Saturday, November 7, 2009

Language



ဘာသာစကားတွေကို လူတွေ ထုတ်လွင့်တယ်
မွေးကတည်းက ဘယ်သူမှ မတတ်ခဲ့တာ သေချာတယ်
မွေးပြီးမှ သင်ယူခဲ့ကြရတာပေမယ့်
အတွေးတွေ အထိ သူမပါလို့ မဖြစ်ဘူး
တတ်ပြီဆိုတာနဲ့လဲ သူ့ရဲ့ ကျွန်အလိုလို ဖြစ်ကြရ . ...

ဘာသာစကားက ဘာမှ မဟုတ်ဘူး
အသံနဲ့ အဓိပ္ပါယ်သာ ခွဲထားလိုက်ပါ နှစ်မျိုးထဲ
အဓိပ္ပါယ်ဆိုတာလဲ ဘာမှမှ မဟုတ်ဘဲ
အဲ ... အတွေးအထင်လေး Ideaသက်သက်သာ ဖြစ်နေတယ်
အတွေးအထင်လေး ရဖို့ အတွက် သူ့ကို
မဖြစ်မနေ သင်ယူရမှာပါပဲ ...တကယ်ဆို ဘာမှ မှ မဟုတ်ဘဲ ။

နားလည်မှုဆိုတာ ရဖို့ အတွက် သူ့ကို သင်ယူတာဆိုပဲ
တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရအောင် သူ့ကို သင်ယူတာ ဆိုပဲ
အယူ အစွဲ အလဲ အကွဲ အကွာအဝေး အနီးအဝေး ထိန်းညှိဖို့ ...
ဒေသ ဒေသိယ မူလ မူလိက အခွံတွေ အကာတွေ ခွါချနိုင်ဖို့ ..
အတိမ်း အယိမ်း အချော် အလှော်တွေ ကို သတိရှိရှိ ကျော်နိုင်ဖို့ ....
ဘယ်လို ခေါင်းစဉ်အောက်မှာ ငုံ့ ဝင်ပါစေ သေသေချာချာ ဆန်းစစ်ရမှာပါပဲ ။

အမြင်တွေအတွက် ကျွန်ခံခဲ့ရတာတွေကနေ
ကျွန်အဖြစ်က လွတ်မြောက်ဖို့ ရုန်းထွက်နိုင်အောင် အသိရှိရမယ်
ကြမ်းကျွံရင် နုတ် ရတာထက် စကား အကျွံနုတ်ရတာကခက်
အသိကျွံ တာက နုတ်ရမယ့် အရာလို့ မသိနိုင်လောက်အောင် ခက်နေတာက ပိုခက်တယ်
ဘာသာစကားကျွန် စကားလုံး ဝေါဟာရကျွန် အသိရဲ့ ကျွန်ကနေ ထွက်ဖို့ လူတိုင်း ဦးတည်သင့်ရဲ့နဲ့ ခက်နေကြတယ် ....။

တကယ်တော့ Language ဟာ လက်နက်မဟုတ်ဘူး
အချင်းချင်း ပစ်ခတ်တိုက်ခိုက်ဖို့ သက်သက် မဟုတ်ဘူး
အဓိပ္ပါယ်တွေကနေ အသိအစွဲ တွေကနေ လွတ်ထွက်ဖို့
နည်းလမ်းကို ပုံဖော်စရာ One Instrument သာ ဖြစ်သင့်တယ်
အင်း ..နားလည်ဖို့ သဘောတူကြဖို့ သုံးတဲ့ Language ဟာ
နားမလည်တာတွေ သယ်လာမှာလဲ သေချာပါတယ်
ဆိုပါတော့ ..အစစ်အမှန်ဆိုတဲ့ အသိတွေ ရောက်ဖို့ဆိုရင်
နားမလည်မှုတွေ မဖြစ်မနေ ဖြတ်သန်းသွားကြရမှာပါ။

ခေတ်တိုင်း ဖြတ်သန်းနေကြတာပါပဲ
ဆက်ပြီး ဖြတ်သန်းကြရဦးမယ်လေ
Language နောက်ဆက်လိုက်ကြဦးဆို့ရဲ့ ....
တစ်နေရာရာ တစ်ခုခုဆီ အထိပေါ့ ဆက်မျောကြဦးစို့ပေါ့။
Related Posts with Thumbnails