Friday, December 16, 2011

စိတ်အာဟာရ

Posted on 3:19 AM by nweminthit

၁၁၉၆ မှ ၁၂၅၂ အထိ ဂျာမဏီတွင် နန်းစံခဲ့သော ဒုတိယမြောက် ဖရက်ဒရစ်ဘုရင်သည်
ကမ္ဘာ့သမိုင်း၏ အစောဆုံးနှင့် အပြင်းထန်ဆုံး လူမှုရေးစမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။
မွေကင်းစကလေးများ မည်သည့်ဘာသာစကားမျိုးကို ဘာသာ ပြောနိုင်မည်နည်းဟု စမ်းသပ်သည်။
မိခင်များက နို့တိုက်ရုံသာတိုက်၊ထွေးပွေ့ခြင်း ချီပိုးချော့မြူခြင်း အသံပြုခြင်းများ ကျီစယ်ခြင်းများ မလုပ်ရ။
ကလေးများသည် ရှေးအကျဆုံး ဟီဘရူးဘာသာစကားကို ပြောမည်လော။
ဂရိ လက်တင် အာရဗီစကားကို ပြောမည်လော။
မိဘအရင်းတို့ ပြောသည့်ဘာသာကိုပင် ပြောမည်လော။
တစ်ခုခုသော ဘာသာစကားကို ပြောမည်လော။
ဘုရင်ကြီး အများကြီးမျှော်လင့်ထားသည်။ဘုရင့် အကြံမထမြောက်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော်
ကလေးအားလုံး သေဆုံးခဲ့ကြသော ဟူ၏။
ကလေးတို့အတွက် နို့တိုက်ရုံသက်သက်ဖြင့် ဘ၀ကိုဆက်လက်ရှင်သန်ရန် မလုံလောက်။
ထွေးပွေ့ခြင်း ချော့မြူခြင်း အသံဖြင့်ကျီစယ်ကလူခြင်း စသော လူသားဆန်သည့် တုန့်ပြန်မှုများ ရှိမှသာ
ရှင်သန်နိုင် မည်ဟူ၏။ရုပ်အာဟာရဖြစ်သော နို့ထက် စိတ်အာဟာရဆက်သွယ်မှုက ပိုပြီး အရေးပါသည်ဆို၏
(ဒေါက်တာကျော်စိန်၊ဆက်သွယ်မှုစိတ်ပညာနှင့် အတွေးမျှင်စာတမ်းများ -မှ)

No Response to "စိတ်အာဟာရ"

Leave A Reply

အပြောများ

Related Posts with Thumbnails