Monday, April 20, 2009

Myanmar Unicode နဲ့ ပက်သက်ပြီး နားလည်မိသမျှ

Posted on 4:04 AM by nweminthit

မြန်မာအိုင်တီပရိုမှာ ယူနီကုဒ်နဲ့ ပက်သက်ပြီး အရင်က အငြင်းပွားကြပါတယ်... အခုလည်း အငြင်းပွားနေကြတုန်းပါပဲ... နောင်လည်း ဆက်ညင်းနေကြဦးမယ့် သဘောမှာ ရှိပါတယ်... တစ်ကယ်တော့ ဒီကိစ္စကို ကိုယ့်ကိစ္စမဟုတ်ပါဘူးလေ... လူကြီးတွေ ကောင်းအောင်လုပ်ပါလိမ့်မယ်... နောက်ဆုံး ရလဒ်တစ်ခုထွက်လာတော့မှ လူကြီးတွေက သုံး ဆိုတာကို သုံးလိုက်မယ်လို့ စိတ်ကူးထားတာပါ... ဒါပေမယ့် အားလုံး စည်းလုံး ညီညွတ်ရမယ့်ကိစ္စမှာ ဘာဖြစ်လို့ ဒီအငြင်းပွားမှုတွေ ရှိနေတာလည်းဆိုတာကို စိတ်ဝင်စားမိပါတယ်... စိတ်ဝင်စားလို့ လေ့လာရင်းနဲ့ အနည်းအပါးသိလာပါတယ်... အဲ့ဒါလေးတွေကို တင်ပြခွင့်ပြုပါ...

Unicode ဆိုတာ လိုအပ်သလား
လိုတာပေါ့ဗျာ... အခုခေတ်မှာ ကိုယ်ရေးထားတဲ့စာကို တစ်ခြားသူက Font မရှိလို့ ဖတ်လို့မရဘူးဆိုတာ လုံးဝမဖြစ်သင့်တော့ပါဘူး... စံတစ်ခုကိုသာ Font အားလုံးက လိုက်နာမယ်ဆိုရင် Font တစ်ခုရှိနေတာနဲ့ ဘယ် Font ကိုသုံးပြီး ရေးထားရေးထား ဖတ်လို့ ရပါလိ့မ်မယ်... Font ဆိုတာ တစ်ကယ်တော့ အပေါ်ယံ လေးပါပဲ... အခုတော့ Zawgyi နဲ့ ရေးထားရင် Myanmar3 နဲ့ ဖတ်လို့မရပါဘူး... Myanmar3 နဲ့ရေးထားရင် Zawgyi နဲ့ ဖတ်လို့မရပါဘူး... ဘာလို့မရလဲ အားလုံးသိပါတယ်... စံတစ်ခု ရှိနေရဲ့သားနဲ့ Zawgyi က စံကို မလိုက်နာပဲ ထင်သလို လုပ်ထားပါတယ်... Myanmar3 ကတော့ လိုက်နာပါတယ်... အဲ့ဒီမှာ လွဲနေတာပါပဲ... (Font နဲ့ Unicode နဲ့ မကွဲသေးတဲ့သူတွေ အများကြီးရှိပါတယ်... ပညာပေးမှုတွေ လိုအပ်နေပါသေးတယ်...)

Unicode ကြောင့် ရနိုင်မယ့် အကျိုး
Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်... အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်... စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်... တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်...

(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး...ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ... မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်... မသိချင်ယောင်ဆောင်နေလို့မရပါဘူး... Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်... သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်... အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး... Unicode စစ်ရင် ရပါတယ်... တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ...)

Zawgyi က ဘာကြောင့် စံကို မလိုက်နာတာလဲ
အဲ့ဒါတော့ Zawgyi Developer တွေကို မေးမှပဲ ရမယ်... ခက်တာက သူတို့ကလည်း မရိုးမသားလုပ်ထားတဲ့ သူတွေဆိုတော့ မျက်နှာမပြရဲ့ကြဘူး... ဒါငါလုပ်တာဟေ့လို့ ရဲရဲဝံ့ဝံ့ မပြောရဲ့ကြဘူး... သနားဖို့တော့လည်း ကောင်းပါတယ်... ပင်ပင်ပန်းပန်း လုပ်တုန်းကလုပ်ပြီး ဝန်ခံခွင့် မရကြရှာဘူး... ကျွန်တော်နားလည် သလောက်ဆိုရင် စံကို လိုက်နာဖို့က နည်းပညာပိုင်း အနည်းငယ် အခက်အခဲ ရှိပါတယ်... ဥပမာ- မြန်မာစာမှာ ရရစ် (ြ-) ဆိုတာရှိပါတယ်... စံသတ်မှတ်ချက်အရ ရရစ် တစ်ခုပဲရှိပါတယ်... ဒါပေမယ့် က တို့ အ တို့လို စာလုံးတွေနဲ့ တွဲပြရမယ်ဆိုရင် ရရစ်အကြီး (ကြ) ကို ပြရမှာဖြစ်ပြီးတော့ ခ၊ င စတဲ့ စာလုံးတွေအတွက် ရရစ်အသေး(ငြ) ကို ပြပေးရမှာပါ... စံသတ်မှတ်ချက်အရ ရရစ် တစ်ခုပဲ ရှိတော့ Font က အလိုလိုနားလည်ပြီး သင့်တော်တဲ့ ရရစ်ကို ပြပေးနိုင်ရပါတယ်... Zawgyiက အဲ့ဒါကို ဘယ်လိုလုပ်ရလဲ မသိလို့ထင်တယ်... စံက တစ်ခုတည်း သတ်မှတ်ထားပေမယ်... သူတို့က (ြ- ကောြ-- ပါ) နှစ်ခုစလုံး ယူထားလိုက်ပါတယ်... မြန်မာတွေဖြစ်ပြီးတော့ မြန်မာစာကို ကောင်းကောင်းနားမလည်တော့ ဇမျဉ်းစွဲ နဲ့ စလုံး ယပင့် (ဈ) ကို အတူတူလို့ ယူဆကြပါသေးတယ်... မြန်မာစာရဲ့ သဘောကို အားလုံးသိပါတယ်... [ သဝေထိုး ကကြီး ရရစ် ရေးချ ငသတ် ကြောင်း ရှေ့က ဝစ်ဆန်နှစ်လုံးပေါက် ကြောင်း ] ဆိုတာ သူငယ်တန်း ကလေးကအစ သိပါတယ်... ဒါပေမယ့် Zawgyi က ကကြီး ရိုက်ပြီးမှာ ရရစ်ရိုက်ရင် (ကြ--) ကြ လို မှန်မှန်ကန်ကန် မပြနိုင်တော့ ရရစ်ကို အရင်ရိုက်ရပါတယ်... ပြီးမှ ကကြီးရိုက်ရပါတယ်... အားလုံးသိပြီးသားပါ... မဆင်ပြေအောင် မလုပ်တက်တိုင်း မြန်မာတို့ရဲ့ရိုးရာ မြန်မာစာကို ဖျက်ဆီးတာပါပဲ... ဒီလောက်ဆိုရင် Zawgyi က ဘာလို့ စံကို မလိုက်နာ(နိုင်)တာလဲ သိလောက်ပါပြီ... မှားနေရင်လည်း Zawgyi ဆရာသမားတွေ ဝင်ပြင်ပေးပါလိမ့်မယ်... (အဲ့ဒါတောင်မှ Zawgyi ရဲ့ နည်းပညာ အရမ်းမြင့်ပါတယ်လို့ ပြောတဲ့သူတွေရှိသေးတယ်... အံ့ပါရဲ့... အံ့ပါရဲ့... ;)

ဒါဆို ဘာလို့ Zawgyi ကို လူသုံးများနေတာလဲ
ဒါကတော့ ရှင်းပါတယ်... သူများတွေက စံကိုလိုက်နာဖို့ ကြိုးစားနေချိန်မှာ သူက အဖြစ်လုပ်ပြီတော့ ဈေးကွက်ထဲကို အမြန်ဖြန့်လိုက်ပါတယ်... အဲ့ဒီတော့ လူတွေက သူ့ကို အရင်စသုံးဖြစ်ပါတယ်... (planet လို နာမည်ကြီး site က စသုံးပြတာလည်းပါပါတယ်) တစ်ကယ် စံကိုလိုက်နာနဲ့ Font တွေ ထွက်လာတဲ့အချိန်မှာ သာမန် (user) တွေက ပြောင်းမသုံးချင်တော့ပါဘူး... ဒါ သဘာဝကျပါတယ်... User တွေအနေနဲ့ကတော့ လတ်တလော ဖတ်လို့ရနေတယ်... အဆင်ပြေနေတယ် ဆိုရင်ပြီးတာပဲလေ... Technical Detail က သူတို့နဲ့မှ မဆိုင်ပဲ... Zawgyiက အဲ့ဒီအချက်ကို အမိအရကိုင်ပြီးတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာပါ...

Unicode ကို လက်ခံဖို့ ဘာလို့ခက်ခဲနေတာလဲ
နှစ်ချက်ရှိပါတယ်... ပထမအချက်က လက်ရှိ web ပေါ်မှာ ပြုပြင်ဖို့ခက်ခဲလောက်အောင် လူတိုင်း Zawgyi သုံးနေကြလို့ပါ... Unicode ကို နားလည်တဲ့ Blogger တစ်ယောက်ကို မေးကြည့်ပါ... မင်းရဲ့ blog ကို Myanmar3 နဲ့ ပြောင်းပါလားလို့... ဘယ်ပြောင်းမလဲ... ပြောင်းလိုက်ရင် နောက်ပိုင်း အကျိုးရှိနိုင်ပေမယ့် သူ့blog ရဲ့ လက်ရှိ popylarity ကျသွားမှာပေါ့... user က ဖတ်လို့ မရတော့ဘူးလေ... ဖတ်ချင်ရင် Myanmar3 ထပ်ထည့်ရမယ်လေ... (Myanmar3 ကို ထပ်ထည့်ဖို့ကြတော့ တစ်ချို့ unicode ကို မလိုလားသူတွေရဲ့ မမှန်သတင်းလွှင့်မှုတွေကြောင့် တွန့်ကြတယ်လေ...) နောက်တစ်ချက်ကတော့ Zawgyi ကြောင့်ပါပဲ... သူတို့က စံကို လိုက်နာဖို့ မကြိုးစားကြသလို စံလိုက်နာတဲ့ Font တွေကို လူတွေသုံးကြမှာကိုလည်း ကြောက်ကြပါသေးတယ်... (unicode standard်font ကိုသာလူတွေသုံးလာကြရင် Zawgyi ကိုယ်တိုင် standard ကို လိုက်နာရင်တောင်မှ အခုလို လက်ဝါးကြီးအုပ်ထားလို့ ရမှာမဟုတ်တော့ပါဘူး)

ဒါဟာ ဘာကြောင့် အခုလို အငြင်းပွားမှုတွေ ဖြစ်နေရသလဲဆိုတာကို
အနည်းအကျဉ်းမြင်သာအောင်ပြောတာပါ... ဆရာကြီးတွေနဲ့ လူကြီးတွေကတော့ သိပြီးသားပါ... Beginner တွေနဲ့ ကျွန်တော့်လို ချာတိတ်တွေ မမှန်သတင်းလွှင့်တဲ့သူတွေရဲ့ အပြောသက်သက်တွေကို ယုံနေမှာစိုးလို့ အခုလို တင်ပြလိုက်တာပါ... တစ်ကယ်ဆိုရင် ဒီ မပြီးဆုံးနိုင်တဲ့ အငြင်းပွားမှုထဲကို ဝင်မပါချင်ပါဘူး...
နောက်ပြီးတော့ သတိထားကြပါ... Standard Unicode ကို လိုက်နာလိုက်ရင် ကျွန်တော်တို့ရဲ့ ကွန်ပျူတာသုံး မြန်မာစာဟာ အလျှင်အမြန်တိုးတက်လာမှာပါ... ဒီလိုတိုးတက်မှာကို မလိုလားသူတွေနဲ့ အမျိုးသားရေးကိုမကြည့်ပဲ ကိုယ့်အတ္တတစ်ခုတည်းကို ရှေ့တန်းတင်ပြီး မှားမှန်းသိရက်နဲ့ ကိုယ့် product ကို promote လုပ်ဖို့ ကြိုးစားနေသူတွေကသာ Unicode Standard ကို ဆန့်ကျင်နေကြတာပါ...

ကျေးဇူးတင်ပါတယ်...

[ Ei Maung ]

ps: ဘယ်ဘက်မှလိုက်တာမဟုတ်သလို ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး... သာမာန် web developer တစ်ယောက်ပါပဲ... မြင်တာကို မြင်တဲ့အတိုင်းရေးတာပါ... အမှန်တွေပြောလို့ တစ်ချို့ကို ထိခိုက်မိရင်တော့ မတက်နိုင်ပါဘူး..
Posted by Ngwe Tun (Solveware Solution) at 12:15 AM 1 comments
Subscribe to: Posts (Atom)

No Response to "Myanmar Unicode နဲ့ ပက်သက်ပြီး နားလည်မိသမျှ"

Leave A Reply

အပြောများ

Related Posts with Thumbnails