Showing posts with label ဘလော်ဂါနည်း. Show all posts
Showing posts with label ဘလော်ဂါနည်း. Show all posts

Saturday, February 2, 2013

http://mmbloggershelpdesk.blogspot.com/2007/08/peekaboo-navigation-bar.html

ဘလော့ဂါ တော်တော်များများက ပို့စ်လည်းရေးကြတယ်. ကိုယ့်ဘလော့ဂ်လေး ကိုလည်း လှသည်ထက်လှအောင် ပြုပြင်မွမ်းမံ တတ်ကြပါတယ်. အဲဒီ့မှာ ဘာတစ်ခုက လာအရုပ်ဆိုးစေလဲ ဆိုတော့ ဘလော့ဂ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Blogger Navigation Bar ကြီးပါ.

ကဲကဲ.. ဒီလောက်ဆို သဘောပေါက်ရောပေါ့. ဒီ Bar ကြီးကို ဖျောက်ချင်တယ်နော်. ဟုတ်. တစ်ချို့က အပြီးဖျောက်ထားကြတယ်. အဲဒါက ဘာမကောင်းဘူးလဲဆိုတော့ ကိုယ်ကိုယ်တိုင် Sign in ၀င်ချင်ရင် https://www.blogger.com/start ကို ပြန်သွားနေရရော. အလုပ်ရှုပ်တာပေါ့ဗျာ.

ဘာလုပ်မလဲ.

ဖျောက်ထားမယ်. Mouse လေးတင်လိုက်မှ ပေါ်လာမယ်. ဒါမျိုးလေး လုပ်ရင် မကောင်းဘူးလား..

အိုး. ဂွတ်ဒ်..

ဘယ်လိုလုပ်ရမလဲ ဆိုတော့ ဂလိုလုပ်ပါခင်ဗျာ..


/*Peekaboo Navigation Bar
------------------------------ */

#navbar-iframe
{
opacity:0.0;
filter:alpha(Opacity=0)
}
#navbar-iframe:hover
{
opacity:1.0;
filter:alpha(Opacity=100, FinishedOpacity=100)
}



ဆိုတာလေးကို template ထဲက Tag မတိုင်ခင်မှာ ထည့်ပေးလိုက်ရုံပါပဲ.

ဥပမာ.

blah blah blah..
*/

/*Peekaboo Navigation Bar
------------------------------ */
ဒီမှာလာထည့်





body {
background:#aba;
margin:0;
text-align:left;
line-height: 1.5em;
font:x-small Trebuchet MS, Verdana, Arial, Sans-serif;
color:#000000;
font-size/* */:/**/small;
font-size: /**/small;
}

The rest of the template goes here….

မှတ်ချက်။ ။ Firefox မှာပဲ အလုပ်လုပ်ပါတယ်ခင်ဗျာ...
ဒီပို့လေး တင်ဖြစ်တဲ့ အကြောင်းနည်းနည်း ပြောလိုက်ပါဦးမယ် . . . ကျနော် အရင် template အဟောင်းတုန်းက ဒီ navigation-barလေး ကို အခု ကိုရန်အောင်ပြောတဲ့ အတိုင်း လုပ်ထားပြီးသားဗျ၊အခု အသစ်လုပ်လိုက်တော့ ထုံးစံအတိုင်း အားလုံး ပျောက်ကုန်ရော ။ဝင်လိုက်ရတာဗျာ . .blogger.com ဒါတောင် အဆင်မပြေဘူး ။ဘယ်နေရာကြီး ရောက်ရောက်နေမှန်းကို မသိဘူး။ပို့စ်အသစ်တင်တဲ့ နေရာပဲ ပြန်ရောက်ရောက်နေပြီး တင်လို့လဲ မရဘူး။Publish Post ကို အသလွတ်နှိပ် နှိပ်ပြီး အဲဒီ ဘာမှ မရှိတဲ့ ပို့ စ် အသစ်ကြီးကို ပြန်ပြန် ဖျက်ဖျက်ပေးရပြန်တယ်။အခုကို ရန်အောင် ပြောပြထားတာကလဲ ကူးမထား ယူမထားတော့ ရှိမှန်းတော့ သိသာ နေတယ် ဘယ်နေရာက ဖတ်ခဲ့ရမှန်းက မသေချာဘူး။ကိုရန်အောင်ရေးထားမှန်းသေချာ သိနေရဲ့နဲ့ ကိုပီကေ ရော,ကိုချမ်းမြစိုးရော,ညီနေမင်းဆိုတဲ့ နေရာကော အဟား အကုန်ပြန်ဖတ်ရတော့တာပဲ။တစ်ခါတစ်လေ နှစ်ခေါက်ဖတ်ရလို့ အကျိုးရှိတာတွေလဲ ရှိတယ်။ကိုပီကေ ပြောတာတွေဆို စောစောက လင့်တွေ အဲ codeတွေ ဘယ်လို ယူရမှန်းမသိတာနဲ့ ဒီအတိုင်းကြည့်နေရတာ အခု အခေါက်ပြန်ဖတ်မှပဲ ကုဒ်ရမယ့် နေရာလေး တွေ့ရတော့တယ်။ညီနေမင်းဆိုတဲ့ နေရာကတော့ ဘယ်က ဖွင့်ဖွင့် ပွင့်ကို မပွင့်တော့တာ ကြုံရတယ်။ကဲ . . . ထားပါတော့ သုံးပတ်ကျော်ကျော်လောက် ဒီအတိုင်း ဘလော့ ဝင်မယ်ဆိုရင် သိသိကြီးနဲ့ ခံပြင်းပြီး လုပ်လုပ် နေရတယ်။အခု တွေ့တော့လဲ စိတ်လေး အသာလျော့ပြီး အဲဒါလေး ရှာဦးမှ ပါလေးဆိုပြီး ကောက်ဖွင့်တော့ တန်းတွေ့တော့တာပဲ ။မှတ်ဟ . . .ဒီလောက်စိတ်ဒုက္ခပေးတဲ့ နည်းလေး ဆိုပြီး အကုန်လုံးကို ကော်ပီ ကူးပစ်လိုက်တယ်။အမယ် . .ကိုယ်နေရာမှာ ကော်ပီ မရှိမှန်းသိရဲ့ နဲ့ ရှိများရှိနေမလားဆိုပြီး ကိုယ့်နေရာက ပို့စ်တွေတောင် ပြန်စစ် ဖတ် လုပ်လိုက်ရသေးတယ် ။
ဒါကြောင့်ပါဗျာ။အခုတော့ မိမိ ရရ ကူးပစ်လိုက်တယ် ။ဘာရမလဲ ငါကွပေါ့ ဟားဟား။

Thursday, October 29, 2009

ထိုးမြဲလက်မှတ်ထည့်တဲ့နည်း

kp3နည်းပညာ၊၄၉၊

ဒါလေးကတော့ တချို့ဘလော့မိတ်ဆွေမှာလဲသူတို့တင်တာမြင်ဖူးပါတယ်၊၊ တူမလာတော့မသိဘူးတူရင်လည်းတူမှာပေါ့နော် မိမိရဲ့Postအောက်မှာ
ထိုးမြဲလက်မှတ်ထည့်တဲ့နည်းလေးပါ။

အောက်မှာစမယ်နော်


၁။ဒီနေရာ MyLiveSignature သို့မဟုတ် onlinesignaturepad သွားပါ၊

၂။ရလာတဲ့ Image URLကို Copyယူလိုက်ပါ၊

၃။မိမိရဲ့blogger account ထဲပြန်ဝင်မယ်၊

၎။ Layout >> Edit Html >>> Expand Widget Templates

အောက်ကCodeကိုရှာပါ

<span style="color: rgb(255, 0, 0);"><p><data:post.body/></p></span>
တွေ့ပြီဆိုရင်အောက်မှာ အောက်ကCodeကိုကပ်ရပ်စွာထားပေးလိုက်ပါ။

<span style="color: rgb(255, 0, 0);"><p><div align="left"><img src="<span style=" />ဤနေရာမှာImage URLထည့်လိုက်ပါ</span>"/></div></p></span>


၅။Save Template button.နိုပ်ပါ ပြီးပါပြီ။။။

်(Header)ပေါ်မှာ Add Page Elementထည့်နည်း


kp3နည်းပညာ၊၇၆၊
မိမိရဲ့ဘလော့ပိုမိုပြီးလှပစေရန်(Header)ပေါ်မှာ Add Page Elementထည့်နည်းလေးပါ၊
မသိကြသေးတဲ့ချစ်မိတ်ဆွေတွေအတွက်ပါ အားလုံးကိုခင်လည်း ခင်ပါတယ်၊
လေးလည်းလေးစာပါတယ်၊မိမိဘလော့လေးလှချင်ရင်တော့နည်းနည်းအပင်ပန်းခံတာပေါ့နော်..ဟီး....
Add Page Elements ကို Blog Header မှာဘယ်လိုထည့်ရလဲဆိုရင်

အောက်မှာပုံနဲ့တကွ code ထည့်နည်းလေးပါ။
၁။ Layoutနိုပ်ပါ၊
၂။ edit HTMLထပ်နိုပ်ပါ၊Ctrl+F ရှာရင်မြန်ပါတယ်

အောက်က Code ကိုရှာပါ၊

<div id='header-wrapper'>

<b:section class='header' id='header' maxwidgets='1' showaddelement='no'>

တွေ့ပြီဆိုရင်အောက်က Code အတိုင်းပြောင်းပေးပါ၊

<div id='header-wrapper'>

<b:section class='header' id='header' maxwidgets='3' showaddelement='yes'>

မပြီးသေးဘူးနောက်တစ်ခုကျန်သေးတယ် အောက်က Code ကိုထပ်ရှာပါ၊

<div id='main-wrapper'>

<b:section class='main' id='main' showaddelement='no'>
တွေ့ပြီဆိုရင်အောက်က Code အတိုင်းပြန်ပြောင်းပေးလိုက်ပါ၊

<div id='main-wrapper'>

<b:section class='main' id='main' showaddelement='yes'>
၃။Save Template button.နိုပ်ပါ ပြီးပါပြီ။

သင့်ရဲ့ဘလော့ကိုပြန်ကြည့်လိုက်ပါ add Page Elementsကအောက်ပုံအတိုင်းပေါ်လာလိမ့်မည်။


ကျနော်ဘလော့ Header မှာလည်းတွေ့ကြမှာပါ။

ဘလော့ဂါမိတ်ဆွေအားလုံးကိုအစဉ်မြဲချစ်ခင်လေးစားလျှက် kp3မိသားစု
မိတ်ဆွေအားလုံးကျေးဇူးကမ္ဘာ အဆင်ပြေရင်လည်းအကြောင်းကြားပေးကြပေါ့နော် ဟီး..
ရွင်လန်းချမ်းမြေ့ကြပါစေ။

Monday, October 19, 2009

ကြိုဆိုပါတယ် ဆိုတာလေး

အခုပို့က ကိုပြည့်စုံရေးထားတာကို ကော်ပီကူးတင်ပေးလိုက်တာပါ။ဒီနေရာကပါ။
ဒီနေ့  Reader တစ်ယောက် Mail ပို့ ပြီး မေးထားတာလေးပါ။ Side Bar မှာ ပြထားတဲ့အတိုင်း မိမိ Blog ကို လာလည်
တဲ့ သူတွေကို Welcome လုပ်ဖို့ အတွက်ပါ။ သင်၏ ပထမဆုံး အကြိမ် လာရောက်လည်ပတ်မှု ဖြစ်ပါတယ်တို့ ၊ ကြိုဆိုပါ
တယ်မိတ်ဆွေ .. သင်နောက်ဆုံး ရောက်ခဲ့တာက ဘယ်နေ့ ဘယ်အချိန် .. စသည်ဖြင့် ပြထားဖို့ အတွက်ပါ။ အဲဒီလို လုပ်ချင်
ရင်တော့ အောက်က Codes တွေကို သုံးနိုင်ပါတယ်။ Wordpress ရော Blogger ရော သုံးနိုင်ပါတယ်။ နေရာကတော့
အဆင်ပြေတဲ့နေရာမှာ ထဲ့ပေးလိုက်ပေါ့ဗျာ။
<span style="gt;<script type="text/javascript">
var lastvisit=new Object()
lastvisit.firstvisitmsg="သင်၏ပထမဆုံးအကြိမ်လာရောက်လည်ပတ်မှု ဖြစ်ပါတယ်။"
lastvisit.subsequentvisitmsg="ကြိုဆိုပါတယ် မိတ်ဆွေ။ သင် နောက်ဆုံး ရောက်ခဲ့တာက <b>[displaydate]</b> ဖြစ်ပါတယ်။"
lastvisit.getCookie=function(Name){ //get cookie value
var re=new RegExp(Name+"=[^;]+", "i"); //construct RE to search for target name/value pair
if (document.cookie.match(re)) //if cookie found
return document.cookie.match(re)[0].split("=")[1] //return its value
return ""
}
lastvisit.setCookie=function(name, value, days){ //set cookei value
var expireDate = new Date()
//set "expstring" to either future or past date, to set or delete cookie, respectively
var expstring=expireDate.setDate(expireDate.getDate()+parseInt(days))
document.cookie = name+"="+value+"; expires="+expireDate.toGMTString()+"; path=/";
}
lastvisit.showmessage=function(){
if (lastvisit.getCookie("visitcounter")==""){ //if first visit
lastvisit.setCookie("visitcounter", 2, 730) //set "visitcounter" to 2 and for 730 days (2 years)
document.write(lastvisit.firstvisitmsg)
}
else
document.write(lastvisit.subsequentvisitmsg.replace("\[displaydate\]", new Date().toLocaleString()))
}
lastvisit.showmessage()
</script></span>

Thursday, July 23, 2009

notepadနဲ့ ရိုက်ခဲ့ပြီး ပို့စ်တင်မယ်

ဘလော့ဂါ ရေလှိုင်းကြီးက ကြီးသထက်ကြီး အရှိန် အဟုန် ကောင်းသထက်ကောင်းလာနေတယ်။ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့လို ဝေလေလေ သမားတွေ ကိုယ်တိုင် ပါလာပြီလေ။နည်းပညာတွေက လဲ အဆုံးမထင်နိုင် နက်ရှိုင်းမှုနဲ့။ဒါပေမယ့် ရမ်းသမ်းပြီး ကူးတော့ ကူးနေကြတာပါပဲ။အခု ရေးမယ့် အကြောင်းလေးက အဲဒီ ဟာတွေနဲ့ ဘာမှ မဆိုင်းပါဘူး။မြန်မာပြည်မှာက အင်တာနက်ဆိုင်တွေမှာပဲ သွားပြီး အများစုက အသုံးပြုနေကြတယ်လေ။ပို့စ်တွေ တင်တဲ့အခါမှာလဲ အများစုက ဆိုင်ရောက်မှ ကိုယ့်ဘလော့လေးကို စာရိုက်ကြ တင်ကြ။အဲဒီရောက်အောင် ကျော်ကြ ခွကြရ။ကွန်အခြေအနေကလဲ အများပြည်သူ သိတဲ့ အတိုင်းပဲ။တစ်ခု တစ်ခု ပွင့်ကြ လာဖို့ ဆင့်ဘာကို ခွေးမျှော် သလို ၊( မရိုင်းလောက်ပါဘူးနော်)p:။အဲလို ဆိုတော့ ကိုယ့်နေရာက နေ စက်ထဲမှာ ကြိုတင် စာရိုက်ခဲ့။ဒီမှာ ကိုယ့် ဘလော့လေးရဲ့ နယူးပို့စ်မှာ ကော်ပီကူး၊နဲနဲ ပါးပါး ပြင်ပြီး စိတ်ကြိုက်ရမှ တင်လိုက်ရင် အချိန်တွေလဲ သက်သာ ။လူလဲ မပမ်း။ငွေလဲ သိပ်မကုန်တော့တာပေါ့။ကျနော်တို့ လဲ ဆာဗာက အများနဲ့ သုံးနေတာဆိုတော့ ပိတ်ချိန်ရှိနေတာပေါ့။ဆာဗာပိတ်ချိန်မှာ ကိုယ်အာရုံရတာလေးကို ကြိုတင်ပြီး ရိုက်ထား၊ပြီး စေ့လိုက်။စိတ်ပါတဲ့ အချိန် ပို့စ် ကောက်တင်လိုက်ပေါ့။
ပုံမှန် မိုက်ခရိုဆော့တွေ ပေ့ခ်ျမေကာတွေနဲ့ ရိုက်ပြီး memoryစတစ်ထဲ ကူးလာလို့ မရနိုင်ဘူးဗျ။အဲဒီနေရာမှာ notepadကို သုံးရတော့မယ်။Run ထဲမှာ ရှိတတ်ပါတယ်။မရှိရင်လဲ ပရိုဂရမ်က ဝင်လို့လဲ ရပါတယ်။ဒါမှ မဟုတ် အလွယ် ယူလို့ ရအောင် Run ဘောက်ထဲမှာ notepad ကို ရိုက်ထည့်ပြီး ok လိုက်ရင် ကျလာမှာပါ။အဲဒါလေးထဲမှာ ကိုယ်ရိုက်ချင်တဲ့ စာတွေကို ရိုက်ထည့် စေ့ ကူးလာပြီး အင်တာနက်ဆိုင်မှာ အချိန်ကုန်သက်သာတဲ့ ပို့စ်တင်ပုံလေးကို ပြောပြချင်တာပါ။လုပ်ပုံကတော့ အဲဒီအတိုင်းပါပဲ။ဒါပေမယ့် ပုံမှန်အတိုင်း စေ့ပြီး ပြန်ကူးခဲ့ရင် ဒီပို့စ်အသစ်တင်တဲ့ နေရာမှာ ဘာစာမှ ပေါ်မှာ မဟုတ်ပါဘူး။အဲဒီမှာ စေ့တဲ့ နေရာမှာ နည်းလေး လိုလာတယ်။လွယ်လွယ်လေးပါ။
html.exersie.PDF ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး ဒီနည်းလေးကို စမ်းကြည့်တော့ အတော် အဆင်ပြေသွားတယ်။နုတ်ပဒ်မှာ စာရိုက်ထည့် စေ့မယ်ဆိုရင် fileအောက်က save asနဲ့ စေ့ပါ။အောက်က ဖိုင်name မှာဥပမာ ဖိုင်နာမည်ကို sue လို့ ပေးမယ်ဆိုပါစို့။အဲဒီ sue နောက်ကနေ .(ဒေါ့) ခံပြီး htmlလေး ထည့်ပေးလိုက်ရုံပါ။အဲလို ဆိုရင် သိမ်းမယ့် ဖိုင်ရဲ့ အမည်ဟာ sue.html ဆိုပြီး သိမ်းပါလိမ့်မယ်။Desktop ပေါ်သိမ်းဗျာ။ပြန်ဖွင့်ကြည့်ရင် ကိုယ် ရိုက်ထားတာလေးတွေ ပေါ်လာလိမ့်မယ်။အဲဒီ ဖိုင်လေးကို ကော်ပီ ယူခဲ့ပြီး နယူးပို့စ်နေရာမှာ အရံသင့် တင်လိုက်တော့ပေါ့။
ဆရာတွေက တော့ ဒီနည်းကို တကူးတက ရေးစရာ အဖြစ် သတ်မှတ်ထားပုံး မရဘူးဗျ။ဒါပေမယ့် ကျနော်တို့လို မနူးမနပ်သမားတွေကတော့ ဒါလေးတွေကို ဒီလို ရေးမှ ကို သဘောပေါက်ပါတယ်။ကျနော် သူငယ်ချင်းတွေ သုံးရင် သုံးရအောင် ရေးပေးလိုက်တာပါ။.html ခံလိုက်တာနဲ့ ဘာကြောင့် ရလဲ ဆိုရင် အဲဒီ အထက်က ဖတ်စရာဖိုင်လေးကို စာအုပ်ကလေးကို ဖတ်လိုက်ရင် သဘောပေါက်သွားမှာပါ။အထူးသဖြင့် မြန်မာပြည် ဆိုင်တွေကနေ သုံးတဲ့ သူငယ်ချင်းတွေ သိရင် အကျိုးရှိမှာပါ။သုံးကြည့်ကြဗျာ။ဆရာကြီးတွေ အတွက် မဟုတ်။

Sunday, July 19, 2009

navigation-ဘားနဲ့ ပတ်သက်၍

ဘလော့ဂါ တော်တော်များများက ပို့စ်လည်းရေးကြတယ်. ကိုယ့်ဘလော့ဂ်လေး ကိုလည်း လှသည်ထက်လှအောင် ပြုပြင်မွမ်းမံ တတ်ကြပါတယ်. အဲဒီ့မှာ ဘာတစ်ခုက လာအရုပ်ဆိုးစေလဲ ဆိုတော့ ဘလော့ဂ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Blogger Navigation Bar ကြီးပါ.

ကဲကဲ.. ဒီလောက်ဆို သဘောပေါက်ရောပေါ့. ဒီ Bar ကြီးကို ဖျောက်ချင်တယ်နော်. ဟုတ်. တစ်ချို့က အပြီးဖျောက်ထားကြတယ်. အဲဒါက ဘာမကောင်းဘူးလဲဆိုတော့ ကိုယ်ကိုယ်တိုင် Sign in ၀င်ချင်ရင် https://www.blogger.com/start ကို ပြန်သွားနေရရော. အလုပ်ရှုပ်တာပေါ့ဗျာ.

ဘာလုပ်မလဲ.

ဖျောက်ထားမယ်. Mouse လေးတင်လိုက်မှ ပေါ်လာမယ်. ဒါမျိုးလေး လုပ်ရင် မကောင်းဘူးလား..

အိုး. ဂွတ်ဒ်..

ဘယ်လိုလုပ်ရမလဲ ဆိုတော့ ဂလိုလုပ်ပါခင်ဗျာ..






/*Peekaboo Navigation Bar
------------------------------ */

#navbar-iframe
{
opacity:0.0;
filter:alpha(Opacity=0)
}
#navbar-iframe:hover
{
opacity:1.0;
filter:alpha(Opacity=100, FinishedOpacity=100)
}



အထက်ပါကုဒ်ဒင်းလေးတွေကို<body> tag မတိုင်ခင်လေးမှာ ထည့်ပေးပါတဲ့ ဗျ။ကိုရန်အောင်ပြတဲ့ အတိုင်းပါပဲ။
အောက်ကပြထားတဲ့ နေရာလေးရဲ့ အထက်မှာ ထည့်ပေးပါတဲ့။
body {
background:#aba;
margin:0;
text-align:left;
line-height: 1.5em;
font:x-small Trebuchet MS, Verdana, Arial, Sans-serif;
color:#000000;
font-size/* */:/**/small;
font-size: /**/small;
}

The rest of the template goes here….

အင်း ကိုရန်အောင်ပြောထားတာလေးတွေ ပြီးတော့ ကျနော် အလှည့်ပေါ့။ မှန်တာဝန်ခံရရင် အရင် ကျနော် လုပ်ခဲ့တဲ့ template အဟောင်းမှာ အခုပြောတဲ့ နည်းလေးက ရတယ်ဗျ။အခု တန်းပလိတ်အသစ်ပြောင်းပြီး ထည့်တော့ မရတော့ ပြန်ဘူး။ဘာကြောင့်လဲ ဆို တာ မသိဘူး။ဒါပေမယ့် ခဏတွင်း မရလို့ လားလို့ တော့ စောင့်ကြည့်ရဦးမယ် ။ကိုရန်အောင် ရဲ့ ပို့စ် အောက်ခြေမှာလဲ မရတဲ့ အကြောင်း ကွန် မန့် ပစ်ထားခဲ့တယ်။အရင်ဟာ ရထားတော့ အခုဟာလေးလဲ ရမလားလို့ ပြန်လုပ်ကြည့်တာ အဆင်တော့ မပြေဘူးပေါ့လေ။ဒါပေမယ့် ကျနော် ပြောချင်တာက ဒီမှာ ရောက်လာပြီ . .ဒီနည်းလေး ရှိမှန်လည်း သိနေတယ်။ကိုရန်အောင်ရေးမှန်းသိတယ် . .ဒါကို ဗျာ ဘယ်နေရာမှာ ရေးထားလည်း ပြန်ရှာရ ဖွေရတာ တကယ် ပါ သုံးပတ်လောက်ကြာတယ်။ကိုပီကေဆီ ပြေးဖတ်လိုက် မတွေ့။ချမ်းမြစိုး ဆီ ဝင်ကြည့် မတွေ့။ညီနေမင်းဆီ မွှေ မရနဲ့။ဒီနေ့တော့ ခါတိုင်းလို သိပ် ပူပူပင်ပင် မဟုတ်တော့ဘူး မတွေ့လဲ ဘယ်တတ်နိုင်မလဲ ဆို ပြီး စိတ်အေးလက်အေး ကောက်ဖွင့်လိုက်တော့ အားပါး peekaboo navigation barဆိုပြီး မျက်စိရှေ့ တန်းကနဲ ရောက်လာတော့တာပဲ ။ဝမ်းသာအားရ ကောက်ပြီး ကော်ပီကူးတော့တာပဲ။လွယ် ဘူးဗျ။ကုဒ်ပေါ်အောင်း ဘာညာက ရှိသေးတယ် ။အဲ အရေးအကြီးဆုံးက ကိုယ့်နေရာလေး ဒီအာနိသင်လေး မြိန်မြိန်ယှက်ယှက် အရသာ ခံတော့မယ်လဲ ဆိုရော သေဟ . .ဘယ်လို မှ မရဘူး။တန်းပလိတ်နဲ့ ဆိုင်လိမ့်မယ် ထင်တာပဲ။အခု ယူထားတဲ့ အသစ်က ပုံစံသာ လှတယ် ကြိုက်လို့ သာ လှတယ် ထင်တယ်၊ အတော် များများ ဘာမှ ထည့်လို့ ပြုလို့ အဆင် မပြေဘူး။ပြောချင်တာက ကျနော် သာ အဆင်မပြေတယ် တခြားလူ သုံးမယ် ဆို သုံးလို့ ရအောင်ပေါ့။ကျနော် လဲ နောက် အသစ် တစ်ခုပြောင်းရင် အလွယ် တကူ ရအောင်ပေါ့။
နောက်ဆုံးသတင်း ။ ။ဒီပို့စ်နဲ့ ပတ်သက်လို့ အခု နောက်ဆုံးအခြေနေကို ရေးပို့ လိုက်ပါတယ်။ကျနော်က အားလုံး အကုန်လျောက်လုပ်ထားတော့ ဘာမှ မပေါ်တာဗျ။ဒီနေရာက မူရင်းပို့ဆီ ရောက်ပြီး
#navbar-iframe { height:0px; visibility:hidden; display:none }
ဒါလေးကို ရမ်းဖျက်ကြည့်တော့ ကွက်တိ ပေါ်လာပါတယ်။ဘဝတူတွေကို သတိ ပေးချင်တာကတော့ စိတ်အေးလက်အေးနဲ့ ကိုယ် ဘာလုပ်လိုက်လို့  ဘယ်လို အဖြေရတယ်ဆိုတာလေးတွေ ကို ပြန်ပြန်တွေးပြီး ရဲရဲ ပြန်လုပ်ကြည့် ဖို့ ပြောချင်ပါတယ်။

Wednesday, July 1, 2009

ပေါ့ပါးတဲ့ ဂီတ

မနေ့ညက ဒီပို့လေး ရေးရင်း အချိန်မမှီတော့ တန်းလန်းကြီး ဖြစ်ကျန်နေတယ်။အခုဘလော့နဲ့ဆိုင်တဲ့ နည်းကတော့ ဘလော့မှာ playtagger လေးတပ်ဆင်ပြီး သီချင်းလေးတွေတင်ဖို့ပါပဲ။ဒီနေရာ ပြောချင်တာလေးတွေရှိလာတယ်။ပထမဆုံးက ပလေယာ အမျိုးမျိုးရှိနေတယ်ဆိုတာပါ။ဘာတွေက အသုံးများတယ် ဘယ်နှစ်မျိုးရှိတယ် ဆိုတာတွေကတော့ အသေအချာစာရင်းပြုပြီး အသုံးပြုပုံ အဆိုး အကောင်း အကျိုးအပြစ်လေးတွေကို ဝါရင့်ဘလော့ဆရာတွေရေးသင့်တယ်။အသုံးပြုပုံနဲ့ ဒေါင်းလော့ချပုံက အစပေါ့။ကျနော်တို့ ပမွှားတွေကတော့ ဘာမှ မလုပ်တတ်ဘူးလေ။realplayerတို့ VLCmediaplayer တို့ ဝင်းဒိုးမီဒီယာ ပလေယာတို့ ဂျက်အော်ဒီယို တို့ ပီစာကာတို့ တခြားလဲ အများကြီး ရှိနေဦးမှာပါပဲ။ရေးမယ်ဆိုရင် အွန်လိုင်းပရိသတ်တွေအတွက် အကျိုးရှိမှာပါပဲ။ဒါတွေက ကျနော် ပုဂ္ဂလိက အမြင်လေး နဲ့ ဆရာ့ဆရာတွေကို ကိုယ်သိချင်တာ ပြောပြတာပါ။အခုကျနော် တင်တဲ့ အကြောင်းလေးက ကိုရန်အောင်ဆီကနေ တိုက်ရိုက်ပြထားတာလေးကို တစ်ဆင့် ပြောပြတာပါပဲ။ဖတ်ပြီး စမ်းသပ်တင်ကြည့်တာလေး တစ်ခုပေါ့။
နောက်တစ်ခုက တစ်ခြားလူတွေတော့ မသိဘူး။ကျနော်ကတော့ ဘာလုပ်လုပ် ကိုယ့်နေရာ ပေါ့ပါးဖို့ ဇောင်းပေးပါတယ်။ကိုယ့်နေရာကို တစ်ခုခု တင်မယ်ဆို ပေါ့ပေါ့ပါးပါး ရှိရဲ့လားဆိုတဲ့ စံနဲ့ အရင် တင်သင့် မတင်သင့်ကို ဆုံဖြတ်တယ်။တင်ချင်တယ် လက်ယားနေဦးတော့ လေးသွားမယ်ဆို မတင်တော့ဘူး။နေရာ ပေါ့ပါးဖို့ကို အဓိက စံအဖြစ် ထားပါတယ်။သိပ်လေးရင် သိတဲ့ အတိုင်းပဲ ကော်နရှင်က ကိုယ်နေရာကို ဖွင့်ဖို့ ပွင့်ဖို့ကိုယ်ကိုယ်တိုင်က စောင့်ရတာ စိတ်မရှည်ဘူး ဖြစ်နေရင် သွားပြီလေ။ဆိုလိုတာက အခုလုပ်မယ့် အစီစ
ဉ်လေးက ပေါ့လို့ စမ်းကြည့်တဲ့ သဘောပါ။
ကိုရန်အောင် ပြောပြထားသလို ဝန်ဆောင်မှုလဲ ပေါ့ပါး သုံးရတာလဲ လွယ်တယ်ဆိုတော့ကာ ဘာပြောစရာရှိပါသေးလဲ ပေါ့။ဒီပလေယာလေးက ကြိုက်စရာကောင်းနေပါပြီ . . .ဒါကြောင့် စမ်းကြည့် တင်ကြည့်တာပါ။

လုပ်ဖို့ အားလုံးကို ကိုရန်အောင်ရဲ့ နေရာဆီပဲ ညွှန်လိုက်ပါတယ်။ကိုရန်အောင်နေရာမှာ playtagger လေး အကြောင်းနဲ့ playtaggerနဲ့ သီချင်းတင်နည်းဆိုပြီး ပို့စ်နှစ်ပုဒ်ရှိပါတယ်။ အဲဒါလေးသွားဖတ်လုပ်ကြည့်ယုံပါပဲ။ကျနော်ကတော့ အခု ကိုရန်အောင် ဥပမာပေးတဲ့ မေတ္တာပို့လေးကိုပဲ အခုပို့မှာ တင်လိုက်ပါတယ်။hostလဲ ကိုယ့်နေရာမှာပဲ ကိုယ်ပြန်လုပ်ထားပါတယ်။ဒီ Hostအကြောင်းလဲ အစ လူတွေအတွက် နည်းနည်း လေ့လာဖို့ လိုပါတယ်။ကျနော် လဲ အတော် ဖတ်လိုက်ရတယ်။HOstဆိုတာ ကိုယ်တင်ချင်တဲ့ ဓာတ်ပုံ စာဖိုင် သီချင်း စတာတွေကို ကုဒ်အသစ်ရအောင် ပြောင်းလဲပေးတဲ့ နေရာလေးတွေမှာ ကုဒ်ပြောင်းယူခြင်းပါပဲ။ဒါမှ HTMLအနေနဲ့ ကိုယ်သုံးချင်တဲ့ နေရာတွေမှာ ထည့်လို့ရမယ်လေ။အငှားနေရာဆိုတာမျိုးပေါ့။
ကဲ ဗျာ ဝေ့နေတာနဲ့ ရှည်နေပြီ ။အောက်မှာ အခုမေတ္တာပို့လေး တင်လိုက်ပြီ၊ နောက်မပျင်းရင် နေရာမှာ ကြိုက်တဲ့ သီချင်းလေးတွေ တင်ပါဦးမယ်။
မေတ္တာပို့နားထောင်လို့လဲ လွယ်တယ် ။မြန်မြန်ရနိုင်တယ် ။ဒေါင်းမယ်ဆိုရင်လဲ အဲဒီစာလုံးလေးပေါ် ကလစ်လိုက်ယုံပဲ။နောက်ဆုံးပြောချင်တာကတော့ ကျနော်လို လုပ်ချင်ရင် ကိုရန်အောင်နေရာဆီသွားပြီး လုပ်ကြည့်ပါ။ဒါလေးနဲ့ ပတ်သက်ရင် မရရင် ကျနော်လဲ ပြောပြပေးနိုင်ပါတယ်။တကယ် မခက်ပါဘူး။မေတ္တာပို့ထဲကအတိုင်း ဖြစ်ကြပါစေဗျာ။

Saturday, June 27, 2009

ထိပ်ဆုံးသို့ ဆိုတဲ့ မျှားလေး

Blog တိုင်းမှာ ထည့်သွင်းထားသင့်တဲ့ Link Icon တစ်ခုလို့ ထင်ပါတယ်။ ကိုယ့်ဘလော့ရဲ့ ပို့စ်တွေကို reader တွေ ဖတ်ရင်း Blog Page ရဲ့ အောက်ဆုံးကို ရောက်သွားတဲ့အခါမှာ top of the page ကို ပြန်သွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ချမ်းမြစိုး Blog ရဲ့ bottom-right hand corner မှာ ထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။ ထည့်သွင်း အသုံးပြုပုံကတော့ အရမ်း လွယ်ကူပါတယ်။ Blogger မှာ sign in လုပ်၊ layout page ကိုသွားပြီး Add a page element ကို ရွေးရပါမယ်။ Element list ထဲကနေ HTML/Javascript ကိုရွေးပြီး အောက်ပါ coding ကို ထည့်သွင်းပေးလိုက်ရုံပါပဲ။

<a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="Back to Top">

<img src="http://farm3.static.flickr.com/2112/2424600997_f0ef13d47b_o.gif"/></a>


ဒါလေးကတော့ လွယ်လွန်းလို့ သေချာကူးထားတဲ့ နည်းလေးပါပဲ။အင်း ဘာပဲဖြစ်ဖြစ်ဒီလိုလေးတွေ လွယ်နေရင် မိုက်မှာပဲနော်။ရှာကြည့်ရဦးမှာပဲ။ဒါမျိုး အလွယ်လေးတွေကို ကြိုက်တယ်။


တစ်ဆက်တည်း ဒီကုပ်လေးတွေ (စောစောက html-ကုပ်လေးတေ)ွ ပို့စ်မှာပေါ် အောင် ဘယ်လိုတင်ရမလဲ ဆိုတာလဲ ပြောလိုက်ပါဦးမယ်။အဲဒါလေးက ကိုပီကေ ရဲ့ how to blog
မှာ ညွှန်ထားတဲ့ အတိုင်းပါပဲ။ဒါပေမယ့် ပေါ့ဗျာ ,စာဆိုတာ ဖတ်ထားတာပဲ ရှိပြီး လက်ပွန်းတတီး သုံးမနေရင် ဘာမှ လုပ်မရဘူး။အခု ကျနော် တင်တဲ့ အခါမှာလဲ ကုဒ်ဒင်းလေးတွေကို သူ့ မူရင်းကုဒ်ဒင်း အတိုင်းပေါ်အောင် လုပ်လို့ လွယ်ပါတယ်လေဆိုပြီး သဘောထားထားတာပါပဲ။အခုလိုလာပြီ ဆိုတော့ အမလေး . . .ပြန်ရှာလိုက်ရတာဗျာ။ကိုရန်အောင်ဆီမှာ တွေ့ဖူးတာလိုလို,ဟိုမှာလိုလို ဒီမှာ လိုလိုနဲ့ နောက်ဆုံး ကိုပီကေဆီမှာတွေ့လို့ ရှာပုံတော် မန်းသားကြီး ဇာတ်လမ်းရပ်တော့တယ်။ဟ ဟုတ်ပေါင် လိုရင်းက ဘာပါလိမ့် . . . . . . .
အော် ကိုယ်ပေးချင်တဲ့ ကုဒ်လေးတွေကို ကော်ပီကူးလာလို့ပဲဖြစ်ဖြစ် အခု ပို့စ်တင်တဲ့နေရာမှာပဲ သာမာန်စာရိုက်သလို ရိုက်ပြီးပဲ ဖြစ်ဖြစ် တင်လိုက်ရင် ကုဒ်တွေ ဆိုတော့ သူတို့ပြောတဲ့ ဘာသာ စကားပဲ စာမျက်နှာက ဘာသာ ပြန်ပေးတယ်လေ။ဟိဟိ ပြောတတ်သလိုပြောရတာပဲ။မူရင် ကုဒ်အတိုင်း မပေါ်ဘူးဗျ။အဲဒီကုဒ်လေးတွေကို ကိုပီကေ ပြောတဲ့ Quick Escapeနေရာလေးမှာ သွားပြီး Convert Raw HTML to Escaped HTMLလုပ်ပေးရမယ် ။ကွန်ဗက်လုပ်တယ် ဆိုလားဗျာ။အဲ ပြီးရင် ရတဲ့ ကုဒ်လေးတွေကို တူ မတူ တိုက်နေစရာ မလိုပါဘူး ,ကူးပြီး ထည့်သာထည့်လိုက်ပေတော့ ကွက်တိပဲ ဗျို့။တကယ်ပါ။

Tuesday, June 9, 2009

လာပြန်ပြီ HTML

ဒီစာအုပ်ရောဆိုရင်တော့ HTMLနဲ့ ပတ်သက်ရင် နှစ်အုပ်ရှိသွားပြီ။လေ့ကျင့်ဖို့ပဲ လိုတော့ မယ့် လက်နက် တွေတော့ ပြည့်စုံလေရဲ့ တိုက်ပွဲ မဝင်bူး
သေးတာ ခက်တယ် ဆိုတဲ့ စကားလို ဖြစ်နေပြီ ထင်တယ် ဟ ဟ . . . . .အဲဒီစကားလေးကို မကြားဖူးရင် လှတောသားတွေကို လှမ်းမေးနော် . . .

Sunday, June 7, 2009

Read More-လုပ်ရအောင်တဲ့

ကိုရန်အောင် ဘလော့မှာ ပဌမဆုံး နည်းပညာဆိုင်ရာလေးတွေကို ဖတ်ဖူးပါတယ်။နောက် သူတို့ အဖွဲ့ရဲ့ Myanmar Blogger Helpdesk ပေါ့။တဖြေးဖြေးနဲ့ အွန်လိုင်းမှာ မျောပါသွားတယ်။D:
ကိုပီကေ နောက် ကိုညီနေမင်း။ကိုယ်လို ချင်တဲ့ ခေါင်းစဉ်အောက် ရောက်သမျှ တွေ့သမျှတွေကို ဆိုင်ရာတွေမှာ အကုန်လိုက်ဖတ်ရင်း ရောက်ရော ဆိုပါတော့။အခု ခေါင်းစဉ်နဲ့ ဆိုင်ရာလေး ကိုလည်း ကျနော့်အနေနဲ့ အဆင့်မှီမှီ နားလည်လို့ မဟုတ်ကြောင်း ဝန်ခံပါရစေ။အခု ကျနော် ကိုးကားတဲ့ ဆရာတွေ နေရာကို ညွှန်းလိုက်ရင် ဒါတွေက ပြည့်စုံသွားပါပြီ။ဒါပေမယ့် အခု ပို့စ်လေးက အဲဒီ ဆရာတွေ နေရာမှာ လေ့လာ ပညာယူ ဖတ်လုပ်လဲ ဘာမှ နားမလည်ခဲ့တော့ တော်တော်နဲ့ အဆင်မပြေတဲ့ အကြောင်း,ကျနော်လို လူပြိန်းတွေ အတွက် ဆိုင်ရာ ဘာသာဗေဒ အခေါ်အဝေါ်တွေကို နားမလည်ပဲ ဇွတ်မိုက်ပြီး လုပ်ခဲ့တော့ ရလာကြောင်း ပြောပြချင်တာ သက်သက်ပါပဲ။သူငယ်ချင်းတွေ အလွယ် လုပ်စေချင်တဲ့ စိတ်နဲ့ ဒါလေးကို ရေးဖြစ်တာပါ။
ပြောရရင် ကျနော် အဆင်ပြေတာက အဲဒီ ဆရာတွေ နေရာတွေ ဖတ်ရင်း အဆင်ပြေတာလို့ ပြောလို့ ရသလို တကယ်ရလာတာက သူတို့ ဆီက မဟုတ်ပြန်ဘူး။ကိုရန်အောင် ရဲ့ comment အောက်ခြေမှာ မှတ်ချက်ပေးသွားတဲ့ ဆရာတစ်ယောက်ရဲ့ နေရာကနေ အဆင်ပြေသွားတယ်ဗျ။
အဲဒီတော့ အခု လုပ်စရာလေးနဲ့ ပတ်သက်ရင် (၁)ကိုရန်အောင်ရဲ့ peekabooပို့စ် ခေါက်ခြင်းကို အရင် ဆုံးညွှန်းပါတယ်။(၂)ကိုပီကေရဲ့ Peekaboo ပို့စ်ခေါက်ခြင်းကို ထပ်ညွှန်းပါတယ်။(၃)ကိုညီနေမင်းရဲ့ Peekaboo ပို့စ်ခေါက်ခြင်းကို ညွှန်းရပါတယ်။အဲ ဒါလေးတွေကို ဖတ်ပြီး လုပ်ကြည့်ပေါ့ဗျာ။အဆင်မပြေရင်တော့ ဘယ်လို မှ မတတ်နိုင်ပါဘူး . .):။ဒါပေမယ့် Eလို ရေးထားတဲ့ နေရာလေးနှစ်ခုကို လဲ မဖြစ်မနေ ညွှန်းရမယ် ထင်ပါတယ်။ဆရာတွေကို ကျော်တာ မဟုတ်ဘူးပေါ့။အဓိကက ကိုယ်လုပ်ချင်တာလေးရဖို့ ပဲ လို့ စိတ်မှာ ထင်တယ်။ပထမနေရာကတော့ ဆရာကိုရန်အောင် ဒါရိုက်ညွှန်းပေးတဲ့ နေရာလေးပါပဲ။ကိုရန်အောင်ရဲ့ ပို့စ်အောက်ခြေက ဘော်ဘော်က လဲ အဲဒီနေရာကိုပဲ့ ညွှန်တာပါ။Beautiful Beta နေရာလေးက ပို့စ်လေးပါပဲ။တစ်နေရာက မေ့နေတယ် ပေါ်မှ ပဲ ပို့စ် ကို ဖြည့်တင်လိုက်တော့မယ်။သူများပြောထားလေးတွေ ညွှန်းတာ ဘာခက်တာလိုက်လို့ နော့်။ဒါပေမယ့် တကယ် လုပ်ကြည့်တော့ တော်တော်ကို ခက်နေပါတယ်ဗျာ။ဒီနေရာမှာ ဆရာ တစ်ချို့ ဆီ ကျနော် Cbox မှာလား ကွန်မန့်မှာလား မေးခဲ့ဘူးတဲ့ မေးခွန်းကတော့ Template အသစ်မှာ ပဲ လုပ်လို့ ရသလား ။အဟောင်းမှာရော လုပ်လို့ ရနိုင်မလား မေးဖူးပါတယ်။ကျနော်ကိုယ်တိုင်က သိပ်ပြီး ဂရုတစိုက် မရှိခဲ့မိတော့ ဒါလဲ သိပ် မသဲကွဲ လိုက်ပါဘူး။ကျနော် လုပ်ကြည့်မိသမျှတော့ Template အသစ်မှ ပဲ အဆင်ပြေပါတယ်ဗျာ။အရင်ကတော့ ဘလော့နေရာတွေ မှာ ဘယ်လို ဘယ်လောက် ကျနော် လဲ မသိဘူး။အခုတော့ အွန်လိုင်းလောက သားတွေ ပေါလာပြီး ကိုယ်ပိုင်နေရာလေးတွေလဲ များလာ,ကိုယ့်နေရာနဲ့ ကိုယ်လဲ ကြုံသလို အကောင်းဆုံးလုပ်နေကြတယ်။ဆရာတွေ နေရာက အရမ်းအဆင့်မြင့်ကြပြီး လိုက်တောင် မပြီဘူး။အဲဒီမှာ ကျနော်တို့လို နောက်တိုးတွေက ဟိုမမှီ ဒီ မမှီနဲပ ဒုက္ခ ရောက်လှတယ်။ဒါကြောင့် ကိုယ် ဖြတ်သန်းမှုလေးကို မှတ်တမ်းတင်တဲ့ အနေနဲ့ ဒါလေးကိုတင်လိုက်ပါတယ်။အဆင်ပြေကြပါစေပေါ့ဗျာ။

လင့်ချိပ်ရအောင်

လင့်ချိတ်နည်းဆိုတာ ဘာမှ ထူးဆန်းတာ မဟုတ်ပါဘူး။သိသွားရင် ပြောတာပါ။

Saturday, June 6, 2009

ံHtml Or ပရိုဂရမ်းမင်းRoot

ဘာရယ်မဟုတ်ပေမယ့် ရင်နှီးထားတာ ကောင်းပါလေရဲ့ ။ဒီလိုပဲ စုရ စောင်းရ ခိုးရ ကူးရ နားလည်လားဆိုတော့ လဲ အင်း -ဒါ ဒီအတိုင်းပဲ ဖြစ်မှာပဲ။

Saturday, May 30, 2009

ဖတ်စရာ -၂ #howtomakemyanmarblog.pdf

ဒီစာအုပ်က ညီလင်းဆက် ဆိုတဲ့ ဘလော်ဂါ ဝါရင့်တစ်ဦးရေးထားတဲ့ ဘလော့ပိုင်းနည်းပညာစာအုပ်ပါပဲ။အင်တာနက်ပေါ်မှာ နေရာတိုင်းရှိနေတတ်တဲ့စာအုပ်တစ်အုပ်ပေါ့။pdfဖိုင်နဲ့စာအုပ်လေး ရချင်ရင် အဲဒါလေး
ကို ကလစ်ပါဗျာ။

Friday, May 29, 2009

ဖတ်သင့်ရာ(၁) #MakingBlog

(ခေါင်းစဉ်လေးကို ကလစ်ပြီးဖတ်ပါနော်။)

ဘလော့ဂ် လုပ်မယ်ဆိုတော့ မွှေ ရှာ ဖတ်တွေ့တာလေးတွေကို စုထားတာပေါ့။နောက်တွေ့သမျှလည်း တင်ရဦးမယ်။ဆရာ့ ဆရာကြီးတွေကို တကူးတက အကြောင်းတော့ မကြားဖြစ်တော့ ပါဘူး။သူတို့လည်း နားလည်မှာပါ။

Wednesday, April 15, 2009

မောင်လှဘလော့က

လွယ်လွယ်လေးပါ...

၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ...
၂. dashboard ထဲက Setting ကိုရွေးပါ...
၃. Formatting ကို ထပ်ရွေးပါ...
၎. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ...

(font face="Zawgyi-One") ဒီစာကို Select ပေးပြီးရေးပါ...(/font)

အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား...
ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ...

(span style="font-family:Zawgyi-One;") ဒီစာကို Select ပေးပြီးရေးပါ...(/span)

မှတ်ချက် - ( ကို < အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ...


၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ...
၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ...

မှတ်ချက် - Zawgyi-One ဆိုသည့်နေရာတွင် မိမိသုံးမည့် Font နာမည်ထည့်ပါ...
Myazedi သုံးမည်ဆိုပါက Myazedi ဟုပြောင်းပါ...
MyMyanmar သုံးမည်ဆိုပါက MyMyanmar ဟု ပြောင်းထည့်ပါ...

Blog စာမျက်နှာ တစ်ခုလုံးမှာ Zawgyi-One နဲ့ ပေါ်ချင်တယ်ဆိုရင်တော့ ညီလင်းဆက် ရေးထားတဲ့ How to assign Zawgyi-One font ကို သွားကြည့်ပါ...

Posted by မောင်လှ at 4:04 PM

Labels: how to, Myanmar Blogger, Template
* ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်...

* blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS]ကို လေ့လာပါ...

ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်း template ပြင်တိုင်း ခေါင်းတွေ မူးနေတုန်းပါ... အခုနောက်ဆုံး ပြင်ထားတဲ့ လက်ရှိ template လေးတောင် အဟောင်းကနေ အနည်းငယ် ပြောင်းလဲမှုလုပ်ထားသော်လည်း ခေါင်းတွေမူးပြီး ၂-ရက်ခန့် အချိန်ပေးလိုက်ကြောင်းပါ...

ကျန်တာတွေ ထပ်လေ့လာချင်သေးတယ်ဆိုရင်တော့

* ညီလင်းဆက် စုပေါင်းထားပေးတဲ့ Making Myanmar Blog ကို လေ့လာပါ...
* ကိုရန်အောင်ရဲ့ ဘလော့မှာ My HelpDesk ဆိုပြီး ရှိပါတယ်... သွားရောက်လေ့လာပါ...
* Saturngod ရေးသားတဲ့ မြန်မာဘလော့ဂ် လုပ်နည်း လက်စွဲစာအုပ်ကို ဒီနေရာကနေ download ယူပြီး ဖတ်နိုင်ပါတယ်...

My Label: Myanmar Blogger, how to

Posted by မောင်လှ at 12:54 PM

Labels: how to, Myanmar Blogger

# ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exeကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ...
# ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ

1. Bold 2. Italic 3. Bold+Italic 4. Normal

# WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ...
# Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ...
# ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://တစ်ခုခုကို ရွေးပေးစရာ လိုပါတယ်...ခုရွေးခဲ့တဲ့ list box ရဲ့ ညာဘက် ၁-ခုကျော်မှာရှိတဲ့ ... button လေးကို ကလစ်နှိပ်ပြီး ကျတော် လုပ်ထားတဲ့ eot.htm ရှိတဲ့ဖိုင်လေးကို ညွှန်ပြလိုက်ပါတယ်...

# ပြီးရင် Next ကို ကလစ်လုပ်ပါ...Analyze Web Pages dialog boxပေါ်လာရင် Next ကိုနှိပ်ပါ... The page file:..... It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ်လုပ်ပါ...
# Font to Embed box ကိုရောက်ရင်...subsetting ကို 7. No subsettingထားလိုက်ပါတယ်... ခုကျတော် ညွှန်ပြလိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ်ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don't embed ဆိုတာလေးကိုclick လုပ်ပါ...

# Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်းပေးရပါတယ်... ထည့်တဲ့အခါသိထားရမှာက http://mghla.blogspot.comလို့ပဲထည့်ထား ခဲ့မိရင် http://www.mghla.blogspot.comလို့ ၀င်ကြည့်တဲ့လူတွေ အဆင်မပြေပါဘူး... အဲဒါကြောင့် လိပ်စာထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်...

# ပြီးရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အပေါ်က check box ၂-ခုကိုအမှန်ခြစ် ခြစ်ပေးပါဦး... ပြီးပြီဆိုရင်တော့ Next ကို နှိပ်တော့ဗျာ...ခဏတော့စောင့်နော်...ဟော ပေါ်လာပါပြီ... CSS Style dialog box ဆိုပြီး ပေါ်လာပါပြီ...အဲဒီထဲက အောက်မှာပြထားတဲ့ code တွေကို ကျတော် copy ကူးထားလိုက်တယ်...

@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(ZAWGYIO3.eot)
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(ZAWGYIO2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(ZAWGYIO1.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(ZAWGYIO0.eot);
}

# ပြီးရင်တော့ Close ကိုနှိပ်တယ်... Next ကိုနှိပ်တယ်...
# You all are done.... ဘာညာလာပြတော့ Finish ကို နှိပ်လိုက်တယ်... eot.htm ရှိတဲ့ folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot, ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်... ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာလဲဆိုတော့ eot.htm ဖိုင်ထဲမှာ့ Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားမိလို့ ခင်ဗျ...
# အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...

ပြင်ရတာ မောသွားတာပဲ

eot ဘယ်လိုလုပ်... အပိုင်း - ၂
Tuesday, October 31, 2006
အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...
ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ...
ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url(http://h1.ripway.com/MgHla/eot/ZAWGYIO3.eot) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင်
@font-face {........................}
အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ...
ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ...

WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး...

ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်...
http://mgzeng.blog.com/450405/http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

Posted by မောင်လှ at 1:39 PM

Labels: eot, Tutorial, WEFT
Related Posts with Thumbnails