Tuesday, May 12, 2009

'မှန်'

Posted on 2:51 AM by nweminthit

nweminthitSunday, April 26, 2009
'မှန်' ကို တစ်ကြိမ်တစ်ခါမျှ မကြည့်ဖူး၊ မမြင်ဖူးသူတစ်ယောက် က 'မှန်' ကို ပထမဦးဆုံးအကြိမ် မြင်တွေ့သွားရင် ဘာဖြစ်မယ်ထင် ပါသလဲ။ စဉ်းစားဆင်ခြင်နည်းကို လေ့လာသည့် ယုတ္တိဗေဒ Logic သင်ခန်းစာ ပို့ချစဉ်က မေးခဲ့ဖူး သည်။ 'လန့်သွားမယ် ထင် တယ်' ဟု ပြန်ဖြေလေ့ရှိကြသည်။ စဉ်းစား ဆင်ခြင်တဲ့ အလေ့အကျင့်မရှိတဲ့ သူတစ်ယောက်လည်း စဉ်းစားစရာ တစ်ခု စဉ်းစားဆင်ခြင်မိသွားရင် ဘာဖြစ်မယ် ထင်သလဲ။ ဆက်မေး သော မေးခွန်းဖြစ်သည်။ 'သူလည်း လန့်သွားမယ် ထင်တယ်' ဟု ဖြေ လေ့ရှိကြသည်။
'မှန်' ကို တစ် ကြိမ်တစ်ခါမျှ မတွေ့ ဖူးသူများအကြောင်း ရှေးဦးစွာ ပြော သည်။ ထင်းခုတ်သမား တစ်ယောက်တောထဲ ထင်းခုတ်သွားရင်း နေရောင် အောက်တွင် တလက်လက်ဖြစ်နေ သော အရာတစ်ခု တွေ့သည်။ ဘာ မှန်း မသိ။ ကောက် ယူကြည့်သည်။ 'မှန်' တစ်ချပ်ဖြစ် သည်။ သို့သော် 'မှန်' ကို 'မှန်' ဟု မသိ။ ကြည့်ပြီးထိတ်လန့်သွားသည်။ အံ့သြသွားသည်။ ကွယ်လွန်သွားတဲ့ အဖေရဲ့ပုံပါလားဟု ယူဆသည်။ တောစောင့်နတ်က ပေး သနားသည် ဟု မှတ်ယူသည်။ အိမ်သို့ ယူဆောင် သွားသည်။ ခေါင်းအုံးအောက်မှာ တရိုတသေထားသည်။ ညအိပ်ရာ ဝင် ကြည့်သည်။ တောထဲထင်းခုတ် သွားခါနီးကြည့်သည်။ ပီတိဖြစ်နေ သည်။ ပြီးတော့ ခေါင်း အုံးအောက်၌ တရိုတသေ ထားခဲ့သည်။
ရက်အတန်ကြာတော့ ဇနီး ဖြစ်သူက မယုံသင်္ကာဖြစ်လာသည်။ တစ်စုံတစ်ခု ကို ကြည့်ကြည့်ပြီး ပီတိ ဖြစ်နေသည်။ ဘာလဲမသိ။ တောထဲ ယောက်ျား သွား စဉ် ယူကြည့်သည်။ သူလည်း 'မှန်' ကို တစ်ခါမျှ မတွေ့ မြင်ဖူးသူ။ သူလည်း ဘာဖြစ်မလဲ။ ထိတ်လန့်ခြင်း၊ အံ့သြခြင်းနှင့်အတူ ကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသ ဖြစ်ခြင်းတို့ဖြစ်လာသည်။ သူ့ ယောက်ျား အခြားမိန်းမတစ်ဦးနှင့် ဖောက်ပြားနေပြီ။ မိန်းမတစ် ယောက်ရဲ့ပုံကို တမြတ်တနိုး ခေါင်းအုံး အောက် မှာ ထားသည်။ အိပ်ရာ ဝင်တိုင်း ကြည့်သည်။ တောထဲ သွားခါနီးကြည့်သည်။ ပီတိဖြစ် သည်။ ပြန်လာရင် သိမယ်ဟုဆို ကာ မောင်းတင်ထားသည်။
ယောက်ျားပြန်လာတော့ ဒေါ သတကြီးပြောသည်။ ရှင်နေ့တိုင်း နေ့တိုင်း မိန်းမတစ်ယောက်ရဲ့ပုံကို ကြည့်ကြည့်နေတာ မလွန်လွန်းဘူး လား။ ကိုယ့်မှာ ဇနီးတစ်ယောက်လုံး ရှိနေလျက်နဲ့ဆိုပြီး ရန်ပွဲဖြစ်သည်။ ယောက်ျားကလည်း မဟုတ်ရပါ ကြောင်း၊ သူကြည့်ကြည့်နေသည်မှာ သူရဲ့အဖေပုံဖြစ်ကြောင်း ပြန်ပြော သည်။ တစ်ဦးနှင့် တစ်ဦး ညှိနှိုင်းမရ၊ ဆွေးနွေးမရတော့။ တစ်ဦးနှင့် တစ်ဦး မပြေလည်တော့ ကျေးရွာ ထုံးစံအတိုင်း ရွာဦးဘုန်းကြီးရဲ့ အဆုံး အဖြတ် နာခံရန် ဘုန်းကြီး ကျောင်းသွားကြရသည်။
ဘုန်းကြီးက အကျိုးအကြောင်း မေးသည်။ ပြဿနာ၏ အရင်း အမြစ် ဖြစ်သော 'မှန်'ချပ်ကို ဘုန်းကြီး က တောင်းပြီးကြည့်သည်။ တကယ် တော့ ဘုန်းကြီးလည်း 'မှန်' ကို တစ် ကြိမ်မျှ တွေ့ဖူးသူမဟုတ်ပေ။ သည် တော့ ဘုန်းကြီးပြောလိုက်တဲ့ စကား က ပျံလွန်တော်မူသွားတဲ့ အရင်က ကျောင်းထိုင် ဆရာတော်ကြီးပုံပါ လား၊ မင်းတို့နှစ်ယောက်အိမ်မှာ မထားရဘူး၊ ဘုန်းကြီး ကျောင်းမှာပဲ ထားရမယ်ဟု ပြောလိုက်ပါသည်။
''စဉ်းစားဆင်ခြင်ခြင်းဆိုသည် မှာလည်း 'မှန်' နှင့်တူသည်ဟု ဗုဒ္ဓ က သား တော်ရာဟုလာအား ဆုံးမ သော သုတ္တန်တရားတွင် ဟော သည်။'' ဟု ပြော ပြသည်။ မှန်ကြည့် ဖူးကြသူများ ဘာကြောင့် မှန်ကြည့် ကြပါသလဲ။ မေးကြည့်သည်။ တစ် ယောက်တစ်မျိုးဖြေကြသည်။ လှ မလှ ကြည့်သည်။ အဆင်ပြေ မပြေ ကြည့်သည်။ အချိုးကျ မကျ ကြည့် သည်။ ကြည့်ကောင်း မကောင်း ကြည့်သည်။ ဟုတ်ပါသည်။ ထို့ အတူ စဉ်းစားဆင်ခြင်ဥာဏ်သည် မိမိ၏ အပြုအမူ၊ အပြောအဆို၊ အကြံအစည်တို့ မှန်မမှန်၊ ကောင်း မကောင်း၊ အကျိုးရှိ မရှိ ဝေဖန်ပိုင်း ခြားပေးသည်။
မစဉ်းစား မဆင်ခြင်ဘဲ ထင်ရာ စိုင်း၍ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက် ရောက်ဟုဆိုကာ ဦးတည်ချက် တိတိကျ ကျမရှိဘဲ ပြုမူပါက လို ရာပန်းတိုင် မရောက် နိုင်။ ပန်းတိုင်ပျောက် သွားနိုင်သည်။ နှုန်းစံများ ပျောက်သွားနိုင် သည်။ နှုန်းစံမရှိပါက အများ လက်ခံနိုင်သောဆုံးဖြတ် ချက်ပေးရန် ခဲယဉ်း သည်။ ဗုဒ္ဓက အလုပ် မလုပ်မီ စဉ်းစားဆင်ခြင် ရသည်။ အလုပ်လုပ် နေ ဆဲ၌လည်း စဉ်းစားဆင်ခြင်ရသည်။ ပြီးမြောက်လျှင်လည်း စဉ်းစားဆင် ခြင်ရသည်ဟုဆိုပါသည်။ အလုပ်ကို စဉ်ဆက် မပြတ် စက်ဝိုင်းသဏ္ဌာန် စဉ်းစား ဆင်ခြင်လုပ်ကိုင်ခြင်းဟု ဆိုနိုင် သည်။
မလုပ်ခင် ကြိုတင်တွေးဆချက် Hypothesis ရှိရမည်။ ခံယူချက် concept ရှိရမည်။ အချက်အလက် data ရှိရမည်။ ဒီဇိုင်း Design ရေးဆွဲရမည်။ ခွဲခြမ်းစိတ်ဖြာAnalysis လုပ်ရမည်။ လက်တွေ့လုပ် ဆောင်မှု observation and experiment ရှိရမည်။ တန်ဖိုးဖြတ် သုံးသပ်မှု evaluation လုပ်ရမည်။ ပြန်လည်သုံးသပ်မှု review လုပ်ရ မည်။ တွေးဆချက် ခံယူချက်သည် နှုန်းစံဖြစ်သည်။ နှုန်းစံမရှိဘဲ လက်တွေ့လုပ်ဆောင်မှုသာ ပဓာန ထားလုပ်ပါက တစ်ပွဲတိုးလုပ်ရပ် ဖြစ်မည်။
လူ့သမိုင်းတွင် လူ့အဖွဲ့အစည်း ရှိ လူတို့၏ အောင်မြင်မှုများသည် စဉ်းစားဆင်ခြင်ဥာဏ်ကြောင့်ဟု ဆိုပါသည်။ လူတို့၏ စဉ်းစား ဆင်ခြင်ဥာဏ်ကြောင့်ပင်ကောင်းကင် ကို ပျံသန်းနိုင်သည့် လေယာဉ်ပျံများ တီထွင်နိုင်ခဲ့ကြသည်။ မြေလျှိုးသည့် မြေအောက် ရထားလမ်းများ၊ ကား လမ်းများ ဖောက်လုပ်နိုင်ခဲ့ကြသည်။ ဆက်သွယ်မှု ချောမွေ့လွယ်ကူစေ သည့် အိုင်တီကွန်ရက်များ ဖန်တီး နိုင်ခဲ့ကြသည်။ 'မှန်' နှင့်တူသော စဉ်း စားဆင်ခြင်ဥှုာဏ်ဖြင့်သာ လူ့အဖွဲ့ အစည်းတစ်ခု အောင်မြင်တိုးတက် နိုင်သည်။ ကောင်းမွန် ပြည့်စုံနိုင် သည်ဟု ယူဆမိပါသည်။
Posted by Thulay at 5:36 AM

No Response to "'မှန်'"

Leave A Reply

အပြောများ

Related Posts with Thumbnails