Saturday, July 25, 2009

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

Posted on 5:21 AM by nweminthit

ဒါလေးလဲ ညီလင်းဆက်နေရာကပဲ။ကဗျာလေးအကြောင်းလဲ မပြောတော့ပါဘူး။မြန်မာမှန်သမျှ ဒီကဗျာလေး တွေ့ရရင် ကျနော်လိုပဲ သိပြီး ရင်းနှီးပြီး ခံစားပြီးပြီ လို့ ပြောစရာတောင် မလိုတော့လောက်ပါဘူး။တစ်ခုပြောစရာက ကျနော် အခုလို ကူးတာကို ကိုညီလင်းလင်းဆက်ကို မပြောရတာပါ။တကူးတကကြီး ပြောမနေဖြစ်တော့ဘူး။သူနေရာက ပြန်ယူတယ်ဆိုတာ သူသိရင် ဝမ်းသာမှာပါ။ယူရမလား ဆိုပြီး အပြစ်တင်မယ် မထင်ပါဘူး။

ပေါက်ပင်ပါပြုလို့ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်
ဗျိုင်းပါပြုလို့နားရတယ်
ငါးပေါ်လို့နားရတယ်
ငါးပါပြုလို့ပေါ်ရတယ်
ကျွဲးလူးလို့ပေါ်ရတယ်
ကျွဲးပါပြုလို့လူးရတယ်
ဖြုတ်ကိုက်လို့လူးရတယ်
ဖြုတ်ပါပြုလို့ကိုက်ရတယ်
မိုဃ်းရွာလို့ကိုက်ရတယ်
မိုဃ်းပါပြုလို့ရွာရတယ်
ဖားအော်လို့ရွာရတယ်
ဖားပါပြုလို့အော်ရတယ်
မြွေကိုက်လို့အော်ရတယ်
မြွေပါပြုလို့ကိုက်ရတယ်
ငါ့ဝမ်းပူဆာမနေသာလို့ကိုက်ရတယ်။



Tree, tree, why are you crooked?
The heron perched on me.
Heron, heron, why did you perch?
To watch a fish.
Fish, fish, why did you rise?
Because the buffalo waded.
Buffalo, buffalo, why did you wade?
Because the herd beat me.
Herd, heard, why did you beat?
Because I was hungry for rice.
Rice, rice, why weren't you boiling?
Because the fire didn't blaze.
Fire, fire, why didn't you blaze?
Because the firewood was damp.
Firewood, firewood, why were you damp?
Because the rain rained.
Rain, rain, why did you fall?
Because the frog called.
Frog, frog why did you call?
Because I was thirsty.
Little blackguard frog in the well under the banyan tree is there not enough to drink?


J.A. Stewart
JBRS (?)


ဒီကဗျာလေးရဲ့ မူရင်းက မွန်ကဗျာလို့ သိရပါတယ်။ J.A.Stewart ဘာသာပြန်ထားတာ မွန်ကဗျာကို ပြန်ထားတာပါ။ မြန်မာနဲ့ ဘယ်နေရာ စကွဲလဲဆိုတော့ ကျွဲလူးတဲ့နေရာမှာ စကွဲတယ်။ မြန်မာက ကျွဲလူးတာ ဖြုတ်ကိုက်လို့ ဆိုပြီး ပြောင်းသွားတယ်။ မွန်မှာကတော့ နွားကျောင်းသားရိုက်လို့လို့ ဆိုတယ်။ နွားကျောင်းသားက ဘာလို့ ရိုက်တုန်းဆိုတော့ ဗိုက်ဆာလို့တဲ့။ ဗိုက်ဘာကြောင့်ဆာရသလဲဆိုတော့ ထမင်းမကျက်သေးလို့တဲ့။ ဘာလို့ ထမင်းမကျက်လဲဆိုတော့ မီးမတောက်လို့တဲ့။ မီးဘာကြောင့်မတောက်သလဲဆိုတော့ ထင်းစိုနေလို့တဲ့။ ထင်းဘာလို့စိုရသလဲဆိုတော့ မိုးရွာလို့တဲ့။ မိုးဘာကြောင့်ရွာရသလဲဆိုတော့ ဖားအော်လို့တဲ့။ ဒီနေရာမှာ ပြန်တူတယ်။ ဒါပေမယ့် ဖားအော်ရတဲ့ အကြောင်းရင်းမှာ ပြန်ကွဲသွားတယ်။ ဗမာက ဖားအော်တာ မြွေကိုက်လို့လို့ ဆိုတယ်။ မွန်ကတော့ ဖားအော်တာရေဆာလို့လို့ ကွဲသွားတယ်။ မွန်ကဗျာလေး ရိုက်တင်ပေးဦးမလို့ပဲ။ ဇော်ဂျီနဲ့လည်း ရိုက်မရ၊ မြန်မာသရီးနဲ့လည်း ရိုက်မရတဲ့ စာလုံးတွေ ပါတာမို့ မတင်တော့ဘူး။ JBRS ဘယ် အမှတ်စဉ်ကလဲဆိုတာ ရှာမရလို့ (?) အမှတ်အသားနဲ့ ပြထားတယ်။ မြန်မာစာလုံးပေါင်းလည်း အဲဒီအထဲကအတိုင်း မပြင်ဘဲ တင်လိုက်တယ်။


No Response to "ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်"

Leave A Reply

အပြောများ

Related Posts with Thumbnails