Tuesday, June 19, 2012

ဂီတနှင့် ငွေကြေး

တစ်ခါက ဖင်လန်သား နာမည်ကြီးဂီတသမားကြီး ဆီဘီလိယပ်စ်သည် ဧည့်ခံပွဲတစ်ခုကျင်းပခဲ့ရာ ထိုဧည့်ခံပွဲသို့ တက်ရောက်ကြသူအားလုံးမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်ကာ ဂီတလောကသားများ တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။ယင်းကို သတိပြုမိသော ဂီတသမားကြီး၏ မိတ်ဆွေတစ်ဦးက မနေနိုင်သဖြင့် မေးခွန်းတစ်ခု မေးခဲ့သည်။“ခင်ဗျား ဧည့်ခံပွဲက ဘယ်လိုလဲဗျ။ခင်ဗျားကိုယ်တိုင်က ဂီတ စာဆိုတော်၊တေးသီချင်းတွေ ကူးနေပြီး ၊ဧည့်သည်တွေ အားလုံးကကြတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ငွေရှင်ကြေးရှင်တွေ ချည်းပါလား၊ဂီတလောကသား တစ်ယောက်မှ မပါပါလားဗျ”ဟု မေးခဲ့၏။ ဂီတပညာရှင်ကြီးက အောက်ပါအတိုင်း အဖြေပေးခဲ့ပါသည်။ “ ဒါ ဟုတ်တယ်လေ။ဒါပေမယ့် စီးပွားရေးအကြောင်း လုံးဝ မဆွေးနွေးကြပါဘူး၊တကယ်လို့ ဂီတသမားတွေက ဖိတ်လိုက်ရင် သူတို့ဟာ ဂီတအကြောင်း မပြောဘဲ ငွေရေးကြေးရေးစီးပွားရေးအကြောင်းတွေချည်းပဲ ပြောတတ်ကြတယ်။ဒါကြောင့် ဂီတလောကသားတွေကို မဖိတ်တာပါ”။ထိုအဖြေကိုကြားသော မိတ်ဆွေမှာ “သူဖြေတာလဲ ဟုတ်သားပဲ”ဟု စိတ်ထဲ တွေးမိသော ဟူ၏။ (ယနေ့ ဂီတသမားများ မပါ)
Related Posts with Thumbnails