Wednesday, October 5, 2011

လက်ရှိအချိန်


လက်ရှိအချိန်လေးမှာ လက်ရှိ ရှင်သန်မှု ရှိနေတယ်
လက်ရှိအချိန် မရှိတော့ရင်တော့ လက်ရှိ ရှင်သန်မှုမရှိဘူးပေါ့
ဆားပေါ့တဲ့ ဆားငံရေတွေ စီးကြောင်းဖြစ်နေတယ်
တော တောင် သဘာဝကို မြတ်နိုးတတ်တယ်
ကာကွယ်ရမှန်း မသိဘူး
ပိုက်ဆံ ဘယ်လို ဖြုန်းရမလဲ ကောင်းကောင်း မသိသလို
ဘယ်က ရနိုင်မလဲ လည်း မရှာတတ်ဘူး။

လက်ရှိအချိန်လေး အတွင်းမှာ လက်ရှိရှင်သန်နေသလိုလိုလေးနဲ့
သေနေတဲ့လူလား အသက်ငင်နေတဲ့ လူလား
အမျိုးမျိုး စမ်းသပ်ခံ စမ်းသပ်သူ ဘ၀အမျိုးမျိုး
တဖျက်ဖျက် ပြောင်းရင်း
မျက်ကန်းလမ်းရှောက် မျက်ကန်းလမ်းပျောက်
မတော်မတဲ့ အပေါက်အလမ်းတွေဆီ ရမ်းသမ်း ငိုက်ငေး
ဒါ လက်ရှိအချိန်တွေ အတွင်းမှာပဲ။

မင်္ဂလာဆောင်


တစ်ချိန်တည်းမှာပဲ ရှုးသွပ်ခဲ့ကြတယ် . .
ရေခွက်တစ်ခု ထဲမှာ လက်ဖ၀ါး နှစ်ဖက် ပြိုင် မနှစ်ခဲ့ကြဘူး
အခေါင်းနှစ်ခု ယှဉ်ချမထားခဲ့ကြဘူး
အလုံပိတ် အခန်းထဲက နံရံတွေလဲ သန့်ရှင်း မနေဘူး
RUMနီနီ တွေနဲ့ ပတ်ဖြန်းလို့
ငါတို့လမ်း ငါတို့ လျောက်ခဲ့ကြတယ်။

သူ့ အပြောတော့ စာရွက်လေး တစ်ရွက်လောက် လိုချင်တယ်ဆိုပဲ
အသက်မ၀င်ခဲ့တဲ့ မင်္ဂလာပွဲ မှာ
ဘာလိပ်ပြာရောင်မှ မသန်းဘူး
အသုဘဖိတ်စာလို အသုဘ အခမ်းအနားမှာလို
လိပ်တွန့် စက္ကူတွေ ရှိမနေဘူး။
Related Posts with Thumbnails