Wednesday, October 5, 2011

လက်ရှိအချိန်

Posted on 2:12 AM by nweminthit


လက်ရှိအချိန်လေးမှာ လက်ရှိ ရှင်သန်မှု ရှိနေတယ်
လက်ရှိအချိန် မရှိတော့ရင်တော့ လက်ရှိ ရှင်သန်မှုမရှိဘူးပေါ့
ဆားပေါ့တဲ့ ဆားငံရေတွေ စီးကြောင်းဖြစ်နေတယ်
တော တောင် သဘာဝကို မြတ်နိုးတတ်တယ်
ကာကွယ်ရမှန်း မသိဘူး
ပိုက်ဆံ ဘယ်လို ဖြုန်းရမလဲ ကောင်းကောင်း မသိသလို
ဘယ်က ရနိုင်မလဲ လည်း မရှာတတ်ဘူး။

လက်ရှိအချိန်လေး အတွင်းမှာ လက်ရှိရှင်သန်နေသလိုလိုလေးနဲ့
သေနေတဲ့လူလား အသက်ငင်နေတဲ့ လူလား
အမျိုးမျိုး စမ်းသပ်ခံ စမ်းသပ်သူ ဘ၀အမျိုးမျိုး
တဖျက်ဖျက် ပြောင်းရင်း
မျက်ကန်းလမ်းရှောက် မျက်ကန်းလမ်းပျောက်
မတော်မတဲ့ အပေါက်အလမ်းတွေဆီ ရမ်းသမ်း ငိုက်ငေး
ဒါ လက်ရှိအချိန်တွေ အတွင်းမှာပဲ။

No Response to "လက်ရှိအချိန်"

Leave A Reply

အပြောများ

Related Posts with Thumbnails