Sunday, July 26, 2009

လေးချိုးလေး တစ်ပုဒ်

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို
မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင်ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။


မယ်ခွေ



A PRESENT OF CHEROOTS
Anonymous


I did not buy them: with mine own hands I cut the fresh leaves.
Without the aid of fire, unable to dry them in the sun,
I had to keep them under my bed.
They are for you to smoke.
I nip them off near the pedicle with my front teeth.
Sweet as none other are these tobacco-rolls.
Without the aid of silk, but binding them with a single cotton thread,
To my sweetheart since youth who is going to Golden Ava
I send them as a present.


Hla Pe


ဒီကဗျာလေးကို မယ်ခွေ ရေးတယ်လို့ မှတ်သားရပါတယ်။ ဆရာကြီး ဒေါက်တာလှဘေ ဘာသာပြန်ရာမှာတော့ ရေးသူမသိလို့ ဆိုထားပါတယ်။ PS: စစချင်း မဝယ်ဘူး မယ်ခူးတဲ့ဖက်စို ဖြစ်ရမှာကို မှားပြီး မရွယ်ဘူး မယ်ခူးတဲ့ဖက်စို လုပ်ထားမိလို့ တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ပြင်လိုက်ပါတယ်။ မှားတာရှိအားနာ၏ ပါခင်ဗျာ။



ဒီဟာလေးလဲ ညီလင်းဆက်နေရာက ယူလာတာ။ဒါပေမယ့် ဒီကဗျာလေးနဲ့ ပတ်သက်တဲ့ နောက်ခံက ကျနော် ဆီမှာ ရှိနေတာက တစ်မျိုး။မန္တလေးမှာ ဆရာကြီး ဦးသန့်ဇင်ရဲ့ စာသင်ခန်းထဲ က ။ဆရာကြီးက နုတ်တမ်းရွတ်တာကို လိုက်ကူးခဲ့ရတဲ့ ကဗျာလေး။ရှင်းပြတာ တွေလဲ အခုတောင် ပြန် ကြားမိသေးတော့။တဝါးဝါး ပွဲကျလိုက်။ရှေးခေတ် အမျိုးသမီးလေးတွေရဲ့ ဘာညာပေါ့။အခု လိုချင်တာလေး တွေ့လို့ ယူလာတယ်ပေါ့။

Saturday, July 25, 2009

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်

ဒါလေးလဲ ညီလင်းဆက်နေရာကပဲ။ကဗျာလေးအကြောင်းလဲ မပြောတော့ပါဘူး။မြန်မာမှန်သမျှ ဒီကဗျာလေး တွေ့ရရင် ကျနော်လိုပဲ သိပြီး ရင်းနှီးပြီး ခံစားပြီးပြီ လို့ ပြောစရာတောင် မလိုတော့လောက်ပါဘူး။တစ်ခုပြောစရာက ကျနော် အခုလို ကူးတာကို ကိုညီလင်းလင်းဆက်ကို မပြောရတာပါ။တကူးတကကြီး ပြောမနေဖြစ်တော့ဘူး။သူနေရာက ပြန်ယူတယ်ဆိုတာ သူသိရင် ဝမ်းသာမှာပါ။ယူရမလား ဆိုပြီး အပြစ်တင်မယ် မထင်ပါဘူး။

ပေါက်ပင်ပါပြုလို့ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်
ဗျိုင်းပါပြုလို့နားရတယ်
ငါးပေါ်လို့နားရတယ်
ငါးပါပြုလို့ပေါ်ရတယ်
ကျွဲးလူးလို့ပေါ်ရတယ်
ကျွဲးပါပြုလို့လူးရတယ်
ဖြုတ်ကိုက်လို့လူးရတယ်
ဖြုတ်ပါပြုလို့ကိုက်ရတယ်
မိုဃ်းရွာလို့ကိုက်ရတယ်
မိုဃ်းပါပြုလို့ရွာရတယ်
ဖားအော်လို့ရွာရတယ်
ဖားပါပြုလို့အော်ရတယ်
မြွေကိုက်လို့အော်ရတယ်
မြွေပါပြုလို့ကိုက်ရတယ်
ငါ့ဝမ်းပူဆာမနေသာလို့ကိုက်ရတယ်။



Tree, tree, why are you crooked?
The heron perched on me.
Heron, heron, why did you perch?
To watch a fish.
Fish, fish, why did you rise?
Because the buffalo waded.
Buffalo, buffalo, why did you wade?
Because the herd beat me.
Herd, heard, why did you beat?
Because I was hungry for rice.
Rice, rice, why weren't you boiling?
Because the fire didn't blaze.
Fire, fire, why didn't you blaze?
Because the firewood was damp.
Firewood, firewood, why were you damp?
Because the rain rained.
Rain, rain, why did you fall?
Because the frog called.
Frog, frog why did you call?
Because I was thirsty.
Little blackguard frog in the well under the banyan tree is there not enough to drink?


J.A. Stewart
JBRS (?)


ဒီကဗျာလေးရဲ့ မူရင်းက မွန်ကဗျာလို့ သိရပါတယ်။ J.A.Stewart ဘာသာပြန်ထားတာ မွန်ကဗျာကို ပြန်ထားတာပါ။ မြန်မာနဲ့ ဘယ်နေရာ စကွဲလဲဆိုတော့ ကျွဲလူးတဲ့နေရာမှာ စကွဲတယ်။ မြန်မာက ကျွဲလူးတာ ဖြုတ်ကိုက်လို့ ဆိုပြီး ပြောင်းသွားတယ်။ မွန်မှာကတော့ နွားကျောင်းသားရိုက်လို့လို့ ဆိုတယ်။ နွားကျောင်းသားက ဘာလို့ ရိုက်တုန်းဆိုတော့ ဗိုက်ဆာလို့တဲ့။ ဗိုက်ဘာကြောင့်ဆာရသလဲဆိုတော့ ထမင်းမကျက်သေးလို့တဲ့။ ဘာလို့ ထမင်းမကျက်လဲဆိုတော့ မီးမတောက်လို့တဲ့။ မီးဘာကြောင့်မတောက်သလဲဆိုတော့ ထင်းစိုနေလို့တဲ့။ ထင်းဘာလို့စိုရသလဲဆိုတော့ မိုးရွာလို့တဲ့။ မိုးဘာကြောင့်ရွာရသလဲဆိုတော့ ဖားအော်လို့တဲ့။ ဒီနေရာမှာ ပြန်တူတယ်။ ဒါပေမယ့် ဖားအော်ရတဲ့ အကြောင်းရင်းမှာ ပြန်ကွဲသွားတယ်။ ဗမာက ဖားအော်တာ မြွေကိုက်လို့လို့ ဆိုတယ်။ မွန်ကတော့ ဖားအော်တာရေဆာလို့လို့ ကွဲသွားတယ်။ မွန်ကဗျာလေး ရိုက်တင်ပေးဦးမလို့ပဲ။ ဇော်ဂျီနဲ့လည်း ရိုက်မရ၊ မြန်မာသရီးနဲ့လည်း ရိုက်မရတဲ့ စာလုံးတွေ ပါတာမို့ မတင်တော့ဘူး။ JBRS ဘယ် အမှတ်စဉ်ကလဲဆိုတာ ရှာမရလို့ (?) အမှတ်အသားနဲ့ ပြထားတယ်။ မြန်မာစာလုံးပေါင်းလည်း အဲဒီအထဲကအတိုင်း မပြင်ဘဲ တင်လိုက်တယ်။


စိတ်ဝင်းစားစရာ လေးတွေ

ကိုညီလင်းဆက် နေရာကို မရောက်တာ ကြာပြီ။ရောက်တော့လဲ ဖတ်စရာတွေ ကော်ပီ ကူးချင်စရာတွေ အများကြီး တွေ့တယ်။အခုပို့စ်လေးက အဲဒီထဲက တစ်ခု။အောက်က စာအုပ်လေးထဲက ပါတာတွေပေါ့။ပြန်ရောက်ရင် မဖြစ်မနေ ဝယ်ရမယ်။ဘာမှ မပြောတော့ပါဘူး။ဒီအတိုင်း တင်လိုက်တော့မယ်။
ခေတ်ဟောင်း သတင်းစာများကပြောသော ၁၂လရာသီ အဖြစ်အပျက်များ
တင်နိုင်တိုး
ပထမအကြိမ်
သူရိယစာပေ
စာမူခွင့်ပြု ၄၀၀၈၉၇၀၈၀၈
၂၀၀၉၊ မတ်လ
၃၅၀၀ကျပ်


ဇန်နဝါရီလ
4. ရန်ကုန်နှင့် မန္တလေး စကားပြောကြေးနန်းဖြင့် တစ်ပြိုင်နက် ဆက်သွယ်နိုင်ပြီ
7. မင်းကွန်း၌ လူအိုရုံ (ဘိုးဘွားရိပ်သာ)ကို စတင်ဆောက်လုပ်
8. တရုတ်-မြန်မာ လမ်းမကြီး စတင်ဖွင့်လှစ်
10. နိပေါဘုရင်၏ လက်ဆောင် ကြံ့မကလေး မြန်မာနိုင်ငံသို့ ရောက်ရှိ
11. နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် ဝန်းသိုစော်ဘွားကြီး ကွယ်လွန်ရှာပြီ
12. တောရိုင်းဆင်များအား မေ့ဆေးသေနတ်ဖြင့် ဖမ်းဆီးနည်းသစ် စတင်ပြီ
14. မြန်မာ့ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ စတင်တည်ထောင်
15. ကမ္ဘာတစ်ပတ် ခြေကျင်လှည့်လည်သူ ရန်ကုန်သို့ ရောက်ရှိ
17. လပေါ်မှ ယူဆောင်လာသော ကျောက်တုံး ရန်ကုန်မြို့၌ ပြသမည်
18. ရသေ့ကြီး ဦးခန္တီ ပျံလွန်တော်မူပြီ
19. ကမ္ဘာကျော် စာရေးဆရာကြီး ဆမားဆက်မောမ် ရန်ကုန်သို့ ရောက်ရှိ
20. မဟာဗန္ဓုလ၏ တပ်သားဟောင်းကြီး ဆိုသူ ရန်ကုန်သို့ ရောက်ရှိလာ

ဖေဖော်ဝါရီလ
2. ဆဋ္ဌသင်္ဂါယနာတင်ပွဲ ကျင်းပပြုလုပ်မည့် လိုဏ်ဂူတော် အဆောက်အအုံ အုတ်မြစ်ချ
3. ရာဇဓာတုကလျာ၏ ကျောက်ပျဉ်ကို တွေ့မြင်ရာမှ အမျိုးသမီးတစ်ဦး ထူးဆန်းစွာ ငိုကြွေး
5. မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီး ဆာဦးသွင် ကွယ်လွန်
6. စောင်းဆရာကြီး ဒေဝဣန္ဒာမောင်မောင်ကြီး ကွယ်လွန်
8. ဝိတိုရိယဘုရင်မ ရုပ်တု သံလွင်မြစ် အတွင်းသို့ ပစ်ချမည်
12. ပညာမင်းကြီးဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန်
13. ဗီယက်နမ်သမ္မတကြီး ဟိုချီမင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာ
15. မြန်မာနိုင်ငံမှ တီထွင်သော စက်ရုပ်အား ပြည်ထောင်စုပွဲတော်၌ ပြသထား
20. ကျောက်ရောဂါ လုံးဝ ကင်းရှင်းပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

မတ်လ
1. ရွှေတိဂုံစေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်
2. ရုပ်ရှင်မင်းသား မြင့်စိုးနှင့် အခြားသုံးဦး မီးရထားပေါ်၌ ရုပ်ရှင်ရိုက်ကူးရာမှ ဒဏ်ရိုက်ခံရ
3. သံတွဲမြို့အနီး၌ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား
4. ပျူ ကခြေသည်ရုပ်များ ပြတိုက်အတွင်းမှ အခိုးခံရ
5. ဂျာမန်-မြန်မာ အဘိဓာန် ပြုစုရေး ကော်မတီ ဖွဲ့စည်း
7. မြန်မာပြည် စစ်မျက်နှာ တိုက်ပွဲများတွင် သံချပ်ကာကား စတင် အသုံးပြုပြီ
9. လှေငယ်တစ်စင်းနှင့် ကမ္ဘာလှည့်နေသူ မြိတ်မြို့သို့ ဝင်ရောက်လာ
11. ရန်ကုန်မြို့ပတ် မီးရထားလမ်း ဆက်မိတော့မည်
13. ဘုရင်ခံဟောင်း ဆာဂျေအေမောင်ကြီး ကွယ်လွန်
15. စစ်တောင်း တံတားသစ်ကြီး ဖွင့်လှစ်ပြီ
19. နိုင်ငံတော်အလံကို အလေးမပြုသူ ရုပ်ရှင်သရုပ်ဆောင်နှစ်ဦးအား အရေးယူမည်
် 21. ဓနုဖြူမြို့၌ မဟာဗန္ဓုလကြေးရုပ် ဖွင့်ပွဲ ကျင်းပ
22. အပိုလို၁၂ အာကာသယာဉ်မှူးများ ရန်ကုန်သို့ အလည်အပတ် ရောက်ရှိလာ
23. သီပေါမင်းလက်ထက် မြို့တော်ဝန် ရွှေလံဗိုလ် ကွယ်လွန်
24. အိန္ဒိယ-မြန်မာ တယ်လီဖုန်းလိုင်း စတင် ဖွင့်လှစ်
28. သမ္မတဟိုတယ် စတင် ဖွင့်လှစ်ပြီ

ဧပြီလ
30. နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စတင် ထူထောင်
31. အထူးမင်းကြီး ဗိုလ်စိန်မှန် လေယာဉ်ထက်၌ ကျည်သင့် ကျဆုံး
33. မြန်မာ့ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းစက်ရုံမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ပြီ
37. နန်းမတော်မယ်နု၏ ချိတ်ထမီ တောင်တွင်းကြီးပြတိုက်သို့ လာရောက် လှူဒါန်း
38. ခန္တီးခရိုင်အတွင်း ကျောက်စိမ်းတောင်ငယ် တစ်တောင် တွေ့ရှိ
45. အစောဆုံး တွေ့ရှိရသည်ဟု ယူဆရသည့် ခါးပိုက်နှိုက် သတင်း

မေလ

1. မြန်မာနိုင်ငံ၌ ပထမဆုံး မီးရထားလမ်း စတင်ဖွင့်လှစ်
4. နိုင်ငံတော်လုပ်ကြံမှုကြီးကို ဦးစီးဦးဆောင် ပြုခဲ့သူ ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့အား ကြိုးဒဏ်စီရင်
7. စာဆိုတော် ရှင်ဥတ္တမကျော်၏ အရိုးအိုးဂူကို ရှာဖွေတွေ့ရှိပြီ
8. ရုပ်ရှင်မင်းသမီး မေရီမြင့် ကွယ်လွန်
9. တော်လှန်ရေးအစိုးရ ဗုဒ္ဓသာသနာအဖွဲ့၏ ပထမဆုံး ပိဋကတ် မြန်မာပြန်စာမေးပွဲ ကျင်းပပြုလုပ်
12. ကမ္ဘာ့ကျန်းမာရေးဆု (ဆာဆာကာဝါဆု)ကို မြန်မာနိုင်ငံ အရာတော်မြို့နယ်က ရရှိ
13. ပဲခူးမြို့၌ မြေငလျင် ပြင်းထန်စွာလှုပ်၍ ရွှေမော်ဓောစေတီ ပြိုကျပျက်စီး
14. ကမ္ဘာကျော် မျက်မမြင် စာရေးဆရာမကြီး ရန်ကုန်သို့ ရောက်ရှိ
15. ပထမဆုံးအကြိမ် လေထီးသင်တန်း ကျောင်းဆင်းပွဲ
16. အာရှအိုလံပစ် အားကစားပွဲတော် ကာလအတွင်း တိုကျို-မြန်မာ တယ်လီဖုန်း ဆက်သွယ် စကားပြောနိုင်
17. ဆေးပညာ ဘွဲ့လွန်သင်တန်း ပြည်တွင်း၌ စတင်ဖွင့်လှစ်
18. စာရေးဆရာကြီး ဒဂုန်ရွှေမျှား ကွယ်လွန်
19. စာရေးဆရာကြီး ဦးလတ် ကွယ်လွန်ပြီ
23. ပညာရေးတက္ကသိုလ်၌ ကိုယ်တိုင်ယူစားစနစ် စမ်းသပ်အောင်မြင်
27. ဘိုးတော်အောင်မင်းခေါင်ဆိုသူ ပြန်ပေးဆွဲခံရ
28. ကျိုက္ကစံစေတီတော်၌ ရောင်ခြည်တော်များ ကွန့်မြူးလျက်ရှိရာ မယုံကြည်သူများအား လက်တွေ့ တက်ရောက် စစ်ဆေးခွင့်ပြု


ဇွန်လ

1. ခေတ်စမ်းစာရေးဆရာကြီး သိပ္ပံမောင်ဝ ကွယ်လွန်
2. ရန်ကုန်ဘူတာကြီး တည်ဆောက်ပြီးစီး
5. မြန်မာပြည် မီးရထားရာဇဝင်၌ ပထမဆုံးသော ရထားဝင်ရိုးကျိုးမှု ဖြစ်ပွား
7. ရွှေတလေးအမည်ခံ ကာတွန်းဦးဘကလေး ကွယ်လွန်
13. စစ်အတွင်းက ကျန်ရစ်သော ဂျပန်သုံးဦးအား ဆယ်နှစ်ကြာမှ ပြန်လည်တွေ့ရှိ
14. ပထမဆုံး ဆေးရောင်စုံ မြန်မာရုပ်ရှင်ဇာတ်ကား စတင်ပြသ
19. အလိုအလျောက် မီးတောက်သည့် ကျောက်ခဲအား စမ်းသပ်ရန် ဓာတုဗေဒဌာနသို့ ပေးပို့
20. ရန်ကုန်တိုက်ခန်းများအပေါ် ရေမတက်မှုကို စစ်ဆေးရာမှ စစ်အတွင်းက ဗုံးကျ၍ ရေပိုက် ပေါက်နေသည်ကို တွေ့ရှိ
23. ကမ္ဘာပေါ်တွင် ပထမဆုံးသော လေယာဉ်ပြန်ပေးဆွဲမှု မြန်မာနိုင်ငံ၌ ဖြစ်ပွား
ဇူလိုင်လ

6. မနန်းစိုး၊ မနန်းစံ အမြွှာညီအစ်မအား ခွဲစိတ်ကုသ
9. လေယာဉ်ကွင်းထဲ၌ လေယာဉ်ပျံနှင့်စက်ဘီး တိုက်မှု ဖြစ်ပွါး
12. နိုင်ငံတော်လုပ်ကြံမှု ဖြစ်ပွားစဉ်အတွင်း လွတ်မြောက်သွားသူအချို့ရှိခဲ့
14. ဘီအေအေကွင်း၌ ပထမဆုံးအကြိမ် အမျိုးသမီးဘောလုံးပွဲကျင်းပပြုလုပ်
15. မန္တလေးမြို့၌ ပရိယတ္တိသာသနဟိတ သာသနဗိမာန်တော်ကြီး ဖွင့်လှစ်
16. ငလျင် ပြင်းထန်စွာလှုပ်စဉ်အတွင်း မိခင်နှစ်ဦးမှ ကလေးများဖွားမြင်
19. မြန်မာအမျိုးသမီးတစ်ဥိးက ပထမဆုံး စက်မဲ့လေယာဉ် စီးနင်းပြ
25. ရာဇဝင်နောက်ခံဝတ္ထုရေး ဆရာကြီးရွှေစကြာဦးစိုးမြင့် ကွယ်လွန်

ဩဂုတ်လ
2. စာရေးဆရာကြီး မဟာဆွေ ကွယ်လွန်
5. အော်တိုမစ်တစ် အချက်ပြမီးပွိုင့် စတင်ဖွင့်လှစ်
8. မြန်မာလူမျိုးများထဲမှ ပထမဆုံး သင်္ဘောကပ္ပတိန် ခန့်အပ်ခံရ
9. သုံးနှစ်ကျော်ကြာ အစာရေစာ မစားဘဲ အာဟာရသိဒ္ဓိ ပြီးမြောက်နေသူတစ်ဦး တွေ့ရှိရ
11. မဟာမြိုင်တောနက်ကြီး အတွင်း၌ ရှေးဟောင်းကျောက်တိုင်များ တွေ့ရှိရ
12. သိကြားမင်း၏ ရွှေပေလွှာကြောင့် မုဒုံမြို့မှ ပုံနှိပ်တိုက်များ ဝင်ငွေကောင်း
13. မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း စတင်ဖွဲ့စည်း
17. ဆရာကြီးရွှေဥဒေါင်း ကွယ်လွန်ရှာပြီ
18. အသက်၁၃၀နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား မြန်မာနိုင်ငံ၌ တွေ့ရှိရ 22. စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ပထမဆုံးအကြိမ်အဖြစ် စတင် အရေးယူ
23. မီးရထား ကြေးနန်းဌာနမှ မြန်မာစာကို အသုံးပြုတော့မည်
24. ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၌ မျက်မမြင်ကျောင်း စတင် တည်ထောင်
25. မြန်မာ့ဂီတလောကတွင် ထင်ရှားသည့် အဆိုတော် ဦးမြကြီး ကွယ်လွန်
29. နယ်ခြားဒေသ မြဝတီမြို့၌ မီးသတ်အဖွဲ့ စတင်ပေါ်ပေါက်လာ

စက်တင်ဘာလ
8. လင်းပင်မင်းသားကြီးသားတော် လုပ်ကြံခံရ
9. ရေးမြို့နယ်အတွင်း ထူးဆန်းသော ပါဠိဘာသာစကားပြော အမျိုးသမီးတစ်ဦး ပေါ်ပေါက်
11. မြိတ်ခရိုင် တောနက်အတွင်း၌ ထူးဆန်းသော ကျေးရွာတစ်ရွာ တွေ့ရှိ
16. ချင်းတောင်တန်းဒေသ၌ အထက်တန်းကျောင်းတစ်ကျောင်း စတင်ဖွင့်လှစ်
17. မြန်မာနိုင်ငံမှ အုပ်ကြွပ် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ
19. ရွှေမော်ဓေါ စေတီတော်၏ ပိန္နဲတိုင်နှင့်ငှက်ပျောဖူးကြီး မြေအောက်မှ ပြန်လည် ထွက်ပေါ်လာ
20. အမျိုးသားမှတ်ပုံတင်ကတ်ပြားပေါ်၌ ပြင်ဆင်ရေးသားသူနှစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် အရေးယူ
23. ရွှေဘုံနိဒါန်း ကျမ်းစာပေထုပ်ကို ရှာဖွေတွေ့ရှိ

အောက်တိုဘာလ
3. ပထမဆုံး ဇာတ်လမ်းရုပ်ရှင်
11. အင်းယားလိတ်ဟိုတယ် ဖွင့်လှစ်ခြင်း
14. အင်းဝတံတားကြီး ပြန်လည်ဖွင့်လှစ်

နိုဝင်ဘာလ

1. စကြာဒေဝီမိဖုရားကြီး နတ်ရွာစံ သတင်း
2. မြန်မာအမျိုးသမီး ကုမ္မာရီအသင်း စတင် ဖွဲ့စည်း
4. မြန်မာနိုင်ငံ၌ ယူရေနီယံသတ္တု အမြောက်အမြားတွေ့ရှိ
6. ဦးသန့်အား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးအဖြစ် (အစမ်းခန့်) ခန့်အပ်
7. ငွေစက္ကူ အတုလုပ်ဂိုဏ်း ဖမ်းဆီးရမိ
9. မြန်မာနိုင်ငံ၌ လေယာဉ်ပျံ လုပ်နိုင်ပြီ
10. ယောက်ျားမိန်းမ မကွဲပြားသူတစ်ဦး သတင်း
11. မေရီမြင့်အုတ်ဂူ ဖောက်ထွင်းသူ ဖမ်းဆီးရမိ
13. မြန်မာနိုင်ငံ၌ ပထမဆုံး လေကြောင်းခရီးစဉ်
18. ထိုင်းလေယာဉ်တစ်စင်း ဆီကုန်သွားသဖြင့် မြန်မာနိုင်ငံအတွင်း ထိုးဆင်း
20. လေချွန်ခရာဖြင့် မော်တော်ကား ထိမ်းသိမ်းစနစ် စတင်
21. ပထမဆုံး စာဆိုတော်နေ့ အခမ်းအနား စတင် ကျင်းပ
22. အလောင်းမင်းတရားကြီး၏ သန်လျက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ
26. ရန်ကုန်မြို့လယ်၌ ၁၅သိန်းတန် ပြန်ပေးဆွဲမှု ဖြစ်ပွါး
28. မြန်မာနိုင်ငံ သမ္မတဟောင်း ဒေါက်တာဘဦး ကွယ်လွန်
ဒီဇင်ဘာလ

1. မြန်မာနိုင်ငံတစ်ဝှန်းလုံး လက်ျာကပ်မောင်းစနစ် စတင်
5. ကရင်ပြည်နယ် တောအတွင်း၌ လူပုကလေးများ တွေ့ရှိ
8. အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပ
11. ဆရာဦးသုခ၏ ဘဝသံသရာဇာတ်ကား ဝင်ငွေ အများဆုံး ရရှိ
12. ကလေးတစ်ယောက်နှင့်တစ်ပိုင်း မွေးဖွားခြင်း
13. ဇေယျဝတီသကြားစက်ကြီး စတင်ဖွင့်လှစ်
14. ရထားစီးလက်မှတ်မဲ့ ဥပုသ်သည်အချို့ ဒဏ်ရိုက်ခံရ
15. အလွန်ရှားပါးလှသည့် ဘောက်ဆိုဒ်ခေါ် သတ္တုတစ်မျိုး မြန်မာနိုင်ငံ၌ တွေ့ရှိပြီ
16. ကိုးနှစ်ကြာ ပိတ်ထားရသည့် ကျိုက်ထီးရိုးဘုရားပွဲတော် ပြန်စပြီ
17. ၁၉၅၇ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ မီး ၆၀၁ကြိမ် လောင်ကျွမ်း
18. မိဖုရားခေါင်ကြီး ဈာပန အခမ်းအနား



Thursday, July 23, 2009

notepadနဲ့ ရိုက်ခဲ့ပြီး ပို့စ်တင်မယ်

ဘလော့ဂါ ရေလှိုင်းကြီးက ကြီးသထက်ကြီး အရှိန် အဟုန် ကောင်းသထက်ကောင်းလာနေတယ်။ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့လို ဝေလေလေ သမားတွေ ကိုယ်တိုင် ပါလာပြီလေ။နည်းပညာတွေက လဲ အဆုံးမထင်နိုင် နက်ရှိုင်းမှုနဲ့။ဒါပေမယ့် ရမ်းသမ်းပြီး ကူးတော့ ကူးနေကြတာပါပဲ။အခု ရေးမယ့် အကြောင်းလေးက အဲဒီ ဟာတွေနဲ့ ဘာမှ မဆိုင်းပါဘူး။မြန်မာပြည်မှာက အင်တာနက်ဆိုင်တွေမှာပဲ သွားပြီး အများစုက အသုံးပြုနေကြတယ်လေ။ပို့စ်တွေ တင်တဲ့အခါမှာလဲ အများစုက ဆိုင်ရောက်မှ ကိုယ့်ဘလော့လေးကို စာရိုက်ကြ တင်ကြ။အဲဒီရောက်အောင် ကျော်ကြ ခွကြရ။ကွန်အခြေအနေကလဲ အများပြည်သူ သိတဲ့ အတိုင်းပဲ။တစ်ခု တစ်ခု ပွင့်ကြ လာဖို့ ဆင့်ဘာကို ခွေးမျှော် သလို ၊( မရိုင်းလောက်ပါဘူးနော်)p:။အဲလို ဆိုတော့ ကိုယ့်နေရာက နေ စက်ထဲမှာ ကြိုတင် စာရိုက်ခဲ့။ဒီမှာ ကိုယ့် ဘလော့လေးရဲ့ နယူးပို့စ်မှာ ကော်ပီကူး၊နဲနဲ ပါးပါး ပြင်ပြီး စိတ်ကြိုက်ရမှ တင်လိုက်ရင် အချိန်တွေလဲ သက်သာ ။လူလဲ မပမ်း။ငွေလဲ သိပ်မကုန်တော့တာပေါ့။ကျနော်တို့ လဲ ဆာဗာက အများနဲ့ သုံးနေတာဆိုတော့ ပိတ်ချိန်ရှိနေတာပေါ့။ဆာဗာပိတ်ချိန်မှာ ကိုယ်အာရုံရတာလေးကို ကြိုတင်ပြီး ရိုက်ထား၊ပြီး စေ့လိုက်။စိတ်ပါတဲ့ အချိန် ပို့စ် ကောက်တင်လိုက်ပေါ့။
ပုံမှန် မိုက်ခရိုဆော့တွေ ပေ့ခ်ျမေကာတွေနဲ့ ရိုက်ပြီး memoryစတစ်ထဲ ကူးလာလို့ မရနိုင်ဘူးဗျ။အဲဒီနေရာမှာ notepadကို သုံးရတော့မယ်။Run ထဲမှာ ရှိတတ်ပါတယ်။မရှိရင်လဲ ပရိုဂရမ်က ဝင်လို့လဲ ရပါတယ်။ဒါမှ မဟုတ် အလွယ် ယူလို့ ရအောင် Run ဘောက်ထဲမှာ notepad ကို ရိုက်ထည့်ပြီး ok လိုက်ရင် ကျလာမှာပါ။အဲဒါလေးထဲမှာ ကိုယ်ရိုက်ချင်တဲ့ စာတွေကို ရိုက်ထည့် စေ့ ကူးလာပြီး အင်တာနက်ဆိုင်မှာ အချိန်ကုန်သက်သာတဲ့ ပို့စ်တင်ပုံလေးကို ပြောပြချင်တာပါ။လုပ်ပုံကတော့ အဲဒီအတိုင်းပါပဲ။ဒါပေမယ့် ပုံမှန်အတိုင်း စေ့ပြီး ပြန်ကူးခဲ့ရင် ဒီပို့စ်အသစ်တင်တဲ့ နေရာမှာ ဘာစာမှ ပေါ်မှာ မဟုတ်ပါဘူး။အဲဒီမှာ စေ့တဲ့ နေရာမှာ နည်းလေး လိုလာတယ်။လွယ်လွယ်လေးပါ။
html.exersie.PDF ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီး ဒီနည်းလေးကို စမ်းကြည့်တော့ အတော် အဆင်ပြေသွားတယ်။နုတ်ပဒ်မှာ စာရိုက်ထည့် စေ့မယ်ဆိုရင် fileအောက်က save asနဲ့ စေ့ပါ။အောက်က ဖိုင်name မှာဥပမာ ဖိုင်နာမည်ကို sue လို့ ပေးမယ်ဆိုပါစို့။အဲဒီ sue နောက်ကနေ .(ဒေါ့) ခံပြီး htmlလေး ထည့်ပေးလိုက်ရုံပါ။အဲလို ဆိုရင် သိမ်းမယ့် ဖိုင်ရဲ့ အမည်ဟာ sue.html ဆိုပြီး သိမ်းပါလိမ့်မယ်။Desktop ပေါ်သိမ်းဗျာ။ပြန်ဖွင့်ကြည့်ရင် ကိုယ် ရိုက်ထားတာလေးတွေ ပေါ်လာလိမ့်မယ်။အဲဒီ ဖိုင်လေးကို ကော်ပီ ယူခဲ့ပြီး နယူးပို့စ်နေရာမှာ အရံသင့် တင်လိုက်တော့ပေါ့။
ဆရာတွေက တော့ ဒီနည်းကို တကူးတက ရေးစရာ အဖြစ် သတ်မှတ်ထားပုံး မရဘူးဗျ။ဒါပေမယ့် ကျနော်တို့လို မနူးမနပ်သမားတွေကတော့ ဒါလေးတွေကို ဒီလို ရေးမှ ကို သဘောပေါက်ပါတယ်။ကျနော် သူငယ်ချင်းတွေ သုံးရင် သုံးရအောင် ရေးပေးလိုက်တာပါ။.html ခံလိုက်တာနဲ့ ဘာကြောင့် ရလဲ ဆိုရင် အဲဒီ အထက်က ဖတ်စရာဖိုင်လေးကို စာအုပ်ကလေးကို ဖတ်လိုက်ရင် သဘောပေါက်သွားမှာပါ။အထူးသဖြင့် မြန်မာပြည် ဆိုင်တွေကနေ သုံးတဲ့ သူငယ်ချင်းတွေ သိရင် အကျိုးရှိမှာပါ။သုံးကြည့်ကြဗျာ။ဆရာကြီးတွေ အတွက် မဟုတ်။

Tuesday, July 21, 2009

သတိပြုစရာ

နည်းပညာနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ တင်ချင်တာလေးတွေကို အွန်လိုင်းမှာ တွေ့ တဲ့ အခါ ဒီလိုပဲ ကိုယ်တွေ့ထားတာလေးတွေကို သူငယ်ချင်းတွေ ဖတ်စေချင်တဲ့စိတ်နဲ့ ကော်ပီ ကူးပြီး တင်ထားချင်ယုံပါပဲ။အခုပို့လေးကို yangon.tk က တွေ့ခဲ့တာပါ။နောင်လိုအပ်ရင် နည်းပညာရပ်လေးတစ်ခု အနေနဲ့ သိရတာပေါ့။

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များမှာkeylogger ဟုခေါ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက်သုံးစွဲနေသူတွေ အထဲမှာမှ နိုင်ငံရေးနှင့် ပတ်သက်၍ပြည်တွင်း ပြည်ပ ဆက်သွယ်နေကြတဲ့ပြည်တွင်းမှ တတ်ကြွ လှုပ်ရှား သူများ အား ခြေရာခံ နိုင်အောင်လုပ်ဆောင်နေမှုများ ရှိနေပြီးထိုကဲ့သို့ တက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင်လုပ်ဆောင် ထား တာ တွေ ရှိ နေပါသည်။

keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray iconလည်း ပေါ်နေခြင်းမရှိ၍ ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိkeyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့ တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါမိမိတို့၏ ကိုယ်ရေးကိုယ်တာနှင့် သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှမှတ်တမ်း တင်ထားပြီးဖြစ်နေ၍ လုံခြုံမှု လုံးဝမရှိနိုင်တော့ပါ။ (All in 1key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့်ဗီဒီယိုများ အစရှိသဖြင့် အစစအရာရာအားအတိအကျပင်၎င်းကမှတ်သားထားပေးနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါသည်။)

ထိုကဲ့သို့သော ဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင် သွင်းထားပြီးလာရောက် သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအား အတိအကျ ထောက်လှမ်းထား နိုင်၍မိမိတို့ အနေဖြင့် ဆိုင်ဘာကဖီးသို့ မဟုတ်တစ်ပါးသူ၏ ကွန်ပျူတာအား သုံးစွဲတော့မည် ဆိုပါကမိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိအရင်ဆုံး စစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့် လုပ်ထားပါကအကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။

မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား သူတစ်ပါးဆီ ပါမသွားနိုင်အောင် လုပ်ရမည့် နည်းလမ်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+ Shift+Esc (or) Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။Task manager ၀င်းဒိုး တက်လာပါကProcess ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်ပါ ။ရှိနေခဲ့လျှင် ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ထိုသို့ တွေ့ရှိပြီဆိုလျှင် ၄င်းဖိုင်လ်အား End process ပေးလိုက်ရန် လိုအပ်ပါသည် ။ထိုသို့ end process လုပ်လိုက်ခြင်း အားဖြင့် ၄င်းလုပ်ဆောင်နေသည့် လုပ်ငန်းတွေအားလုံးပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေသည် များကိုလဲမှတ်ထားတော့မည် မဟုတ်တော့ပါ။

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+Rနှိပ်ပြီး တက်လာတဲ့ Run box မှာ taskmgr လို့ရေးပြီးခေါ်ယူလဲ ရပါသည်။ အကောင်းဆုံး နည်းလမ်းမှာ task manager မှာရှိနေသော processtab ထဲမှာရှိနေတဲ့ ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေ အနေနှင့် ဘယ်လိုဖိုင် အမျိုးအစားကအချက် အလက်တွေကို ရီကော့လုပ်တာလဲ ဆိုခြင်းကို မသိနိုင်၍ အန္တရာယ်ကင်း ဘေးရှင်း၎င်း process tab ထဲတွင်ရှိသမျှ ဖိုင်လ်များအားလုံးအား end process လုပ်ပြီး မိမိ အသုံးပြုမည့် ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွင့်အရေး ရှိမှရမည်ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသော အင်တာနက်ဆိုင်ကိုသာသွားရောက် အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့် အတန်း ၄င်းဆိုင်တွင် အသင့်အတင့် မြင့်နေပြီဖြစ်၍တော်ရုံ မဟုတ်တော့ဘူး ဟူ၍ယူဆလို့ ရနိုင်နေပါသည်။ ပြီးနောက်keylogger တွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာ တင်လို့ရသည့် keylogger နှင့် hardware keylogger ဆိုပြီး ရှိနေပါသေးသည်။

၎င်းတို့အား သုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီးend process ပေးလိုက်လျှင် တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာ ကျမည်ဖြစ်ပါသည်။ယခုပို့စ်လေးကို ရေးပြီး မိတ်ဆွေတို့ အားလုံးကိုပို့ရတဲ့ အကြောင်းရင်းမှာ ပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကို ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ရန်ကုန်ုမြို့တာမွေမြို့နယ် ကျောက်မြောင်း အရပ်တွင်ရှိသော အင်တာနက်ဆိုင် တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူ တစ်ယောက် ပြည်ပနှင့် အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့် တကွ အဖမ်းခံရတယ်ဟု ပြောပြခဲ့၍ အခြားသော ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနေနှင့် နည်းပညာပိုင်းအရ ရှောင်လွှဲလို့ ရနိုင်တဲ့ အချက်လေးတစ်ချက် အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင် လို့ပဲ ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ ပြည်တွင်း အဆက်အသွယ်တွေ ကိုပြောပြရင်း သူတို့ရဲ့ အန္တရာယ် ကင်းရှင်းရေး အတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။



Sunday, July 19, 2009

navigation-ဘားနဲ့ ပတ်သက်၍

ဘလော့ဂါ တော်တော်များများက ပို့စ်လည်းရေးကြတယ်. ကိုယ့်ဘလော့ဂ်လေး ကိုလည်း လှသည်ထက်လှအောင် ပြုပြင်မွမ်းမံ တတ်ကြပါတယ်. အဲဒီ့မှာ ဘာတစ်ခုက လာအရုပ်ဆိုးစေလဲ ဆိုတော့ ဘလော့ဂ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ Blogger Navigation Bar ကြီးပါ.

ကဲကဲ.. ဒီလောက်ဆို သဘောပေါက်ရောပေါ့. ဒီ Bar ကြီးကို ဖျောက်ချင်တယ်နော်. ဟုတ်. တစ်ချို့က အပြီးဖျောက်ထားကြတယ်. အဲဒါက ဘာမကောင်းဘူးလဲဆိုတော့ ကိုယ်ကိုယ်တိုင် Sign in ၀င်ချင်ရင် https://www.blogger.com/start ကို ပြန်သွားနေရရော. အလုပ်ရှုပ်တာပေါ့ဗျာ.

ဘာလုပ်မလဲ.

ဖျောက်ထားမယ်. Mouse လေးတင်လိုက်မှ ပေါ်လာမယ်. ဒါမျိုးလေး လုပ်ရင် မကောင်းဘူးလား..

အိုး. ဂွတ်ဒ်..

ဘယ်လိုလုပ်ရမလဲ ဆိုတော့ ဂလိုလုပ်ပါခင်ဗျာ..






/*Peekaboo Navigation Bar
------------------------------ */

#navbar-iframe
{
opacity:0.0;
filter:alpha(Opacity=0)
}
#navbar-iframe:hover
{
opacity:1.0;
filter:alpha(Opacity=100, FinishedOpacity=100)
}



အထက်ပါကုဒ်ဒင်းလေးတွေကို<body> tag မတိုင်ခင်လေးမှာ ထည့်ပေးပါတဲ့ ဗျ။ကိုရန်အောင်ပြတဲ့ အတိုင်းပါပဲ။
အောက်ကပြထားတဲ့ နေရာလေးရဲ့ အထက်မှာ ထည့်ပေးပါတဲ့။
body {
background:#aba;
margin:0;
text-align:left;
line-height: 1.5em;
font:x-small Trebuchet MS, Verdana, Arial, Sans-serif;
color:#000000;
font-size/* */:/**/small;
font-size: /**/small;
}

The rest of the template goes here….

အင်း ကိုရန်အောင်ပြောထားတာလေးတွေ ပြီးတော့ ကျနော် အလှည့်ပေါ့။ မှန်တာဝန်ခံရရင် အရင် ကျနော် လုပ်ခဲ့တဲ့ template အဟောင်းမှာ အခုပြောတဲ့ နည်းလေးက ရတယ်ဗျ။အခု တန်းပလိတ်အသစ်ပြောင်းပြီး ထည့်တော့ မရတော့ ပြန်ဘူး။ဘာကြောင့်လဲ ဆို တာ မသိဘူး။ဒါပေမယ့် ခဏတွင်း မရလို့ လားလို့ တော့ စောင့်ကြည့်ရဦးမယ် ။ကိုရန်အောင် ရဲ့ ပို့စ် အောက်ခြေမှာလဲ မရတဲ့ အကြောင်း ကွန် မန့် ပစ်ထားခဲ့တယ်။အရင်ဟာ ရထားတော့ အခုဟာလေးလဲ ရမလားလို့ ပြန်လုပ်ကြည့်တာ အဆင်တော့ မပြေဘူးပေါ့လေ။ဒါပေမယ့် ကျနော် ပြောချင်တာက ဒီမှာ ရောက်လာပြီ . .ဒီနည်းလေး ရှိမှန်လည်း သိနေတယ်။ကိုရန်အောင်ရေးမှန်းသိတယ် . .ဒါကို ဗျာ ဘယ်နေရာမှာ ရေးထားလည်း ပြန်ရှာရ ဖွေရတာ တကယ် ပါ သုံးပတ်လောက်ကြာတယ်။ကိုပီကေဆီ ပြေးဖတ်လိုက် မတွေ့။ချမ်းမြစိုး ဆီ ဝင်ကြည့် မတွေ့။ညီနေမင်းဆီ မွှေ မရနဲ့။ဒီနေ့တော့ ခါတိုင်းလို သိပ် ပူပူပင်ပင် မဟုတ်တော့ဘူး မတွေ့လဲ ဘယ်တတ်နိုင်မလဲ ဆို ပြီး စိတ်အေးလက်အေး ကောက်ဖွင့်လိုက်တော့ အားပါး peekaboo navigation barဆိုပြီး မျက်စိရှေ့ တန်းကနဲ ရောက်လာတော့တာပဲ ။ဝမ်းသာအားရ ကောက်ပြီး ကော်ပီကူးတော့တာပဲ။လွယ် ဘူးဗျ။ကုဒ်ပေါ်အောင်း ဘာညာက ရှိသေးတယ် ။အဲ အရေးအကြီးဆုံးက ကိုယ့်နေရာလေး ဒီအာနိသင်လေး မြိန်မြိန်ယှက်ယှက် အရသာ ခံတော့မယ်လဲ ဆိုရော သေဟ . .ဘယ်လို မှ မရဘူး။တန်းပလိတ်နဲ့ ဆိုင်လိမ့်မယ် ထင်တာပဲ။အခု ယူထားတဲ့ အသစ်က ပုံစံသာ လှတယ် ကြိုက်လို့ သာ လှတယ် ထင်တယ်၊ အတော် များများ ဘာမှ ထည့်လို့ ပြုလို့ အဆင် မပြေဘူး။ပြောချင်တာက ကျနော် သာ အဆင်မပြေတယ် တခြားလူ သုံးမယ် ဆို သုံးလို့ ရအောင်ပေါ့။ကျနော် လဲ နောက် အသစ် တစ်ခုပြောင်းရင် အလွယ် တကူ ရအောင်ပေါ့။
နောက်ဆုံးသတင်း ။ ။ဒီပို့စ်နဲ့ ပတ်သက်လို့ အခု နောက်ဆုံးအခြေနေကို ရေးပို့ လိုက်ပါတယ်။ကျနော်က အားလုံး အကုန်လျောက်လုပ်ထားတော့ ဘာမှ မပေါ်တာဗျ။ဒီနေရာက မူရင်းပို့ဆီ ရောက်ပြီး
#navbar-iframe { height:0px; visibility:hidden; display:none }
ဒါလေးကို ရမ်းဖျက်ကြည့်တော့ ကွက်တိ ပေါ်လာပါတယ်။ဘဝတူတွေကို သတိ ပေးချင်တာကတော့ စိတ်အေးလက်အေးနဲ့ ကိုယ် ဘာလုပ်လိုက်လို့  ဘယ်လို အဖြေရတယ်ဆိုတာလေးတွေ ကို ပြန်ပြန်တွေးပြီး ရဲရဲ ပြန်လုပ်ကြည့် ဖို့ ပြောချင်ပါတယ်။

Saturday, July 18, 2009

Essential Moe


ဂျူးရဲ့ ဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ မရှိမဖြစ်မိုး ပါ။စိမ်းပြာရေ ညှိနဲ့ ပတ်သက်တဲ့ ဗဟုသုတ တစ်ချို့လဲ ပါတယ်။ပြီးတော့ ဂျူးထုံးစံအရ ယောင်္ကျား မိန်းမ ပြောင်းပြန်နေရာ ပို့တဲ့ ပုံစံလဲပါတယ်။ဇာတ်လိုက်မင်းထင်ကြီးက မင်းသမီးမိုးကို မျက်နှာလုပ်တဲ့ အနေနဲ့ ဘုရားစာ ဖတ်ပေးရမလား ဖားတော့ ဂျူးက သူ့ထုံးစံအတိုင်း ဘာသာရေးကို ထည့်မတွက်တဲ့ မိန်းမ ခေတ်မှီတယ်ဆိုတဲ့ ပညာတတ်ဆိုတဲ့ မိန်းမတစ်ယောက်က ဘာသာရေးဆိုတာ ဘာလဲ ပေါ့ အဲလို ပုံစံလေးတွေ ထည့်တာလဲ မဆိုးဘူး။မိန်းမက ဘာမှ မသိဘူးတဲ့။ ကုမ္ပဏီ မန်နေဂျာ ရန်ကုန်က ကောင်က ခြင်ထောင်ခေါက်ပေးမယ် အဝတ်အစားတွေ မီးကျွေထိုးပေးမယ်တဲ့ ဟဟ။ထားပါတော့ ဇာတ်လမ်းလေးက ကောင်းတယ်။ဒါကြောင့် အမှတ်တရ အနေနဲ့ စုထားလိုက်တယ်။ယောကျာင်္းတွေရဲ့ လိင်စိတ် ဘာတဲ့ သတ္တဗီဇ တုန့်ပြန်မှုဆိုပဲ။ဒါသဘာဝတဲ့ ဗျ။ဘုန်းကြီးတစ်ပါးက ဘာညာနဲ့လဲ နိုင်ငံခြားရုပ်ရှင်ကို ဝေဘန်ပြသေးရဲ့။
ထိုညတွင် သူ တစ်ရေးနိုးလာသော အခါ ဖြစ်တောင့်ဖြစ်ခဲ တော်တော်နဲ့ အိပ်မပျော်ဘဲ ဖြစ်နေခဲ့၏။သူ့ရင်ထဲမှာလည်း လှိုက်ဟာနွမ်းနယ်လျက်ရှိသည်။ခေါင်းအောက်တွင် ဖြန့်ယှက်ထားသော လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ချလိုက်သော အခါ အေးစက်စက်မွေ့ရာပြင်သည် ကျယ်ပြန့်လှ၏။မွေ့ရာကို မသိမသာ လက်ဖြင့် ထိတို့ ပွတ်သပ်ကြည့်ရင်းက ခဏအတွင်းမှာပင် နူးညံ့သိမ်မွေ့သော နာကျင်မှုတစ်ခု သူ့ရင်ထဲသို့ ဖြေးညင်းစွာ ဝင်ရောက်လာလေသည်။ထိုနာကျင်မှုလေး ပျောက်ကွယ်သွားမှာ စိုးရိမ်သကဲ့သို့ သူ လက်ဝဲဘက်သို့ ဖြေးဖြေးကလေး စောင်းအိပ်လိုက်မိသည်။မိမိနံဘေးတွင် နွေးထွေးစွာ အိပ်ပျော်နေသော တစ်စုံတစ်ယောက် နိုးသွားမှာ စိုးရိမ်ဟန် အပြုအမူမျိုးပင် ဖြစ်သည်။
တစ်ရေးနိုး အိပ်ရာထချိန်များတွင် မိမိနံဘေးတွင် နွေးထွေးစွာ အိပ်ပျော်နေသော တစ်စုံတစ်ယောက်နိုးသွားမှာ စိုးရိမ်ရသည့် ခံစားချက်မျိုးကို သူလိုချင်လှပါသည်။

အဲလို အရေးလေးတွေကို ကြိုက်တယ် ။အတော်များများတွေ့ပါတယ် . . .ဒီနေရာမှာ သွားဒီစာအုပ်လေးကို ဒေါင်းလော့ချပြီး ဖတ်ချင်ရင် ယူဗျာ။

ချစ်စရာကဗျာလေးနှစ်ပုဒ်

ညီမလေးတစ်ယောက်က ဘယ်လို စိတ်ကူးပေါက်တယ် မသိဘူး။အခုကဗျာလေးတွေကို တကူးတက Gt ဘောက်မှာ ရိုက်ပြီး ပို့ပေးတယ်။ကျနော်က မကြိုက်လို့တော့ မဟုတ်ဘူး စာလေးတွေ ဒီလောက်ချစ်စရာကောင်းတာ ဘယ် မကြိုက်ရှိမလဲ။ဒါပေမယ့် ညီမလေး ပင်ပန်းမယ် ကိုယ်လည်း ဒီကဗျာတွေ သိပ်မကြိုက်ဘူးလို့ ပြောလိုက်တော့ ကဗျာ သုံးပုဒ်လေးပုဒ် ပဲ ရတော့တယ်။စာအုပ် အလွယ် တကူရှိရင်တော့ ကိုယ်ဘာသာ စာအုပ်လိုက်တင်ရရင် မဆိုးဘူးပေါ့။အခုတော့ညီမကို အားနာတာနဲ့ ကဗျာ သုံးလေးပုဒ်ပဲ ရတော့တယ်။ဆရာမကြီး နုယဉ်ရဲ့ ထုံဝတ်လွှာ ကဗျာထဲကလို့ ပြောတာပဲ။
ဖတ်ကြည့်ဗျာ . . . .


ဝါအဝင်

ဝါဆိုအမှီ ပွင့်တော့မည်တည့်
သိင်္ဂီပုလဲ၊ ဆုပ်တခဲဖြင့်
မြိုင်ထဲမြို.ခွင် ဆင်လေပြီ။
ပုန်းညက်ဖူးလျှင်၊ ငန်းဦးဝါမှီ
ပိတ်တော့မည်တည့်၊ ရွာဆီသို.မျှော်
သူတို.ပျော်သည်
ချစ်ဖော်ရောင်းရင် ရွာနေများ။
အဖိတ်နေ.တွင်၊ ဆွမ်းမှီပြင်ဖို.
အလျင်ဈေးဝယ်၊ လယ်သူမယ်တို.
လက်ဝယ်ခံတောင်း၊ သားငါးပေငါးစုံ
ဟင်းလျာပုံလျက်
ဆွေကုန်မျိုးစု၊ ချက်ကြသည်။
သီတင်းသီလ၊လှူဒါန ဖြင့်
ပန်းလျစိတ်ကိုယ်၊ဖြေသိမ့်လို၍
ကြည်ညိုစိတ်ထား၊အာရုံပွါးလျက်
ဘုရားတန်းစောင်း၊ ကျောင်းရပ်ရိပ်သာ
စုဝေးလာ၏
လပြည့်နေတွင်၊ဥပုသ်ဝင်ရွေ.
လှူချင်ရာရာ၊လှူတန်းကာဖြင့်
စိတ်ပါကိုယ်အား၊လွတ်စွာထားပြီး
ရွာနားမသီ၊ချမ်းမြေ့ကြည်၏
ဝါဆိုအမှီ၊ပွင့်တော့မည်တည့်
သိင်္ဂီပုလဲ၊ ဆုပ်တခဲဖြင့်
မြိုင်ထဲမြို.ခွင်၊ ပုန်းညက်ဆင်သော်
စိတ်တွင်ရွှင်ပျ၊ လှူဒါနနှင့်
သီလစောင့်ရပေဦးမည်။ ။



မောင်ကြီးပြန်ချိန်

ကစွန်းနွယ်ချဉ်ဖတ်နဲ့
သုံးမျိုးစပ်၊ငါးပိကျို။
ငရုတ်ရှည် ဖလံနှင့်
ဆုံမတန်ညံညံထောင်းတယ်
ပေါင်းငံစပ်ချို။
ငစိန်နီ စလယ်ချက်ပြီကွယ့်
အချိန်မှိ မယ်မပျက်ပါဘူး
တယ်လျက်က စောင့်မျှော်ကြို
နေညိုတဲ့ချိန်များ။
မောင်ကြီးပြန်ချိန်
မင်ခိုးအလိန်လိန်နှင့်
ရေနံစိမ်မီးစာမြှင့်ပါလို.
မျှော်လင့်သည် ကြည်ဘ၀င်နှင့်
“ တု.ိလယ်ပြင်ရွှေစင်စင်ဖုံရင်တော့
ပျော်ဦးမယ်” ထင်တရေးရယ်နှင့်
တွေးပီတိပွား။ ။



နောက်မှ စိတ်ကြိုက်ပြန်ပြင်ရဦးမယ် အခုတော့ဒီလောက်ဆို မဆိုးပါဘူး။

Sunday, July 12, 2009

ချစ်စရာကဗျာလေးနှစ်ပုဒ်

ထုံဝတ်လွှာ


စံပါယ်ကုံးအသွယ်သွယ်။
ဆင်စေချင်သီကာရွေး၊
ပေးဆက်လိုက်မယ်။
ပေးမယ်လို.ရွယ်
စံပါယ်လဲ့ဆွတ်ခူး။
နေအစောင်းမှာဖြင့်
ရွှေဒေါင်းညို တွန်သံဝေလို.
မြိုင်ခြေမျာစံပါယ်ဦးရယ်က
ညကူးလျှင် ငုံအာပွင့်လေပေါ့
သီနှင့်သူအရုဏ်မှန်းချိန်မှာ
ပန်းထုံနံ.မြူး။ ။

ရွာ့နောက်ဖေး


နံနက်လင်းစ၊ ရွာဝတံခါး
ဖွင့်မထားလည်း၊နောက်ပါးအဆွယ်
တံခါးငယ်ကို
တွန်းဖယ်ဖွင့်လိုက်လေသောခါ။
ကွင်းမီးငြိမ်းရွေ.၊ခပ်သိမ်းလယ်ပြင်
ရိုးပြန်စင်ကာ၊ပြာမင်ပြန်.ကျင်
လယ်ကန်သင်းတို.
ထင်းထင်းပေါ်ရွေ.နေလေ၏။
လယ်ဘေးပတ်မျှောင်၊ရိုးရေဖောင်
သော်ရောင်ရိပ်တွင်၊ စီးသန်လျင်ကာ
လှေယဉ်လှော်ပြေး၊ ယက်ငယ်ဖွေး၏။
တာလမ်းဆုံမှာ
မုတ်သုံအမျှော်၊ ပင်ပေါ်ကိုင်းထက်
ရော်ရွက်ကြွေစင်၊ မြရည်ဆင်ကာ
ရွက်ရှင်ဖားဖား၊ ယိမ်းလှုပ်ရှား၏။
အိပ်ရာနိုးစ၊ ဘတို.မြေးဖိုး
ရွာလမ်းချိုးမှ၊ရှေ.တိုးလျှောက်လာ
သင်းနံ့ဖြာသော၊ မင်ပြာတလင်း
လယ်ကန်သင်းတွင်၊ရက်ရင်းမျှော်ကာ
တွေးစိတ်ဖြာသည်
လာမည့်နှစ်တွက် မျှော်လင့်လျက်။


အမှတ်တရအနေနဲ့ ကဗျာလေးတွေအနေနဲ့ တင်လိုက်ပါတယ်။ကဗျာပို့တဲ့ ညီမလေးရဲ့ လာမယ့် မွေးနေ့မှ သည် နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင်
နေသွားနိုင်ပါစေလို့ ခပ်ရိုးရိုးပဲ ဆုတောင်းပေးလိုက်ပါတယ်။

Monday, July 6, 2009

နေပျော်ရာ

ရှေ့ဆက်ဖို့လား ..
အမှောင်တွေက စောင့်နေတယ်
ဘေးဘီကြည့်တော့လဲ ဘာမှ မသဲကွဲဘူး
နောက်လှည့်ကြည့်မိတော့ ပိုဆိုးတယ်
သူ့ကြောင့်လိုလို ကိုယ့်ကြောင့်လိုလို
ဘာကြောင့်ထင်ရစ်ခဲ့မှန်းမသိတော့တဲ့
ပရမ်းပတာ ကို့ယို့ကားယား အရိပ်တွေနဲ့
. . . . . . .. .
ဘယ် "အလင်းရှင် "ကို တ ရမလဲ
ဘယ်သူမှ သတိကောင်းတဲ့လူမရှိတော့ဘူး
အားလုံးက ကျန်ခဲ့တာတွေကို
စိတ်တူကိုယ်တူ မေ့ခဲ့ကြတယ်။

ထွန်းညှိရမယ့် အလင်းကို
ဘယ်သူမှ အရိပ်အယောင်တောင်
မမီိနိုင်ကြတော့တဲ့ အခါ
လမ်းဟာ . . . ပြန့်ကျဲနေတဲ့ အမိုက်ပြင်ဖြစ်
အမိုက်ပြင်ဟာ ခတ်ကွင်းကျယ်ကြီးဖြစ်
ကိုယ့်အတ္တက လွဲရင် အားလုံးက ပစ်မှတ်တွေဖြစ်
. . . . . . . . . ..
တစ်ခါတလေကိုယ့်ကိုယ်တိုင်တောင် သားကောင်ဖြစ်လို့ဖြစ်နဲ့
ဘယ်လိုနည်းနဲ့ရရှိခဲ့တယ် စဉ်းစားမနေဘဲ
ကိုယ်ဖော်တဲ့အမဲတွေကို တစ်ပွေ့တစ်ထမ်းကြီးပွေ့ပိုက်လို့
ငါတို့ နေပျော်နေကြတယ်။

ထွန်းညှိခဲ့ လင်းလက်ခဲ့ တောက်ပခဲ့ကြတဲ့
အလင်းဘက်တော်သားတွေကို
ငါတို့ကိုယ်တိုင်မြင်နေပါလျက်နဲ့
.. . . . . . . . .
ကိုယ့်ကိုယ်တိုင် ကူးခတ် ယက် လျောက်သွားဖို့
မစွမ်းသာတဲ့ အဖြစ်ထဲမှာပဲ
နေပျော်စရာလို့ သတ်မှတ်ကြနေတယ်။
2/6/2009


7:48 PM 7/6/2009

Saturday, July 4, 2009

ကော်ပီသမား ကျနော်

စောစောက cbox ဆိုတာကြီး ထားဖို့ နည်းနည်းမှ စိတ်ကူး မရှိ။ငှက်ဆိုတာ ပျံရင်းသေ လူဆိုတာ ကြံရင်းသေ ဆိုပဲ။အွန်လိုင်းက နေရာတော်တော်များများ ရောက်တယ်။အကြံနဲ့ပေါ့။ဘာများ ကော်ပီကူးလို့ ရနိုင်မလဲ။ဒီအကြံကလွဲလို့ မှတစ်ပါး အပြားမရှိဘဲ။နောက်ဆုံးတော့ စီဘောက်လေးထည့်ကြည့်ဦးမှပါလေ ဘာရယ်မဟုတ်တဲ့ အကြံနဲ့ စမ်းကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုဆူးရင့်အပြန်နဲ့ တိုးရော။သူက ရေးသွားပြီ။တစ်ေ.ယက်မှ တစ်ယောက်ထဲ ။အဲ ဆူးရင့်လောက်တော့ အားနာစရာမလိုပါဘူး စီဘောက်ကို ဖျက်တာပေါ့။စိတ်ကူးတုန်း ဝှိုက် ဆိုတဲ့ တစ်ယောက်က ရေးသွားပြန်ရော ။အင်း နှစ်ယောက်ကြီးများတောင် ဖြစ်သွားတော့ ဖျက်ရမှာ အားနာသွားပြန်ရော။စကားစပ်လို့ပါ။ပြောချင်တာက ခေါင်းစဉ်အတိုင်းပဲ ကော်ပီသမားကျနော်လေ။ရောက်တဲ့ နေရာက ကြိုက်တာကို ကြုံသလို ကော်ပီကူး ခပ်တည်တည်နဲ့ ပို့စ်တွေတင်ထား။ဟော အခု ကော်ပီကူးမယ်ဆိုတော့ ကိုယ့်ဆီလာတဲ့ လူဆီက ကူးရတာ တစ်မျိုးကြီး ဖြစ်နေတယ်။ဒါပေမယ့် ကူးမှာပါ။အခုလဲ ဝှိုက်ဆီက ပို့စ်လေး နှစ်ခုကို ကော်ပီကူး ပို့စ်တစ်ပုဒ်ထဲပေါင်းပြီး တင်မယ်။စောစောက ကျနော်နေရာမှာ အကြိုက်များကို ကော်ပီကူးသော နေရာသာ ဖြစ်၏-ဆိုပြီး စာတမ်းကြီး ရှိပါတယ်။သိပ်မကြာသေးဘူး ဖြုတ်လိုက်တာက။ထားပါတော့ အခု ကူးပါပြီ။အင်းဒါလေးပြော ဖို့ မောလိုက်တာ . . .ဟူး . . . . . .. ။
Google Account ပိတ်ချင်ရင်
မိမိအသုံးပြုနေတဲ့ Google Account ကို မသုံးချင်တော့ဘူးဆိုရင် ပိတ်လိုက်လို့ရပါတယ်
အရင်ဆုံး Gmail ကိုဝင်ပါ ပြီးရင် Account Settings ကိုသွားပါ ပြီးတော့ My products - Edit ကိုပြန်သွားပါ
Close account and delete all services and info associated with it ကိုဝင်ပါ
Web History, Gmail, Google Talk ( services ) ဆိုတာတွေကို ဖျက်လို့ရအောင် Select လုပ်လိုက်ပါ
ပြီးရင် Current Password ကိုဖြည့် ပြီး Delete Google Account လုပ်လိုက်ပါ .... Your Google Account has been Delete
အဲ့လိုဆိုရင် မသုံးချင်တော့တဲ့ Account လေးပျက်သွားပြီနော် ... နောက်တစ်ခါ အဲ့ဒီ User Nmae နဲ့ ထပ်ဖွင့်ချင်လည်းရတော့ဘူးနော် :)
နဲနဲလေးနားလည်လို့နဲနဲလေးပဲ ပြောပြနိုင်တယ် ... သူများတွေလို အများကြီးပြောပြချင်လိုက်တာ
ကြိုးစားလိုက်ဦးမယ်နော် ကျေးဇူးတင်ပါတယ်ရှင်

Posted by ၀ှိုက်ဝှိုက်
လက်မခံချင်တဲ့ မေးလ်တွေရှိရင်

သူငယ်ချင်း အချင်းချင်း မေးလ်လက်မခံချင်စရာအကြောင်းလေးတွေပေါ်လာရင်
ကိုယ်လက်မခံချင်တဲ့ လိပ်စာကိုပိတ်ထားလို့ရပါတယ်
ကိုယ့်ဂျီမေးလ်ထဲကိုဝင်ပါ ... ပြီးရင်
Setting > forwards and pop > Forward a copy of incoming mail to နောက်မှာ
ကိုယ့်ဆီစာပို့သူရဲ့လိပ်စာကိုရိုက်ထည့်လိုက်ပါ
ပြီးရင် Delete ကိုရွေး ပြီးရင် Save လုပ်ပါ ...
ခုလိုလေးလုပ်လိုက်တော့ ကိုယ်လက်မခံချင်တဲ့ မေးလ်တွေကိုယ့်နားကို ၀င်မလာတော့ဘူးပေါ့
အားလုံးအဆင်ပြေပါစေရှင် ... ကျေးဇူးတင်ပါတယ်

Posted by ၀ှိုက်ဝှိုက်

Wednesday, July 1, 2009

ပေါ့ပါးတဲ့ ဂီတ

မနေ့ညက ဒီပို့လေး ရေးရင်း အချိန်မမှီတော့ တန်းလန်းကြီး ဖြစ်ကျန်နေတယ်။အခုဘလော့နဲ့ဆိုင်တဲ့ နည်းကတော့ ဘလော့မှာ playtagger လေးတပ်ဆင်ပြီး သီချင်းလေးတွေတင်ဖို့ပါပဲ။ဒီနေရာ ပြောချင်တာလေးတွေရှိလာတယ်။ပထမဆုံးက ပလေယာ အမျိုးမျိုးရှိနေတယ်ဆိုတာပါ။ဘာတွေက အသုံးများတယ် ဘယ်နှစ်မျိုးရှိတယ် ဆိုတာတွေကတော့ အသေအချာစာရင်းပြုပြီး အသုံးပြုပုံ အဆိုး အကောင်း အကျိုးအပြစ်လေးတွေကို ဝါရင့်ဘလော့ဆရာတွေရေးသင့်တယ်။အသုံးပြုပုံနဲ့ ဒေါင်းလော့ချပုံက အစပေါ့။ကျနော်တို့ ပမွှားတွေကတော့ ဘာမှ မလုပ်တတ်ဘူးလေ။realplayerတို့ VLCmediaplayer တို့ ဝင်းဒိုးမီဒီယာ ပလေယာတို့ ဂျက်အော်ဒီယို တို့ ပီစာကာတို့ တခြားလဲ အများကြီး ရှိနေဦးမှာပါပဲ။ရေးမယ်ဆိုရင် အွန်လိုင်းပရိသတ်တွေအတွက် အကျိုးရှိမှာပါပဲ။ဒါတွေက ကျနော် ပုဂ္ဂလိက အမြင်လေး နဲ့ ဆရာ့ဆရာတွေကို ကိုယ်သိချင်တာ ပြောပြတာပါ။အခုကျနော် တင်တဲ့ အကြောင်းလေးက ကိုရန်အောင်ဆီကနေ တိုက်ရိုက်ပြထားတာလေးကို တစ်ဆင့် ပြောပြတာပါပဲ။ဖတ်ပြီး စမ်းသပ်တင်ကြည့်တာလေး တစ်ခုပေါ့။
နောက်တစ်ခုက တစ်ခြားလူတွေတော့ မသိဘူး။ကျနော်ကတော့ ဘာလုပ်လုပ် ကိုယ့်နေရာ ပေါ့ပါးဖို့ ဇောင်းပေးပါတယ်။ကိုယ့်နေရာကို တစ်ခုခု တင်မယ်ဆို ပေါ့ပေါ့ပါးပါး ရှိရဲ့လားဆိုတဲ့ စံနဲ့ အရင် တင်သင့် မတင်သင့်ကို ဆုံဖြတ်တယ်။တင်ချင်တယ် လက်ယားနေဦးတော့ လေးသွားမယ်ဆို မတင်တော့ဘူး။နေရာ ပေါ့ပါးဖို့ကို အဓိက စံအဖြစ် ထားပါတယ်။သိပ်လေးရင် သိတဲ့ အတိုင်းပဲ ကော်နရှင်က ကိုယ်နေရာကို ဖွင့်ဖို့ ပွင့်ဖို့ကိုယ်ကိုယ်တိုင်က စောင့်ရတာ စိတ်မရှည်ဘူး ဖြစ်နေရင် သွားပြီလေ။ဆိုလိုတာက အခုလုပ်မယ့် အစီစ
ဉ်လေးက ပေါ့လို့ စမ်းကြည့်တဲ့ သဘောပါ။
ကိုရန်အောင် ပြောပြထားသလို ဝန်ဆောင်မှုလဲ ပေါ့ပါး သုံးရတာလဲ လွယ်တယ်ဆိုတော့ကာ ဘာပြောစရာရှိပါသေးလဲ ပေါ့။ဒီပလေယာလေးက ကြိုက်စရာကောင်းနေပါပြီ . . .ဒါကြောင့် စမ်းကြည့် တင်ကြည့်တာပါ။

လုပ်ဖို့ အားလုံးကို ကိုရန်အောင်ရဲ့ နေရာဆီပဲ ညွှန်လိုက်ပါတယ်။ကိုရန်အောင်နေရာမှာ playtagger လေး အကြောင်းနဲ့ playtaggerနဲ့ သီချင်းတင်နည်းဆိုပြီး ပို့စ်နှစ်ပုဒ်ရှိပါတယ်။ အဲဒါလေးသွားဖတ်လုပ်ကြည့်ယုံပါပဲ။ကျနော်ကတော့ အခု ကိုရန်အောင် ဥပမာပေးတဲ့ မေတ္တာပို့လေးကိုပဲ အခုပို့မှာ တင်လိုက်ပါတယ်။hostလဲ ကိုယ့်နေရာမှာပဲ ကိုယ်ပြန်လုပ်ထားပါတယ်။ဒီ Hostအကြောင်းလဲ အစ လူတွေအတွက် နည်းနည်း လေ့လာဖို့ လိုပါတယ်။ကျနော် လဲ အတော် ဖတ်လိုက်ရတယ်။HOstဆိုတာ ကိုယ်တင်ချင်တဲ့ ဓာတ်ပုံ စာဖိုင် သီချင်း စတာတွေကို ကုဒ်အသစ်ရအောင် ပြောင်းလဲပေးတဲ့ နေရာလေးတွေမှာ ကုဒ်ပြောင်းယူခြင်းပါပဲ။ဒါမှ HTMLအနေနဲ့ ကိုယ်သုံးချင်တဲ့ နေရာတွေမှာ ထည့်လို့ရမယ်လေ။အငှားနေရာဆိုတာမျိုးပေါ့။
ကဲ ဗျာ ဝေ့နေတာနဲ့ ရှည်နေပြီ ။အောက်မှာ အခုမေတ္တာပို့လေး တင်လိုက်ပြီ၊ နောက်မပျင်းရင် နေရာမှာ ကြိုက်တဲ့ သီချင်းလေးတွေ တင်ပါဦးမယ်။
မေတ္တာပို့နားထောင်လို့လဲ လွယ်တယ် ။မြန်မြန်ရနိုင်တယ် ။ဒေါင်းမယ်ဆိုရင်လဲ အဲဒီစာလုံးလေးပေါ် ကလစ်လိုက်ယုံပဲ။နောက်ဆုံးပြောချင်တာကတော့ ကျနော်လို လုပ်ချင်ရင် ကိုရန်အောင်နေရာဆီသွားပြီး လုပ်ကြည့်ပါ။ဒါလေးနဲ့ ပတ်သက်ရင် မရရင် ကျနော်လဲ ပြောပြပေးနိုင်ပါတယ်။တကယ် မခက်ပါဘူး။မေတ္တာပို့ထဲကအတိုင်း ဖြစ်ကြပါစေဗျာ။
Related Posts with Thumbnails