Saturday, February 2, 2013

http://mmbloggershelpdesk.blogspot.com/2007/08/peekaboo-navigation-bar.html

ဘလော့ဂါ တော်တော်များများက ပို့စ်လည်းရေးကြတယ်. ကိုယ့်ဘလော့ဂ်လေး ကိုလည်း လှသည်ထက်လှအောင် ပြုပြင်မွမ်းမံ တတ်ကြပါတယ်. အဲဒီ့မှာ ဘာတစ်ခုက လာအရုပ်ဆိုးစေလဲ ဆိုတော့ ဘလော့ဂ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Blogger Navigation Bar ကြီးပါ.

ကဲကဲ.. ဒီလောက်ဆို သဘောပေါက်ရောပေါ့. ဒီ Bar ကြီးကို ဖျောက်ချင်တယ်နော်. ဟုတ်. တစ်ချို့က အပြီးဖျောက်ထားကြတယ်. အဲဒါက ဘာမကောင်းဘူးလဲဆိုတော့ ကိုယ်ကိုယ်တိုင် Sign in ၀င်ချင်ရင် https://www.blogger.com/start ကို ပြန်သွားနေရရော. အလုပ်ရှုပ်တာပေါ့ဗျာ.

ဘာလုပ်မလဲ.

ဖျောက်ထားမယ်. Mouse လေးတင်လိုက်မှ ပေါ်လာမယ်. ဒါမျိုးလေး လုပ်ရင် မကောင်းဘူးလား..

အိုး. ဂွတ်ဒ်..

ဘယ်လိုလုပ်ရမလဲ ဆိုတော့ ဂလိုလုပ်ပါခင်ဗျာ..


/*Peekaboo Navigation Bar
------------------------------ */

#navbar-iframe
{
opacity:0.0;
filter:alpha(Opacity=0)
}
#navbar-iframe:hover
{
opacity:1.0;
filter:alpha(Opacity=100, FinishedOpacity=100)
}



ဆိုတာလေးကို template ထဲက Tag မတိုင်ခင်မှာ ထည့်ပေးလိုက်ရုံပါပဲ.

ဥပမာ.

blah blah blah..
*/

/*Peekaboo Navigation Bar
------------------------------ */
ဒီမှာလာထည့်





body {
background:#aba;
margin:0;
text-align:left;
line-height: 1.5em;
font:x-small Trebuchet MS, Verdana, Arial, Sans-serif;
color:#000000;
font-size/* */:/**/small;
font-size: /**/small;
}

The rest of the template goes here….

မှတ်ချက်။ ။ Firefox မှာပဲ အလုပ်လုပ်ပါတယ်ခင်ဗျာ...
ဒီပို့လေး တင်ဖြစ်တဲ့ အကြောင်းနည်းနည်း ပြောလိုက်ပါဦးမယ် . . . ကျနော် အရင် template အဟောင်းတုန်းက ဒီ navigation-barလေး ကို အခု ကိုရန်အောင်ပြောတဲ့ အတိုင်း လုပ်ထားပြီးသားဗျ၊အခု အသစ်လုပ်လိုက်တော့ ထုံးစံအတိုင်း အားလုံး ပျောက်ကုန်ရော ။ဝင်လိုက်ရတာဗျာ . .blogger.com ဒါတောင် အဆင်မပြေဘူး ။ဘယ်နေရာကြီး ရောက်ရောက်နေမှန်းကို မသိဘူး။ပို့စ်အသစ်တင်တဲ့ နေရာပဲ ပြန်ရောက်ရောက်နေပြီး တင်လို့လဲ မရဘူး။Publish Post ကို အသလွတ်နှိပ် နှိပ်ပြီး အဲဒီ ဘာမှ မရှိတဲ့ ပို့ စ် အသစ်ကြီးကို ပြန်ပြန် ဖျက်ဖျက်ပေးရပြန်တယ်။အခုကို ရန်အောင် ပြောပြထားတာကလဲ ကူးမထား ယူမထားတော့ ရှိမှန်းတော့ သိသာ နေတယ် ဘယ်နေရာက ဖတ်ခဲ့ရမှန်းက မသေချာဘူး။ကိုရန်အောင်ရေးထားမှန်းသေချာ သိနေရဲ့နဲ့ ကိုပီကေ ရော,ကိုချမ်းမြစိုးရော,ညီနေမင်းဆိုတဲ့ နေရာကော အဟား အကုန်ပြန်ဖတ်ရတော့တာပဲ။တစ်ခါတစ်လေ နှစ်ခေါက်ဖတ်ရလို့ အကျိုးရှိတာတွေလဲ ရှိတယ်။ကိုပီကေ ပြောတာတွေဆို စောစောက လင့်တွေ အဲ codeတွေ ဘယ်လို ယူရမှန်းမသိတာနဲ့ ဒီအတိုင်းကြည့်နေရတာ အခု အခေါက်ပြန်ဖတ်မှပဲ ကုဒ်ရမယ့် နေရာလေး တွေ့ရတော့တယ်။ညီနေမင်းဆိုတဲ့ နေရာကတော့ ဘယ်က ဖွင့်ဖွင့် ပွင့်ကို မပွင့်တော့တာ ကြုံရတယ်။ကဲ . . . ထားပါတော့ သုံးပတ်ကျော်ကျော်လောက် ဒီအတိုင်း ဘလော့ ဝင်မယ်ဆိုရင် သိသိကြီးနဲ့ ခံပြင်းပြီး လုပ်လုပ် နေရတယ်။အခု တွေ့တော့လဲ စိတ်လေး အသာလျော့ပြီး အဲဒါလေး ရှာဦးမှ ပါလေးဆိုပြီး ကောက်ဖွင့်တော့ တန်းတွေ့တော့တာပဲ ။မှတ်ဟ . . .ဒီလောက်စိတ်ဒုက္ခပေးတဲ့ နည်းလေး ဆိုပြီး အကုန်လုံးကို ကော်ပီ ကူးပစ်လိုက်တယ်။အမယ် . .ကိုယ်နေရာမှာ ကော်ပီ မရှိမှန်းသိရဲ့ နဲ့ ရှိများရှိနေမလားဆိုပြီး ကိုယ့်နေရာက ပို့စ်တွေတောင် ပြန်စစ် ဖတ် လုပ်လိုက်ရသေးတယ် ။
ဒါကြောင့်ပါဗျာ။အခုတော့ မိမိ ရရ ကူးပစ်လိုက်တယ် ။ဘာရမလဲ ငါကွပေါ့ ဟားဟား။

my baby

ကလေးချစ်တတ်သူတွေအတွက် တူမလေးတစ်ယောက်ရဲ့ ပုံကို လက်ဆောင်ပေးလိုက်ပါတယ်။ Mounting created Bloggif

Tuesday, December 11, 2012

စန္ဒာရည်



“ထိုင်မိထိုင်ရာ၊နာရီကြာလည်း
ကြာသည်ကိုမေ့၊မချမ်းမြေ့ဘူး” တဲ့
အချစ်နဲ့ထုဆစ်ထားတဲ့ တစ္ဆေ
ည အမှောင်တွေက သွေးထိုး
တစ်ရေးနိုးလည်း ကြေကွဲ
အသိ အတွေးထဲမှာ ရုပ်ပုံလွှာ
အချစ်တဲ့လားကွယ်
ခက်ထန် လျှို့ဝှက်လှချည်လား
တမ်းတစိတ်နဲ့ မျှော်လင့်ချက်ဟာ
နေ့ နဲ့ ညလို
အိုရင့်သွားတဲ့ သံသရာ
ကြာဆိုမှ ကြာခဲ့ပါပြီ စန္ဒာရည်။ ။


“မျက်နှာချင်း လမင်းမှာဆုံ”
ရင်ခုန် စိမ့်လှိုက်
ပင့်သက် ရှိုက်ချက်
သီချင်းတစ်စနဲ့
အနုနယ်ဆုံး ရင်ခုန်သံက
ဘယ် ဘ၀အထိ ဆွေးရဦးမလဲ
အခါခါ ကြေကွဲဖူးပြီပဲ စန္ဒာရည်။ ။
“အချစ်မှာ မျက်စိ မရှိ” တဲ့
မျက်စိမှာမှ အချစ်မရှိတာ
စာနာလိုက်ပါ စန္ဒာရည်။ ။
ဘ၀သစ်ရဲ့ ဂြိုဟ်ပြာမှာ
သစ္စာဟာ ခြေလှမ်း
အချစ်ဟာ အတောင်ပံတွေပေါ့ကွယ်။
ကြေညာလိုက်စမ်းပါ
သံသယမပါဘူးဆိုတဲ့ အကြောင်း။ ။
ဘ၀သံသရာသီချင်း
မင်း ညည်းစမ်းပါဦး စန္ဒာရည်
လူမှန်ရင်
လောကဓမ် အိုးထိမ်းစက်
ဒုက္ခတွေနဲ့ မှေးစက်ကြ
အဆင်းရဲဆုံး ဖြတ်သန်း
ဘ၀သစ် စခန်းလေးကိုတော့
မဖြစ်မနေ သွားခွင့်ရသင့်ပါတယ်။
ဝေးဝေးကပဲ ချစ်မယ်ဆိုတဲ့
မတင်မကျ အလွမ်းတွေနဲ့
ဘာလုပ်မှာလဲကွယ်
အချစ်ဆိုတဲ့ အရာက
ပရုပ်လုံးလေးတွေနဲ့ အတူ
ဗီရိုထဲ သိမ်းထားလို့ ရကောင်းတာမှ မဟုတ်တာ။
တစ်ခါတစ်ရံ
ကုသိုလ်ကံရဲ့ ခုံရုံး
ပြုံးပြုံးလေး ရင်ဆိုင်ရဲရမပေါ့
မြင်းကောင်း ခွါလိပ်ကြရမယ်
ပန်းကောင်း အညွှန့် ကျိုးချင်ကျိုးမယ်
တောင့်ထားကွယ် စန္ဒာရည်။ ။

(ကြာမြှင့်လှသောမှတ်စု အဟောင်းလေးတစ်ခုမှ)

Monday, December 10, 2012

လူ

စာရေးဆရာကြီး Shaw,Bernard (1856-1950)က လူတိုင်းသည် အသက်လေးဆယ်ကျော်လာသည်နှင့် လူယုတ်မာဖြစ်ပြီ ဟု ပြောင်လှောင်ခဲ့ဖူးသည်။လူသည် အသက်ကြီးလာလေ အသိ အဆင်ခြင်ပိုလာလေ မာယာပရိယာယ် ပိုများလာလေ လိမ်လည်ကောက်ကျစ် ညာဝါးတတ်လာလေ ဖြစ်တတ်သည်ကို ရည်ညွှန်းလိုဟန်တူသည်။class="separator" style="clear: both; text-align: center;"> ကာတွန်းပညာရှင်ကြီး ဦးဘဂျမ်းကလည်း "လူသည် လိမ်နိုင် ကောက်နိုင်မှ ကိုယ်ကျန်းမာ စိတ်ချမ်းသာ နှင့် ပြည့်စုံနိုင်သော သတ္တ၀ါ ဖြစ်သည်။စိတ်ထဲတွင် ရှိသမျှကို ပြောဆိုကြလျှင် တစ်ဦးနှင့်တစ်ဦးပွင့်ပွင့်လင်းလင်း ပြောဆိုကြစတမ်းဆိုလျှင် (တစ်ဦးနှင့် တစ်ဦး သတ်ကြ ဖြတ်ကြကာ) မသာချရသော အလုပ်ဖြင့်သာ အချိန်ကုန်ကြရမည်ဖြစ်သည်“ ဟု သရော်ခဲ့ဖူးသည်။ လူသည် အသိဉာဏ်အရာ၌ ဆင်ခြင်ဉာဏ်အရာ၌ ထိပ်တန်းကျလှသည်ဆိုပါလျှက် ကြုံတွေ့လာသော ဘ၀ဒုက္ခများ မပြေလည်မှုများ မကျေနပ်နိုင်ခြင်းများကို ခံနိုင်ရည်ရှိအောင် ဖြေဆည်နိုင်အောင် လူ့အသိဉာဏ်က မတတ်နိုင်ဘဲ ဖြစ်လျှက်ရှိပြန်သည်။ထိုသို့ဖြင့် အခြားသတ္တ၀ါတို့တွင် မတွေ့နိုင်သော မကျေနပ်မှုများ မျှော်လင့်ချက်ကင်းမဲ့၍ စိတ်ဓာတ်ကျခြင်းများ စသော စိတ်ကျရောဂါများ စိတ်ဝေဒနာများကို လူတို့တွင် ပိုပို ဖြစ်နေတော့သည်။ (အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ ဆောက်တည်ရာ၊ဆရာကြီးနန္ဒာသိန်းဇံ - မှ)

Tuesday, June 19, 2012

ဂီတနှင့် ငွေကြေး

တစ်ခါက ဖင်လန်သား နာမည်ကြီးဂီတသမားကြီး ဆီဘီလိယပ်စ်သည် ဧည့်ခံပွဲတစ်ခုကျင်းပခဲ့ရာ ထိုဧည့်ခံပွဲသို့ တက်ရောက်ကြသူအားလုံးမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်ကာ ဂီတလောကသားများ တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ယင်းကို သတိပြုမိသော ဂီတသမားကြီး၏ မိတ်ဆွေတစ်ဦးက မနေနိုင်သဖြင့် မေးခွန်းတစ်ခု မေးခဲ့သည်။“ခင်ဗျား ဧည့်ခံပွဲက ဘယ်လိုလဲဗျ။ခင်ဗျားကိုယ်တိုင်က ဂီတ စာဆိုတော်၊တေးသီချင်းတွေ ကူးနေပြီး ၊ဧည့်သည်တွေ အားလုံးကကြတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ငွေရှင်ကြေးရှင်တွေ ချည်းပါလား၊ဂီတလောကသား တစ်ယောက်မှ မပါပါလားဗျ”ဟု မေးခဲ့၏။ ဂီတပညာရှင်ကြီးက အောက်ပါအတိုင်း အဖြေပေးခဲ့ပါသည်။ “ ဒါ ဟုတ်တယ်လေ။ဒါပေမယ့် စီးပွားရေးအကြောင်း လုံးဝ မဆွေးနွေးကြပါဘူး၊တကယ်လို့ ဂီတသမားတွေက ဖိတ်လိုက်ရင် သူတို့ဟာ ဂီတအကြောင်း မပြောဘဲ ငွေရေးကြေးရေးစီးပွားရေးအကြောင်းတွေချည်းပဲ ပြောတတ်ကြတယ်။ဒါကြောင့် ဂီတလောကသားတွေကို မဖိတ်တာပါ”။ထိုအဖြေကိုကြားသော မိတ်ဆွေမှာ “သူဖြေတာလဲ ဟုတ်သားပဲ”ဟု စိတ်ထဲ တွေးမိသော ဟူ၏။ (ယနေ့ ဂီတသမားများ မပါ)

Monday, January 2, 2012

နှစ်သစ်တွင် မသစ်နိုင်ခြင်း

နှစ်သစ်တစ်ခုကို ရောက်သွားသော်လည်း အသစ်မဖြစ်နိုင်သော အခြေနေများဖြင့်
အဟောင်းအဆွေးလေးများနှင့်သာ ပြန်သွားရလေသည်။ညက မထင်မှတ်စရာ မိုးဖျောက်ဖျောက် ကျပြန်သည်။စာငတ်မှု ဘိန်းစွဲသလို စာစွဲနေတဲ့ လူတစ်ယောက်။“ဗျဂ္ဃမျက်လုံး” မောင်ချစ်ပန်ရေးက ဖတ်ပြီးသား ထင်သည်။ဦးဝင်းတင် ဘာသာပြန်သော “ကွိ”။နောင်“ မောင်ထွန်းသူ” ဘာသာပြန် “ရဲတိုက်” နှစ်အုပ်တွဲ။ဖတ်ဖူးသလိုလို ထင်ပြန်သည်။“မဟာဆွေ၏ မဟာဆွေ”။ဦးနုရဲ့ “တာတေ စနေသား”။“ရာဟုလာသံကစ္စည်း” ရေးပြီး “ပါရဂူ” ဘာသာပြန်တဲ့“ ဗောဒဂါ မှ ဂင်္ဂါသို့”။သမိုင်း မတင်မှီကနေ ဒါမှမဟုတ် ကမ္ဘာဦး လူမှုအဖွဲ့ အစည်းကနေ ယနေ့ မျက်မှောက် ခေတ် အိန္ဒိယ အထိ။ မိသားစု ပုံစံ နေထိုင်မှု စနစ်တစ်ခု။မှတ်မှတ်ရရ။သဘာဝတရားကို အန်တု၊မျိုးဆက် ဆက်လက် ပြန့်နှံ့ စီးဖြာခြင်း။နောက် ကိုလိုနီ ခေတ်။လွတ်လပ်ရေးရပြီး ကိုယ်ပိုင်ရပ်တည် တည်ဆောက်မှုအထိ။အသိမှာ ရောက်လာတာက “အိန္ဒိယသည် ကိုယ်ပိုင်ဟတ် ရှိ၏။ကိုယ်ပိုင် တီထွင်၏။သူများကို အားမကိုး။”သိပ္ပံ,စိုက်ပျိုး,စက်မှု,လူမျိုးရေး ဘာသာရေးကစ၍ အိန္ဒိယရင်ခွင်ရှိအားလုံးသည် ကိုယ့်အတွေးအခေါ်က မွေးဖွားသည်။ကိုယ့်အတွေးအခေါ်ကို စားသုံးသည်။ကိုယ့်တီထွင်မှုကိုသာ လက်ခံမည်။ကိုယ့် အသီးအပွင့်ကိုသာ ကိုဆွတ်မည်။

Friday, December 16, 2011

စိတ်အာဟာရ

၁၁၉၆ မှ ၁၂၅၂ အထိ ဂျာမဏီတွင် နန်းစံခဲ့သော ဒုတိယမြောက် ဖရက်ဒရစ်ဘုရင်သည်
ကမ္ဘာ့သမိုင်း၏ အစောဆုံးနှင့် အပြင်းထန်ဆုံး လူမှုရေးစမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။
မွေကင်းစကလေးများ မည်သည့်ဘာသာစကားမျိုးကို ဘာသာ ပြောနိုင်မည်နည်းဟု စမ်းသပ်သည်။
မိခင်များက နို့တိုက်ရုံသာတိုက်၊ထွေးပွေ့ခြင်း ချီပိုးချော့မြူခြင်း အသံပြုခြင်းများ ကျီစယ်ခြင်းများ မလုပ်ရ။
ကလေးများသည် ရှေးအကျဆုံး ဟီဘရူးဘာသာစကားကို ပြောမည်လော။
ဂရိ လက်တင် အာရဗီစကားကို ပြောမည်လော။
မိဘအရင်းတို့ ပြောသည့်ဘာသာကိုပင် ပြောမည်လော။
တစ်ခုခုသော ဘာသာစကားကို ပြောမည်လော။
ဘုရင်ကြီး အများကြီးမျှော်လင့်ထားသည်။ဘုရင့် အကြံမထမြောက်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော်
ကလေးအားလုံး သေဆုံးခဲ့ကြသော ဟူ၏။
ကလေးတို့အတွက် နို့တိုက်ရုံသက်သက်ဖြင့် ဘ၀ကိုဆက်လက်ရှင်သန်ရန် မလုံလောက်။
ထွေးပွေ့ခြင်း ချော့မြူခြင်း အသံဖြင့်ကျီစယ်ကလူခြင်း စသော လူသားဆန်သည့် တုန့်ပြန်မှုများ ရှိမှသာ
ရှင်သန်နိုင် မည်ဟူ၏။ရုပ်အာဟာရဖြစ်သော နို့ထက် စိတ်အာဟာရဆက်သွယ်မှုက ပိုပြီး အရေးပါသည်ဆို၏
(ဒေါက်တာကျော်စိန်၊ဆက်သွယ်မှုစိတ်ပညာနှင့် အတွေးမျှင်စာတမ်းများ -မှ)

Monday, December 12, 2011

ဗိုလ်ချုပ်အောင်ဆန်းသေသွားပေမယ့်

အာဇာနည်ကြီးတွေ လုပ်ကြံခံရတော့
မန်လေးသူ မန်းလေးသားတွေက ဆရာတော်တွေ ပင့်ပြီး ကောင်းမှုပြုကြ အမျှဝေကြပေါ့။
ဒီပွဲမှာ မစိုးရိမ်ဆရာတော်ကြီးက မိန့်တယ်
``မင်းတို့ကွာ ဗိုလ်ချုပ်အောင်ဆန်းသေသွားပေမယ့်
သူရဲ့ လမ်းစဉ်အတိုင်း ဆက်လက်ပြီး
ကျင့်သုံး လုပ်ဆောင်ကြမယ်ဆိုရင်
မင်းတို့ ဗိုလ်ချုပ်အောင်ဆန်း သေရာမရောက်ပါဘူးကွ။
အသက်ရှင်လျှက် ရှိပါသေးတယ် ´´တဲ့။

ဝိသာခါ

ဝိသာခါဆိုတာ ဘယ်သူလဲတော့ မသိဘူး
စာတွေထဲ မှာ ဖတ်ရတာတော့ အရမ်း ခင်ဖို့ ကောင်းတယ်။
တစ်ခါက ၀ိသာခါဟာတဲ့ သူ့မြေးတစ်ယောက်ဆုံးတော့ ဂင်္ဂါမြစ်မှာ အစဉ်အလာအတိုင်း
ဆံပင်တွေ ဖားရလျားချပြီး ရေအစိုခံနေသတဲ့။

သူဆရာဗုဒ္ဓက ပြောတယ် အင်း ၀ိသာခါ နင်တော့ ဒီအစဉ်အလာတွေ အတိုင်းလိုက်နေရင်
နင့် အဆက်အစဉ်က များပါဘိသနဲ့ ။နင့်ဆံပင်တွေ ဘယ်တော့များမှ
ခြောက်မှာ ပါလိမ့်တဲ့။ဝိသာခါ လင်းသွားတယ်။

တစ်နေရာမှာတော့ ၀ိသာခါ ငုံ့နေလျှင် မော့သွားမှာ စိုးကြ၏။
မော့နေလျှင် ငုံ့သွားမှာ စိုးကြ၏။မြင်းရတိုင်းသား အလှတရားအရသာကို မပြောင်းလဲဘဲ
ခံစားလိုကြသောကြောင့် ဟူ၏။တဲ့။
အမှန်က ၀ိသာခါတွင် ရိုးမသွားနိုင် အမြဲလှပစေသည့် အရာမှာ သူတော်စင်တို့၏ အလှ သတိအလှသာ ရှိ၏ ဟူ၏။
(လှချင်သူတိုင်း တရား အားထုတ်ကြ)

သူစိမ်း

တစ်ရက်ပြီးတစ်ရက် တစ်ရစ်ပြီးတစ်ရစ် လျော့ပါး မှုံရီ
ငါ ဘယ်လို ထပ်ပြီးလင်းရမယ်။
မှုံဝါးသွားတဲ့ အိပ်မက်တွေဆီ
ပြန် လွမ်းကြည့်ရမှာတောင် အားနာစရာ
ဘ၀မှာက ရပိုင်ခွင့်က နည်းနည်း
ပေးပေးလွတ်လိုက်ရတာတွေက အဲ များတယ် ပြောနိုင်ပါ့မလား။

ငါ့နိုင်ငံကို ငါ အရှင်လတ်လတ် စွန့်အပစ်ခံလိုက်တယ်
ပတ်လည် လှုပ်ရှားမှုတွေ ငါ့ နံဘေး ရှည်လျားနေဦးမယ် ဆိုတောင်
ငါ စွန့်အစွာ အတိုင်းသား ငေးပဲ ငေးနေလိုက်တော့မယ်။

တကယ်ဆို ငါ အင်မတန် နွေးနေဖို့ ကောင်းတာ
စိတ်ထဲမှာတော့ တအုံနွေးနွေး ပြန်တွေး နွေးနေပါရဲ့

ဒါပေမယ့် လက်တွေ့ မျက်တွေ့မှာတော့ သူစိးမ်းပြင်ပြင်။

ထဲထဲ ၀င်ဝင် သိမ်မွေ့မှု အပြန်အလှန်ရှိခဲ့ကြသလား
ဘာက ဘာသာပြန်ပေးရမလဲ
ငါ့နားမှာ ဝေါဟာရတွေ စိမ်းစိမ်းတောက်တော် ပူပြင်းနေလိုက်တာ
ပြီးတော့ စိမ်းစိမ်း ဒီတောတွေ သွေ့သွေ့ခြောက်နေလိုက်တာ။

သေချာခြင်းအန္တရာယ်

သေချာခြင်းရဲ့ အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသူတွေထဲမှာ ရုရှပြည်သူတွေက သမိုင်းဝင်
အောက်တိုဘာတော်လှန်ရေးအပြီး တစ်ပြည်လုံး သိပ်သေချာခဲ့တာ။မုချ အောင်မယ်ဟေ့ ပဲ။
ဂေါ်ဂီကတော့ အိပ်ရာပေါ်မှာ သေခါနီး အချိန်အထိ ထိတ်လန့်နေခဲ့တယ်။
ရပ်ဆဲလ်နဲ့ အတွေ့မှာ သူ့ စိုးရိမ်မှုကို သေသေချာချာ ကို သေချာခြင်းရဲ့ အန္တရာယ်ကို ပြောမိတယ်။

နောက် နှစ်(၇၀)အကြာမှာ မုချအောင်ရမယ်ဆိုတဲ့
သေချာတဲ့ မြေကြီးပေါ်က လောကနိဗ္ဗာန်ကြီးဟာ ပြိုကျပြီးသား ဗိမာန်ကြီး သေချာ ဖြစ်နေခဲ့တယ်။
ဘ၀ဆိုတာ သိပ်သေချာတဲ့ မာတိကာ တစ်ခုလား။
သမိုင်းဆိုတာကရော သတ်မှတ်ပြဋ္ဌာန်းပြီးသားလမ်းကြောင်း တစ်ခုလား။
အမှန်တရားဆိုတာကကော နှစ်ထောင်ပေါင်းများစွာ မယိမ်းမယိုင်တဲ့ ကျောက်တိုင်ကြီးလား။
သေချာ သိနေတာက ဘာမှ မသေချာခဲ့ဘူးလေ။
Related Posts with Thumbnails