Wednesday, September 2, 2009

ရွက်ကြွေညည်းချင်း

Posted on 4:54 AM by nweminthit



ကောင်းကင်ရေ
မှိုင်း..မှိုင်းညို.တိမ်တွေ ဖယ်ပေးပါလားဟင်
ချစ်ရည်တွေစိုလူး…..သူမျက်ဝန်းကို
ငေးငေးကြည့်ရအောင်

ကောင်းကင်ရေ
ကြည်……...ပြာလဲ့လင်းလို. ၀င်းပေးပါလားဟင်
ရှိန်းမြမြရွှေ…..သူ.လည်တိုင်ကျော့
မော့မော့ ဖူးရအောင်

ကောင်းကင်ရေ
ဆည်းဆာ ….မင့်အလှခဏဖယ်ပေးပါလားဟင်
ရွှေနှယ်မွတ်ဝင်း…သူအဆင်းကို
ပပကြွားခွင့်ပေးရအောင်

ကောင်းကင်ရေ
ပေး…..သနားခြင်းချစ် လွင်ပါ့းပါစေလားဟင်
မြေနှယ်နိမ့်ကျ……ငါ့ဘ၀ကို
သူနဲ.ဝေး ဝေး သွားရအောင်
ကောင်းကင်ရေ
မိုး…....သည်းသည်းမဲမဲ ရွာပေးပါလားဟင်
အလွမ်းတွေမျောပစ်ရင်း….မျက်ရည်တွေ
ခိုးခိုးကျရအောင် ....

ကဗျာ ရေးသား ပေးပို့ တဲ့ ပုံလေးကို အမှတ်တရ ပေးပို့တဲ့ ချစ်ညီမလေး အား ချစ်ခြင်း လွမ်းဆွတ် တမ်းတခြင်းများစွာဖြင့်

နွေမင်းသစ်

No Response to "ရွက်ကြွေညည်းချင်း"

Leave A Reply

အပြောများ

Related Posts with Thumbnails