Friday, April 10, 2009

အိမ်ပြန်ခဲ့လေ(၃)

Posted on 11:07 AM by nweminthit

ကျနော်ရည်ရွယ်တာက ဒီလောက်များဖို့ မဟုတ်ဘူးဗျာ။တချို့ စကားလုံးလေးတွေ ကြိုက်တာနဲ့ များများသွားတယ်။အခုလဲ (၃)ကို ဆက်ပြန်ပြီ။ဘယ်အထိလဲ မသိနိုင်တော့ဘူး ရောက်သလောက်ရောက်ရောပဲ။
အိမ်ပြန်ခဲ့လေ (၃)
အခု generation လက်ခံထားတဲ့ new-moralityက ခံစားလို့ ရနိုင်သမျှကို လုပ်ခွင့်ရှိတယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်နေသလိုပဲရှင်။အသိသာ မရှိတော့ဘူး ဒါမှမဟုတ် soul သာ မဲ့မယ်ဆိုရင်တော့ merely animalsဖြစ်ကုန်တော့မယ်။တကယ်ပါရှင် လူဟာ တိရစ္ဆာန်ထက်သာတယ် ဆိုပေမယ့် တိရစ္ဆာန်အဆင့်နဲ့ ရပ်တည် မတည်ဆိုတဲ့ အဓိပ်ပါယ်ကိုလည်း လူကိုယ်တိုင်ပဲ လုပ်နိုင်တာပါ။psalmist ထဲမှာ ဘုရားသခင်ရဲ့ အမေးအနေနဲ့ ရှိသားပဲရှင်။What is man that thou art mindful of him? လူဆိုတာ ဘာလဲဆိုရင် သူလုပ်ရှားနေတဲ့ အသိ သတိနဲ့ အမူအရာတွေပဲ ပေါ့။ဒါကြောင့်လဲ angelတွေလောက် နီးနီး အဆင့်ရှိပြီး အဆင့်မြင့် သတ္တဝါအနေနဲ့ ရပ်တည်နိုင်တာပေါ့။ လူဆိုတာ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုကို ခံရတဲ့ အမျိုးအစားပဲ မဟုတ်လားရှင်။အဆင့်တန်းမြင့် ဂုဏ်ယူနိုင်စရာ တွေနဲ့ သရဖူဆောင်းထားတဲ့ အဆင့်တစ်ခုပါ။Man is the highest of God's creatures လေ။မိတ်လိုက်တတ်ရုံ ပြေးတတ်ရုံသာ တတ်နိုင်တဲ့ လမ်းကြိုလမ်းကြားက ကြောင်ဂျပိုး တစ်ကောင်နဲ့ နိုင်းဆလို့ ဘယ်ရနိုင်မလဲရှင်။
ဒါ ထာဝရဘုရားသခင်ရဲ့ law တစ်ခုလည်းဖြစ်ပါတယ်။အရေးမပါတဲ့ ဖလော်တစ်ဦးရဲ့စကားလိုလိုနဲ့ ပြောင်းလဲပစ်ဖို့လဲ မဖြစ်နိုင်ပါဘူး။ဆာလောင်မှုတွေနဲ့ ဖြတ်သန်းနေကြတဲ့ ငယ်ငယ်ရွယ်ရွယ် မိုက်ရူးရဲလေးတွေရဲ့ ပြောင်းလဲချင်စိတ်နဲ့လဲ ချိန်းလို့ မရနိုင်ပါဘူးရှင်။
ကျမ ကလေးမလေးတွေကို သေချာပြောပြချင်ပါတယ်ရှင်။ယောင်္ကျားလေးတစ်ယောက်ဟာ သူလက်ထပ်မယ်ဆိုတဲ့ မိန်းကလေးအပေါ်လေးစားချင် တန်ဖိုးထားချင်စိတ်အပြည့်အဝ ရှိတတ်တယ်လေ။ကိုယ့် ချစ်သူက ဘယ်လိုဆိုတဲ့ မော်ကြွား ချင်စိတ်လဲ ရှိနေပြန်တယ်။ဒါကြောင့် ခြေလှမ်းမမှားအောင် အထင်ကြီးခံရအောင် နေတတ်ဖို့ လိုပါတယ်ရှင်။
ဒီဘက် generationတွေအနေနဲ့ ဘာတွေ ဘယ်လိုပြောပြော ဒီအတိုင်းပဲ ဖြစ်နေတော့မယ် ထင်ပါတယ်ရှင်။
ကျမထပ်ပြီးပြောချင်ပါတယ်။သတိရတုန်းပေါ့ရှင်။တကယ်တော့ ၁၆နှစ်အရွယ် မြှီးကောင်ပေါက် တွေမှာ ကိုယ့်ကိစ္စတွေ ကိုသာ အရမ်းအရေးကြီးတယ်လို့ ထင်ပြီး အမြဲကမူးရူးထိုးနဲ့ ဂဏှာ မငြိမ်ဖြစ်နေ တတ်တယ်ရှင့်။ ခံစားမှုလဲများ အပြောင်းအလဲလည်း မြန်နဲ့ပေါ့။ကိုယ်က ချစ်ရဖို့ ကိုယ့်ကိုအချစ်ခံရဖို့လည်း အတော်စိတ်အားသန်တဲ့ အရွယ်ပေါ့ ရှင်။သူတို့အတွက် ညတိုင်းဟာ အရေးကြီးပါ့ရှင်။စနေနေ့လို ညမှာများ ဒိတ်ထားတာ မရှိခဲ့ဘူးဆိုရင် သူ့ရဲ့ ကယောင်က တမ်းညဟာ အဆုံးမရှိဘူးထင်ရပြီရှင့်။ဒါပေမယ့် ကျမကတော့ ၂၅နှစ်တိုင်တိုင် နေခဲ့ပြီး သင်ယူခွင့်ရပြီးပါပြီ။ဘဝရဲ့ တခြားသောညတွေဟာလည်း အဓိပ်ပါယ်ရှိနေတဲ့ အကြောင်းပေါ့ရှင်။အတွေ့အကြုံသင်ခန်းစာတွေအရ ဖျားနာနေတဲ့ ကလေးတွေရဲ့ ဘေးမှာ ရပ်နေခဲ့ဖူးတာတွေ၊ဆေးရုံကော်ဒါရစ်ပေါ်မှာ၊သေမယ့်သူရဲ့ လက်တစ်ဖက်ကို ကိုင်နေဖူးတာ၊ သေဆုံးခဲ့တဲ့ဆွေမျိုးတွေကြောင့် ပူဆွေးခဲ့ရတာ မနည်းမနောတဲ့ အတွေ့အကြုံတွေနဲ့ ညတွေကို ဖြတ်သန်းခဲ့ဖူးပါပြီရှင်။ဒီလိုညတွေအကြောင်း ပြောမယ်ဆို တပုံကြီးပေါ့ရှင်။
တခြားခမ်းနားတဲ့ သင်ယူမှုတွေလည်းမနည်းဘူးပေါ့။ပြည့်စုံတဲ မိန်းမတစ်ယောက်ရဲ့ဘဝဟာ ချစ်သူတစ်ယောက်ထက် ပိုပါတယ်ရှင်။သူဟာ သမီး၊ဇနီးမယား၊မိခင်၊ညီမ အမ၊သူငယ်ချင်း၊လူမှုအဖွဲ့အစည်းမှာ ပါနေတဲ့ အဖွဲ့ဝင် ၊ကမ္ဘာသူ ကမ္ဘာသားထဲကတစ်ယောက် စတဲ့ အဓိပ်ပါယ်တွေနဲ့ ပေါင်းစပ်ပါဝင်နေပါတယ်ရှင်။ဒီလိုမိန်းမတစ်ယောက်ရဲ့ ဘဝနေ့ညတွေမှာ ပျော်ရွှင်မှု ဝမ်းနည်းမှု အောင်မြင်မှု ရှုံးနိမ့်မှု ရယ်မောချင်စရာ အဖြစ်တွေနဲ့ မျက်ရည်တွေလဲ မလွဲမသွေ ပါဝင်ရောစပ်နေဦးမှာပါ။ဒါတွေဟာ သူ့နေ့ညတွေနဲ့ သီးခြားခွဲထားလို့ရပါ့မလားရှင

No Response to "အိမ်ပြန်ခဲ့လေ(၃)"

Leave A Reply

အပြောများ

Related Posts with Thumbnails