Wednesday, November 9, 2011

မကျေနပ်တဲ့ ညစာ

Posted on 2:45 AM by nweminthit


ညစာက သနပ်ခါးလိမ်းထားတယ် ဆောင်းဝတ်စုံ အပြည့်အစုံဝတ်ထားတယ်
ငါ အ၀စားလိုက်တယ် စိတ်မကောင်းပါဘူး သူနွမ်းနေမလား ညစာစားပွဲမှာ ပက်လက်
အိပ်မက်နဲ့ နှိပ်စက်လို့ စက် ဒီလိုနဲ့ မနက်စောစောမှာ ငါ လမ်းလျှောက်ထွက်လိုက်တယ်
အမေ့ဆီ မရောက်ဘူး ညီမလေးဆီမရောက်ဘူး ဒီညစာကြောင့် ငါ လုံးလုံး လူလုံးမပီဘူး
ကီးဘုတ်နဲ့ မောက်နဲ့ ညစာနဲ့ ဘာမှ မဆိုင်ဘူး ညစာက သူ့ဘာသာ ပုံမှန်ရုံးတက်လို့
ညစာမှာ အထင်အရှားမဟုတ်တဲ့ လင်တစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားတယ်
ညစာမှာ ကျန်းမာရေးမကောင်းတဲ့ဒဏ်ကြောင့် အဘောရှင်းတစ်ကြိမ်ဖြစ်ဘူးတယ်
ညစာက မနက်စောစော လမ်းထွက်တဲ့အခါ သိသိသာသာ မျက်ကွယ်ပြုသွားတယ်
ငါကလဲ အမှတ်မရှိ အကြွေးတွေ ခဏခဏယူတတ်လွန်းတော့ မျက်နှာမပူပါလား
အကြည့်ကြည့်တွေ ထပ်တလဲလဲ ရောက်ရောက်လာပြန်တယ်။

No Response to "မကျေနပ်တဲ့ ညစာ"

Leave A Reply

အပြောများ

Related Posts with Thumbnails