးရဲ့ ဦးတည် ချက်က ရေရာတာ မရေရာတာ ကျနော့်အတွက် ဘာမှ အရေးမကြီးဘူး။ဒီကထွက်ရင် ဟိုမှာ တနည်းမဟုတ် တစ်နည်း အဆင်ပြေမှာပါ ။ပွဲစားကလည်း ကျနော့် ကို အတော်သဘောကျတယ်။အမြန်ဆုံးထွက်ရမယ့် အသုတ်မှာမှီအောင် ထည့်ပေးမယ် တဲံ့။ သူများတွေပေး သလောက်တောင် မပေးနဲ့တဲ့။ ကျနော့်မဂင်္လာဆောင်မြန်မြန်ပြီးရင်ပြီးသလိုထည့်ပေးမယ်တဲ့။ကျနော်လောက် ကံကောင်းတဲ့သူ ဘယ်သူ ရှိဦးမလဲ။ ဒိလိုနဲ့ ကျနော် ထွက်လာခဲ့တယ်။လူငယ်အတွဲ ပူပူနွေးနွေးလင်မယားဆိုတော့ မျက်နှာတောင်ညိုးရမှန်းမသိဘူး။တစ်ချိန်မှာ ကျနော်တို့ အေးဆေးနှပ်ဖို့ အချိန်တွေ အများကြီးလေ။လေယာဉ်ပေါ်ရောက်တဲ့အထိ ကံကို ကျေးဇူးတင်လို့ပေါ့။အခု အခန်လေးထဲမှာ ဝင်ဝင်လာတဲ့ ခြောက်အိပ်မက်တွေထဲက အပိုင်းအစတွေပါ။
အခုတော့ ကျနော့်အတွက်ဘာမှ မလိုတော့ပါဘူး။ရောက်ကတည်းက ဟိုအလုပ်ဝင်ရမှာလိုလို ဒီအလုပ်ရတော့မှာ လိုလိုနဲ့ အချိန်တွေက မြန်လွန်းတယ်။ပါလာတဲ့ ဟာလေးတွေက ဘယ်လောက်ခံမှာမို့လဲ။ဘဝတူ သူငယ်ချင်းတွေကရော ဘယ်လောက်စောင့်ရှောက်နိုင်မှာလဲ။
ဒီလိုနဲ့ အခု ဘုန်းကြီးကျောင်းလိုလို ဒုက္ခသည်စခန်းလိုလိုနေရာလေးမှာ ကြာခဲ့ပြီ။ဘယ်လောက်ကြာပြီလို့ ကျနော် မတွေးဖြစ်တာ ကြာပြီလို့ဒါကြောင့် ကျနော်ပြောခဲ့တာပါ။မှန်ကြည့်ဖို့ဘယ်လိုမှ မနီးစပ်တဲ့ လူနာဘဝမို့ ကိုယ့်ပုံကို ဘယ်ရုပ်ရှိလဲ မသိပါဘူး။ကျနော်ကို မြင်လိုက်တဲ့လူတွေရဲ့ မျက်နှာတွေရဲ့ ဘာသာဗေဒကို ဥပေက္ခာပြုတတ်ခဲ့တာလည်း ကြာပြီ။အခုအချိန်မှာတော့ အလုပ်လည်းမလို,မိဘလည်းမလို ,ချစ်သူမယားလေးလည်း မလိုတော့ ပါဘူး။ကျနော်တကယ်လိုနေတာက ခြောက်အိပ်မက်တွေက ထမြောက် သွားဖို့ပါ။အိပ်မက်တွေ ငြိမ်းအောင်ကလဲ သေခြင်းကိုပဲ အားကိုးရတော့မယ်လေ။ကျနော်စိတ်ထဲမှာ တစ်ခုပဲ သိနေတယ်လေ။အဲဒီသေခြင်းတရား ကျနော်ဆီလာဖို့ ...... အသိမှာ သေခြင်းတရား မြန်မြန်လာဖို့ပါပဲ။
စင်္ကာပူတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ပေါင်းများစွာမှ တစ်ခုကို အခြေခံပါသည်။
No Response to "တဆင့်စကား"
Leave A Reply
အပြောများ