Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Thursday, October 22, 2009

၂၀ ရာစုနှစ် တိုက်ပွဲဟောင်းကို ပြန်တိုက်ခြင်း

( ခိုးကူးမှုနှင့် ဒီဂျစ်တဲလ် )
(မောင်စူးစမ်း)


IT ကမ္ဘာလို့ဆိုလျှင် Software လို့ သိသည်။ Computer Software ဘုရင်က Microsoft ဖြစ်လေသောအခါ IT ဟု ပြောလျှင် Microsoft ကို တန်းပြီး မြင်ကြသည်။ IT နှင့် Microsoft တစ်ထပ်တည်းလို ဖြစ်နေသည်။ Microsoft သူဌေးကြီး Bill Gates က အိမ်တိုင်း ကွန်ပျူတာတစ်လုံးစီ ရှိလာသောအခါ၊ ရုံးခန်းတိုင်း ကွန်ပျူတာ တစ်လုံးစီ ရှိလာသောအခါ Software ခိုးကူးမှုသည် ကွန်ပျူတာလုပ်ငန်းကြီးအား အဓိက ခြိမ်းခြောက်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ အန္တရာယ်ကို ကြိုမြင်သည်။ ထိုသို့ပြောစဉ်က Bill Gates သည် အသက် ၂၀ အရွယ်သာ ရှိသေးသည်။

သူ့ Software က ကွန်ပျူတာတိုင်း သုံးဖြစ်လာသောအခါ သူက software အတု ဖမ်းဖို့ စုံထောက်တပ်ရင်း ဖွဲ့စည်းလာရသည်။ FBI နှင့် DEA အဖွဲ့ဝင်ဟောင်း တို့ကိုငှားပြီး နိုင်ငံအသီးသီးတွင် software အတုဖမ်းဆီးရေး လုပ်ငန်းကို ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတွေက Microsoft စုံထောက်အဖွဲ့ကို ကူညီကြသည်။ သို့ဖြင့် Microsoft သည် software လည်းထုတ်၊ software အတုစစ်ဆင်ရေးကိုလည်း ဆင်နွှဲရသည်။ သို့သော် ယခု software အတု စစ်ဆင်ရေးကို ရာစုနှစ်ဟောင်းစစ်ပွဲမျိုးကို ပြန်လည်ဆင်နွှဲခြင်းသာ ဖြစ်သည်ဟု အဝေဖန် ခံလာရသည်။ အလွန်ခေတ်မီပြီး ခေတ်ရှေ့က အလွန် အလျင်အမြန်ပြေးနေသည်ဆိုသော Microsoft သည် ခေတ်မမီတော့သည့် ၂၀ ရာစုနှစ်က စစ်ပွဲဟောင်းကို ပြန်ဆင်နွှဲနေသည်။ Digital Technology သည် ဖြစ်ထွန်းမှု နှစ်ရပ်ကို မွေးထုတ်သည်။ ပထမအားဖြင့် အရာရာကို ကူးယူနိုင်သည်၊ ခိုးကူးမှုကို တားဆီးလို့မရတော့။ ဒုတိယ အချက်က ပိုပြီးအရေးကြီးသည်။ အခြေခံကျသည်။ Information သည် လုံးဝတံခါးပွင့်သွားခြင်း ဖြစ်သည်။ သတင်းဇာစ်မြစ်ကို ပိတ်ဆို့ထားလို့မရ။ လက်ဝါးကြီး အုပ်ထားလို့မရ။ လွတ်လပ်သော Information ဇာစ်မြစ် (open source) ပေါ်ပြီ၊ မည်သည့် Information ဇာစ်မြစ်ဖြစ်ဖြစ် တံခါးပွင့်ကုန်ပြီ။

ထို့ကြောင့် Microsoft သည် ခေတ်ရှေ့က ပြေးသည်ဆိုပါလျက် ခေတ်ဟောင်းစစ် ဆင်နွှဲနေသည်မှာ အလွန်တုံးရာ အရာကျနေသည်။ ထိုအချက်ကို Bill Gates မသိဘူးလားဟု မေးခွန်းထုတ်သည်။ သိပုံလည်းရ၊ မသိပုံလည်းရ ထစ်နေသည်ဟု ပါမောက္ခတစ်ဦးက ဝေဖန်သည်။ အိုင်တီလောကတွင် ဆောင်ပုဒ်တစ်ခုရှိသည်။ Hardware ကို ၀ယ်ရမည်။ Software ကိုမျှဝေရမည်Bill Gates သည် ထိုဆောင်ပုဒ်ကို ဆန့်ကျင်ပြီး၊ software အတုတွေ လိုက်ဖမ်းသော ရဲလုပ်ငန်းကို ၀င်လုပ်နေသည်။ သို့ဖြင့် အိုင်တီနှင့် ရဲ၊ ပညာနှင့် စုံထောက် မစပ်ကောင်း မတွဲကောင်းတို့ကို လုပ်နေခြင်းမှာ အရုပ်ဆိုး အကျည်းတန်စေသည်ဟု ဝေဖန်ခံရသည်။

Microsoft Software ၏ အဓိကပြိုင်ဘက်မှာ software အတုလုပ်သူတွေ ခိုးကူးသူတွေမဟုတ်၊ Linux ဟုဆိုသည်။ Linux က လွတ်လပ်စွာ ရယူနိုင်သော software ကိုထွင်သည်။ ဇာစ်မြစ်မှန်သမျှကို တံခါးဖွင့်ပစ်သည်။ Digital Technology ကိုယ်က ဇာစ်မြစ်တံခါးတွေ ဖွင့်ပစ်သည်။ ဒီအထဲ Microsoft Windows တွေလည်း ပါကုန်သည်။


ဘာကလေ စားပွဲဝိုင်း

အိုင်တီလောကတွင် ကမ္ဘာ့စီးပွားရေး ဘာကလေစားပွဲဝိုင်းသည် နာမည်ကြီးသည်။ နိုင်ငံရေး သိပ္ပံပညာရှင် နှစ်ဦး၊ ဘောဂဗေဒပညာရှင်တစ်ဦးနှင့် အိုင်တီလောကခေါင်းဆောင်းများ ပါဝင်ဆွေးနွေးကြသည်။ ထိုစားပွဲဝိုင်း၌ Microsoft ၏ ခိုးကူးဆော့(ဖ်)၀ဲတို့အပေါ် စစ်ဆင်ရေးသည် အောင်မြင်ပါ့မလားဆိုသော မေးခွန်းလည်း ပါသည်။ ထိုမေးခွန်းအပေါ် အာရုံမစိုက်တာက ပိုကောင်းသည်ဟု ဘောဂဗေဒပညာရှင် ဒီလောင် ကပြောသည်။ ပရိုဂရမ် တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလို မဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ် ဟု ပြောသည်။ တကယ့် ဥာဏ်ပညာပစ္စည်း ဆိုသည်မှာ လက်တွေ့အလုပ်စနစ်တစ်ခုကို ဘယ်လောက်ပဲ ဟောင်းဟောင်း ဆက်သုံးနေရမည်ဟု မဆိုလိုကြောင်း Microsoft သိပုံမရပေ။ စင်စစ် software အဟောင်း ဆိုရင်း အလကား ပေးပစ်ဖို့ပင် ကောင်းသည်။ ကမ္ဘာတစ်ဝှမ်းက လူတွေ သူတို့ရဲ့လက်တွေ့အလုပ်စနစ်ကို version ဟောင်းအတိုင်း သုံးစွဲစေချင်တာကတော့ ဘယ်မှန်ပါ့မလဲဟု အခြား ဘောဂဗေဒပညာရှင် စီဘာက ဝေဖန်သည်။ Software ဆိုသည်မှာ လက်တွေ့အလုပ်စနစ် Operating System ကို ခေါ်သည်။

Software ခိုးကူးခြင်းသည် ကျင့်ဝတ်သီလ ပြသနာမဟုတ်။ မဟာဗျူဟာ ပြသနာဖြစ်သည်။ Digital Technology သည် မည်သည့်အရာကိုမဆို ချက်ချင်း ချွတ်စွပ်ပုံတူကူးနိုင်၊ ပွားနိုင်သည်။ ထိုသို့ အပြောင်းအလဲ တွင် Microsoft က ခိုးကူးခြင်းအပေါ် စစ်ဆင်နေခြင်းသည် တိုက်ပွဲအဟောင်းတစ်ခုကို နောက်ဆုံး တိုက်ကြည့် နေခြင်းသာ ဖြစ်သည်။ အမှန်က လက်တွေ့အလုပ်စနစ် software ကို အလကားပေးလိုက်၊ တန်ဖိုးဖြည့် ၀န်ဆောင်မှုကိုသာ ကိုယ်ကရောင်းချရန် စီစဉ်သင့်သည်။ ယခု Microsoft လုပ်ပုံက ကာကွယ်လို့မရတော့သည့် Information ကို ဇွတ် ကာကွယ်နေသည်။ ခိုးကူး Software တွေနောက်သာ အသေအလဲ လိုက်နေသောအခါ တရုတ်လို နိုင်ငံတို့က ပစ္စည်းလိုင်း ပြောင်းလိုက်ရုံပဲဖြစ်မည်။ Microsoft ပစ္စည်းကို မသုံးဘဲ Linux ပစ္စည်းတို့ကို လိုင်းပြောင်းသုံးစွဲသည်။ ထိုအခါ Microsoft လုပ်ပုံက မိမိပြိုင်ဘက် Linux အတွက် ကြော်ငြာပေးသလို ဖြစ်လာသည်။ ခိုးကူး software ဖမ်းရန် တစ်ဒေါ်လာကုန်ကျတိုင်း Linux အတွက် ၁၀ ဒေါ်လာဖိုး ကြော်ငြာပေးသလို ဖြစ်သွားသည်။

အနာဂတ်ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ ဘန်ဂလိုမှ ကွန်ပျူတာပညာရှင် တို့သည်လည်းကောင်း၊ Microsoft Software နှင့်မလေ့ကျင့်ဘဲ Linux တံခါးဖွင့်ဇာစ်မြစ် Open Source တို့ဖြင့် လေ့ကျင့်လာ ကြလိမ့်မည် ဖြစ်သည်။ ကွန်ပျူတာ တက္ကသိုလ် တို့သည် Linux တံခါးဖွင့် ဇာစ်မြစ်ကို အခမဲ့ရနိုင်ပြီ။

Program တစ်ခုကို တရားမ၀င်တဲ့နည်းနဲ့ စက်ပေါ်တင်လှည့်တာဟာ အဆင့်အတန်းတွေ မြင့်တက်စေပါတယ်။ ဒီလိုမဟုတ်ဘဲ စက်ကို လျှို့ဝှက်အက္ခရာနည်းသုံးပြီး ပိတ်ဆို့တော့ သုံးစွဲသူအတွက် အလွန်မအီမသာ ဖြစ်ရပါတယ်။

တံခါးဖွင့်ဇာစ်မြစ်က Microsoft ကို အလဲထိုးနေပြီဆိုသောအချက်ကို Microsoft မှ တာဝန်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် က သိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက တာဝန်ခံတစ်ယောက်က တံခါးဖွင့်ဇာစ်မြစ်သည် တီထွင် ဆန်းသစ်မှုကို ဖျက်ဆီးသည်ဟု ပြောဆိုသောကြောင့် ဖြစ်သည်။ ဒီပုဂ္ဂိုလ် ပြောင်းပြန်ပြောနေပုံရသည်။


Information လောက အလုံးစုံဖြစ်ရေး

Technology လောကသည် တီထွင်ဆန်းသစ်မှုတွေများသလောက် ပြိုင်ဘက်ချင်း တိုက်ပွဲတို့ကလည်း အတော် ပြင်းထန်သည်။ အထက်တွင် Microsoft နှင့် Linux တို့ တိုက်ပွဲဖြစ်သလို ယခုလည်း Google နှင့် စာအုပ် ထုတ်ဝေသူများ တိုက်ပွဲပြင်းထန်လာသည်။ Google က Electronic စာအုပ်ထုတ်ဝေသူဖြစ်သည်။ Google က မကြာသေးမီက အစီအစဉ်တစ်ရပ်လုပ်သည်။ မည်သည့် စာကြည့်တိုက်ကမဆို မည်သည့်စာအုပ်ကို မဆို၊ Google Website သို့တင်ပါ။ Google က ပုံနှိပ်စာအုပ်တို့ကို Electronic Version အဖြစ် ပုံစံပြောင်းလဲပေးမည်၊ ရောင်းချပေးမည်ဟု ကြေညာသည်။ စာကြည့်တိုက်တွေအားလုံး Online တင်ပြီး Electronic Version ဖြင့် ၀ယ်ယူလိုသူတို့ထံ အောက်ချပို့ပေးမည်ဟု ဆိုခြင်းဖြစ်သည်။

ပုံနှိပ်စာအုပ် ထုတ်ဝေသူများအသင်းက Google ကိုကန့်ကွက်သည်၊ တရားလည်း စွဲသည်။ Google လုပ်ပုံသည် မူပိုင်ခွင့် ချိုးဖောက်ရာ ရောက်သည်ဟု စွပ်စွဲသည်။ ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ Google ၏ ချေပပုံကလည်း သင့်သည်ဟု ဆိုရမည်။ Google ၏ Mission သည် Information ကို လောကအလုံးစုံတွင် အသုံးဝင်ရေးနှင့် ရရှိနိုင်ရေး Universally useful and Accessible ဟုဆိုသည်။ Information နှင့် Education ကို ပုံနှိပ် Media ကသာ လက်ဝါးကြီးအုပ် ထားရန်မသင့်။ Technology နည်းသစ်တို့ဖြင့် ဖြန့်ချီနိုင်လျှင် ဖြန့်ချီဖို့သာဖြစ်သည်။ တားမြစ်ရန် မဟုတ်ဟုဆိုသည်။ Digital နည်းဖြင့် စာအုပ်ကို သိုမှီးခွင့်ရှိသည်။ ဤနည်းသည် တရားမျှတသော အသုံးချမှု (fair use) မှုနှင့် အကျုံးဝင်သည်ဟု ဆိုသည်။ စာအုပ်ကို Scan ပြု၍ Copy လုပ်ခြင်းကို တားမြစ် သင့်မသင့် ပြဿနာအတွက်လည်း တရားရုံး ရောက်နေသည်။

အထက်ပါ အကြောင်းအရာနှစ်ရပ်ကိုကြည့်လျှင် Software ကိစ္စ၌ တံခါးဖွင့်ဇာစ်မြစ် က အိုင်တီလောကကို ကိုင်လှုပ်ကြောင်းကို တွေ့ရမည်။ စာအုပ်ကိစ္စ၌ စာကြည့်တိုက်အားလုံးကို Online တင်ပစ်လိုက်သည့် ကိစ္စက စာအုပ်ထုတ်ဝေရေး လောကကို ကိုင်လှုပ်ပစ်နေကြောင်းကို တွေ့ရမည်။ Information နှင့် Education လောကဟူသည် ရှေ့၌ ပိုပြီးပြင်းထန်သောတုန်ခါမှုတို့နှင့် တွေ့ရမည့်လောက ပါကလားဟု ကြိုတင်ရိပ်စား မိနိုင်ရန် လိုသည်။


အညွှန်း - NewsWeek

မောင်စူးစမ်း

freeknowledgeis

Monday, September 14, 2009

Graphic စွမ်းဆောင်ရည် တိုးတက်စေဖို့



Computer အသုံးပြုကြရာမှာ Monitor Screen ဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Screen ပေါ်မှာ မြင်ရတဲ့ စာလုံးတွေ သေးငယ်နေမယ်၊ ပုံရိပ်တွေေ၀၀ါးနေမယ်၊ Screen တုန်ခါမှုတွေ ဖြစ်နေမယ်ဆိုရင် စိတ်ညစ်ဖို့ ကောင်းလှသလို မျက်စိကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။ Computer Display ပေါ်မှာ ကြည့်လို့ ကောင်းလာအောင် ပြုလုပ်နိုင်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Graphic Card နဲ့ တခြား Windows Setting တွေကို ချိန်ညှိမှုလေးတွေ ပြုလုပ်ပေးရုံနဲ့ အမြင်စွမ်းရည် ပိုကောင်းလာအောင် ပြုလုပ်နိုင်ပါတယ်။

PC ရဲ့ Graphic Card ကို သူ့ Windows Driver ကနေ ထိန်းချုပ်ပေးနေတာကြောင့် Card အတွက် နောက်ဆုံး ပေါ် Driver တွေ ရရှိဖို့ ကြိုးစားရပါမယ်။ ကိုယ်အသုံးပြုနေတာ ဘယ် version လဲဆိုတာသိရင် Desktop ပေါ်မှာ Right Click လုပ်ပြီး Properties ကို ရွေးလိုက်တဲ့အခါ Display Properties Dialog Box ပွင့်လာပါလိမ့်မယ်။ Setting Advanced-Adapter (XP မှာ Properties Driver) စသဖြင့် click လုပ်ပေးပါ။

Graphcis Card ထုတ်လုပ်သူရဲ့ Web Site အတွင်းဝင်ရောက်ပြီး နောက်ဆုံးပေါ် Driver Version ကို Download လုပ်ယူပါ။ ဒါပေမယ့် ကြိုတင်ထုတ် (Beta) Version ကို Install မလုပ်မိဖို့ သတိပြုရပါမယ်။ Beta ဆိုတာ အလုပ်လုပ်ဆဲ အဆင့်မှာသာရှိသေးပြီး အပြီးသတ် မလုပ်ရသေးတဲ့အတွက် ရရှိမယ့်အကျိုးအမြတ်ထက် ပြဿနာပေးနိုင်တာက ပိုပါတယ်။ Graphics Driver အားလုံးမှာ လုပ်ဆောင်နိုင်တဲ့ Setting တချို့ကို ဖော်ပြ ပေးထားပါတယ်။


Resolution

Screen ပေါ်မှာ ပြသပေးနိုင်တဲ့ Dot ၊ ဒါမှမဟုတ် Pixel (Picture Element ရဲ့ အတိုကောက်) အရေအတွက် ဖြစ်ပါတယ်။ Resolution ပိုများရင် တစ်လက်မ အကွက်အတွင်းမှာ ဖော်ပြပေးနိုင်တဲ့ Dot အရေအတွက် ပိုလာတဲ့အတွက် ပုံရိပ်တွေကို ပိုမိုပြတ်သားစေပါတယ်။ Monitor ကတော့ ပိုမြင့်တဲ့ resolution ကို လက်ခံ နိုင်ရပါမယ်။ Resolution မြင့်မားလာတဲ့အတွက် Graphics Board နဲ့ PC ပေါ်မှာ Processing တောင်းဆိုမှုတွေ တိုးတက် များပြားလာပါလိမ့်မယ်။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ထုတ်လုပ်တဲ့ Computer တွေမှာပါရှိတဲ့ Graphics Card တွေဟာ 1024x768 Resolution ကို အနည်းဆုံး Support လုပ်နိုင်ပါတယ်။ တချို့ဆိုရင် 1600 x 1200 ထိတောင် Support လုပ်နိုင် ကြပါတယ်။ စနစ်ဟောင်းတွေမှာတော့ အမြင့်ဆုံး Resolution 800 x 600 အထိသာ Support လုပ်နိုင်ကြ ပါတယ်။

Screen Resolution ကို ချိန်ညှိလိုက်ရင်တော့ Display Properties ကို ဖွင့်ပြီး Setting ကို Click လုပ်ပါ။ 'Screen Area' ၊ ဒါမှမဟုတ် 'Screen Resolution Bar' ကို Higher (More) ၊ ဒါမှမဟုတ် Lower (Less) ဆီကို Slide လုပ်သွားနိုင်ပါတယ်။ Resolution ပိုမြင့်တာဟာ ပုံရိပ်အရည်အသွေး ပိုကောင်းလာစေပေမယ့် Icon တွေ၊ စာသားတွေနဲ့ တခြား Object တွေကို ပိုမိုသေးငယ်စေပါတယ်။ ကိုယ့်အတွက် ကြိုက်နှစ်သက်ရာ Setting ကို စမ်းသပ်ရွေးချယ်ရပါမယ်။ အများစုတို့အတွက် အလွယ်တကူ ဖတ်ရှုရနိုင်တဲ့ အမြင့်ဆုံး Resolution ဖြစ်ပါတယ်။


Color Depth

Graphics Card ကနေ Support လုပ်ပေးနိုင်တဲ့ Color အရေအတွက် ဖြစ်ပါတယ်။ Color အရေအတွက် ပိုသုံး ရင် ပုံရိပ်အရည်အသွေး ပိုကောင်းပေမယ့် သင့်စနစ်ပေါ်မှာ Processing တောင်းဆိုမှု ပိုများလာပါလိမ့်မယ်။

Graphics Card ရဲ့ Color-depth Setting တွေကို Display Properties ထဲရှိ Setting Tab အောက်မှ Color Dropdown Menu (XP မှာ 'Color quality') မှာ List လုပ်ပေးထားပါတယ်။ Pixel တိုင်းအတွက် သတ်မှတ် ပေးထားတဲ့ Bit အရေအတွက်နဲ့ ဖော်ပြပေးလေ့ရှိပါတယ်။ True Color (24-bit Color) ဟာ 16,777,216 Color ခွင့်ပြုနိုင်ပြီး High Color (16-bits) ကတော့ 65,536 Color Support လုပ်နိုင်ပါတယ်။ 16-bits Color ထက် ပိုနည်းရင် ပုံရိပ်တွေ ကြည့်မကောင်းတော့ပါဘူး။ Driver အတော်များများတို့ဟာ 8-bit (256 Colors) ၊ ဒါမှ မဟုတ် 16-bit (32,536 Colors) Setting တွေ ပေးမထားကြပါဘူး။ PC အသစ်တွေမှာဆိုရင် 32-bit Color ကို Support လုပ်ပေးထားပါတယ်။ Color ၁၆ သန်းအပြင် True Color အဖြစ် Color တွေ ပေါင်းထည့်ပေးထား ပါတယ်။ အလျင်အမြန်ရွေ့လျားတဲ့ 3D Game တွေမှာ အလွန်အသုံးဝင်ပေမယ့် သမားရိုးကျ Application တွေ မှာတော့ အနည်းငယ်သာ ကူညီနိုင်ပါတယ်။


Refresh Rate

Hertz ၊ ဒါမှမဟုတ် Cycles Per Second နဲ့ ပြသပေးပါတယ်။ Screen ပေါ်မှာ ပုံရိပ်တွေ Redrawn လုပ်တဲ့အခါ တစ်စက္ကန့်မှာ ဘယ်နှကြိမ် လုပ်နိုင်သလဲဆိုတာပါပဲ။ Refresh Rate သိပ်နိမ့်လွန်းရင် Screen တုန်ခါမှုတွေ ဖြစ်စေနိုင်ပါ တယ်။ Screen တုန်ခါမှုကို မတွေ့ရဘူးဆိုရင်တောင်မှ မျက်လုံးကို ဒုက္ခပေးနိုင်ပါတယ်။
တချို့က 72 Hz ထက် မနည်းသင့်ဘူးလို့ ဆိုပေမယ့် တချို့ကျွမ်းကျင်သူတွေကတော့ အနည်းဆုံး 80 Hz ရှိသင့်တယ်လို့ ဆိုကြပြန်ပါတယ်။ Refresh Rate တွေကို စမ်းသပ်ပြီး ကိုယ့်အတွက် ကိုက်ညီမယ့် Rate ကို ရွေးချယ်သင့်ပါတယ်။ Refresh Rate သိပ်မြင့်လွန်းပြန်ရင်လည်း မကောင်းပြန်ပါဘူး။
Windows XP မှာ Screen ရဲ့ Refresh Rate ချိန်ညှိလိုရင် Display Properties ဖွင့်ပြီး Settings. Advanced. Adapter. List All Modes လို့ Click လုပ်ပေးပါတယ်။ Support လုပ်နိုင်တဲ့ တန်ဖိုးစာရင်းထဲကနေ Refresh Rate ၊ Screen Resolution နဲ့ Color Depth အတွဲတွေထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
တခြား Windows Version တွေမှာ Display Properties ကို ဖွင့်ပြီး Setting. Advanced. Adapter လို့ Click လုပ်ပါ။ 'Refresh Rate' Drop-down Menu ထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ အဲဒီ Option တွေ မတွေ့ရဘူး ဆိုရင် သင့် Graphic Card နဲ့ Monitor ဟာ Multiple Refresh Rates ကို Support မလုပ်နိုင်လို့ ဖြစ်ပါတယ်။
အဲဒီလို ရွေးချယ်စရာ Option တွေ မမြင်တွေ့ရဘူးဆိုရင်တောင်မှ Screen ရဲ့ Resolution ၊ ဒါမှမဟုတ် Color Depth ကို လျှော့ချပေးခြင်းဖြင့် Display ရဲ့ Refresh Rate ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီ Specification သုံးခုဟာ Graphic စွမ်းဆောင်ရည် အတွက် အပြိုင်အဆိုင် အလုပ်လုပ်ပေးနေကြတာပါ။ ဒါကြောင့် Setting တစ်ခုကို တိုး၊ နောက်တစ်ခုကို လျှော့ စသဖြင့် ချိန်ညှိယူနိုင်ပါတယ်။ ဥပမာ- Color Depth ကို 32-bit ကနေ၊ 16-bit ကို လျှော့ချလိုက်ရင် Refresh Rate ကို 60Hz ကနေ 75Hz ထိ တိုးမြှင့်လို့ ရနိုင်ပါမယ်။ ဒါမှမဟုတ်ရင်လည်း Resolution ကို 800 x 600 ကနေ 1024 x 768 အထိ တိုးမြှင့်နိုင်ပါမယ်။
Windows ဟာ Screen ရဲ့ Refresh Rate ကို စိတ်ချရတဲ့အခြေအနေမှာ အလိုအလျောက် နေရာချထား ပေးပါတယ်။ ဒါပေမယ့် သင့် Monitor ကို Detect လုပ်လို့မရတဲ့အခါမှာ နှေးကွေးတဲ့ 60Hz မှာ ထားပေးပါတယ်။ Windows XP ဟာ သင့် Monitor ကို မှန်မှန်ကန်ကန် နားလည်သိရှိရဲ့လားဆိုတာ သိလိုရင် Display Properties ကိုဖွင့်ပြီး Settings. Advanced. Monitor လို့ Click လုပ်ပါ။ တကယ်လို့ သင့် Monitor ဟာ 'Monitor type' အောက်က စာရင်းထဲမှာ မပါ ရှိဘူးဆိုရင် ထုတ်လုပ်သူရဲ့ Web Site ကနေ Driver ကို Download လုပ်ယူရပါမယ်။
တခြား Windows Version တွေမှာ Plug and Play ကို Enable လုပ်ထားရဲ့လားဆိုတာ စစ်ဆေးပါ။ Display Properties ထဲက Setting Tab ပေါ်ရှိ 'Display' အောက်မှာ သင့် Monitor ကို ဖော်ပြပေးထားသလားဆိုတာ ကြည့်ပါ။ Advanced Monitor လို့ Click လုပ်ပါ။ Automatically Detect Plug & Play Monitors ကို Chech လုပ်ထားရဲ့လား ဆိုတာ စစ်ဆေးပါ။ တကယ်လို့ Check မလုပ်ရသေးရင် သူ့ကို Select လုပ်ပြီး Refresh Rate ကို Windows ရဲ့ Default 60Hz ကနေ ပိုမြင့်တဲ့ Rate မှာ နေရာချပေးလိုက်ပါ။


Direct X

Windows Component တစ်ခုဖြစ်တဲ့ Direct X ဟာ Multimedia လုပ်ဆောင်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ လက်ရှိ Direct X ရဲ့ Version ကို စစ်ဆေးကြည့်လိုရင် Start. Run လို့ Click လုပ်၊ dxdiag လို့ ရိုက်သွင်းပြီး OK ကို Click လုပ်ပါ။ System Tab ကို ရွေးချယ်ပြီး Screen ရဲ့အောက်ပိုင်းရှိ System Information အောက်မှာ ရှာဖွေကြည့်ရှုပါ။ နောက်ဆုံး Version ကတော့ Direct X 9 ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ မရှိသေးရင် find.pcworld.com/34517 ကနေ Download လုပ်ယူနိုင်ပါတယ်။


Monitor ပေါ်က Control များ

ပုံရိပ်တွေရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေဖို့ရာ Monitor ပေါ်မှာပါရှိတဲ့ Control တွေနဲ့ ပြုလုပ်နိုင်ပါ သေးတယ်။ ထုတ်လုပ်သူရဲ့ Model ပေါ်မူတည်ပြီး Option တွေ အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမယ့် Monitor အများစုပေါ်မှာ Brightness နဲ့ တခြား Control တွေ ပါရှိဖို့ များပါတယ်။


Brightness နဲ့ Contrast ကို ချိန်ညှိပါ

သင့် Screen ပေါ်မှာ Gray-Scale ပုံရိပ်တစ်ခု Display လုပ်ကြည့်ပါ။ (find.pcworld.com/34532 ကနေ အဲဒီ ပုံရိပ်မျိုး Download လုပ်ယူနိုင်ပါတယ်) ခြယ်ပေးထားတဲ့ Shade ၁၇ ခုကို ကောင်းကောင်းမြင်တွေ့ရဲ့လားဆိုတာ သေသေ ချာချာ ကြည့်ပါ။ Brightness နဲ့ Contrast ခလုတ်တွေသုံးပြီး ညှိပေးပါ။



Center and Align

Monitor ပေါ်က Screen အထားအသို Control တွေသုံးပြီး ပုံရိပ်ကို Screen အလယ်တည့်တည့် ရောက်အောင်နဲ့ အနားသတ်အစွန်းများ ဖြောင့်တန်းနေအောင် ချိန်ညှိပါ။ မျက်စိထိခိုက်မှု မဖြစ်စေဖို့နဲ့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက် ခြင်းစတဲ့ တခြားပြဿနာတွေကနေ ရှောင်ရှားနိုင်အောင် Screen ရဲ့ ထိပ်ပိုင်းကို မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေအောင် နဲ့ ခေါင်းနဲ့တစ်တောင်ကျော် အကွာအဝေးလောက်မှာ ထားပါ။ အဲဒီ အနေအထားကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။ Screen ကို အလင်းရောင် တိုက်ရိုက်မကျနိုင်တဲ့ဘက် လှည့်ထားပေးပါ။ အဲဒီလို မဖြစ်နိုင်ဘူးဆိုရင် Glare Filter တစ်ခု ၀ယ်ယူတပ်ဆင်အသုံးပြုပါ။


သန့်ရှင်းရေးပြုလုပ်ပါ
Screen ကို နူးညံ့ပျော့ပျောင်းပြီး စိုထိုင်းတဲ့ အ၀တ်စနဲ့ ညင်ညင်သာသာ ပွတ်တိုက် သန့်စင်ပေးပါ။ Screen မှာ အရမ်း ညစ်ပေနေရင်တောင်မှ Cleaning Solution တွေ အသုံးပြုခြင်းမှ ရှောင်ရှားသင့်ပါတယ်။ Screen ပေါ်မှာ Coat လုပ်ထား တာတွေ ပျက်စီးကုန်စေနိုင်ပါတယ်။ Monitor အိမ်ခွံပေါ်က လေ၀င်လေထွက် အပေါက်တွေမှာရှိတဲ့ အညစ်အကြေးတွေ ကို သန့်ရှင်းရေးလုပ်ပေးပါ။ အပူလွန်ကဲခြင်းဟာ Monitor ပျက်စီးစေဖို့ ဦးတည်စေနိုင်ပါတယ်။


Graphic ပြဿနာ
တကယ်လို့ Screen ပေါ်မှာ ဘာမှ ပေါ်မလာဘူးဆိုရင် Monitor Cable ချောင်နေခြင်း၊ Power ကြိုးတပ်မထားခြင်း၊ Brightness Setting ကို အနိမ့်ဆုံးမှာ ထားမိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် Monitor ပျက်သွား လို့လည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ရာ လောင်ကျွမ်းတဲ့အနံ့ ထွက်လာခဲ့ရင်၊ တဖျစ်ဖျစ် အသံတွေကြားရရင် Monitor ကြွသွားပြီလို့သာ မှတ်လိုက်ပါ။ အလျင်အမြန် မီးပိတ်လိုက်ပါ။ Monitor တွေဟာ သူ့အလိုလို လောင်ကျွမ်းမှု ဖြစ်နိုင်တဲ့ အမျိုးအစားပါ။
အသုံးမကျ၊ ပျက်စီးနေတဲ့ Graphics Driver တွေဟာလည်း PC ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ Graphics Driver ပျက်စီးယိုယွင်းနေသလားဆိုတာ စစ်ဆေးဖို့ Windows နဲ့ ပါရှိလာတဲ့ VGA Driver ကို Install လုပ်ကြည့်ပါ။ ပြဿနာ မဖြစ်တော့ဘူးဆိုရင် Monitor ရဲ့ မူလ Driver ၊ ဒါမှမဟုတ် Updated Version တစ်ခုကို Install လုပ်ပါ။
တချို့ Graphic Card တွေဟာ တခြား Hardware Device တွေနဲ့ အလုပ်မလုပ်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ Windows ဟာ Graphics Acceleration Function တွေကို Disable လုပ်ပိုင်ခွင့် ပေးထားပါတယ်။ Display Properties ကိုဖွင့်ပြီး Setting. Advanced. Troubleshooting (XP နဲ့ 2000) ၊ ဒါမှမဟုတ် Setting. Advanced. Performance (98 နဲ့ Me) လို့ Click လုပ်ပါ။ Hardware Acceleration အောက်မှာရှိတဲ့ Slider ကို ဘယ်ဘက်အစွန် ဆုံးရွေ့ပြီး Disable လုပ်နိုင်ပါတယ်။
Screen ပေါ်မှာ ပုံရိပ်တွေ တုန်ခါနေမယ်၊ မှုန်ဝါးနေမယ်ဆိုရင် အနီးအနားမှာ သံလိုက်စက်ကွင်း ရှိနေလို့ပါပဲ။ နာရီ၊ လျှပ်စစ်မော်တာ သုံးတဲ့ပစ္စည်းတွေ၊ လျှပ်စစ်အား အသုံးများတဲ့ ပစ္စည်းတွေကို Monitor နဲ့ ဝေးဝေးမှာထားပါ။ နံရံနောက် ကွယ်မှာ သွယ်တန်းထားတဲ့ Power လိုင်းတွေဟာလည်း အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါကြောင့် Monitor ကို နံရံ နဲ့ ဝေးဝေးထား သုံးသင့်ပါတယ်။ Screen ပေါ်က ပုံရိပ်တွေဟာ အနီရောင်၊ အပြာရောင်၊ ဒါမှမဟုတ် အစိမ်းရောင် သန်းနေတယ်ဆိုရင် Graphcis Card နဲ့ Monitor ဆက်သွယ်တဲ့ Cable ချောင်နေလို့ ဖြစ်တတ်ပါတယ်။ Cable ရဲ့ Connector ထဲမှာ ပင်ချောင်းကလေးတွေ ကွေးကောက်နေသလားဆိုတာ စစ်ဆေးကြည့်ပါ။ ပင်ကလေးတွေကို နှုတ်သီး ချွန် ပလာယာသုံးပြီး ဖြောင့်တန်းပေးရပါမယ်။ On-Screen Object တွေပေါ်မှာ သက်တံရောင်စဉ်ပုံ ကျရောက်နေခဲ့ရင် သူ့ကို ချိန်ညှိဖို့ တချို့ Monitor တွေမှာ Convergence Control တွေ ပါရှိပါတယ်။ ။


(ဖိုးနိုင်ဝင်း (Masterpiece) Robot ရိုဘော့မှာလည်း အသည်းနဲ့ပါနှင့် အခြားကွန်ပျူတာဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြထား ပါသည်။)
ဤနေရာမှ ကော်ပီကူးသည်။

Thursday, July 23, 2009

notepadနဲ့ ရိုက်ခဲ့ပြီး ပို့စ်တင်မယ်

ဘလော့ဂါ ရေလှိုင်းကြီးက ကြီးသထက်ကြီး အရှိန် အဟုန် ကောင်းသထက်ကောင်းလာနေတယ်။ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့လို ဝေလေလေ သမားတွေ ကိုယ်တိုင် ပါလာပြီလေ။နည်းပညာတွေက လဲ အဆုံးမထင်နိုင် နက်ရှိုင်းမှုနဲ့။ဒါပေမယ့် ရမ်းသမ်းပြီး ကူးတော့ ကူးနေကြတာပါပဲ။အခု ရေးမယ့် အကြောင်းလေးက အဲဒီ ဟာတွေနဲ့ ဘာမှ မဆိုင်းပါဘူး။မြန်မာပြည်မှာက အင်တာနက်ဆိုင်တွေမှာပဲ သွားပြီး အများစုက အသုံးပြုနေကြတယ်လေ။ပို့စ်တွေ တင်တဲ့အခါမှာလဲ အများစုက ဆိုင်ရောက်မှ ကိုယ့်ဘလော့လေးကို စာရိုက်ကြ တင်ကြ။အဲဒီရောက်အောင် ကျော်ကြ ခွကြရ။ကွန်အခြေအနေကလဲ အများပြည်သူ သိတဲ့ အတိုင်းပဲ။တစ်ခု တစ်ခု ပွင့်ကြ လာဖို့ ဆင့်ဘာကို ခွေးမျှော် သလို ၊( မရိုင်းလောက်ပါဘူးနော်)p:။အဲလို ဆိုတော့ ကိုယ့်နေရာက နေ စက်ထဲမှာ ကြိုတင် စာရိုက်ခဲ့။ဒီမှာ ကိုယ့် ဘလော့လေးရဲ့ နယူးပို့စ်မှာ ကော်ပီကူး၊နဲနဲ ပါးပါး ပြင်ပြီး စိတ်ကြိုက်ရမှ တင်လိုက်ရင် အချိန်တွေလဲ သက်သာ ။လူလဲ မပမ်း။ငွေလဲ သိပ်မကုန်တော့တာပေါ့။ကျနော်တို့ လဲ ဆာဗာက အများနဲ့ သုံးနေတာဆိုတော့ ပိတ်ချိန်ရှိနေတာပေါ့။ဆာဗာပိတ်ချိန်မှာ ကိုယ်အာရုံရတာလေးကို ကြိုတင်ပြီး ရိုက်ထား၊ပြီး စေ့လိုက်။စိတ်ပါတဲ့ အချိန် ပို့စ် ကောက်တင်လိုက်ပေါ့။
ပုံမှန် မိုက်ခရိုဆော့တွေ ပေ့ခ်ျမေကာတွေနဲ့ ရိုက်ပြီး memoryစတစ်ထဲ ကူးလာလို့ မရနိုင်ဘူးဗျ။အဲဒီနေရာမှာ notepadကို သုံးရတော့မယ်။Run ထဲမှာ ရှိတတ်ပါတယ်။မရှိရင်လဲ ပရိုဂရမ်က ဝင်လို့လဲ ရပါတယ်။ဒါမှ မဟုတ် အလွယ် ယူလို့ ရအောင် Run ဘောက်ထဲမှာ notepad ကို ရိုက်ထည့်ပြီး ok လိုက်ရင် ကျလာမှာပါ။အဲဒါလေးထဲမှာ ကိုယ်ရိုက်ချင်တဲ့ စာတွေကို ရိုက်ထည့် စေ့ ကူးလာပြီး အင်တာနက်ဆိုင်မှာ အချိန်ကုန်သက်သာတဲ့ ပို့စ်တင်ပုံလေးကို ပြောပြချင်တာပါ။လုပ်ပုံကတော့ အဲဒီအတိုင်းပါပဲ။ဒါပေမယ့် ပုံမှန်အတိုင်း စေ့ပြီး ပြန်ကူးခဲ့ရင် ဒီပို့စ်အသစ်တင်တဲ့ နေရာမှာ ဘာစာမှ ပေါ်မှာ မဟုတ်ပါဘူး။အဲဒီမှာ စေ့တဲ့ နေရာမှာ နည်းလေး လိုလာတယ်။လွယ်လွယ်လေးပါ။
html.exersie.PDF ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး ဒီနည်းလေးကို စမ်းကြည့်တော့ အတော် အဆင်ပြေသွားတယ်။နုတ်ပဒ်မှာ စာရိုက်ထည့် စေ့မယ်ဆိုရင် fileအောက်က save asနဲ့ စေ့ပါ။အောက်က ဖိုင်name မှာဥပမာ ဖိုင်နာမည်ကို sue လို့ ပေးမယ်ဆိုပါစို့။အဲဒီ sue နောက်ကနေ .(ဒေါ့) ခံပြီး htmlလေး ထည့်ပေးလိုက်ရုံပါ။အဲလို ဆိုရင် သိမ်းမယ့် ဖိုင်ရဲ့ အမည်ဟာ sue.html ဆိုပြီး သိမ်းပါလိမ့်မယ်။Desktop ပေါ်သိမ်းဗျာ။ပြန်ဖွင့်ကြည့်ရင် ကိုယ် ရိုက်ထားတာလေးတွေ ပေါ်လာလိမ့်မယ်။အဲဒီ ဖိုင်လေးကို ကော်ပီ ယူခဲ့ပြီး နယူးပို့စ်နေရာမှာ အရံသင့် တင်လိုက်တော့ပေါ့။
ဆရာတွေက တော့ ဒီနည်းကို တကူးတက ရေးစရာ အဖြစ် သတ်မှတ်ထားပုံး မရဘူးဗျ။ဒါပေမယ့် ကျနော်တို့လို မနူးမနပ်သမားတွေကတော့ ဒါလေးတွေကို ဒီလို ရေးမှ ကို သဘောပေါက်ပါတယ်။ကျနော် သူငယ်ချင်းတွေ သုံးရင် သုံးရအောင် ရေးပေးလိုက်တာပါ။.html ခံလိုက်တာနဲ့ ဘာကြောင့် ရလဲ ဆိုရင် အဲဒီ အထက်က ဖတ်စရာဖိုင်လေးကို စာအုပ်ကလေးကို ဖတ်လိုက်ရင် သဘောပေါက်သွားမှာပါ။အထူးသဖြင့် မြန်မာပြည် ဆိုင်တွေကနေ သုံးတဲ့ သူငယ်ချင်းတွေ သိရင် အကျိုးရှိမှာပါ။သုံးကြည့်ကြဗျာ။ဆရာကြီးတွေ အတွက် မဟုတ်။

Tuesday, July 21, 2009

သတိပြုစရာ

နည်းပညာနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ တင်ချင်တာလေးတွေကို အွန်လိုင်းမှာ တွေ့ တဲ့ အခါ ဒီလိုပဲ ကိုယ်တွေ့ထားတာလေးတွေကို သူငယ်ချင်းတွေ ဖတ်စေချင်တဲ့စိတ်နဲ့ ကော်ပီ ကူးပြီး တင်ထားချင်ယုံပါပဲ။အခုပို့လေးကို yangon.tk က တွေ့ခဲ့တာပါ။နောင်လိုအပ်ရင် နည်းပညာရပ်လေးတစ်ခု အနေနဲ့ သိရတာပေါ့။

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များမှာkeylogger ဟုခေါ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက်သုံးစွဲနေသူတွေ အထဲမှာမှ နိုင်ငံရေးနှင့် ပတ်သက်၍ပြည်တွင်း ပြည်ပ ဆက်သွယ်နေကြတဲ့ပြည်တွင်းမှ တတ်ကြွ လှုပ်ရှား သူများ အား ခြေရာခံ နိုင်အောင်လုပ်ဆောင်နေမှုများ ရှိနေပြီးထိုကဲ့သို့ တက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင်လုပ်ဆောင် ထား တာ တွေ ရှိ နေပါသည်။

keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray iconလည်း ပေါ်နေခြင်းမရှိ၍ ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိkeyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့ တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါမိမိတို့၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှမှတ်တမ်း တင်ထားပြီးဖြစ်နေ၍ လုံခြုံမှု လုံးဝမရှိနိုင်တော့ပါ။ (All in 1key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့်ဗီဒီယိုများ အစရှိသဖြင့် အစစအရာရာအားအတိအကျပင်၎င်းကမှတ်သားထားပေးနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါသည်။)

ထိုကဲ့သို့သော ဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင် သွင်းထားပြီးလာရောက် သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအား အတိအကျ ထောက်လှမ်းထား နိုင်၍မိမိတို့ အနေဖြင့် ဆိုင်ဘာကဖီးသို့ မဟုတ်တစ်ပါးသူ၏ ကွန်ပျူတာအား သုံးစွဲတော့မည် ဆိုပါကမိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိအရင်ဆုံး စစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့် လုပ်ထားပါကအကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။

မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား သူတစ်ပါးဆီ ပါမသွားနိုင်အောင် လုပ်ရမည့် နည်းလမ်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+ Shift+Esc (or) Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။Task manager ၀င်းဒိုး တက်လာပါကProcess ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ပါ ။ရှိနေခဲ့လျှင် ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ထိုသို့ တွေ့ရှိပြီဆိုလျှင် ၄င်းဖိုင်လ်အား End process ပေးလိုက်ရန် လိုအပ်ပါသည် ။ထိုသို့ end process လုပ်လိုက်ခြင်း အားဖြင့် ၄င်းလုပ်ဆောင်နေသည့် လုပ်ငန်းတွေအားလုံးပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေသည် များကိုလဲမှတ်ထားတော့မည် မဟုတ်တော့ပါ။

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+Rနှိပ်ပြီး တက်လာတဲ့ Run box မှာ taskmgr လို့ရေးပြီးခေါ်ယူလဲ ရပါသည်။ အကောင်းဆုံး နည်းလမ်းမှာ task manager မှာရှိနေသော processtab ထဲမှာရှိနေတဲ့ ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေ အနေနှင့် ဘယ်လိုဖိုင် အမျိုးအစားကအချက် အလက်တွေကို ရီကော့လုပ်တာလဲ ဆိုခြင်းကို မသိနိုင်၍ အန္တရာယ်ကင်း ဘေးရှင်း၎င်း process tab ထဲတွင်ရှိသမျှ ဖိုင်လ်များအားလုံးအား end process လုပ်ပြီး မိမိ အသုံးပြုမည့် ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွင့်အရေး ရှိမှရမည်ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသော အင်တာနက်ဆိုင်ကိုသာသွားရောက် အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့် အတန်း ၄င်းဆိုင်တွင် အသင့်အတင့် မြင့်နေပြီဖြစ်၍တော်ရုံ မဟုတ်တော့ဘူး ဟူ၍ယူဆလို့ ရနိုင်နေပါသည်။ ပြီးနောက်keylogger တွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာ တင်လို့ရသည့် keylogger နှင့် hardware keylogger ဆိုပြီး ရှိနေပါသေးသည်။

၎င်းတို့အား သုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီးend process ပေးလိုက်လျှင် တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာ ကျမည်ဖြစ်ပါသည်။ယခုပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့ အားလုံးကိုပို့ရတဲ့ အကြောင်းရင်းမှာ ပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကို ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ရန်ကုန်ုမြို့တာမွေမြို့နယ် ကျောက်မြောင်း အရပ်တွင်ရှိသော အင်တာနက်ဆိုင် တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူ တစ်ယောက် ပြည်ပနှင့် အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့် တကွ အဖမ်းခံရတယ်ဟု ပြောပြခဲ့၍ အခြားသော ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနေနှင့် နည်းပညာပိုင်းအရ ရှောင်လွှဲလို့ ရနိုင်တဲ့ အချက်လေးတစ်ချက် အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင် လို့ပဲ ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ ပြည်တွင်း အဆက်အသွယ်တွေ ကိုပြောပြရင်း သူတို့ရဲ့ အန္တရာယ် ကင်းရှင်းရေး အတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။



Saturday, July 4, 2009

ကော်ပီသမား ကျနော်

စောစောက cbox ဆိုတာကြီး ထားဖို့ နည်းနည်းမှ စိတ်ကူး မရှိ။ငှက်ဆိုတာ ပျံရင်းသေ လူဆိုတာ ကြံရင်းသေ ဆိုပဲ။အွန်လိုင်းက နေရာတော်တော်များများ ရောက်တယ်။အကြံနဲ့ပေါ့။ဘာများ ကော်ပီကူးလို့ ရနိုင်မလဲ။ဒီအကြံကလွဲလို့ မှတစ်ပါး အပြားမရှိဘဲ။နောက်ဆုံးတော့ စီဘောက်လေးထည့်ကြည့်ဦးမှပါလေ ဘာရယ်မဟုတ်တဲ့ အကြံနဲ့ စမ်းကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုဆူးရင့်အပြန်နဲ့ တိုးရော။သူက ရေးသွားပြီ။တစ်ေ.ယက်မှ တစ်ယောက်ထဲ ။အဲ ဆူးရင့်လောက်တော့ အားနာစရာမလိုပါဘူး စီဘောက်ကို ဖျက်တာပေါ့။စိတ်ကူးတုန်း ဝှိုက် ဆိုတဲ့ တစ်ယောက်က ရေးသွားပြန်ရော ။အင်း နှစ်ယောက်ကြီးများတောင် ဖြစ်သွားတော့ ဖျက်ရမှာ အားနာသွားပြန်ရော။စကားစပ်လို့ပါ။ပြောချင်တာက ခေါင်းစဉ်အတိုင်းပဲ ကော်ပီသမားကျနော်လေ။ရောက်တဲ့ နေရာက ကြိုက်တာကို ကြုံသလို ကော်ပီကူး ခပ်တည်တည်နဲ့ ပို့စ်တွေတင်ထား။ဟော အခု ကော်ပီကူးမယ်ဆိုတော့ ကိုယ့်ဆီလာတဲ့ လူဆီက ကူးရတာ တစ်မျိုးကြီး ဖြစ်နေတယ်။ဒါပေမယ့် ကူးမှာပါ။အခုလဲ ဝှိုက်ဆီက ပို့စ်လေး နှစ်ခုကို ကော်ပီကူး ပို့စ်တစ်ပုဒ်ထဲပေါင်းပြီး တင်မယ်။စောစောက ကျနော်နေရာမှာ အကြိုက်များကို ကော်ပီကူးသော နေရာသာ ဖြစ်၏-ဆိုပြီး စာတမ်းကြီး ရှိပါတယ်။သိပ်မကြာသေးဘူး ဖြုတ်လိုက်တာက။ထားပါတော့ အခု ကူးပါပြီ။အင်းဒါလေးပြော ဖို့ မောလိုက်တာ . . .ဟူး . . . . . .. ။
Google Account ပိတ်ချင်ရင်
မိမိအသုံးပြုနေတဲ့ Google Account ကို မသုံးချင်တော့ဘူးဆိုရင် ပိတ်လိုက်လို့ရပါတယ်
အရင်ဆုံး Gmail ကိုဝင်ပါ ပြီးရင် Account Settings ကိုသွားပါ ပြီးတော့ My products - Edit ကိုပြန်သွားပါ
Close account and delete all services and info associated with it ကိုဝင်ပါ
Web History, Gmail, Google Talk ( services ) ဆိုတာတွေကို ဖျက်လို့ရအောင် Select လုပ်လိုက်ပါ
ပြီးရင် Current Password ကိုဖြည့် ပြီး Delete Google Account လုပ်လိုက်ပါ .... Your Google Account has been Delete
အဲ့လိုဆိုရင် မသုံးချင်တော့တဲ့ Account လေးပျက်သွားပြီနော် ... နောက်တစ်ခါ အဲ့ဒီ User Nmae နဲ့ ထပ်ဖွင့်ချင်လည်းရတော့ဘူးနော် :)
နဲနဲလေးနားလည်လို့နဲနဲလေးပဲ ပြောပြနိုင်တယ် ... သူများတွေလို အများကြီးပြောပြချင်လိုက်တာ
ကြိုးစားလိုက်ဦးမယ်နော် ကျေးဇူးတင်ပါတယ်ရှင်

Posted by ၀ှိုက်ဝှိုက်
လက်မခံချင်တဲ့ မေးလ်တွေရှိရင်

သူငယ်ချင်း အချင်းချင်း မေးလ်လက်မခံချင်စရာအကြောင်းလေးတွေပေါ်လာရင်
ကိုယ်လက်မခံချင်တဲ့ လိပ်စာကိုပိတ်ထားလို့ရပါတယ်
ကိုယ့်ဂျီမေးလ်ထဲကိုဝင်ပါ ... ပြီးရင်
Setting > forwards and pop > Forward a copy of incoming mail to နောက်မှာ
ကိုယ့်ဆီစာပို့သူရဲ့လိပ်စာကိုရိုက်ထည့်လိုက်ပါ
ပြီးရင် Delete ကိုရွေး ပြီးရင် Save လုပ်ပါ ...
ခုလိုလေးလုပ်လိုက်တော့ ကိုယ်လက်မခံချင်တဲ့ မေးလ်တွေကိုယ့်နားကို ၀င်မလာတော့ဘူးပေါ့
အားလုံးအဆင်ပြေပါစေရှင် ... ကျေးဇူးတင်ပါတယ်

Posted by ၀ှိုက်ဝှိုက်

Saturday, June 13, 2009

ဝင်ဒိုးတင်နည်း နိဿျဉ်း

ဝင်းဒိုးနည်းတဲ့အခါ အလွတ်မရခင်ပေါ့ ကြည့်။တစ်ခါမှ မတင်ဘူးသေးသူတွေလဲ သုံးပေါ့။ဒီနေရာကနေ စာအုပ်ဖိုင်လေး ယူ။ရေးသူလဲ စာအုပ်မှာ ပါပါလိမ့်မယ်။

Friday, June 5, 2009

အင်တာနက်အနာဂတ်

အင်တာနက်ရဲႚ အနာဂတ်ကို ခန်ႛမှန်းဖိုႛ ကြိုး စားတာဟာ အခဵည်းနှီး အလုပ် ဖြစ်ပၝလိမ့်မည်။ ၁၉၂၁ တုန်းက ရေဒီယိုတွေရဲ့ အနာဂတ်ကို ခန်ႛမှန်းသလိုမဵိုး ၁၉၅၁ တုန်းက တယ်လီဗေးရှင်းတွေရဲႚ အနာဂတ်ကို ခန်ႛမှန်းသလိုမဵိုး ဖြစ်လိမ့်မယ်။ အင်တာနက်ဟာ ခုမှ စခၝစ ရှိပါသေးတယ်။

အင်တာနက်က တီဗွီနေရာမှာ အစား ဝင်လာလိမ့်မယ် ဆိုတာ စဉ်းစားဖိုႛ မခက်ပၝဘူး။ ဖြန်ႛခဵီခြင်း တကၠနိဳလုိဂဵီနဲႛ လက္ခံ ဖမ်းယူခြင်း တက္ကနိုလိုဂဵီနှစ်မဵိုး စလုံး ဆင့်ကဲ ဖြစ်ပေၞ တိုးတက်မှုကြောင့် တီဗွီရဲႚ အခွင့်သာမှု အားလုံးကို (Web) တွေက ပေးလာနိုင်တော့မှာ ဖြစ်တယ်။
သုံးစွဲသူတွေဟာ လုိခဵင္တာကုိ လုိခဵင္တဲ့ အခဵိန္မွာ ဖွင့်ကြည့်နိုင်ကြမှာ ဖြစ်တယ်။ ကြော်ငြာတြွေကားဖြတ် ဝင်တာမျိုးကိုလည်း လွယ်လွယ်လေးနဲႛ ရှောင် လွဲနိုံင်မှာ ဖြစ်တယ်။ တီဗွီမှာ သတင်း ထုတ္လႊင့္ခဵိန္ဟာ အကန္ႛအသတ္နဲႛပဲ ရှိတယ်။ ထုတ်လွှင့်သူတွေ ပေးတဲ့ အခဵိန်မှာပဲ သတင်းကြည့်လိုႛ ရတယ်။ (Web) သတင်းတွေကဵတော့ ကြည့်သူတွေ စိတ်ကြိုက် စိမ်ပြေနပြေ ကြည့်လိုႛ ရတယ်။ တီဗွီကြည့်သူဟာ ကြော်ငြာတွေ္ဘပီးရင်လာမယ့် အစီအစဉ်တွေကို ကြည့်ဖိုႛ ကြော်ငြာတွေကို သည်းညည်းခံ္ဘပီး တီဗွီရှေ့ ငုတ်တုတ် ထိုင်နေရတယ်။ တီဗွီတွေကို ပရိသတ်က စိတ်ကုန်တာဟာ အဲဒီ အကြောင်းလည်း တခဵက္ပၝသတဲ့။
နောက်တခုက တီဗွီမှာ သတင်းတွေကို ထုတ်လွင့်ပြသတဲ့ အခၝ အကြောင်းအရာ တခ္ဘုပီးမှ တခုလာတယ်။ ကိုယ်ကြည့်ခဵင်တဲ့ သတင်းကို အရင်ကြည့်လိုႛ မရဘူး။
အင်တာနက် ပရိသတ်ရဲႚ အခွင့်အရေး တခုက ပြန်ပြောခွင့် ရှိတာပဲ။ ကိုယ်ကြည့်ခဵင်တာ ကြည့်နေရင်း စိတ်ကူး ပေၝက်လာတာကို သတင်း မီဒီယာဆီ အင်တာနက်ကပဲ လှမ်းပြေ နိုံင်တယ်။ မီဒီယာကလည်း ပြန်ပြော နိုံင်တယ်။ စစ်တမ်းကောက်တဲ့ ကိစ္စတွေမှာ အင်တာနက် သုံးသူက မိမိ ဆန္ဒကို ပေးလိုႛ ရတယ်။ တခြားလူတေီနဲႛ အွန်လိုင်းကန္ဘေပီး သတင်းတွေ ဆွေးနွေး ဖလှယ် နိုင်တယ်။ ဝေးလံတဲ့ အရပ်ဒေသတွေကို အင်တာနက်မှာ ဖွင့်္ဘပီး လေ့လာနိုင်တယ်။
တီဗွီမလုပ်နိုင်တာတွေ အင်တာနက်က လုပ်နိုင်တာ အမဵားကြီးပဲ။ တီဗွီ လုပ် နိုင်သမျှကိုတော့ အင်တာနက်က အသာလေး လုပ်နိုင်တယ်။
အင်တာနက်ဟာ တီဗွီက္ဘိုခိမ်းခြောက်ရ႟ုံ မကဘူး။ သတင်းစာတွေကိုလည်း မဵက်ခုံး လှုပ်စေပၝတယ်။ သိုႛပေမဲ့ သတင်းစာက စာဖတ်ပရိသတ်ကို ကြော်ငြာနဲႛ အနှောက်အယှက်မပေးပၝဘူး။ သတင်းစာ ကြော်ငြာ ဆိုတာက မကြည့်ဘဲ ကေဵာ်သွားလိုႛ ရတယ်။ လူတယောက်ဟာ ကြော်ငြာ တခုမှ မဖတ်ဘဲ သတင်းတွေ ဆောင်းပၝးတွေခဵည်း ဖတ်သွားနိုင်ပၝတယ်။ လက်တွေႚမှာတော့ ကြော်ငြာ လုံးဝ မကြည့်ဘဲ သတင်းခဵည်း ဖတ်တယ် ဆိုတာ မရှိပၝဘူးတဲ့။ သုတေသန စစ်တမ်းမဵား ကောက်ယူကြည့်တဲ့ အခၝ သတင်းစာဖတ် ပရိသတ် အမဵားစုဟာ ကြော်ငြာတွေကိုပၝ ဖတ်တယ်လိုႛ အဖြေ ပေးကြတယ်။ တခဵိဳႚက ဆိုရင် ကြော်ငြာတွေပၝလိုႛ သတင်းစာကို ဝယ်ဖတ်တာလိုႛတောင် ပြောပၝတယ်။
အင်တာနက်မှာကဵတော့ စောစောပိုင်းလေ့လာခဵက်မဵားအရ ခေၝင်းစီးကြော်ငြာတွေကို လူမဖတ်သလောက်ပဲတဲ့။
သတင်းလုပ်ငန်း ဆိုတာ ဘဏ္ဍာငွေကြေး အထောက်အပံ့ မရှိဘဲ ရပ္တည္လုိႛ မရပၝဘူး။ သတင်းသမားတွေကို လုပ်ခလစာ ပေးရတယ်။ သတင်းထောက်လှမ်း စုဆောင်းတဲ့ စရိတ်တွေ အကုန်အကဵ ခံရတယ်။ နေရှယ်နယ် ပတ်ဗလစ် ရေဒီယို (NPR) က သောတရှင် ပရိသတ်မဵား သတင်း နားထောင်ခ ပေးကြဖိုႛ စည်းရ႟ုံး ဆောင်႟ရွက်ဖူးတယ်။ နယ်မြေ အသံလွင့်ရုံခွဲတွေဆီမှာ ကဵသင့်ငွေသွားရောက် ပေးသွင်း္ဘပီး သတင်း နားထောင်ကြဖိုႛ နိုးဆော်ခဲ့တာပၝ။ (NPR) က အခကြေးငွေယ္ဘူပီး သတင်း ထုတ်လွင့်ပေးတဲ့ ပုံစံကို(Web) တွေက အသုံးပြုလာကြတယ်။ (Web) ဖတ်သူတွေဆီက ကဵသင့်ငွေ နည်းနည်းကလေးပဲ ကောက်ခံပၝတယ်။ သုိႛေပမဲ့ ပရိသတ္ဦးေရ မဵားလာတဲ့ အခၝ ဝင်ငွေလည်း သိသိသာသာ တိုးလာပၝတယ်။
ခုခဵိန်ထိတော့ အင်တာနက်မှာ သတင်းတွေကို အခမဲ့လိုလိုပဲ ဖော်ပြ ပေးနေတယ်။ ဒၝဟာ သတင်းစာတွေက လုပ်ခဲ့တဲ့ အစဉ်အလာ အတိုင်းပၝပဲ။ နောက်တော့ တီဗွီနဲႛ နက်ဝပ် (Network) တွေကပၝ လိုက်လုပ်ကြတယ်။ ကြော်ငြာတွေက ရတဲ့ငွေနဲႛ ထ္ဘေပီး သတင်းတွေကို အခမဲ့ ပေးတဲ့ လုပ်နည်း လုပ္ဟန္ပၝ။ သုိႛေပမဲ့ လူၾကဳိက္အမဵားဆုံး သတင်း (sites) တွေတောင်မှ အမြတ်ရလောက်တဲ့ ကြော်ငြာ ဝင်ငွေမရကြသေးပၝဘူး။
အင်တာနက် အသုံးပြုသူတွေဟာ (Web) တွေရဲႚ သတင်း (sites) တွေဆီက ဘာလိုခဵင်ကြသလဲ ဆိုတာကို ခုထိ ဘယ်သူမှ တိတိကဵကဵ မပြောနိုင် ကြသေးပၝဘူး။ (Pew) သုတေသန စင်တာရဲႚ ၂၀၀၀ ပြည့်နှစ်၊ လေ့လာခဵက် တခုကတော့ သတင်းတွေကို ပ္ဘိုပီး စိတ်ဝင်စားတဲ့ ပညာတတ် အမေရိကန်တွေဟာ တီဗွီ သတင်းတွေကို အကြည့်နည်းလ္ဘာပီး အင်တာနက် သတင်းတွေကိုပဲ ပ္ဘိုပီး ဖတ်လာကြတယ်လိုႛ ဖော်ပြတယ်။ အကြောင်း တခုကတော့ အဲဒီ ပုဂ္ဂိုလ် တွေဟာ အလုပ်ခွင်မှာရော အိမ္မွာပၝ ကြန္ပဵဴတာ သုံးနေကြသူတွေဖြစ်တယ်။ကွန်ပျူတာနဲႛ အ္ဘမဲတမ်း လက်တကမ်းမှာ ရှိနေသူတွေဖြစ်လိုႛ သူတိုႛ အလိုရှိချိန်မှာ အင်တာနက် သတင်းကောက်ဖွင့် ကြည့်ရုံပၝပဲ။
အသက် ၁၈နှစ်နဲ့ ၁၉နှစ်ကြား လူငယ် လူ႟ရွယ်တွေဟာ ယေဘုယဵ အားဖြင့် သတင်းတွေကို စိတ်မဝင်စားကြတော့ဘူး။ ဒၝပေမဲ့ ခုတော့ အင်တာနက် သတင်းတွေကို သူတုိႛက အၾကည့္ခဵင္ဆုံး ဖြစ်လာတယ်။ အဲဒီ အသက် အပိုင်းအခြား အ႟ရွယ်တွေဟာ အလဵင်မြန်ဆုံး တိုးပွားလာနေတဲ့ အင်တာနက် သတင်းဖတ် ပရိသတ် ဖြစ်နေသတဲ့။ သူတိုႛဟာ ခုဆိုရင် တီဗွီမကြည့်သလောက် ဖြစ်န္ဘေပီ။ သတင်းစာ ဖတ်တာလည်း နည်းသွားတယ်လိုႛ ဆိုပၝတယ်။
အင်တာနက် သတင်းတွေကြည့်ရတာ သူတုိႚအဖုိႚ အခဵိန္ကုိ သက္သာတယ္။ တစ္ခၝတေလ ခေၝင်းစဉ်တွေပဲ လျှောက်ကြည့်္ဘပီး စိတ်ဝင်စားတဲ့ သတင်းကဵမှအကဵယ်ဖွင့်ကြည့်တယ်လိုႚ ဆိုပၝတယ်။
ခြုံ္ဘပီး ပြောရမယ်ဆိုရင် အင်တာနက် သတင်းလုပ်ငန်းဟာ သက်တမ်းနု သေးပေမယ့် သူႚရဲႚ အနာဂတ္ဟာ ပုိ႓ပီး ကဵယ္ျပန္ႚလာဖုိႚ သေခဵာတယ်။ အင်တာနက် သတင်းလုပ်ငန်းကို ထိထိရောက်ရောက် ဝင်လုပ်နေကြတာလည်း နယူးယောက်တိုင်းမ်းတိုႚ၊ ဝၝရွင္တန္ပုိႚစ္တုိႚလုိ အစဥ္အလာၾကီးတဲ့ သတင်းစာ လုပ်ငန်းတွေ၊ ABC တုိႚ၊NBC တုိႚလုိ အင်တားတောင့်တင်းတဲ့ တီဗGီနက်ဝပ်တွေက အဓိက ဖြစ်ပၝတယ်။
အင်တာနက် အသုံးပြုသူတွေဟာ အကန်ႛအသတ် ရှိတဲ့ တယ်လီဖုန်းလိုင်း စနစ်ကနေ ဘရော့ဒ်ဘင်း ((Broadband Fiber-opitic cable) ) စနစ်ကို အားလုံး ပြောင်းနိုင် က္ဘြပီ ဆိုရင် သတင်း ထုတ်လွှင့်မှု ဆိုင်ရာ အရည်အသွေးပိုင်း သာမက ဖေဵာ်ဖြေရေးပိုင်း အားဖြည့်မှုတွေကိုလည်း တောင်းဆိုလာကြမှာ ဖြစ်တယ်။ သေခဵာတာကတော့ (Web) ပရိသတ်ဟာ အတိုင်းအဆ မရှိကြီးမားလာမှာပဲ ဖြစ်ပၝတယ်။

မောင်ဝံသ ဘာသာပြန်သည်။
/www.myanmarisp.com မှ ကူးထား၏။

Wednesday, June 3, 2009

networking-တဲ့ ဟေ့

နားလည်တာ မလည်တာက တစ်ပိုင်းပဲလေ။ကြုံရင် ထုတ်ပစ်ဖို့ လက်နက်လေးရှိထားတော့ နေရထိုင်ရ စိတ်လုံတာပေါ့။ဒါကြောင့် စုဆောင်းထားလေသတည်း။

ကွန်ပျူတာ နည်းပညာတဲ့ဗျ

နောင်တချိန်မှာ လိုအပ်ရင် လက်ကမြင်းရအောင် ။ဝါသနာပါတဲ့ လူတွေ ဖတ်ရအောင် စုထားတဲ့ ဟာလေးတွေပေါ့။

Sunday, May 31, 2009

မြန်မာနိုင်ငံနှင့် G-Talk ပြဿနာ

May.30, 2009 in နည်းပညာရပ်ဝန်း 1 Comment

ကျွန်တော်ရေးမယ်..ရေးမယ်နဲ့ မရေးဖြစ်ဘူးလေ…အခုမှ မဖြစ် ဖြစ်အောင်ရေးမယ်လို့ ဆုံးဖြတ်ပြီး ထရေးလိုက်တာပါ…မြန်မာနိုင်ငံမှာ G-mail, G-talk ကို စသုံးလို့ရတာ ၂၀၀၄ ကထင်တယ်..သေချာတော့ မသိတော့ဘူး..အဲဒီနောက်ပိုင်း G-talk က မြန်မာနိုင်ငံမှာ တဖြည်းဖြည်းနဲ့ အသုံးဝင်လာခဲ့တယ်….နေရာယူလာခဲ့တယ်..အဲ..အဒီက ပြောချင်တာက မြန်မာနိုင်ငံမှာ gtalk ကို chatting လုပ်ဖို့လောက်ပဲ သုံးကြတယ်ဆိုတာပဲ…နောက်ထက်ပြဿနာ က Gtalk ပေါ်ပြီးနောက်ပိုင်း MIRC chatroom ဆိုတာ ရှိတယ်ဆိုလောက်သာ အသုံးဝင်တော့တယ်…ဒီထက်ဆိုးတာက အင်တာနက် အသုံးပြုတဲ့ လူ အယောက်၁၀၀ မှာ ၉၉ ယောက်လောက်က chatting မှာပဲ အချိန်ကုန်ကြတာပဲ…ဒါကို အယင်က ဂျာနယ် တွေမှာလည်း ရေးကြတာပါပဲ…ကျွန်တော်က ကိုယ်တိုင်ကြုံရမှ အော် ဟုတ်ပါလားလို့ သြော်ချရတယ်လေ…မြန်မာနိုင်ငံမှာ လူငယ်ဆိုတာ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ်တွေပါ…သူတို့တွေ အလာကား chatting လုပ်ယုံနဲ့ အချိန်တွေ မကုန်စေချင်ဘူးလေ…နည်းပညာ ကို စိတ်ဝင်စားယင် နည်းပညာကို လေ့လာလို့ရတယ်…ပညာရေးကို စိတ်ဝင်စားယင် ပညာရေးကို လေ့လာလို့ရတယ်…ဒီလောက် တိုးတက်နေတဲ့ ခေတ်မှာ မြန်မာနိုင်ငံ နောက်ကျခဲ့တာ ဘာကြောင့်လည်းတွေလို့ ရပါတယ်…နောက် တက်တဲ့ လူတွေကလည်း ပညာကို ဖြန့်ဖြူးဖို့ မလုပ်ချင်ကြဘူး…ပိုက်ဆံပေးပြိးတော့ ၀ယ်နေရတယ်…နည်းပညာကို တကယ်စိတ်ဝင်စားပြီး ပိုက်ဆံမရှိယင် နည်းပညာခေတ်မှာ ဘာမှဆက်လုပ်လို့ မရတော့ဘူး…ကျွန်တော်လည်း လူငယ်တစ်ယောက်ပါ…chatting မလုပ်ဘူးလားမေးယင် လုပ်ပါတယ်…အမြဲတမ်းမဟုတ်ပါဘူး…ကျွန်တော် အင်တာနက်ဆိုင်ကို ရောက်ယင် ဘာလုပ်လဲ..Gmail ဖွင့်တယ်…မေးလ် အသစ်ရောက် မရောက် စစ်တယ်…ပြီးယင် ဖိုရမ်တက်တယ်…လိုတာမှန်သမျှ အကုန်ရနေတဲ့ ခေတ်မှာ ဘာလို ရအောင်မယူနိုင်ကြလဲဆိုတာ စဉ်းစားစရာပဲလေ…ဒီလူငယ်တွေ နည်းပညာကို စိတ်မ၀င်စားလို့ မဟုတ်ပဲ..စိတ်ဝင်စားလျှက်နဲ့ စိတ်အလိုလိုက်ပြီး chatting ၀င်ယင်း အချိန်တွေကို ဖြုန်းတီး ပစ်ကြတယ်…ကျွန်တော် က အခု အင်တာနက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာလေ..ဒီတော့မှ လူတွေ အင်တာနက် ကို ဘာအတွက်သုံးကြတယ်ဆိုတာ ပိုသိလာရတယ်…ကျွန်တော်ပြောသလို ၁၀၀ မှာ ၉၉ ယောက်လောက်က chatting လုပ်ယုံကလွဲလို့ ဘာမှ မလုပ်ကြဘူး…ဒီထက်ဆိုးတာက chatting တာ လုပ်နေကြတာ Gmail ထဲမှာ ပါတဲ့ Feature တွေကို တောင် မသိတဲ့လူတွေက အများကြီး ရှိသေးတယ်..password မပြောင်းတက်တာတို့..အချို့ဆို ထပြန်သွားယင် Gtalk ကိုတောင် မထွက်သွားကြဘူး…ဒီအတိုင်းထပြန်သွားကြတယ်…သူတို့တွေအတွက် အင်တာနက်ဟာ အွန်လိုင်း ချက်တင် လုပ်ဖို့ပဲလို့ ထင်နေကြတာလေ…ဒီအတိုင်းတာဆိုယင်တော့ မြန်မာနိုင်ငံဟာ နည်းပညာ ခေတ်မှာ ဘယ်သူကိုမှ မယှဉ်နိုင်ပဲ နောက်ကြကျန်ခဲ့မှာကို စိုးရိမ်ရတယ်…လူငယ်တွေကို နည်းပညာကို စိတ်ဝင်စားလာအောင် စွဲဆောင်နိုင်တဲ့ အချက်တွေပေါ်လာပြီး မြန်မာလူငယ်အချို့ chatting လုပ်တဲ့ ၀ဋ်က လွတ်လို့ နည်းပညာကို လေ့လာလိုက်စားကြပါစေလို့ ပဲ ဆုတောင်းနေရမယ်ထင်တယ်…နော်

Sunday, May 17, 2009

မြန်မာဘလောဂ့်တွေကြားမှေးမှိန်နေတဲ့အခွင့်အလမ်းများ

(ရေးသားသူ - S.S.)


အခုဆိုရင် မြန်မာဘလောဂ့်လောကမှာ ဘလောဂ့်ရေးသူတွေများပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကိုခွဲခြားစိတ်ဖြာကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒိုင်ယာရီသဘောမျိုးရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက်ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကိုအသုံးချပြီး အဖွဲ့အစည်းအရတိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရတိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။

ရွှေဝါရောင်တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ခေါ်ခံခဲ့ရတဲ့ပြည်သူတွေကတဆင့် မြန်မာပြည်ကသတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး တစ်နှစ်ကျော်ကြာတဲ့အခါ သတင်းတွေနဲ့အတူ အတင်းအဖျင်းတွေပါ ရှိလာတယ် ။ နေ့တဒူဝကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေ ကိုယ်ရထားတဲ့ဗဟုသုတနည်းပညာတွေကို ဟိုတစဒီတစ ပြန်လည်ဝေမျှတာတွေလည်း ရှိတယ် ။ ဘလောဂ့်ပေါ်က အနုပညာရသ၀န်းကျင်ဟာလည်း နာမည်ကြီးစာရေးဆရာတွေသာမက တက်သစ်စတွေ အနုပညာပါရမီရှိသူတွေနဲ့ ကျယ်ပြန့်လာတယ် ။ မြန်မာဘလောဂ့်တွေကြားမှာ ဘလောဂါ့ချင်းခင်မင်ရင်းနှီးမှုတွေရှိကြတယ် ၊ ဘလော့ဂါစင်မီနာတို့ ဘလော့ဂါဂဲသားရင်းတို့လုပ်ကြတယ် ၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေ ရကြတယ် ။ တချိန်တည်းမှာ အမြင်မတူ မကြည်ဖြူသူတွေလည်း ရနိုင်တယ် ။ ဟန်ဆောင်မှုတွေပြည့်ကျပ်လာတယ် ။ အဲလိုအခြေအနေတွေကြား စဉ်းစားသင့်တဲ့အချက်တချက်က မြန်မာဘလောဂ့်တွေကို အဲလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အဆင့်လောက်မှာပဲ အဓိကထားပြီး ရပ်တန့်နေတော့မလား ။

တနေ့တခြားတိုးပွားလာတဲ့မြန်မာဘလောဂ့်တွေကြား ဘယ်သူမှစဉ်းစားမိပုံမရတဲ့မေးခွန်းကတော့ မြန်မာဘလောဂ့်တွေဟာ နိုင်ငံတကာဘလောဂ့်လောကနဲ့ယှဉ်ရင် ဘယ်လိုအဆင့်အတန်း အခြေအနေမှာ ရောက်နေပြီလဲဆိုတဲ့မေးခွန်းပါပဲ ။ အဲဒီအဆင့်အတန်းဆိုတာဟာ ဘန်နာဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာထက် ၊ ကိုယ့်ဘလောဂ့်မှာ ဟစ်ဘယ်နှစ်ခုရနိုင်တယ်ဆိုတာထက် ၊ ပို့စ်တခုမှာ ကွန်မန့်ဘယ်လောက်ရှိနိုင်တယ်ဆိုတာထက် ၊ ဘလောဂ့်ကိုဘယ်လိုလှပအောင်မွန်းမံတယ်ဆိုတာထက် ၊ မြန်မာဘလောဂ့်တွေဟာ မြန်မာလူမျိုးတွေရဲ့လက်ရှိအခြေအနေပိုတိုးတက်ဖို့ ကမ္ဘာမှာရင်ဘောင်တန်းနိုင်ဖို့ ဘယ်လိုပံ့ပိုးနေသလဲဆိုတာပဲ ဖြစ်ပါတယ် ။

နိုင်ငံတကာရဲ့ဘလောဂ့်လောကကိုလေ့လာမယ်ဆိုရင် ပထမဆုံးစိတ်ဝင်စားစရာအချက်ကတော့ ဘလောဂ့်တွေကို ပညာရေးနယ်ပယ်တွေမှာအသုံးပြုလာကြတာပါပဲ ။ ဒါဟာဘာကြောင့်လဲဆိုတော့ ခုခေတ်မှာကျင်လည်နေသူတွေဟာ ဒစ်ဂျစ်တယ်လ်ခေတ်ရေစီးကြောင်းပေါ် အလိုအလျောက်စီးနင်းလိုက်ပါနေကြသူတွေဖြစ်တဲ့အတွက် ကွန်ပြူတာ ၊ အင်တာနက် စတာတွေနဲ့ ယဉ်ပါးနေပါတယ် ။ သူတို့ရဲ့သင်ကြားလေ့လာမှုတွေမှာ သူတို့ယဉ်ပါးတဲ့အရာတွေကို အထောက်အကူအဖြစ်သုံးရင် ပိုထိရောက်မှုရှိနိုင်တယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြတယ် ။ နောက်တချက်ကတော့ ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်း (collaborative learning) ၊ အပြန်အလှန်နှီးနှောဖလှယ်သည့်သင်ယူခြင်း (interactive learning) မျိုးတွေကို စာသင်ခန်းတွေမှာ ကျောင်းသားကျောင်းသူတွေကြားဖြစ်ထွန်းစေဖို့ ကြိုးစားလာကြပါတယ် ။ ဘာလို့လဲဆိုတော့ လူတယောက်ဟာတစ်ယောက်တည်းသင်ယူတာထက် ၊ အားလုံးပေါင်းပြီး တစ်ယောက်ချင်းစီရဲ့ အကြံဥာဏ် စိတ်ကူးတွေနဲ့ပံ့ပိုးပြီးတည်ဆောက်မယ်ဆိုရင် သင်ယူခြင်းမှာပိုပြီးထိရောက်နိုင်ပြီး အသိပညာပိုတိုးပွားစေတယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြပါတယ် ။ အဲလိုလုပ်နိုင်ဖို့ ဘလောဂ့်တွေကိုအသုံးချနိုင်တာကို တွေ့ရှိသွားကြပါတယ် ။

ဒါကြောင့် နိုင်ငံတကာဘလောဂ့်လောကမှာ ပညာရေးဘလောဂ့်တွေပဲ သီးသန့်စုပေါင်းထားတဲ့နေရာဖြစ်တဲ့ EDUBLOG ဆိုတာရှိလာပါပြီ ။ အဲဒီနေရာဟာ ဆရာဆရာမတွေ ကျောင်းသားတွေအတွက် စာသင်ကြားရာမှာဘလောဂ့်ကိုအလွယ်တကူသုံးနိုင်ဖို့ သီးသန့်တည်ထောင်ပေးထားတာဖြစ်ပါတယ် ။ လက်ရှိ အဲဒီနေရာမှာဘလောဂ့်ပေါင်း နှစ်သိန်းကျော်အထိရှိနေပါပြီ ။ သူတို့ဟာဘလောဂ့်တွေကိုစာသင်ကြားရေးပိုင်းမှာ ဘယ်လိုအသုံးချကြပါသလဲ ။

သင်္ချာဆရာတယောက်ကထောင်ထားတဲ့ Mathblog မှာ တနေ့တာအတန်းထဲမှာ သင်လိုက်တဲ့သင်ခန်းစာနဲ့ပတ်သက်ပြီး ကျောင်းသားတွေက တလှည့်ချင်းစီ ဘလောဂ့်ပေါ်မှာပို့စ်အနေနဲ့ သူတို့နားလည်သလို ပြန်လည်ရှင်းပြထားတာတွေရှိပါတယ် ။ အတန်းထဲက တခြားကျောင်းသားတွေက အဲဒီပို့စ်တွေမှာ ကွန်မန့်တွေဝင်ရေးရင်းဆွေးနွေးကြပါတယ် ။ သူတို့သင်ရတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့ အင်တာနက်ပေါ်က ၀က်ဆိုဒ်လင့်ခ်တွေကိုလည်း ကွန်မန့်တွေမှာပေးပြီး ဝေမျှကြပါတယ် ။ ကျောင်းသားချင်းရှင်းပြထားတဲ့အရေးအသားဟာ သူတို့ချင်းနားလည်နိုင်တဲ့ စကားလုံးအသုံးအနှုံးတွေကိုသုံးတတ်ကြတဲ့အတွက် တခါတလေကျတော့ စာအုပ်ထဲကရှင်းပြထားတာထက် ပိုထိရောက်စေပါတယ် ။ အဲဒီဘလောဂ့်မှာ သင်္ချာဆရာရဲ့ပါဝင်မှုက ကျောင်းသားတွေရဲ့တင်ပြချက်တွေ ဆွေးနွေးတာတွေကို လမ်းမမှားရလေအောင် လိုအပ်တဲ့အခါဝင်ရောက်ပြီး ဂိုက်လုပ်ပေးတာမျိုးပါပဲ ။ တခါတလေ သူကိုယ်တိုင်လည်း ကျောင်းသားတွေအတွက် လိုအပ်မယ့်အချက်အလက်တွေကို ပို့စ်အနေနဲ့တင်ပေးပါတယ် ။ အဲလိုလုပ်တဲ့အခါ ကျောင်းသားနဲ့ဆရာကြား ပူးပေါင်းဆောင်ရွက်တာမျိုးတွေဖြစ်လာပြီး ဆရာနဲ့ကျောင်းသားကြားမှာ တသီးတသန့်ကြီးဖြစ်တာမျိုး မခံစားရတော့ပဲ ပိုမိုရင်းနီးစေပါတယ် ။ ကျောင်းသားတွေကလည်း သူတို့အထင်အမြင် အတွေးအခေါ်တွေကို ပွင့်လင်းစွာထောက်ပြရဲလာပါတယ် ။ အဲလိုဘလောဂ့်မျိုးကို သင်္ချာဘာသာတင်သာမက သိပ္ပံ ၊ ပထ၀ီ ၊ သမိုင်း စတဲ့ဘာသာရပ်အမျိုးမျိုးမှာ အသုံးပြုထားတာတွေ တွေ့ရပါတယ် ။

ဆရာဆရာမတွေသုံးတတ်တဲ့နောက်တမျိုးကတော့ အကြောင်းအရာ အချက်အလက်တွေကို ဖြန့်ဝေတဲ့သဘောမျိုးပါပဲ ။ နောက်ထပ်သင်္ချာဆရာမတယောက်ရဲ့ Class Connection ဘလောဂ့်မှာ တစ်ပတ်စာအတန်းထဲမှာသင်ကြားခဲ့တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ၊ လေ့ကျင့်ခန်းထပ်ရမယ့်နေ့ရက်တွေ ၊ ကျောင်းမှာဖြစ်နေတဲ့ ကျောင်းသားတွေသိသင့်တဲ့ တခြားအရေးကြီးတဲ့အစီအစဉ်တွေအကြောင်းပါရှိတယ် ။ ဒီဘလောဂ့် ကျတော့လည်း ကလေးတွေအတန်းထဲမှာဘာတွေသင်နေတယ် ဘာတွေလုပ်ကြမယ်ဆိုတဲ့အစီအစဉ်တွေ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတဲ့မှတ်တမ်းတွေနဲ့ဓါတ်ပုံတွေကို မိဘတွေသိအောင် ဘလောဂ့်ကိုသုံးပြီးဝေမျှပါတယ် ။

နောက်တမျိုးကတော့အင်္ဂလိပ်စာသင်ကြားရာမှာဖြစ်ဖြစ် ၊ ဘာသာစကားတခုခုကို သင်ကြားရာမှာဖြစ်ဖြစ် ဘလောဂ့်ကိုအွန်လိုင်းဒိုင်ယာရီအဖြစ် နေ့စဉ်ရေးခိုင်းတာပါပဲ ။ အဲလိုရေးပြီး ဆရာအပြင်ကျောင်းသားအချင်းချင်း အပြန်အလှန်ဖတ်ကြ ကွန်မန့်တွေရေးကြနဲ့ ဘာသာစကားတခုကို ပေါ့ပေါ့ပါးပါးနဲ့သင်ယူနိုင်ပါတယ် ။ ဒိုင်ယာရီလိုကိုယ်ရေးချင်တာကိုရေးတဲ့အခါ ရေးတဲ့သူအတွက်လည်း ဘာရေးရမှန်းမသိဖြစ်နေတာမျိုးမရှိတော့သလို ဖတ်တဲ့သူအတွက်လည်း ဖတ်စာအုပ်ထဲကစာပိုဒ်တွေမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတဲ့အတွက် စိတ်ဝင်စားမှုရှိစေပါတယ် ။

ဘလောဂ့်ဆိုတာပညာရေးပိုင်းမှာသာမက အလုပ်နဲ့သက်ဆိုင်တဲ့နေရာတွေ ပညာသည်တွေက သူတို့အတွေးအခေါ် ထင်မြင်ယူဆချက် အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်တဲ့နေရာမှာလည်း အသုံးပြုလို့ရပါတယ် ။ အဲလိုဘလောဂ့်တွေက အကြောင်းအရာ အချက်အလက်တွေဟာ သာမန်ဘလောဂ့်တွေမှာရေးထားတဲ့အကြောင်းအရာတွေလိုမဟုတ်ဘဲ ယုံကြည်နိုင်လောက်တဲ့အရည်အချင်း (credibility) အပြည့်အ၀ရှိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီဘလောဂ့်ကိုရေးသားသူတွေဟာ သူတို့ရေးသားထားတဲ့အကြောင်းအရာတွေနဲ့ဆက်စပ်တဲ့နယ်ပယ်မှာ ယုံကြည်ရတဲ့အရည်အချင်းရှိသူတွေဆိုတာ စာဖတ်သူတွေက သိရှိထားကြပါတယ် ။ အဲဒီအခါ သူတို့ဘလောဂ့်တွေဟာ အပျင်းပြေသဘောနဲ့ဖတ်တာမဟုတ်တော့ပဲ အချက်အလက်တွေကို သင်ကြားမှတ်သားစရာနေရာတခုဖြစ်လာပါတယ် ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်ရှိပြီး အဲဒီနိုင်ငံတွေကပညာတွေ အလုပ်အတွေ့အကြုံတွေရရှိထားတဲ့ မြန်မာဘလောဂါ့တွေဟာလည်း ကိုယ်နဲ့သက်ဆိုင်ရာနည်းပညာပိုင်းနဲ့ပတ်သက်တဲ့ဘလောဂ့်ကို တကိုယ်တည်းဖြစ်စေ အုပ်စုဖွဲ့ပြီးဖြစ်စေ လုပ်နိုင်ပါတယ် ။ အဲလိုဘလောဂ့်တွေဟာ မြန်မာပြည်ထဲမှာ အဲဒီနည်းပညာပိုင်းကိုလေ့လာသင်ကြားနေတဲ့တက်သစ်စမျိုးဆက်တွေကို သင်ကြားပို့ချရာနေရာ၊ အဲလိုနည်းပညာပိုင်းမှာလုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပညာနှီးနှောဖလှယ်ရာ နေရာတနေရာ ဖြစ်လာနိုင်ပါတယ် ။ ပြည်တွင်းနဲ့ပြည်ပမှာရှိနေပေမယ့် မြန်မာလူမျိုးချင်း ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်းမျိုးနဲ့အတူ မြန်မာပြည်တိုးတက်ရေးအတွက်လည်း တီထွင်ကြံစ စိတ်ကူးဥာဏ်တွေကို တစစီပိုပိုကြီးပွားလာအောင် ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါမယ် ။

ဘလောဂ့်ရဲ့အားသာချက်ထဲကတခုကတော့ ဘလောဂ့်ဆိုတာပေါ့ပါးသွက်လက်တဲ့အသွင်ရှိပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ဘောင်ခတ်ထားတဲ့နေရာမျိုးဖြစ်မနေတဲ့အတွက် အသုံးပြုသူတွေအတွက် စိတ်ကျဉ်းကျပ်တာမျိုးမဖြစ်စေပါဖူး ။ နောက်ပြီးဘလောဂ့်ဆိုတာ ခုခေတ်လူငယ်တွေနဲ့ နီးစပ်တဲ့အရာတခုလည်းဖြစ်ပါတယ် ။ ဒါ့အပြင်ဘလောဂ့်ထဲမှာ ဓါတ်ပုံတွေပြတာပဲဖြစ်ဖြစ် ဗွီဒီယိုထည့်တာပဲဖြစ်ဖြစ် အသံဖိုင်ထည့်တာပဲဖြစ်ဖြစ် စတဲ့ တခြား application အမျိုးစုံကိုလည်း ထည့်လို့ရတဲ့အတွက် စိတ်ဝင်စားစရာဖြစ်အောင်လုပ်နိုင်ပါတယ် ။

စိတ်ကူးအကြံဥာဏ်တွေကို မြန်မာအများစုဆွေးနွေးဖလှယ်လေ့ရှိကြတဲ့နေရာကတော့ Discussion Boards/ Forumတွေပါပဲ ။ အဲလိုလုပ်တာဟာလည်းအကျိုးသက်ရောက်မှုရှိနိုင်ပေမယ့် အဲဒီနေရာတွေဟာ စကားလုံးတွေနဲ့ပဲရေးလို့ရပြီး တခြား ဆော့ဖ်ဝဲတွေထည့်ဖို့ ကန့်သက်ချက်တွေရှိတဲ့အတွက် ဘလောဂ့်တွေလောက် စိတ်ဝင်စားစရာကောင်းတဲ့နှီးနှောဖလှယ်နိုင်တဲ့အခွင့်အလမ်းမျိုးတွေ မရှိပါဖူး ။

တခြားဘလောဂ့်လုပ်နည်းတခုဖြစ်တဲ့ Micro-blogging ဆိုတာ ခေါင်းထဲလျှပ်တပြက်ပေါ်လာတဲ့အတွေး ချက်ချင်းလက်ငင်းဖြစ်နေတဲ့အခြေအနေ စတာတွေကို ဘလောဂ့်ပို့စ်အသေးစားလေးတွေလိုလုပ်ပြီး အများကိုအသိပေးဝေမျှတာမျိုးဖြစ်ပါတယ် ။ Micro-blogging လုပ်တဲ့ဆိုဒ်တွေများပေမယ့် လူသုံးအများဆုံးကတော့ Twitter ပဲဖြစ်ပါတယ် ။ အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် ရုပ်ရှင်မင်းသားမင်းသမီးတွေကအစ နိုင်ငံပေါင်းစုံကပညာရှင်တွေအထိ သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို သူတို့ကိုအားပေးနေသူတွေ စိတ်ဝင်စားနေသူတွေသိရအောင် ၊ ဒါမှမဟုတ် သူတို့ဝေမျှချင်တဲ့ စိတ်ကူးအကြံအစည်တွေ အကြောင်းအရာအချက်အလက်တွေကို အားလုံးဆီရောက်ဖို့ Twitter ကိုအသုံးပြုတတ်ကြတယ် ။ အဲလိုအသုံးပြုလိုက်တဲ့အတွက် လူအများကြီးဆီ တချိန်တည်းရောက်အောင်လုပ်နိုင်တဲ့ မီဒီယာပါဝါမျိုးရှိစေပါတယ် ။

မြန်မာဘလောဂ့်လောကမှာလည်း ကိုယ့်ရဲ့လက်ရှိအခြေအနေကိုအသိပေးဖို့ Twitter ဆိုတာကို သုံးလာကြတာတွေ့ရပါတယ် ။ ဒါပေမယ့် Twitter ထဲမှာ မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ပေးတဲ့ Burmanewsnet, Burma Campaing UK, US for Burma စတဲ့အကောင့်တွေမှာ သတင်းယူတဲ့မြန်မာတွေနည်းပါးသလို သူတို့တွေရဲ့သတင်းတင်နှုန်းကလည်း အမြဲမရှိတာတွေ့ရပါတယ် ။ NY Times, CNN Breaking News စတဲ့ နိုင်ငံတကာမီဒီယာတွေကတောင် Twitter ကိုသုံးပြီး သတင်းခေါင်းစဉ်တွေကို စာဖတ်သူတွေဆီဖြန့်ဖို့ကြိုးစားနေတဲ့အချိန် မြန်မာလောက (ဘလောဂ့်နှင့် မီဒီယာများ) ကတော့ Twitter ရဲ့မီဒီယာပါဝါကို သေချာမသုံးသပ်မိလေသလားလို့ ထင်စရာဖြစ်လာပါတယ် ။

ဒါ့အပြင် မြန်မာတွေကြားမှာ Twitter ကို အကြောင်းအရာ ဗဟုသုတရယူဖို့အတွက်တော့သုံးတာ မတွေ့ရသေးပါဖူး ။ နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးသုံးထားတဲ့နမူနာကိုပြရရင်တော့ ABC News မှာကြည့်လိုက်ရတဲ့ ဆရာဝန်တွေခွဲစိတ်ကုသခြင်းတခုလုပ်နေတုန်း Twitter ကိုသုံးပြီး ဆေးတက္ကသိုလ်ကျောင်းသားတွေကို သင်ပြပေးတဲ့ဗွီဒီယိုပါ ။ ခွဲစိတ်ခံရတဲ့လူနာရဲ့သဘောတူညီချက်နဲ့အတူ အဲဒီခွဲစိတ်ကုသခြင်းကို live video transmission လုပ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေကြည့်နိုင်အောင် အင်တာနက်ကထုတ်လွှင့်ခဲ့ပါတယ် ။ ပြီးတော့ Twitter ကိုသုံးပြီး ကျောင်းသားတွေကမေးခွန်းတွေမေးတာကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ဆရာဝန်ခွဲစိတ်နေတာကိုအသေးစိတ်မြင်ရပြီး ဒါကဘာလို့ဒီလိုလုပ်တာလဲ ဆိုတဲ့မေးခွန်းမျိုး ချက်ချင်းမေးနိုင်တဲ့အတွက် သူတို့အတွက်အများကြီးအကျိုးရှိခဲ့ပါတယ်လို့ ဖြေကြားခဲ့ကြပါတယ် ။

နိုင်ငံတကာဘလောဂ့်လောကမှာ အထက်မှာဖော်ပြခဲ့သလို ဘလောဂ့်ဆိုတာကိုအကျိုးရှိအောင် အသုံးပြုနေတာကိုကြည့်ပြီး လွန်ခဲ့တဲ့သုံးနှစ်နီးပါးလောက်ကစပြီး စည်ကားလာခဲ့တဲ့မြန်မာဘလောဂ့်လောကမှာတော့ လိုအပ်နေတာတွေအများကြီးရှိပါသေးလားလို့ တွေးမိပါတယ် ။ သူတို့လိုပဲထပ်တူလုပ်ရမယ်လို့တော့ မဆိုလိုပါဖူး ။ ဒါပေမယ့် ခေတ်နဲ့ရင်ဘောင်တန်းချင်ရင်တော့ နိုင်ငံတကာမှာ ဘလောဂ့်တွေကို ဘယ်လိုသုံးနေကြပါလားဆိုတာကို စူးစမ်းလေ့လာကြည့်ဖို့လိုအပ်လာပါပြီ ။ နိုင်ငံပေါင်းစုံမှာရောက်ရှိနေကြတဲ့မြန်မာတွေ စုဝေးနားခို စိတ်ပျော်ရွှင်မှုရစေတဲ့ ပေါ့ပေါ့ပါးပါးနေရာတခုအဖြစ် မြန်မာဘလောဂ့်လောကတည်ရှိနေတာဟာ မကောင်းတဲ့အချက်တော့မဟုတ်ပါဖူး ။ လူတိုင်းဟာဘ၀မှာရွေးချယ်မှုတွေရှိကြတယ် ။ တချို့က စိတ်ဖြေသာရာအတွက်ပဲဦးစားပေးရွေးချယ် ဘယ်လိုအခြေအနေရောက်ရောက် တင်းတိမ်တတ်ကြတယ် ။ တချို့ကတော့ ဘ၀မှာအမြဲတိုးတက်ရာ တိုးတက်ကြောင်းကို ရှာကြံနေတတ်ကြတယ် ။ ပထမအဖွဲ့လူတွေအတွက်တော့ မြန်မာဘလောဂ့်လောကဟာ အတိုင်းအတာတခုအထိအကျိုးပြုနေနိုင်တာမြင်ရပေမယ့် ၊ ဒုတိယအဖွဲ့ကလူမျိုးတွေအတွက်တော့ မြန်မာဘလောဂ့်လောကက အခွင့်အလမ်းသိပ်ပေးတဲ့ပုံမပေါ်သေးပါဖူး ။

ရွှေဝါရောင်တော်လှန်ရေးကာလက မြန်မာပြည်ထဲကသတင်းတွေအလျင်အမြန်ဖြန့်ပေးနိုင်တယ်ဆိုပြီး ကမ္ဘာကအသိအမှတ်ပြုခံခဲ့ရတဲ့မြန်မာဘလောဂ့်တွေဟာ ခုချိန်မှာတော့ မသေချာမရေရာတဲ့သတင်းတွေပါဝင်နေတဲ့ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) ကိုအသားပေးနေတဲ့အဆင့်မျိုးလောက်မှာရောက်နေတာနဲ့ပဲ တင်းတိမ်ကြတော့မလား ။ အကျိုးမရှိတဲ့ငြင်းခုန်ခြင်းတွေ အတ္တအပြည့်နဲ့ရန်လိုမှုတွေကြား ဘလောဂ့်ပေါ်ကအချိန်တွေကိုကုန်စေတော့မလား ။ ဒါ့အပြင် ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက်ရော ကိုယ်နဲ့ယဉ်ပါးနေတဲ့ဘလောဂ့်တွေကို အသုံးချဖို့စိတ်မကူးကြတော့ဖူးလား ။

စိစစ်ရေး (censorship) မှာ ကမ္ဘာ့အချုပ်ချယ်ဆုံးနိုင်ငံတွေထဲပါဝင်တဲ့ မြန်မာနိုင်ငံကပြည်သူတွေအတွက်တော့ အင်တာနက်ပေါ်ကဘလောဂ့်တွေဟာ သူတို့မရောက်နိုင်တဲ့လောကကိုဝင်ရောက်ခွင့်ပေးတဲ့ ပြတင်းပေါက်လိုပါပဲ ။ အဲဒီပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့အတွေ့အကြုံတွေကို သူတို့စိတ်ဝင်စားကြမယ် ၊ သင်ကြားခွင့်ရတဲ့နည်းပညာတွေဟာ သူတို့အတွက်တန်ဖိုးရှိလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့မြန်မာလူမျိုးတွေဟာ ကိုယ့်အမိမြေမှာ တံခါးပိတ် မျက်စိပိတ် အမှောင်ချထားခံနေရတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဒီဘလောဂ့်တွေကိုသုံးပြီး ပညာဒါနတွေလှူဒါန်းနိုင်မယ့် အခွင့်အလမ်း ၊ အကျိုးရှိတာတွေ လုပ်ပေးနိုင်မယ့်အခွင့်အလမ်းတွေရှိတာ ဘလောဂ့်ရေးသူတိုင်းသိစေချင်ပါတယ် ။

ရှာဖွေလေ တွေ့ရှိလေလို့ဆိုနိုင်တဲ့ အခွင့်အလမ်းကို မရှာဖွေရင်တော့ ကိုယ့်ရှေ့မှောက်မှာရုပ်လုံးပြလာခဲ့ရင်တောင် မြင်တွေ့နိုင်ဖို့ခဲ့ယဉ်းပါတယ် ။ မြန်မာဘလောဂ့်လောကဟာလည်း မြန်မာပြည်ထဲကပြည်သူတွေအတွက် အကျိုးရှိတဲ့ပြတင်းပေါက်တပေါက်ဖြစ်လာဖို့တင်မက ၊ ပြည်ပရောက်မြန်မာဘလောဂါ့တွေရဲ့အရည်အချင်းကို ပိုမိုတိုးတက်လာနိုင်အောင် ပေးနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ် ။ ဒါပေမယ့် ဒီအခွင့်အရေးတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကတော့ မြန်မာဘလောဂါ့တွေပေါ်မှာပဲ လုံးလုံးလျားလျားမူတည်နေပါတယ်လို့ ကောက်ချက်ချလိုက်မိပါတော့တယ် ။


ဤဆောင်းပါးကို သံလွင်မဂ္ဂဇင်း ၂၀၀၉ ခုနှစ် ဧပြီလထုတ် အတွဲ (၃) အမှတ် (၂) တွင်ဖော်ပြပြီးဖြစ်သည် ။

Sunday, May 10, 2009

ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလို ကွန်ပျူတာ ဆော့ဖ်ဝဲ ထွက်ပြီ

ဝဏ္ဏကိုကို

မေ ၈၊ ၂၀၀၉
အိုးပင်းအော့ဖ်ဖစ် ၃.၁ ကို ၂၀၀၉ ခုနှစ်၊ မေလ ၇ ရက်နေ့မှာ အများပြည်သူတို့ အသုံးပြုနိုင်ကြောင်း တရားဝင် ကြေညာလိုက်ရာ၊ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျူတာဆော့ဖ်ဝဲတခုမှာ ဗမာစာ လက္ခဏာများ စတင်ပါဝင် လာပြီဖြစ်ပါတယ်။ ယခု ဆော့ဖ်ဝဲဟာ ကမ္ဘာ့ ပထမဦးဆုံး တရားဝင် ဗမာလိုကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။
ဗမာစာဟာ မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကား တစ်ခုဖြစ်ပြီး၊ လူဦးရေ သန်း ၃၀ ကျော်ဟာ မိခင်ဘာသာ စကားအဖြစ်သုံးစွဲ ကြပါတယ်။ မြန်မာနိုင်ငံကို မှီတင်းနေ့ထိုင်သူတွေ နိုင်ငံရပ်ခြားကို ရေကြည်ရာ မြက်နုရာ ပြောင်းရွေ့လာကြတဲ့အခါ ဗမာစာဟာလဲ ကမ္ဘာ့နိုင်ငံအရပ်ရပ်ကို ပြန့်နှံ့လာပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာ နေထိုင်သူ ကွန်ပျုတာ အသုံးပြုသူတွေဟာ အင်္ဂလိပ်စာ ကျွမ်းကျင်ကြသူတွပေါ။ အဲဒီတော့ “ဘာဖြစ်လို့ ဗမာလို လိုအပ်မှာလဲ …” ဆိုတဲ့ မေးခွန်းရှိပါတယ်။ ဗမာစာ လက္ခဏာတွေ ဆိုတာ ကွန်ပျုတာ မီနှူးတွေကို ဘာသာပြန်တာတစ်ခုထဲ မဟုတ်ပါဘူး။ ပြက္ခဒိန် က ရက်တွေ ကို ဗမာလို တွက်တာ၊ ဗမာနာမည်တွေကို အစီအစဉ်လုပ်တာ (Sorting in Burmese)၊ စာလုံးပေါင်းစစ်တာ စသည်ဖြင့် အများကြီးပါ။

ဗမာစာအကြောင်း ပြီးတော့ အိုးပင်းအော့ဖ်ဖစ် အကြောင်းပြောကြရအောင်။ အိုးပင်းအော့ဖ်ဖစ် ဆိုတာ လွတ်လပ်စွာ အခမဲ့သုံးနိုင်သော ကမ္ဘာ့နာမည်ကြီး ရုံးသုံးစရာအစုံအလင်ပါတဲ့ ကွန်ပျုတာ ဆော့ဖ်ဝဲ တစ်ခုပါ။ အဓိကပံ့ပိုးသူက Sun Microsystem ဖြစ်ပြီးတော့ အိုပင်းအော့ဖ်ဖစ် အဖွဲ့ဝင် တွေက ကူညီထုတ်လုပ်တာပါ။ ကမ္ဘာ့သုံး Open Source License ဖြစ်တဲ့ LGPL (GNU Lesser General Public License) နဲ့ ထုတ်လုပ်တော့ ကမ္ဘာ့ပေါ်မှာရှိတဲ့နိုင်ငံအားလုံးမှာ တရားဝင် အခမဲ့ သုံးနိုင်ပါတယ်။

အိုးပင်းအော့ဖ်ဖစ်မှာ ရုံးသုံးစရာတွေ ဖြစ်တဲ့ စာရေးစရာ (Writer)၊ စာရင်းဇယား ဆွဲဖို့ (Calc)၊ ဒေတာတွသေိမ်းဖို့ (Base)၊ တင်ဆက်ပြသဖို့ (Impress) နဲ့ အတူ ကိရိယာတွေ စုံလင်လှပါတယ်။

၂၀၀၇ ခုနှစ် နှစ်လယ်လောက်မှာ စာရေးသူက ဗမာစာပရောဂျက် (စေတနာ့ဝန်ထမ်း) ကို စတင်ဖို့ အိုးပင်းအော့ဖ်ဖစ်မိသားစုကို တင်ပြခဲ့ပါတယ်။ ဒီအလုပ်ဟာ နိုင်ငံရေးနဲ့ပတ်သက်မှု မရှိပါဘူး။ ဒါပေမယ့် နိုင်ငံရေး နွယ်လာပါတယ်။ အကြောင်းကတော့ ဗမာစာဟာ မြန်မာနိုင်ငံရဲ့ ရုံးသုံးစာဖြစ်နေ့ပြီး၊ စာရေးသူ က အဲဒီ အချိန်မှာ မြန်မာနိုင်ငံမှာ နေထိုင်နေလို့ပါပဲ။

ဒီနေ့ရာမှာ စကားစပ်လို့ အကြောင်းအရာ တစ်ခု ကိုပြောရရင်၊ ၂၀၀၄-၀၅ လောက်ကထင်ပါရဲ့ (နှစ်တော့ အတိအကျ မမှတ်မိတော့ဘူး) မြန်မာနိုင်ငံက ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှုးချုပ် သိန်းဇော်ကိုယ်တိုင် မိုက်ခရိုဆော့ဖ်က President လား CEO လား တာဝန်ထမ်းဆောင်နေတဲ့ Steve Ballmer ဆီကို မိုက်ခရိုဆော့ဖ်ကထုတ်တဲ့ ဆော့ဖ်ဝဲတွေမှာ ဗမာစာထည့်ဖို့ စာရေးဘူးပါတယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူး ကတော့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲတွေမှာ အခုအချိန်အထိ မပါသေးပါဘူး။ အဓိက ပြဿနာက အမေရိကန်ပြည်ထောင်စုအစိုးရ ရဲ့ ပိတ်ဆို့မှုလို့ ခေါ်တဲ့ Sanction နဲ့ စီးပွားရေးတွက်ခြေမကိုက်မှုပါပဲ။

အိုးပင်းအော့ဖ်ဖစ်ကျတော့ စီးပွားရေးကိစ္စထည့်တွက်စရာ မလိုတော့ဘူး။ သူက အခမဲ့လေ။ Sanction ကိစ္စကျတော့ နိုင်ငံရေးဖြစ်လာရော၊ နောက်ဆုံးပေါ် နည်းပညာကို မြန်မာပြည်မပို့ရ ဆိုတဲ့မူနဲ့ အဲဒီအချိန်က မြန်မာနိုင်ငံထဲနေတဲ့ စာရေးသူ ငြိ တော့တာပါပဲ။ ဒါပေမယ့် အိုးပင်းအော့ဖ်ဖစ် မိသားစု ရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်တဲ့ နေရာ (loophole) ကို ရှာတွေ့ခဲ့ပါတယ်။

ဗမာစာကို စိတ်ဝင်စားတဲ့ ဗြိတိန်နိုင်ငံသား Keith Stribley ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ၂၀၀၈ ခုနှစ် ဧပြီလ ပထမ ပတ်မှာ အစမ်း စတင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အစမ်းသုံးစွဲလိုသူတွေအတွက် my.openoffice.org မှာ ဒေါင်းလုတ် လင့်ခ်တွေ ပေးခဲ့ပါတယ်။ မန္တလေးက Alpha Zawgyi အဖွဲ့တွေကလည်း အစမ်းဖိုင် တွေကို သူတို့ရဲ့ ဆာဗာတွေမှာ တင်ခွင့်ပြုခဲ့ပါတယ်။
ပြဿနာ တစ်ခုကြုံပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ ပိတ်ဆို့မှု၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပိတ်ဆို့မှုပါ။ ပုဂံ ဆိုင်ဘာတက် က www.openoffice.org ကို ပိတ်ထားပါတယ်။ အော် … နိုင်ငံရေး မပါ၊ ဘာမပါနဲ့ ဘာလို့များ ပိတ်ရတာလဲ စုံစမ်းကြည့်တော့ အိုးပင်း (open) ဆိုတဲ့ စကားလုံး ပါလို့ သူတို့ရဲ့ကီးဝတ် (Keyword) နဲ့ ငြိဆိုပဲ။ “Closed Home” ဆိုပြီး ပြောင်းဖို့ ကျတော့လဲ လက်တွေ့မှာ မဖြစ်နိုင်ဘူးလေ။ ပုဂံဆိုင်ဘာတက်ကို ဖွင့်ပေးဖို့ နည်းအမျိုးမျိုးရှာပြီး ပြောရပြန်ရော။ နော့က်ဆုံးတော့ အောင်မြင်သွားပါတယ်။
အိုးပင်းအော့ဖ်ဖစ်အဖွဲ့ကလည်း ကုဒ်တွေကို တော်တော် စိစစ် ပါတယ်။ သူတို့ကလည်း ဘာသာစကားပေါင်း ၉၀ ကျော်နဲ့ လုပ်ထားတာလေ။ Keith က သူ့ရဲ့ ကုဒ်တွေကို ၂၀၀၈ ခုနှစ် ဆန်းပိုင်းလောက်ကတည်းက အိုးပင်းအော့ဖ်ဖစ်ကို ပို့ထားတာပါ။ အခုမှ တရားဝင် ထွက်လာတာသာ ကြည့်တော့။ ကြားထဲမှာ သူတို့ရဲ့ မူတွေ၊ စံနှုံးတွေနဲ့ မကိုက်လို့ ပြင်ရတာတွေလည်း အများကြီးပါ။
အခုတော့ တရားဝင်ထွက်လာပါပြီ။ ထွက်လာတော့လဲ အဆင်သင့်ပါ။ ဝင်းဒိုး (Windows) သုံးသူတွေအတွက်သာမက လင်းနစ် (Linux)၊ မက် (Mac) နဲ့ ဆိုလာရစ် (Solaris) အသုံးပြုသူတွေ အတွက်ပါ အသင့်ရှိနေပါပြီ။
လုပ်စရာတွေက အများကြီးကျန်ပါသေးတယ်။ ဘာသာပြန်တာဆိုရင်လဲ ၃၀ ရာခိုင်နှုန်းးသာသာပဲ ပြီးသေးတယ်။ တခြား ဗမာစာလက္ခဏာတွေလဲ ထည့်ဖို့ အများကြီးကျန်သေးတယ်။ ဒါပေမယ့် တက်တက်ကြွကြွလုပ်မယ့်လူက - ကွန်ပျုတာအပိုင်းက Keith ရယ်၊ ဘာသာပြန်အပိုင်းက ဦးမျိုးအောင် (Kanhaiya Verma) ရယ်ပဲရှိတယ်။ စာရေးသူကလည်း ဖြီးစားတာကလွဲလို့ ဘာမှ မလုပ်တတ်။ ပိုဆိုးတာက ဒီအလုပ်က စေတနာ့ဝန်ထမ်းအလုပ်။ ဘယ်ကမှ ပိုက်ဆံမရဘူး။ စိတ်ဝင်စားပါတယ်လို့ ပြောတဲ့လူတွေကတော့များသား။ စွဲစွဲမြဲမြဲ လုပ်မယ့်လူ နောက်ထပ် ပေါ်လာကောင်းပါရဲ့လို့ မျှော်လင့်နေရတယ်။ များများ ဝိုင်းလုပ်ရင် မြန်မြန် ပြီးတာပေါ့။
အခုလို တရားဝင် မထွက်ခင် အစမ်းထုတ်ဝေတုန်းက စမ်းသပ်ပေးခဲ့ကြတဲ့ လူများကို လည်း ကျေးဇူးတင်ပါတယ်။ တရားဝင်ထွက်တယ်ဆိုပေမယ့် အခုမှ စ လုံးရေ စ ရတာပါ။ အမှားတွ ပေါ ခဲ့ရင်လဲ dev @ my.openoffice.org ကို သော်လည်းကောင်း wunnakoko @ openoffice.org ကို သော်လည်းကောင်း ပေးပို့ အကြောင်းကြားမယ်ဆိုရင် ကူညီရာ ရောက်ပါတယ်။ လုပ်စရာတွေက များတော့ ကွန်ပျုတာအကြောင်း နားမလည်လည်း ကူညီချင်သပဆိုရင် ကူညီနိုင်ပါတယ်။ အီးမေးလ်လေးသာ ပို့လိုက်ပါ။
(မိုးမခ မှတ်ချက် - ၀ဏ္ဏကိုကိုသည် မိုးမခ၏ မြန်မာစာယူနီကုတ် ၅.၁ စာမျက်နှာဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် စေတနာဝန်ထမ်းတဦးလည်း ဖြစ်ပါသည်)

Tuesday, May 5, 2009

What is ProfessionalBlogging and How to?[ 2 ]

By Mhaw Sayar on June 4th, 2008
ဘလော့ဂ် ခြင်း အမျိုးအစားများ နှင့် ဘလော့ဂ် တို့၏ အရေးပါမှု အဆင့်အတန်း
Open Diary, LiveJournal, Blogger.com, နှင့် WordPress.com စတဲ့ Blogging Community ကြီးတွေရဲ့ လျင်မြန်စွာ ပေါက်ကွဲ ကြီးထွားမှု တွေနဲ့ အတူ Internet တစ်ခွင်လုံး မှာလည်း ဘလော့ဂ်တွေ၊ ဘလော့ဂ်တွေ မိုးဦးကျ မှိုတွေလို အပြိုင်းပြိုင်း ပေါက်ရောက် လာခဲ့ကြပါတယ်။ တချို့ကလည်း မိမိ ၀ါသနာ ပါတဲ့ အကြောင်းအရာ တွေကို မျှဝေ လိုတဲ့ ဆန္ဒနဲ့ရေး၊ တချို့ကလည်း မိမိရဲ့ အိမ်၊ ကျောင်း၊ အလုပ်က ကိစ္စရပ်များကို မှတ်တမ်းတင်ရာ၊ စိတ်ခံစားမှုများ လျော့ချရာအဖြစ်ရေး၊ တစ်ချို့ကလည်း ကိုယ်နှင့် ကိုယ့်မိသားစုအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း စတာတွေကို မှတ်တမ်း မှတ်ရာ၊ ဒိုင်ယာရီ အနေနဲ့ရေး၊ တချို့ကလည်း ယခင် ကတည်းက ဓာတ်ခံရှိခဲ့တဲ့ စာ၊ ကဗျာ စတဲ့ အနုပညာ တွေကို လွတ်လွတ်လပ်လပ် ကိုယ်တိုင်စာစီ၊ ကိုယ်တိုင် တည်းဖြတ်နိုင်ပြီး ကိုယ်တိုင် ထုတ်ဝေခွင့် ရတဲ့ နေရာတစ်ခုအဖြစ် ရေး စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ဘလော့ဂ် တွေကို ပုံစံမျိုးစုံနဲ့ ကမ္ဘာ အရပ်ရပ်ကလူတွေ ရေးသား လာခဲ့ကြတာကို တွေ့ရမှာပါ။
အဲဒီလို အမျိုးမျိုးသော ပုံစံတွေနဲ့ ရေးသားလာခဲ့ကြတဲ့ ဘလော့ဂ်တွေ ကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။
1. ကိုယ်ရေးကိုယ်တာဆိုင်ရာ (Personal)
2. သတင်းဆိုင်ရာ (News)
3. အတင်းအဖျင်းဆိုင်ရာ (Gossip)
4. နိုင်ငံရေးဆိုင်ရာ (Polities)
5. နည်းပညာဆိုင်ရာ (Technology)
6. အထွေထွေ နှင့် (General)
7. အခြား (Other)
Modern Life က ၂၀၀၆ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ အောက်ပါအတိုင်း ဘလော့ဂ် အမျိုးအစားများ ခွဲခြား ဖော်ပြပြီး လေ့လာ ဆန်းစစ်မှု လုပ်ထားတာကို တွေ့ရပါတယ်။ အခြေပြု ဆန်းစစ်ရာ နောက်ခံ အကြောင်းအရာများ ကတော့ ရေးသားသော အကြောင်းအရာ၊ သုံးစွဲသော ဘလော့ဂ် ဆော့ဖ်ဝဲလ်၊ အသုံးပြုသော ဘာသာစကား၊ နောက်ခံအရောင် အသုံးပြုမှု အစရှိတာတို့ ဖြစ်ကြပါတယ်။
၁။ အသုံးပြုသော ဆော့ဖ်ဝဲလ် အလိုက်
Trends of Blogging Application
အဲဒီ ၂၀၀၆ ကာလက Moveable Type က ၁၅ ရာနှုန်းနဲ့ ဦးဆောင်ကာ၊ WordPress က ဒုတိယလိုက်လို့၊ Blogger.Com ကတော့ စတုတ္ထနေရာ အဖြစ်နဲ့ တွေ့ရှိရပါတယ်။ ( လက်ရှိမှာတော့ WordPress က ဦးဆောင်သူ၊ Blogger.Com က ဒုတိယ ဖြစ်နေပါပြီ။ :) )
၂။ ရေးသားသော အကြောင်းအရာ အလိုက်
Trends of Blogging Types
ဒီနေရာမှာတော့ နည်းပညာ ဆိုင်ရာ ဆိုတဲ့ ကဏ္ဍကို ရေးသားကြသူအများဆုံး ဖြစ်ပြီး အထွေထွေက ဒုတိယလိုက်လို့ နိုင်ငံရေး ဘလော့ဂ်များက တတိယနေရာ လိုက်ပါတယ်။
၃။ အသုံးပြုသော ဘာသာစကား အလိုက်
Trends of Blogging Languages
အင်္ဂလိပ် လိုရေးသားကြသူ အများဆုံးဖြစ်ပြီး ဘာသာစကား တစ်ခုချင်းစီ အလိုက်ကြည့်ရင် ဂျပန်က ဒုတိယလိုက်ပါတယ်။ လူဦးရေ သန်း ၁၀၀၀ ကျော် တရုတ်က စတုတ္ထနေရာမှာပါ။ (Apprenticeship ပြောခဲ့တဲ့ မှတ်ချက်တစ်ခု နဲ့လည်း သွား တိုက်ဆိုင်နေပါတယ်။)
၎။ နောက်ခံအရောင် အသုံးပြုမှု အလိုက်
Trends of Blogging Background Colors
ဘလော့ဂ် တွေရဲ့ နောက်ခံ အရောင် အသုံးပြုမှုမှာတော့ အဖြူရောင် က ပထမနေရာ နဲ့ ဗိုလ်စွဲပါတယ်။
ဒါကတော့ Modern Life ရဲ့ ၂၀၀၆ က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ ဖြစ်ပါတယ်။ ဒီစစ်တမ်းတစ်ရပ်ထက် ပိုမို Update ဖြစ်တဲ့ စစ်တမ်းတစ်ရပ်ကိုတော့ Problogger က ၂၀၀၈ ခုနှစ် အတွင်းမှာပဲ ကောက်ယူ ခဲ့ပါသေးတယ်။ အဲဒီ စာရင်း မှာကတော့ မိမိ ရေးသားတဲ့ အကြောင်းအရာကို လိုက်ပြီး ဘလော့ဂ် အမျိုးအစားခွဲခြားခြင်း ဆိုတဲ့ စစ်တမ်း တစ်ခုသာဖြစ်ပြီး ကျန်တဲ့ ဘာသာစကား၊ အသုံးပြုတဲ့ အရောင် စတဲ့အရာတွေ တော့ မပါဝင်ပါဘူး။ အမျိုးအစားတွေ ကတော့ Modern Life ကထက် ပိုမိုစုံလင်စွာ ခွဲခြား ထားတာကို တွေ့မြင်ရမှာပါ။ Problogger ရဲ့ စစ်တမ်းကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
အထက်ပါ စစ်တမ်း (၂) ရပ် အရကြည့်မယ်ဆိုရင် ဘလော့ဂ် ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးနှင့် အတူ ကြီးထွား ရှင်သန် လာတဲ့ ကွန်ယက် စာမျက်နှာ တစ်မျိုးဟာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ နေ့စဉ် မှတ်တမ်းလောက် အဖြစ် အသုံးပြုရုံသာမကပဲ နယ်ပယ် အသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ အသုံးပြုနေကြတယ် ဆိုတာ ထင်ရှားပါတယ်။ အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံကြီးတွေမှာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး နှင့် အားကစား၊ ကြော်ငြာကဏ္ဍ စတဲ့ အသီးသီးသော ကဏ္ဍကြီးတွေမှာ ၀ဘ်ဘလော့ဂ်တွေကို အစွမ်းထက် လက်နက်တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးချလာခဲ့ ကြတာ ၂၀၀၀ ခုနှစ် အလွန် သက်တမ်းများက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ဘလော့ဂ် လောကကြီး ကြီးထွားရှင်သန်လာခြင်း နှင့် အတူ သူရဲ့ ကြီးကျယ် အစွမ်းထက်မှု ကို အင်တာနက်ကမ္ဘာရဲ့ လူသားတို့ အသိအမှတ်ပြုကြပြီးသကာလမှာ Blog လောကအတွက် အသုံးအနှုန်း ဆိုင်ရာများ၊ Blog ရှာဖွေရေး အင်ဂျင်များ စတာတွေ ပါ သီးသန့် အနေနဲ့ ပေါ်ထွက်လာ ခဲ့ကြပါတယ်။ ကိုယ်ပိုင် Blog တွေကနေတဆင့်လည်း Blogging သင်ခန်းစာများကို ပို့ချရင်း ကမ္ဘာအရပ်ရပ်မှာပါ အောင်မြင်ကျော်ကြားတဲ့ Blogger University ကြီးတွေလို့ ပြောလို့ရအောင် ကြီးကျယ်ထင်ရှားတဲ့ Blog ကြီးတွေ ပေါ်လာတာလည်း မနည်းလှပါဘူး။
အမှန်တစ်ကယ်လည်း ဘလော့ဂ်ဆိုတဲ့ ကွန်ယက်စာမျက်နှာ တစ်မျိုးဟာ ပြုလုပ်ဖန်တီးရန် လွယ်ကူသလောက် အသုံးချသူရဲ့ ကျွမ်းကျင်မှု၊ အချိန်ကာလ၊ နေရာ၊ ဒေသနှင့် လိုအပ်ချက် ကို သိရှိ ဖြည့်ဆည်းပေးနိုင်မှု စတဲ့ အချက်တွေပေါ်ကို မှီခိုပြီး ကြောက်စရာ ကောင်းလောက်အောင် ကို အစွမ်းထက် လက်နက် တစ်ခုအဖြစ် အသုံးချနိုင်တာကို တွေ့ရပါတယ်။
သာဓကအနေနဲ့ ကြည့်မယ်ဆိုရင် ဘလော့ဂ်တွေကို ကွန်ယက်သဖွယ် ထပ်မံချိတ်ဆက်ပြီး ပညာရေးဆိုင်ရာ ဘလော့ဂ်ကွန်ယက် စာမျက်နှာ များ အဖြစ် ထိရောက်စွာ အသုံးချ နေခြင်းကို Wikipedia စာမျက်နှာ က တစ်ဆင့် လေ့လာနိုင် ပါတယ်။ အဲဒီလိုပဲ နိုင်ငံရေး ဆိုင်ရာများ မှာလည်း ဘလော့ဂ် တွေရဲ့ စွမ်းပကားကို ဘယ်လို အသုံးချ နေကြတယ်ဆိုတာ ဒီစာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
စီးပွားရေး ဆိုင်ရာမှာတော့ ဒီဆောင်းပါးခေါင်းစဉ် ရဲ့ မူရင်း ရည်ရွယ်ချက် အရ သာမန် အပျော်တမ်း ဘလော့ဂ် ရေးသားခြင်းမှ သည် ရေးသားသမျှ အကြောင်းအရာတိုင်းကို တစ်စုံတစ်ခုကို စူးစိုက်ရေးသားပြီး ဖတ်သူတိုင်းအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေတဲ့ ဆောင်းပါးများကို ရေးသားပြီးသကာလ ထို ဘလော့ဂ်ဂင်းမှ တစ်ဆင့် ထိရောက်တဲ့ အပိုဝင်ငွေ၊ ပြင်ပ ၀င်ငွေ ရရှိအောင် ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေး ပြောဆိုသွား လိုပါတယ်။
အမှန်ပါပဲ။ အပျော်တမ်း ဘလော့ဂ်ဂါတွေကနေ တဆင့် လစဉ် ဒေါ်လာ ထောင်ချီ၊ သောင်းချီရနေတဲ့ ဘလော့ဂါတွေ ဖြစ်လာအောင် လုပ်ကိုင် နေကြသူတွေ တစ်ကယ်ရှိပါတယ်။ သူတို့ အနေနဲ့ ကတော့ အခုအချိန်မှာ ဘလော့ဂ် ရေးသားခြင်းဟာ သူတို့ အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်လုပ် ရင်းကနေလဲ ဘလော့ဂ် ရေးသားခြင်းကနေ အပိုဝင်ငွေ ရှာဖွေနေကြသူတွေလည်း ရှိပါသေးတယ်။
ဒီနေ့ ခေတ် မျက်မှောက် ကမ္ဘာရဲ့ ဘလော့ဂ်တို့၏ အရေးပါမှုကို အထိရောက်ဆုံး အသုံးချပြီး ဘလော့ဂ် ရေးသားခြင်းကနေ သူတို့ အပို ၀င်ငွေတွေ ဘယ်လို ရှာနေကြသလဲ..???

ဆက်လက်ဖော်ပြပါမည်…Ref;
1. Wikipedia
2. Problogger
3. Modern Life
4. John Chow

What is Professional Blogging and How to? [ 1 ]

By Mhaw Sayar on May 19th, 2008
အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း

၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။

Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။
အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။
နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။
ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။
A blog (an abridgment of the term web log) is a website, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse chronological order. ဘလော့ဂ်တစ်ခု ( Web Log ၏ အတိုကောက် အသုံးအနှုန်း) ဆိုသည်မှာ ကွန်ယက် စာမျက်နှာတစ်ခု ပင်ဖြစ်ပြီး အဖြစ်အပျက် များ၏ ရှင်းလင်းချက်များ သို့မဟုတ် ရုပ်ပုံ ဖော်ပြချက်များ နှင့် ရုပ်သံဆိုင်ရာ ပစ္စည်းများပါဝင်ကာ တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဦးထက်ပိုသော ပုံမှန် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ တစ်ခုခု မှ သော်လည်းကောင်း ပြုပြင် ထိန်းမှုပုံမှန် ပြုလုပ်သည်။ ၎င်းတွင် ဖော်ပြ ထားသမျှသော အရာအားလုံးတို့အား များသောအားဖြင့် နှစ်ကာလ အစီအစဉ်လိုက် ပြောင်းပြန် အားဖြင့် ဖော်ပြထားလေ့ရှိသည်။
အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။
ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။
Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။
တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။
အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။
Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။
* Open Diary - ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး မကြာခင် ကာလအတွင်း မှာပဲ အွန်လိုင်း ဒိုင်ယာရီ ရေးသားသူ အရေအတွက် ထောင်ပေါင်း များစွာ အထိရောက်ရှိခဲ့ပါတယ်။
* Brad Fitzpatrick - ဘလော်ဂါ တွေရဲ့ အစလို့ လူသိများတဲ့ LiveJournal က ၁၉၉၉ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တာပါ။
* Blogger.com - Evan Williams နှင့် Meg Hourihan တို့ နှစ်ဦး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ မှာ စတင် တည်ထောင်ခဲ့ပြီး Google က ဖေဖော်ဝါရီ ၂၀၀၃ မှာ ကုမ္ပဏီ တစ်ခုလုံး ကို ပြန်လည် ၀ယ်ယူ ခဲ့ပါတယ်။

ဆက်ပါဦးမည်.

Saturday, May 2, 2009

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၁)
By Mhaw Sayar on December 22nd, 2008

အပိုင်း (၁)
ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)
(က) မြစေတီ
၁၉၉၉ ခုနှစ်မှ စတင်ကာ ယူနီကုဒ် အဖွဲ့အစည်းမှ သတ်မှတ် ပေးထားသော စံအတွင်း မြန်မာစာလုံးများ ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် သံလွင်ဆော့ဖ် မှ ပိတောက် ၊ မန္တလေး ပရောဂျက် အစရှိသော မြန်မာယူနီကုဒ် အကောင်အထည် ဖော်ရေး အဖွဲ့များ စတင် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်မှု မရရှိခဲ့ကြပဲ ၂၀၀၂ ခုနှစ်တွင်မှ (ဦး) ငွေထွန်း (Solveware Solution) မှ မြစေတီ ယူနီကုဒ် ကိုတီထွင် နိုင်ခဲ့ကာ etrademyanmar.com တွင် စတင်အသုံးပြုနိုင်ခဲ့သည်။ ယူနီကုဒ်၏ စံသတ်မှတ်ချက်များနှင့် အနီးစပ်ဆုံး ကိုက်ညီသော ပထမဦးဆုံး မြန်မာယူနီကုဒ်ဖောင့်ထ် ဖြစ်ပြီး အခမဲ့ နှင့် ဝယ်ယူ အသုံးပြုနိုင်သော ဗားရှင်း ဟူ၍ ၂-မျိုးရှိကာ မြန်မာ ဝဘ်လောက တွင်မူ တွင်ကျယ်စွာ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

ယူနီကုဒ် အကြောင်း ထဲဝင်၊ ကျယ်ပြန့်စွာ ပညာပေးမှုများ၊ ပြည်တွင်း၌ပင် ယူနီကုဒ် အကြောင်း ကျယ်ပြန့်စွာ လေ့လာမှုများ မပြုလုပ်နိုင်သေးမှီမှာပင် မြန်မာ ယူနီကုဒ်စနစ် တစ်ခုကို အစောဆုံး တီထွင် အသုံးပြုနိုင်ခဲ့ခြင်းသည် မြစေတီ ယူနီကုဒ်စနစ် အတွက် သမိုင်း မှတ်တိုင် တစ်ခုသဖွယ် ဖြစ်သော အောင်မြင်မှုကြီး ဖြစ်ပြီး ၎င်းနောက်မှ နေ၍ အခြေခံ အုတ်မြစ်သဖွယ်ဖြစ်သည့် မြန်မာယူနီကုဒ် စနစ်အား တစ်ပြည်လုံး ကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရေး အတွက် နေရာတိုင်းတွင် အခမဲ့ ဖြန့်ဝေခွင့်ပေးခြင်း၊ အသုံးပြုနည်းများ၊ ပိုမို ကောင်းမွန်သော ဗားရှင်းများ အတွက် ထပ်မံ တိုးတက် (Develop) ထုတ်လုပ်နိုင်ရန် အခြေခံ သီအိုရီများ ဖြန့်ဝေ ပညာပေးခြင်း၊ ထိုမှ တစ်ဆင့် ပထမဆုံးသော မြန်မာယူနီကုဒ် ဖြစ်သည်နှင့် အညီ မြစေတီအား အနည်းဆုံး ပြည်တွင်း အဆင့် ခိုင်မာတိကျသော စံသတ်မှတ်ချက် တစ်ခုဖြစ်လာအောင် ကြိုးပမ်းနိုင်ခြင်း မရှိခဲ့ပဲ ဦးစွာ စီးပွားရေး လုပ်ငန်းသုံးရန် အဓိကထား ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ခြင်း တို့သည်ကား မြစေတီ အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ထို အတွက် ထင်သာမြင်သာ ရှိလှသော ဥပမာ တစ်ခုကား “လယ်သမား ကောင်းဟူသည် လယ်မြေကို ညက်စွာ ထွက်ယက်ပြီးမှ မျိုးစေ့၊ မျိုးပင် တို့ကို စနစ်တကျ စိုက်ပျိုးအပ်ခြင်း” ဟူသော ဥပမာ ဖြစ်ပေလိမ့်မည်။ မြန်မာတို့ အတွက် အလွန့်အလွန် အခြေခံကြီးဖြစ်သော၊ လယ်မြေနှင့် တူသော မြန်မာစာ အတွက် ယူနီကုဒ်စနစ် ကို မှ အားလုံး အကျွမ်းတဝင် ကြေညက်စွာ အသုံးမပြု နိုင်ကြသေးမှီ ၎င်းမှ ထပ်မံ ပေါက်ရောက် ထွက်ရှိ လာမည့် သီးပင်၊ စားပင် တို့အား အောင်မြင်စွာ သီးပွင့် ဆွတ်ခူးရန် အတွက် မျှော်လင့်ခြင်း ပြုနိုင်အံ့ မထင်ပေ။

(ခ) မြန်မာ - ၁၊ ၂၊ ၃ (Myanmar1, 2, 3)
မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ် ၏ ကြီးကြပ်မှုဖြင့် မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း အဖွဲ့ (Myanmar Unicode and National Language Processing Research Center – MyanmarNLP) အား ၂၀၀၂-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MyanmarNLP အဖွဲ့မှ Myanmar1, Myanmar2 နှင့် Myanmar3 ယူနီကုဒ် ဖောင့်ထ် များကို အများပြည်သူတို့ အခမဲ့ သုံးစွဲရန် အတွက် အဆင့်ဆင့် တီထွင်နိုင်ခဲ့ပြီး နောက်ဆုံး ထုတ် ယူနီကုဒ် ဗားရှင်းမှာ ရတနာပုံ ဆိုက်ဘာမြို့တော် ဖွင့်ပွဲ (၁၄.၁၂.၂၀၀၇) တွင် ဖြန့်ချီခဲ့သော Myanmar3 ဖြစ်သည်။ ၎င်း Myanmar3 ဖောင့်ထ် အား နိုင်ငံတကာ စံပြုအဖွဲ့အစည်း (ISO) ၏ စံနှုန်းသတ်မှတ်ချက်များ အတိုင်း ထုတ်လုပ်ထားသည်ဟု သိရပြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ် စနစ်၊ ပန်းသီး ၏ OS စနစ်နှင့် Linux စနစ်များတွင်ပါ အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားကာ မြန်မာ ကွန်ပြူတာ အသုံးပြု သူများ အတွက် ထပ်မံ စောင့်ကြည့် လေ့လာရမည့် ယူနီကုဒ် တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၏။

Myanmar NLP မှ ထုတ်လုပ်ဖြန့်ချီသော ဖောင့်ထ် ဒီဇိုင်းနှင့် လက်ကွက်များကို အသုံးပြုရန် မြန်မာ-၁၊ မြန်မာ-၂ နှင့် မြန်မာ-၃ တို့ အတွက် ကိုယ်ပိုင် Open Type ဖောင့်ထ် များနှင့် လက်ကွက်မြေပုံဖိုင် တစ်ခုစီ ကိုယ်ပိုင် တီထွင် ပါရှိပြီး နောက်ဆုံးထုတ် မြန်မာ-၃ ဖောင့်ထ် ကို မိမိ ကွန်ပြူတာ တွင်ထည့်သွင်းပြီး လက်ကွက် အသုံးပြုနိုင်ရန် အတွက် Tavultesoft Keyman (Home Free Version) ကို အသုံးပြုထားသည်။ လက်ရှိ နောက်ဆုံးထုတ် Myanmar3 ဖောင့်ထ် သည် ယူနီကုဒ်၏ နောက်ဆုံး စံသတ်မှတ်ချက် ၅.၁.၀ နှင့် ကိုက်ညီအောင် ပြုပြင်ထားသည် ဟုသိရှိရပြီး Myanmar NLP ၏ ဝဘ်ဆိုဒ်တွင်မူ ပထမဦးဆုံးထုတ် ဗားရှင်းဖြစ်သော မြန်မာ-၁ ကိုသာလျင် Standard Version အဖြစ် ဖော်ပြထားသေးသည် ကို တွေ့ရှိရသည်။

ယူနီကုဒ်၏ စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိပြီး အစိုးရမဟုတ်သော၊ မြန်မာ ယူနီကုဒ်ကို လေ့လာဖွံ့ဖြိုးမှုများ ပြုလုပ်နေသော အဖွဲ့များ အနက် တာဝန်အရှိဆုံး ဖြစ်သော အမျိုးသား စီမံကိန်း အဖွဲ့တစ်ခုမှ ထုတ်ဝေသော အခမဲ့ ဗားရှင်း ဖြစ်သော်လည်း မြန်မာ ၁၊ ၂၊ နှင့် ၃ ဖောင့်ထ် တို့ကို အသုံးပြုသူ နည်းပါးခဲ့ကြ၏။ အကြောင်းရင်းမှာ အဆိုပါ ယူနီကုဒ် စနစ်၏ (ယူနီကုဒ် စနစ်ကို အတိအကျ လိုက်နာထားသော စနစ်ဖြစ်သည့် အလျောက်) အသုံးပြုရာတွင် ရှုပ်ထွေးမှုများ အနည်းငယ် ပါရှိနေခြင်း ၊ ဗားရှင်း တစ်ခုနှင့် တစ်ခု အပြောင်းအလဲများ ကြားတွင် စံပြုသတ်မှတ်မှုများ ကွာဟချက် ကြီးမားနေခြင်း၊ ဖောင့်ထ် ပုံစံ သေသပ်မှု အနည်းငယ် လိုအပ်နေခြင်း နှင့် နောက်ဆုံး Myanmar NLP ကိုယ်တိုင် အဆိုပါ Myanmar 1, 2, 3 Font များကို အသုံးပြုသူများ မြန်ဆန်စွာ လက်ခံ အသုံးပြု လာနိုင်စေရေး အတွက် ကျယ်ပြန့်စွာ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်နိုင်ခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရသည်။ (မြန်မာ-၁ [၂၀၀၆] မထွက် မှီ ဇော်ဂျီ-၁ [၂၀၀၅] ထွက်ရှိခဲ့ပြီး တွင်ကျယ်ခဲ့မှု ကလည်း အဓိက အကြောင်း တစ်ရပ် ဖြစ်ဖွယ် ရှိသည်။)

အငြင်းပွားဖွယ် ပြဿနာများ ရှိနေသော်ငြားလည်း လက်ရှိ Myanmar 1,2,3 Unicode Font များသည် ယူနီကုဒ် အကျိုးတူ အဖွဲ့အစည်း ကြီးမှ သတ်မှတ်ထားသော ကမ္ဘာသုံး ယူနီကုဒ် စနစ်၏ မြန်မာစာ အတွက် စံနှုန်းများကို အတိကျနိုင်ဆုံး ဖြစ်အောင်နှင့် မြန်မာစာ ရေးထုံးများအတိုင်း လိုက်နာပြီး ရေးသား အသုံးပြုနိုင်ရန် တီထွင်ဖန်တီး ထားသည်ကို တွေ့ရှိရကာ (ဥပမာ - န ငယ် ၂-မျိုး၊ န နှင့် န၊ ရ ရစ် ၄-မျိုး၊ြြြြ ၊ တစ်ချောင်းငယ်၊ နှစ်ချောင်းငယ် ၂-မျိုးစီ၊ုူ စသည်တို့ သတ်မှတ်ထားခြင်း မရှိပဲ အသုံးပြုသော စကားလုံးနှင့် အသုံးပြုပုံ ကိုလိုက်၍ ကီးတစ်ခုတည်းကို ရိုက်နှိပ်ရုံဖြင့် အလိုအလျောက် ပြောင်းလဲအောင် ဖန်တီးထားခြင်း . စသည်…) တရားဝင် အနေအထား တစ်ခုအတွက် အသုံးပြုရန် မူရင်း ဆော့ဖ်ဝဲ ကို မြန်မာဘာသာသို့ ပြန်ဆို ရေးသားသူများ၊ ဝဘ်ဆိုဒ် ဖန်တီး ရေးသားသူများ စသူတို့ အနေဖြင့် ပြည်တွင်းမှု ပြုခြင်း (WordPress & Joomla စသည့် အခြေခံ ဆော့ဖ်ဝဲရ် အထုပ်များကို မြန်မာဘာသာ ဖြင့် အလွယ် အသုံးပြုနိုင်ရန် ပြန်ဆိုခြင်း စသည်…)၊ အခြားသော မြန်မာဘာသာသို့ ပြန်ဆိုခြင်း (Officially Localizations For Software & Web Development ) စသည့် လုပ်ငန်း ဆောင်တာတို့အတွက် အလွယ် တစ်ကူ အခမဲ့ ရရှိနိုင်သော မရှိမဖြစ် နှင့် မသုံးမဖြစ် သုံးရမည့် မြန်မာ ယူနီကုဒ် ဖောင့်တစ်ခု ဖြစ်သည် ဆိုခြင်းကိုမူ ငြင်းပယ်ဖွယ် မရှိပါချေ။

(ဂ) ဇော်ဂျီ (ZawGyi )

လက်ရှိ မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (End Users) နယ်ပယ်တွင် အောင်မြင်မှု အရှိဆုံး၊ ကျယ့်ပြန့်စွာ အသုံးချမှုအများဆုံး၊ ဖောင့်ထ်၏ သေသပ်လှပမှုနှင့် အသုံးပြုရန် လွယ်ကူမှု အရှိဆုံး၊ အငြင်းပွားဖွယ်လည်း အဖြစ်ဆုံးသော ဇော်ဂျီ ဟု ခေါ်သည့် တစ်စိတ် တစ်ပိုင်း မြန်မာ ယူနီကုဒ်စနစ် (ZawGyi Myanmar Unicode Font) ကို မြန်မာ့ အိုင်တီ နယ်ပယ်မှ ပညာရှင် ငါးဦး ပါဝင်သော ဇော်ဂျီ အဖွဲ့ နှင့် အယ်လ်ဖာ မန္တလေး (Alpha Mandalay) တို့ ပူးပေါင်း၍ ယူနီကုဒ် ၄.၀ အပေါ်တွင် အခြေခံကာ၂၀၀၅ ခုနှစ် တွင် အခမဲ့ စတင်ထုတ်လုပ် ဖြန့်ချီခဲ့သည်။ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် ကို အသုံးပြုထားပြီး ပြုပြင်မှုများ၊ အသစ်ထပ်မံ ထုတ်လုပ်မှုများ အဆင့်ဆင့် နှင့် မြန်မာ ကွန်ပြူတာ အသုံးပြုသူများ (အထူးသဖြင့် ဘလော်ဂါများ) လောကဝယ် လွယ်လင့်တစ်ကူ၊ ထိထိရောက်ရောက် ၊ အခမဲ့ အသုံးချနိုင်ခြင်း တည်းဟူသော အချိန်အခါ၏ လိုအပ်ချက်ကို အမိအရ ဆုပ်ကိုင်ကာ ဇော်ဂျီ မြန်မာယူနီကုဒ် သည် ၂၀၀၇ ခုနှစ်တွင် MCPA (Myanmar Computer Professional Association) Excellent Award ဆုကို ရရှိသည် အထိ အောင်မြင်ခဲ့သည်။

ဇော်ဂျီ ယူနီကုဒ် ကို ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် နောက်ဆုံး မွမ်းမံ ထုတ်လုပ်ခဲ့ကြောင်း ဇော်ဂျီ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ် တွင် ဖော်ပြထားပြီး နောက်ဆုံးထုတ် ဗားရှင်းသည် မည်သည့် ယူနီကုဒ် ဗားရှင်းကို အခြေခံ ထားကြောင်း ကိုမူ ဖော်ပြထားခြင်း မရှိပေ။ လေ့လာသူ ပညာရှင်တို့၏ အလိုအရ ဇော်ဂျီ မြန်မာဖောင့်ထ် သည် အသုံး ပြုရန် လွယ်ကူမှု ရှိခြင်း နှင့် ဖောင့်ပုံစံ သေသပ် လှပခြင်းတို့မှ အပ အခြားသော ယူနီကုဒ်-၅.၁.၀ ၏ စံသတ်မှတ်ထားချက် များအား လိုက်နာရန် ကိုမူ အကြီးအကျယ် ပျက်ကွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ပမာအားဖြင့် ဆိုရလျင် ဇော်ဂျီသည် အထက်တွင် ဆိုခဲ့သည့် အတိုင်း ယူနီကုဒ် အဖွဲ့အစည်းမှ မြန်မာ အက္ခရာနှင့် တိုင်းရင်းသား အက္ခရာများ အတွက် ကုဒ်ပွိုင့်နေရာ သတ်မှတ်ချက်များကို မိမိလိုအပ်သလို အသုံးပြုထားပြီး အသုံးပြုသူများ(End Users) ၏ လိုအပ်ချက်များ ရှိနေချိန်တွင် အချိန်ကိုက် ထွက်ရှိလာခဲ့သော အစွမ်းထက် ဆေးမြီးတို ပမာ ဖြစ်လာခဲ့သည်။

ဇော်ဂျီအနေဖြင့် အနာဂတ်တွင် ထွက်ရှိမည့် ဗားရှင်း အသစ်များနှင့် ပတ်သက်၍ အရေးကြီး အဆင့်အတန်း သတ်မှတ်၍ လုပ်ဆောင်ရန်မှာ လက်ရှိ ဖြစ်ပျက်နေသည့် အသုံးပြုသူများ၏ အလွယ်လိုက်လိုခြင်း ဆန္ဒကို အခြေခံသည့် လတ်တလော တောင်းဆိုမှုများကို ငြင်းပယ်ကာ ယူနီကုဒ်၏ စံသတ်မှတ် ချက်များ အတိုင်း တိကျစွာ လိုက်နာထားသော ဖောင့်ထ်ပုံစံ နေရာချထားမှုများနှင့် မြန်မာစာ ရေးထုံးကို လိုက်နာမှုရှိသော လက်ကွက်ပုံစံသို့ တိုးတက် ထုတ်လုပ်ရန် သာဖြစ်သည်။ ထိုအချက်များ မပါရှိပဲ ဆက်လက်ထွက်ရှိမည့် ဗားရှင်း အသစ်များသည်လည်း ယခုအတိုင်းသာ ဖြစ်နေပါက ရေရှည်တွင် ကွန်ပြူတာသုံး မြန်မာစာ စနစ်အတွက် ကြီးမားသော အခက်အခဲ နှင့် အဟန့် အတား တစ်ခုအဖြစ် ပေါ်ပေါက်လာရန် မရည်ရွယ်ပဲ အားထုတ်နေမိ သကဲ့သို့ ရှိနေပေလိမ့်မည်။

ပုံ (၄) ယူနီကုဒ် ၅.၁.၀ တွင် သတ်မှတ်ထားသော မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
Myanmar Characters in Unicode 5.1

Positions of Myanmar Characters in Unicode 5.1

ပုံ (၅) လက်ရှိ အသုံးပြုနေသော ဇော်ဂျီ မြန်မာ ယူနီကုဒ် ၏ မြန်မာစာ အတွက် နေရာ သတ်မှတ်ချက် ပြပုံ
Zawgyi Font Character Map

Character Map of Zawgyi Font

ပုံများ- ယူနီကုဒ် ၅.၁.၀ စံသတ်မှတ်ချက်များ နှင့် ဇော်ဂျီတို့၏ အသုံးပြုပုံ ကွဲလွဲနေခြင်းအား သရုပ်ပြပုံ

ယခုလက်ရှိ အနေအထားတွင်မူ ဇော်ဂျီသည် မြန်မာ ဘလော်ဂါများနှင့် အဓိက သတင်း ဝဘ်ဆိုဒ်ကြီးများ ကိုယ်တိုင် အလေးထား သုံးစွဲနေမှုတို့ကြောင့် မြန်မာတို့၏ ဝဘ်လောကတွင် လတ်တလော အနေဖြင့် အလွန့်အလွန်မှပင် အဆင်ပြေလျက် ရှိနေခြင်းမှာ အငြင်းပွားဖွယ် မရှိသော အချက်ဖြစ်သည်။ သို့သော် အမှန်တစ်ကယ် အပြည်ပြည်ဆိုင်ရာစံနှုန်း သတ်မှတ်ချက်များ အတိုင်း လိုက်နာထားသော လူသုံးများ ဆော့ဖ်ဝဲရ်များ၊ ပင်မ မောင်းနှင်စနစ်များ (Operating Systems)၊ ဝဘ်ဆိုဒ် ဖွံ့ဖြိုးခြင်း နည်းပညာများ (Web Development) ၊ ဘာသာစကား အဘိဓာန်များ (Lexicon)၊ အလိုအလျောက် ဘာသာပြန်ဆိုခြင်း(Machine Translation) လုပ်ငန်းများ တွင် အသုံးပြုရန် အတွက်ကား လွန်စွာမှ အလှမ်းဝေးလျက် ရှိပြီး လက်ရှိ ဇော်ဂျီကို အသုံးပြုနေသော ဝဘ်ဘလော့ဂ်များ၊ သတင်းဆိုဒ်ကြီးများ၊ တစ်ကိုယ်ရေ အသုံးပြုသူများ အနေဖြင့် မိမိ၏ လတ်တလော အဆင်ပြေမှုထက် ကျော်လွန်၍ ဇော်ဂျီ၏ အာမခံနိုင်မှု အဆင့်အတန်းအား အနာဂတ် ကာလအထိ စဉ်းစားရန်မှာ လွန်စွာမှ ပြုလုပ်သင့်သော အချက်တစ်ခု ဖြစ်သည်။ ထင်သာမြင်သာ အရှိဆုံး နှင့် အခြေခံ အကျဆုံး ဥပမာ ပေးရလျင် ယခု ကျွန်ုတို့ အနေဖြင့် ဂူဂဲယ်လ် ဘာသာပြန် စာမျက်နှာ သုံးပြီး ယူနီကုဒ် စံသတ်မှတ်ချက် အတိုင်း အသုံးပြုထားသော ဝဘ်စာမျက်နှာများအား တစ်ဘာသာမှ တစ်ဘာသာသို့ လွယ်ကူစွာ ပြောင်းလဲ ကြည့်ရှုနိုင်၏။ မကြာတော့သော ကာလတွင် ယူနီကုဒ် ၅.၁.၀ ကိုလိုက်နာသော မြန်မာစာ စနစ်အား အဓိက ဆော့ဖ်ဝဲရ် ကုမ္ပဏီကြီးများ ထည့်သွင်း အသုံးပြုလာကြပြီး သကာလတွင် လက်ရှိ ဇော်ဂျီသုံး ဝဘ်စာမျက်နှာများ အနေဖြင့် ကမ္ဘာအရပ်ရပ်ရှိ လူများ ထိုသို့ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ခွင့် ရပါမည်လော။ စဉ်းစားဖွယ် ဖြစ်၏။

×××××××××××××××××××××

ဆက်လက် ဖော်ပြပါမည်…

ရည်ညွှန်း ကိုးကား

(က) မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)

(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha Mandalay, UniBurma Project, UniMM, KeyMagic Project, MMLT Progects )

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၂)

ယူနီကုဒ် စနစ်သုံး မြန်မာစာလုံးများ (၂)
By Mhaw Sayar on December 29th, 2008

အပိုင်း (၂)
ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ (Unicode Standard Myanmar Fonts)

(ဃ) မိုင်မြန်မာ (MyMyanmar)
Technomation Studio ဟု အမည်တွင်သော တက်ကြွသည့် လူငယ်များနှင့် ဖွဲ့စည်းထားသည့် မြန်မာ အိုင်တီကုမ္ပဏီ တစ်ခုမှ ၂၀၀၅- ခုနှစ်တွင် မိုင်မြန်မာ ယူနီကုဒ် စနစ် ၄.၁ (MyMyanmar Unicode System 4.1)ကို တီထွင်ဖန်တီး နိုင်ခဲ့သည်။ ကိုယ်ပိုင် ဖောင့်ထ်၊ ကိုယ်ပိုင် ကီးဘုတ် ဆော့ဖ်ဝဲရ် တို့ဖြင့် သားသားနားနား ထွက်ရှိလာခဲ့သော မိုင်မြန်မာသည် ယူနီကုဒ် ၏ ထိုအချိန်က စံနှုန်းများကိုလည်း အတိအကျ လိုက်နာထားကြောင်း သိရှိရပြီး အခမဲ့ နှင့် ရောင်းချသော ဗားရှင်း ဟူ၍ ၂-မျိုး ရှိခဲ့သည်။ စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည့် အသုံးပြုသူများအား မိုင်မြန်မာ၏ ထိုစဉ်က အခမဲ့ဗားရှင်းက ကွန်ပြူတာ အတွင်း ထည့်သွင်း အသုံးပြုပြီး ပြန်လည် ထုတ်ပယ်ရန် ခွင့်မပြုခြင်း၊ ရယူ အသုံးပြုရန် လွယ်ကူမှု မရှိခြင်း ဟူသော အချက်များနှင့် ပြန်လည် တုံ့ပြန်ခဲ့သဖြင့် ကွန်ပြူတာ အသုံးပြုသူတို့ မြန်မာ ယူနီကုဒ် စနစ်တစ်ခု အပေါ် မျှော်လင့်ချက်များ ညှိုးမှိန်ကာ တစ်ဖန် လက်မှိုင်ချ ခဲ့ကြရ၏။

မြစေတီ ပြီးနောက် မြန်မာ လူမျိုးများ ဖန်တီးသော ယူနီကုဒ် စနစ်များထဲတွင် အသပ်ရပ်ဆုံး နှင့် ကိုယ်ပိုင် အဖြစ်ဆုံး ယူနီကုဒ် ဖြစ်သော်လည်း မိုင်မြန်မာသည် အထက်တွင် ပြဆိုခဲ့သော မြစေတီယူနီကုဒ် မှ အမှားကိုပင် ထပ်မံ သယ်ဆောင် လာခဲ့ပြန်၏။ ၎င်းကား စီးပွားရေး လုပ်ငန်းသုံးများ အတွက်သာ အဓိက ရည်ရွယ်ထားခြင်း ဟူသော အချက် ဖြစ်သည်။ ၂၀၀၇- ခုနှစ်တွင် ထပ်မံ ထွက်ရှိလာခဲ့သော မိုင်မြန်မာ ဒုတိယမျိုးဆက် (MyMyanmar2G) သည် မြန်မာ စကားလုံးများ စစ်ဆေးခြင်း၊ ဘားဂလစ်ရှ် အဘိဓာန် ( မြန်မာစာအသံထွက်ကို အင်္ဂလိပ် စာလုံးဖြင့် ပေါင်းပြီး ရှာဖွေ အသုံးပြုနိုင်သော စနစ် )၊ ကိုယ်ပိုင် ကီးဘုတ်၊ ကိုယ်ပိုင်ဖောင့် နှင့် ကီးဘုတ်တွင် ရိုးရိုးလက်ကွက် တစ်မျိုး၊ စာလုံးများအား အသံထွက် အလိုက် ရိုက်နိုင်သော ပန်းသီး ကွန်ပြူတာသုံး လက်ကွက် တစ်မျိုး စသဖြင့် တိုးတက် ထည့်သွင်း ပါရှိခဲ့သော်လည်း ယခင်ဗားရှင်း အတိုင်းပင် ထည့်သွင်းပြီး ပြန်လည် ဖြုတ်ချ မရသော ပြဿနာများ ၊ အခြား ယူနီကုဒ်များ နှင့် ယှဉ်တွဲ အသုံးပြုမရသော ပြဿနာများ၊ စီးပွားရေး သုံးအတွက်သာ အဓိက ရည်ရွယ်ထားခြင်း စသော ပြဿနာများဖြင့် အသုံးပြုသူများ ကြားတွင် စိတ်မသက်သာဖွယ် ဖြစ်ခဲ့ရ ပြန်သည်။

(င) အခြား မြန်မာ ယူနီကုဒ်များ နှင့် မြန်မာယူနီကုဒ် ဖွံ့ဖြိုးရေး ပရောဂျက်များ (Other Myanmar Unicode Fonts & Myanmar Unicode Development Projects)
ထိုသို့ မြန်မာယူနီကုဒ် ကို တည်တည်တံ့တံ့နှင့် မြန်မာအားလုံး အလွယ်တစ်ကူ အသုံးပြုလာနိုင်ရေး ကြိုးပမ်းမှုများ တွင် အောက်ပါ မြန်မာ ယူနီကုဒ် များ နှင့် အဖွဲ့အစည်းများလည်း မိမိနည်း မိမိဟန်ဖြင့် ပါဝင်ကြိုးပမ်း ခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည်။
၁။ ပိတောက် မြန်မာယူနီကုဒ် ဖောင့်ထ် - မြန်မာ လူမျိုး မဟုတ်သော Martin နှင့် Debbi Hosken တို့မှ ဖန်တီး ထုတ်လုပ်ပြီး ယူနီကုဒ် ၅.၁.၀ နှင့် ကိုက်ညီမှုရှိကာ Keyman Keyboard အသုံးပြုထားသော စီးပွားရေး လုပ်ငန်းသုံး အတွက် ပိုမို ရည်ရွယ်ထားသည့် ပိတောက်ဖောင့်ထ် ကို သံလွင့်ဆော့ဖ် စာမျက်နှာ တွင် သွားရောက် လေ့လာနိုင်သည်။
၂။ ပုရပိုဒ် မြန်မာယူနီကုဒ် ဖောင့်ထ် - မြစေတီ ကို ထုတ်လုပ်သော Solveware Solution Company မှပင် တီထွင် ထုတ်လုပ် ဖြန့်ချီပြီး GPL နှင့် Creative Common License များအောက်တွင် အခမဲ့ ဖြန့်ချီသည်ဟု ပုရပိုဒ်၏ ဝဘ်စာမျက်နှာ တွင် ဖော်ပြထားသည်။
၃။ မေခ နှင့် မလိခ ဖောင့်ထ်များ - ယူနီကုဒ် စံသတ်မှတ်ချက် ၄.၁ နှင့် ကိုက်ညီပြီး Solveware Solution မှ ထုတ်လုပ်ဖြန့် ချီသော စီးပွားရေး လုပ်ငန်းသုံး (အခမဲ့ မဟုတ်) အမျိုးအစားဖြစ်သည်။
၎။ ယူနီမြန်မာ နှင့် ယူနီဘားမား ဖောင့်ထ်များ - အဖွဲ့ဝင် ငါးဦးပါရှိပြီး ယူနီမြန်မာနှင့် ယူနီဘားမား အမည်ရှိ စွယ်စုံသုံး (Cross Platform- Windows, Mac OS, Linux) မြန်မာ ယူနီကုဒ် စနစ်တစ်ခု ဖြစ်လာစေရေး လေ့လာမှုများ ပြုလုပ်နေကြသော ယူနီမြန်မာ အဖွဲ့မှ ထုတ်လုပ် ဖြန့်ချီပြီး တန်ဖိုး အခမဲ့ ဖြစ်သည်။
၅။ ပုည ယူနီကုဒ် ဖောင့် - ၎င်း၏ မူလ စာမျက်နှာကို လတ်တလောတွင် ဝင်ရောက် ကြည့်ရှုမရ ဖြစ်နေပြီး ဖောင့်ထ် ကို ဒေါင်းလုဒ် လုပ်ရန် အတွက်လည်း ပိတ်ပင်ထားကြောင်း တွေ့ရှိရသည်။ ယခင်က ပုည ယူနီကုဒ်ကို မြန်မာ ဘလော်ဂါ တို့ စတင် စမ်းသပ် သုံးစွဲခဲ့ကြသေးကြောင်း အထောက် အထား တစ်ရပ်အဖြစ် ကိုမောင်လှ၏ ဘလော့ဂ်စာမျက်နှာ တွင် သာ ဝင်ရောက် ဖတ်ရှုနိုင်တော့ကြောင်း တွေ့ရှိရသည်။
၆။ မြန်မာဘာသာစကား နည်းပညာ - မြန်မာတတ်သိများ (MM Geeks Fourm) အဖွဲ့၏ “မျက်နှာစာ ဝဘ်စာမျက်နှာ” (Portal WebPage) တစ်ခုဖြစ်ပြီး မြန်မာ ယူနီကုဒ်များ အတွက် တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ပြောင်းလဲရန် ကွန်ဗာတာ ဆော့ဖ်ဝဲရ်များ၊ ဘားဂလစ်ရှ် (Burglish) ခေါ်သည့် မြန်မာ အသံထွက်ကို အင်္ဂလိပ် လို တိုက်ရိုက်ရိုက်ပြီး မြန်မာစာလုံးများ ကို မိမိစိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်သော ဆော့ဖ်ဝဲရ်များ၊ Keyman ခေါ် လက်ကွက် အကူ ဆော့ဖ်ဝဲရ်များ စသဖြင့် ကွန်ပြူတာသုံး မြန်မာစာ စနစ်များ အတွက် မိမိတို့ဝါသနာ အလျောက် အထောက်အကူပြု ပရောဂျက်များ ဖြင့် စုပေါင်း တီထွင်မှုများ ပြုလုပ်ကာ အခမဲ့ ဖြန့်ချီပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။ မြန်မာဘာသာစကား နည်းပညာ အဖွဲ့၏ ထင်ရှားသော လေ့လာမှု တစ်ခုအဖြစ် ယခု လက်ရှိ မြန်မာယူနီကုဒ် အသီးသီးတို့၏ ကွဲလွဲနေမှုများအား နှိုင်းယှဉ် ပြသထားသော Myanmar Unicode Implementation Public Awareness Table အမည်ရှိ ဤဇယား အား ညွှန်းဆိုလို၏။

×××××××××××××××××××××××××××××××
ဆောင်းပါး ပေါင်းချုပ် ဖတ်ရှုရန်!

“ယူနီကုဒ် စနစ်သုံး မြန်မာ စာလုံးများ ဆောင်းပါး” များ အပါအဝင် ကျွန်တော်ရေးခဲ့သမျှ ယူနီကုဒ် နှင့် မြန်မာ ဖောင့်ထ် အကြောင်းများ အားလုံး နှင့် အပြီးသတ် နှင့် သုံးသပ်လေ့ချက်ဆိုင်ရာ နိဂုံးအပိုင်းကို ဖတ်ရှုရန် အတွက် ဆောင်းပါး ပေါင်းချုပ်ကို စာတမ်း တစ်စောင် သဖွယ် ပြုစုထားသော “ယူနီကုဒ်မြင်းရိုင်းနှင့် ဘိုင်နရီခေတ်လွန် မြန်မာစာ ယဉ်ကျေးမှု စာတမ်း” အား ဤနေရာတွင် အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်၍သော်လည်းကောင်း၊ အွန်လိုင်းပေါ်တွင်ပင် လည်းကောင်း ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ရည်ညွှန်း ကိုးကား
(က) မြန်မာ ယူနီကုဒ်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ (Myanmar NLP References, Opentype Fonts By Myanmar NLP, ThanLwinSoft, MyMyanmar)
(ခ) မြန်မာ ယူနီကုဒ် ဖောင့်ထ် များ နှင့် ပရောဂျက်များ (Myanmar NLP Projects, MyaZedi, MyMyanmar, ThanLwinSoft, Zawgyi, Alpha Mandalay, UniBurma Project, UniMM, KeyMagic Project, MMLT Progects )

Friday, May 1, 2009

Domain name ဆိုတာ...

Domain name ဆိုတာ...
written by MgThaJan at Monday, April 7, 2008
Contributor: mtj

Domain name ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် လိပ်စာ ပေါ့ဗျာ။ abcd.com , wxyz.org ဒါမျိုးတွေဟာ ဒိုမိန်း နိမ်း ပေါ့။ browser ရဲ့ address မှာ ဒိုမိန်းနိမ်းကို ရိုက်ပေးလိုက်ရင် အဲဒီ ဒိုမိန်းနိမ်းကို အသုံးပြုထားတဲ့ blog တွေ၊ website တွေကို browser က ဖတ်ရှုနိုင်အောင် ဖော်ပြပေးပါလိမ့်မယ်။
ဒိုမိန်းနိမ်း မှာ ခွဲခြားထားတာလေးတွေ ရှိပါတယ်။ ဥပမာ abcd.com ဆိုပါတော့။ abcd.com ရဲ့ .com ဆိုတာကို Top Level Domain Name (TLD) လို့ခေါ်ပါတယ်။ TLD ထဲမှာမှ .com , .net , .org စတဲ့ အများဆုံး သုံးကြတာကို (General Top Level Domains: gTLDs)။ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့ ဥပမာ .com.mm (မြန်မာ), .com.jp (ဂျပန်), .co.uk (အင်္ဂလန်), co.th (ထိုင်း) ဆိုတာမျိုးတွေကိုတော့ (Country Code Top Level Domains: ccTLDs) ဆိုပြီး ခွဲထားပါသေးတယ်။

abcd.com ဆိုတဲ့ ဒိုမိန်း နိမ်း မှာ .com က (gTLDs)၊ အရှေ့က abcd ကိုတော့ second level domain (SLD) လို့ခေါ်ပါတယ်။ ထို့အတူပဲ abcd.com.mm ဆိုပါတော့။ သူကတော့ .com.mm က (ccTLD)၊ abcd က second level (ccSLD) ပေါ့ဗျာ။ second level domain နာမည်တွေဟာ တစ်ခုနဲ့တစ်ခု တူလို့မရပါဘူး။ သဘောကတော့ abcd.com ဆိုတဲ့ တူညီတဲ့ဒိုမိန်းနိမ်း 2 ခု မရှိပါဘူး။ တစ်ဦးတစ်ယောက်က register လုပ်ထားပြီးရင် နောက်ထပ် လုပ်လို့မရတော့ပါဘူး။ အဲဒီ ဒိုမိန်းနိမ်းကိုမှ လိုချင်တယ်ဆိုရင် register သက်တမ်းကုန်ပြီးတော့မှ ဖြစ်စေ၊ ထိုသူထံမှ ပြန်ဝယ်ယူခြင်းဖြစ်စေ နည်းများနဲ့ပဲ အဲဒီ ဒိုမိန်းနိမ်းကို ရယူနိုင်ပါတယ်။ ဒါမှမဟုတ် အခြား TLD နာမည်တွေမှာ လွတ်နေသေးသလား ရှာဖွေကြည့်နိုင်ပါတယ်။ .com မှာ မရပေမယ့် .net , .org , .com.mm အစရှိတာတွေမှာပဲ ရနိုင်ပါသေးတယ်။ abcd.com မရတော့လဲ abcd.net , abcd.org အစရှိသဖြင့်ပေါ့ဗျာ။
gTLD တွေကို .com (originally for commercial websites) .net (originally Internet networks) .org (non-profit organizations) အစရှိသဖြင့် သတ်မှတ်ထားပေမယ့် ကိုယ့် website မှာ စိတ်ကြိုက် အကြောင်းအရာတွေကို တင်ပြနိုင်ပါတယ်။ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုးတော့မရှိပါဘူး။
gTLD ဒိုမိန်းတစ်ခု register လုပ်မယ်ဆိုရင် အများအပြားရှိတဲ့ အင်တာနက်ပေါ်က ၀န်ဆောင်မှုပေးတဲ့ website တွေမှာ ရယူနိုင်ပါတယ်။ gTLD ဒိုမိန်း နိမ်း အတွက် ဘာမှ ထွေထွေထူးထူး မလိုအပ်ပဲ နှစ်စဉ်ကြေး ပိုက်ပိုက် ပေးနိုင်ရင် ရပါပြီ။ ဒါပေမယ့် ccTLD တွေကို register လုပ်မယ် ဆိုရင်တော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သတ်မှတ်ချက်ကို လိုက်နာ ရမှာဖြစ်ပါတယ်။ register လုပ်ရမှာလဲ အဲဒီနိုင်ငံက သီးသန့် ခွင့်ပြုချက်ရရှိထားသူများ ထံမှသာ ရယူနိုင်ပြီး ဈေးနှုံးမှာလဲ ပိုကြီးလေ့ရှိပါတယ်။

blog.abcd.org ဆိုတာကို ကြည့်မယ်ဆိုရင် .org က (gTLD) abcd က (SLD) blog ကတော့ subDomain သို့မဟုတ် third level domain ဖြစ်ပါတယ်။ subDomain ဟာ ဒိုမိန်းနိမ်းရဲ့ အောက်က အခွဲသာ ဖြစ်ပြီး ဒိုမိန်းနိမ်းယူထားရင် ကိုယ့်စိတ်ကြိုက် လိုချင်သလောက် လုပ်ယူလို့ပါတယ်။ ဒါပေမယ့် ဒိုမိန်းနိမ်း ယူတဲ့ ကုမ္ပဏီကပေးတဲ့ feature ၊ ဒိုမိန်းနိမ်းကို အသုံးပြုမယ့် hosting ရဲ့ ခွင့်ပြုချက်ပေါ်မှာလဲ မူတည်ပါသေးတယ်။ ကျွန်တော်တို့ wordpress အတွက် အများဆုံးသုံးနေကြတဲ့ iblogger.org ဘလော့စပေါ့ရဲ့ blogger.com စတာတွေမှာ အကောင့်ဖွင့်ပြီး အသုံးပြုနေတာတွေဟာ subDomain တွေ ဖြစ်ပါတယ်။ ဒိုမိန်းနိမ်းတစ်ခုကို register 5နှစ် လုပ်ထားတယ်ဆိုရင် 5နှစ် အချိန်တွင်းမှာ ကျွန်တော်တို့ ကိုယ်ပိုင်ဖြစ်ပြီး subDomain ကတော့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပဲ ခွဲပေးသူရဲ့ သဘောဆန္ဒ အတိုင်းသာ ဖြစ်ပါတယ်။
ကိုယ်ပိုင် ဒိုမိန်းနိမ်း သုံးခြင်းအားဖြင့် ဘာတွေ အကျိုးကျေးဇူးတွေ ရနိုင်မလဲ? ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ကတော့ ဘာမှ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ ကိုယ်ပိုင် ဒိုမိန်းနိမ်းလေးမှ မသုံးရင် ဘယ်လိုခန့်ထည်ပါတော့ မလဲ၊ ယုံကြည်မှု ဘယ်လိုတည်ဆောက် ပါတော့မလဲ။ ကျွန်တော်တို့လို အပျော်တမ်း ဘလော့ဂ်လေးရေးတဲ့သူတွေ အတွက်ဆိုရင်ရော? blogspot.com မှာ သုံးတယ်ဆိုရင် အနည်းဆုံးတော့ လာဖတ်တဲ့လူတွေ ကျော်လွားနေရတာ ခံသာသွားမယ်။ WordPress သမားတွေကြပြန်လဲ hosting ပြောင်းမယ်ဆို ကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ဆိုတော့ လိပ်စားပြောင်း လိုက်ကြော်ငြာစရာမလိုပဲ ပြောင်းနိုင်မယ်။ ဒိုမိန်းနိမ်း နဲ့ အီးမေးလ် တွေလုပ်လို့ရမယ်။ ဥပမာ admin@abcd.com အဲလိုမျိုးပေါ့ဗျာ။ ခန့်ခန့်ထည်ထည်လေး ဖြစ်သွားတာပေါ့။ နောက်ပိုင်း စိတ်ကူးပြောင်းလို့ website လုပ်မယ်ဆိုလဲ main website အပြင် subDomain တွေ ခွဲပြီး forum တို့ blog တို့ စတဲ့ လိုအပ်သလို ခွဲခြားလို့ရမယ်။ နောက်ဆုံး ကိုယ့် website အရမ်းအောင်မြင်သွားလို့ google ကို သန်းချီတဲ့ ဒေါ်လာတွေနဲ့ ရောင်းစားမယ် စတာတွေပေါ့ :D ။ gTLD ဒိုမိန်းတစ်ခု ယူမယ်ဆိုရင် နှစ်စဉ်ကြေး အနိမ့်ဆုံး 7-8 ဒေါ်လာ လောက်ကနေ စပြီး ရှာလို့ရနိုင်ပါတယ်။ free မှ လိုချင်တယ်ဆိုရင်တော့ http://co.cc မှာ ရယူနိုင်ပါတယ် ခင်ဗျား။

Wednesday, April 29, 2009

ယူနီကုဒ်နှင့်မြန်မာလန်းဂွေ့

ကျွန်တော့် ရဲ့ တတိယ အကြိမ်ပြောင်းရွှေ့ခြင်း အဖြစ် ဝါ့ဒ်ပရက်စ် ဘလော့ဂ် ကို မြန်မာ-၃ ဖောင့်ထ် နဲ့ အပြည့်အဝ ရေးနိုင်ဖို့ ဒီဘလော့ဂ် အသစ်ကို ထပ်မံ ဖန်တီး လိုက်ပါတယ်။ Feed မှ တစ်ဆင့်၊ အီးမေးလ် မှ တစ်ဆင့် ယူဖတ်သူများ အတွက်ဘာမှ ပြောင်းလဲစရာ မလိုသလို၊ ယူနီကုဒ် ဖောင့်ထ်နဲ့ လုံးဝအပြည့်အဝ ရေးထားတာ ဖြစ်ပေမယ့် ဇော်ဂျီနဲ့ပါ ဖတ်လို့ရအောင် မြန်မာဖောင့်ထ် ကွန်ဗာတာ တစ်ခုကို ဘလော့ဂ် ညာဘက် အပေါ်ထောင့် မှာ တပ်ဆင်ပေးထားပါတယ်ခင်ဗျာ။
ယခင် ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ် အဟောင်းက ပို့စ်များကိုလည်း ယခင်အတိုင်းပဲ ဒီလိပ်စာအသစ်နဲ့ ဆက်လက်ဖတ်ရှုနိုင်ပြီး တစ်ချို့ သရုပ်ပြပုံတွေ ပျောက်သွားတာ၊ မတွေ့တာတွေ အတွက် ကျွန်တော် အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ပြန်လည် တပ်ဆင်ပေးသွားပါမယ်။
ယခု ဒီဘလော့ဂ်ကို ကူးထည့်ထားတဲ့ ” ယူနီကုဒ်နှင့် မြန်မာစာယဉ်ကျေးမှု ” ဆိုတဲ့ ပို့စ်က ကောမန့်များ၊ နောက် တစ်ခြားလိုအပ်ချက်များ အားလုံးကိုလည်း အတတ်နိုင်ဆုံး အမြန်ဆုံး နဲ့ အဆင်ပြေဆုံး ဖြစ်အောင် ဖြည့်သွင်း တပ်ဆင်သွားမယ် ဆိုတဲ့ အကြောင်း လေးလေးစားစား အကြောင်းကြားလိုက် ပါကြောင်း ခင်ဗျား။
လာရောက်၊ လည်ပတ် ဖတ်ရှုခြင်း အတွက် အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ကျွန်တော့် ဘလော့ဂ်ကို အောက်ပါ ယခု ပို့စ်မှ စတင်ကာ ယူနီကုဒ်စနစ်သုံး မြန်မာဖောင့်များ ပြောင်းရေးနေပြီ ဖြစ်၍ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သော မြန်မာ ဆီးရီး ဖောင့်ထ်များ ( မြန်မာ ၁၊ ၂၊ ၃)၊ ပုရပိုဒ် ဖောင့်ထ် သို့မဟုတ် ပိတောက် ဖောင့်ထ် တစ်ခုခုအား မိမိ စက်ထဲတွင် ထည့်သွင်းထားမှ အဆင်ပြေပါမည်။ ယခု ပို့စ် မတိုင်မှီ ပို့စ် အဟောင်းများ အားလုံးကိုမူ ဇော်ဂျီဖြင့်ပင် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ယခုပို့စ်မှ စတင်ကာ နောက်ဆက်လက် ရေးသားမည့် ပို့စ်များအား ဖတ်ရှုရန် အတွက် အထက်ပါ ဖောင့်ထ်များ မိမိစက်ထဲတွင် ရှိနေရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ ယူနီကုဒ် စနစ်သုံး ဖောင့်ထ်များအား ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် စာရိုက်သည့် လက်ကွက်ဆော့ဖ်ဝဲရ် အင်စတောလ် လုပ်စရာ လုံးဝ မလိုပါ။ အခြား မိမိ လက်ရှိ သုံးနေသော ဇော်ဂျီ အစရှိသည့် ဖောင့်ထ် နှင့် လက်ကွက်များကိုလည်း ဖယ်ရှားရန် မလို ပြဿနာတက်ရန် မရှိ သည့် အတွက် အသုံးပြုရန် အလွန်ပင် လွယ်ကူပါသည်။

ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်ထ် များကို ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် အောက်ပါ အဆင့် (၂) ဆင့်ဖြင့်လုပ်ဆောင်ရုံဖြင့် လုံလောက်ပါသည်။

(၁) မြန်မာ-၃၊ သို့ ၊ ပုရပိုဒ်၊ သို့၊ ပိတောက် ဖောင့် တစ်ခုခုကို ဒေါင်းလုဒ်ချပါ။ ဒေါင်းလုဒ်ချပြီးလျင် ဖိုင်တစ်ထုပ်ရရှိလာမည် ဖြစ်ပြီး ၎င်းဖိုင်ထဲတွင် OpenType Font File တစ်ခုစီ ကိုတွေ့ရပါမည်။

(၂) ၎င်း ဖောင့်ထ် ဖိုင်ကို ဝင်းဒိုးစ်၏ Start မှ တစ်ဆင့် Control Panel ထဲရှိ Font ဆိုသော Folder ထဲသို့ Copy & Paste လုပ်လိုက်ရုံသာ ဖြစ်ပါသည်။
သို့မဟုတ်ပါကလည်း ၎င်း ဖောင့်ထ် ဖိုင်ပေါ်တွင် Right Click လုပ်ပြီး Install လုပ်ခြင်ဖြင့် အလွယ်တစ်ကူ မိမိစက်ထဲတွင် Install လုပ်ပြီး ဖြစ်စေပါမည်။

ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်များ အား မိမိကြိုက်နှစ်သစ်ရာ ဖောင့်ထ် ကိုဒေါင်းလုဒ် လုပ်ရန် အတွက် အောက်ပါ ဝဘ်စာမျက်နှာတွင် အသင့် စုစည်းထားရှိပြီး လွယ်လင့်တစ်ကူ ဒေါင်းလုဒ် လုပ် အသုံးပြုနိုင်ပါသည်။


>> Download Unicode Standard Myanmar Fonts

Monday, April 20, 2009

ယူနီကုတ် ၅.၁ အပြောင်းအလဲ အတွက် ဆွေးနွေးခြင်း

အားလုံးအတွက် လိုအပ်နေတယ်ထင်လို့ ပြောတာပါ။ ကျွန်တော် Comment ကို Moderate မလုပ်ပါဘူး။ မကျေနပ်ရင်လည်း ဆဲသွားနိုင်ပါတယ်။

ရေနွေးအိုးထဲက ဖားများ
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ကိုတာ ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ပါတဲ့ ဥပမာတစ်ခု ကျွန်တော် အမြဲတမ်း မှတ်မိနေပါတယ်။
ဖားတစ်ကောင်ကို အရမ်းပူနေတဲ့ ရေနွေးအိုးတစ်အိုး ထဲကို ပစ်ထည့်လိုက်တဲ့ အခါမှာ ဖား က အပူဒဏ်ကို မခံနိုင်လို့ ခုန်ထွက်သွားပါတယ်။ ဒါပေမယ့် ဖားကို ရေအိုးတစ်အိုးထဲထည့်ပြီး အောက်ကနေမီးမြိုက်တဲ့အခါမှာ ရေက တဖြည်းဖြည်းပူလာတဲ့အတွက် ဖားအတွက် မသိသာပဲ နောက်ဆုံးမှာ ဖား သေသွားပါတယ်။ အဓိက ပြောချင်တဲ့ အကြောင်းက ကျွန်တော်တို့အတွက် ပြသနာ အကြီးကြီးတစ်ခုကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်တဲ့အခါမှာ ရုတ်တရက် ပြသနာအနေနဲ့ သိပြီး ရုန်းထွက်ဖို့ ကြိုးစားကြပေမယ့် မဖြစ်လောက်တဲ့ ပြသနာအသေးအဖွဲကလေးတွေကို တွေ့တဲ့အချိန်မှာ ဒါပြသနာ မဟုတ်သေးပါဘူးလေ ဆိုပြီး ဖြေရှင်းဖို့ မကြိုးစားကြပါဘူး။ အဲဒီအတွက် ပြသနာကတဖြည်းဖြည်း ကြီးလာတဲ့အခါမှာ ကျွန်တော်တို့ ဖြေရှင်းလို့မရနိုင်အောင် ဖြစ်ကြရပါတယ်။
မလုပ်သင့်တာကို လုပ်မှ မှားတယ်လို့ ပြောလို့ရတာမဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ မလုပ်ရင်လဲ မှားတာပါပဲ။ အခုလက်ရှိ ဇော်ဂျီကို သုံးနေတဲ့ User တွေအားလုံးဟာ ရေအိုးထဲထည့်ပြီး တဖြည်းဖြည်း မီးမြှိုက်ခံနေရတဲ့ ဖားတွေလိုပါပဲ။

အနာဂတ်မှာ ဘာပြသနာတွေ ရှိလာနိုင်လဲ
လူတိုင်း ပြောနေကြတဲ့ အကြောင်းကတော့ Searching နဲ့ Sorting ပါ။ ဒါပေမယ့် ဒီ Searching နဲ့ Sorting က သာမန် အသုံးပြုသူတွေအတွက် အကြီးအကျယ်မထိခိုက်နိုင်ပါဘူး။ ကျွန်တော့် အမြင်အရ အဓိက ပြသနာက Localization နဲ့ Normalization ပါ။ တစ်ချိန်ချိန်မှာ Database တွေက သူတို့ အထဲမှာ Store လုပ်တဲ့စာတွေကို Unicode Scheme နဲ့ Normalize လုပ်ပြီး သိမ်းလာနိုင်ပါတယ်။ အလားတူပဲ Firefox, Thunderbird လို ဆော့ဖ်ဝဲတွေ၊ Microsoft Word, Excel, Outlook လို ဆော့ဖ်ဝဲတွေက UTF-8 နဲ့ ရိုက်တဲ့စာကို Unicode Scheme နဲ့ Normalize လုပ်ပြီး Display လုပ်လာနိုင်ပါတယ်။ အဲဒါဆိုရင် ယခုလက်ရှိ ဇော်ဂျီသုံးတဲ့ User တွေ ပြသနာ အကြီးအကျယ်တက်နိုင်ပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းက Software တိုင်းကို Workaround လုပ်ပြီး သုံးဖို့ ပဲရှိပါတယ်။ အဲဒီနည်းလမ်းက လူတိုင်းအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းမဟုတ်ပါဘူး။

နောက်တစ်ခုက ကျွန်တော်တို့လည်း သူများတွေနည်းတူ ဆော့ဖ်ဝဲလ်တွေကို Localize လုပ်ဖို့ လိုအပ်လာပါပြီ။ Software Community အကြီးစားတွေက Unicode Standard မဟုတ်တဲ့ ဖောင့် နဲ့ Localize လုပ်တာကို လက်ခံမှာ မဟုတ်ပါဘူး။ အဲဒီတော့ အားလုံးကို အင်္ဂလိပ်လိုသုံးပြီး ဘာသာမပြန်ပဲ နေရုံပဲရှိပါတယ်။

User များဖက်မှ စဉ်းစားခြင်း
User တွေဖက်က ဘယ်လိုစိုးရိမ်မှုတွေ ရှိသလဲဆိုတာ လက်တွေ့ကျကျ စဉ်းစားကြရအောင်။
ဥပမာ Blogger တစ်ယောက်ဆိုပါစို့။ သူ့ရဲ့ ဘလော့ခ်ကို Unicode 5.1 နဲ့ ပြောင်းပြီးရေးမယ်ဆိုရင် သူ့ဆီကို လာဖတ်တဲ့ စာဖတ်သူအရေအတွက် လျော့သွားမှာ စိုးရိမ်တာ ပထမဆုံး အချက်ပါပဲ။ နာမည်ကြီးဘလော့ဂါမဟုတ်ရင် ဘယ်သူမှ အပင်ပန်းခံ Font အသစ် Install လုပ်ပြီး ဖတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နာမည်ကြီး ဘလော့ခ်တွေ မှာတော့ Advantage ရှိပါတယ်။ ဥပမာ - မိုးမခ ဘလော့ခ်ဆိုရင် BIT Font သုံးထားပေမယ့် သူ့ရဲ့ Popularity က လျော့မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် အမာခံ ပရိသတ် ရှိပြီးဖြစ်လို့ပါ။
Forum လုပ်တဲ့သူတွေဖက်က စဉ်းစားကြည့်ကြရအောင်။ ဖိုရမ်ဆိုတာ အများအားဖြင့် ပရိသတ်အမာခံ ရှိပြီးသားပါ။ သူတို့ သုံးချင်တဲ့ဖောင့် သုံးလို့ရပါတယ်။ သူတို့ သုံးတဲ့ ဖောင့်ကို သူ့ပရိသတ်က လိုက်သုံးမှာပါပဲ။ ဥပမာ - Native Myanmar ဆိုရင် Win Kalaw လို အသုံးမများတဲ့ ဖောင့်သုံးထားပေမယ့် အားလုံးက Win Kalaw လိုက်သုံးကြတာပါပဲ။ Myanmar Cupid ဆိုရင် Myanmar Cupid Font Pack ဆိုပြီးတော့တောင် Download လုပ်ဖို့ ပေးထားလို့ User တွေက Download လုပ်ပြီး သုံးကြတာပါပဲ။ ဒါပေမယ့် ဖိုရမ် Moderator တွေရဲ့ စိုးရိမ်မှုက Unicode ပြောင်းသုံးတဲ့ အတွက် Display ပြသနာဖြစ်မှာ၊ တစ်ချို့ဖိုရမ်တွေမှာဆိုရင် Interface တွေ အကုန်လုံးက Localize လုပ်ပြီးသား ဖြစ်တဲ့အတွက် Unicode ပြောင်းရင် Localize ပြန်လုပ်ရမှာ စတဲ့ပြသနာတွေပါ။

ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ
ဘေးထိုင်ပြီး ဘုပြောနေမယ့်အစား လက်တွေ့ကျကျစဉ်းစားကြရအောင်ပါ။ ကျွန်တော် စဉ်းစားမိသလောက် ပြောပါမယ်။ တစ်ခြားစဉ်းစားမိတာရှိရင် ထပ်ဖြည့်ကြတာပေါ့။
ပထမဆုံး အဆင့်အနေနဲ့ ဘာကြောင့် Unicode 5.1 ပြောင်းသုံးသင့်သလဲဆိုတာ User တွေ သိအောင် ပညာပေးဖို့လိုပါတယ်။ အဲဒီတော့ အားလုံးဝိုင်းစဉ်စားပြီး အနာဂတ်မှာ ဘာပြသနာတွေ ဖြစ်လာနိုင်တယ်၊ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်တယ်ဆိုတာ ဝိုင်းစဉ်းစားပြီး စာရင်းပြုစုဖို့ လိုအပ်ပါလိမ့်မယ်။
ဒုတိယအဆင့်အနေနဲ့ User တွေအတွက် Conversion မှာ အထောက်အကူပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဖိုရမ် Administrator တွေအတွက် MySQL Conversion Tools တွေ၊ Blogger တွေအတွက် အလွယ်တကူ Convert လုပ်နိုင်မယ့် Tools တွေလိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက Unicode 5.1 Keyboard Layout ကို အကျွမ်းတဝင်မရှိတဲ့ User တွေအတွက် ဇော်ဂျီ ကီးဘုတ်နဲ့ Unicode 5.1 Display တွဲထားတဲ့ Keyboard Driver မျိုးပါ ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။ အပိုအနေနဲ့ PHPBB Localization, Fusion Localization လို လူသုံးများတဲ့ ဖိုရမ်ဆော့ဖ်ဝဲတွေကို မြန်မာလို Localize ကြိုလုပ်ထားနိုင်ရင် User တွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိပါလိမ့်မယ်။
တတိယအဆင့်အနေနဲ့ Public Campaign လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ အင်တာနက်ပေါ်မှာ Campaign လုပ်ရတာ အပြင်မှာ လုပ်ရသလောက် မခက်ပါဘူး။ နာမည်ကြီး ဘလော့ဂါတွေ ကစလုပ်ရင် နောက်လူတွေ အားလုံးလိုက်လုပ်ကြမှာ သေချာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ User တွေကို ကျွန်တော်တို့ ပထမအဆင့်က စာရင်းပြုစုထားတဲ့ အချက်တွေ ၊ ဒုတိယအဆင့်မှာ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ Tools တွေနဲ့ User တွေကို Unicode 5.1 ရဲ့ အကျိုးကျေးဇူးတွေ၊ ပြောင်းဖို့လွယ်တယ်ဆိုတဲ့ အကြောင်းတွေ ပြလို့ရပါတယ်။ Date တစ်ခုကို Set လုပ်ပြီး Internet Campaign တစ်ခုအနေနဲ့ အားလုံးပြောင်းကြမယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီလို ပြောင်းတဲ့အခါမှာ User တွေကို Technical ပိုင်းက အကူအညီပေးမယ့် Team တစ်ခုက Ready ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက မြန်မာနိုင်ငံထဲက Team တွေက အင်တာနက် ကဖေးတွေကို Technical Support ပေးပြီး ကင်န်ပိန်းထဲမှာ ပါဖို့ ဆွဲဆောင်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဇော်ဂျီဖက်က စဉ်းစားခြင်း
ကျွန်တော်တို့ မြန်မာလူမျိုးများ သံယောဇဉ် အလွန်ကြီးတတ်ကြသလို အလွန်အရိုးစွဲတတ်ကြပါတယ်။ အဲဒီတော့ Unicode 5.1 Conversion မှာ ဇော်ဂျီ ကို ဖယ်ထုတ်ခဲ့လို့မလွယ်ပါဘူး။ အဲဒီတော့ ဇော်ဂျီရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ကျွန်တော် အကြံပေးချင်တာက Alpha အနေနဲ့လည်း Zawgyi 5.1 ပဲခေါ်ခေါ်၊ Zawgyi-two ပဲခေါ်ခေါ် 5.1 Compatible ဖြစ်တဲ့ ဖောင့်တစ်ခုကို User တွေအတွက် ထုတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီလို ဖောင့်အသစ် စီစဉ်ပြီးတဲ့အခါမှာ Alpha ကိုယ်တိုင်က ဦးဆောင်ပြီး Campaign ကိုလုပ်နိုင်မယ်ဆိုရင် ပိုပြီးတွင်ကျယ်မှာ သေချာပါတယ်။

အမေရိကန်လို နိုင်ငံမျိုးတောင် သူတို့ထွင်ထားတဲ့ CDMA-2000 စနစ်ကို ဘေးဖယ်ပြီး တကမ္ဘာလုံးသုံးတဲ့ GSM နောက်ကို လိုက်ရသေးတာ ကျွန်တော်တို့လည်း ကိုယ့်ဘာသာကိုယ် ထွင်ထားတဲ့ De facto စနစ်တွေကို ဘေးဖယ်ပြီး တကမ္ဘာလုံးသုံးတဲ့ Unicode Standard နောက်ကို လိုက်ကြရအောင်ပါ။ တဖြည်းဖြည်း မီးမြှိုက်ခံရတဲ့ ဖားတွေလို အသေခံကြမယ့်အစား လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ကြရအောင်ပါ။ Personal Hatred တွေ ကိုယ်ကျိုးစီးပွားတွေ အားလုံးဘေးဖယ်ထားပြီး အနာဂတ်အတွက် အားလုံးတက်ညီလက်ညီ လုပ်ကြမယ်ဆိုရင် အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Posted by Ngwe Tun (Solveware Solution) at 1:40 AM 0 comments
Related Posts with Thumbnails